K handy

Call Directions Website Contact the business

K handy ( DIY = Do-It-Yourself ) ပရောဂျက်တွေအတွက် စိတ်ကူးရှိသမျှ ဖန်တီးဖို့ လိုအပ်တဲ့ ပစ္စည်းအမျိုးမျိုးကို တနေရာတည်းမှာ ရရှိနိုင်ပါပြီ ခင်ဗျာ။

အွန်လိုင်းကနေ ပစ္စည်းမှာရမှာ ငွေလွှဲရမှာ စိုးရိမ်နေတဲ့ ချစ်ရသူတို့အတွက် K HANDY CRAFT STORE မှာ 100% စိတ်အေးချမ်းသာစွာ ဝ...
23/06/2026

အွန်လိုင်းကနေ ပစ္စည်းမှာရမှာ ငွေလွှဲရမှာ စိုးရိမ်နေတဲ့ ချစ်ရသူတို့အတွက် K HANDY CRAFT STORE မှာ 100% စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်မယ့် သတင်းကောင်းလေး ရှိပါတယ်ရှင်။ 🥰✨

ကျွန်မတို့ဆိုင်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ စံချိန်စံညွှန်းမီ တရားဝင် MMQR စနစ်ကို အသုံးပြုပေးထားပါတယ်ရှင်။ 🏛️✨

​"K HANDY CRAFT STORE" အမည်နဲ့ တရားဝင် Merchant Partner အဖြစ် ရှိနေတာမို့ ငွေလွှဲမှားမှာ စိုးရိမ်စရာမလိုဘဲ AYA PAY အပါအဝင် KBZPay,WavePay,CB Pay,uabpay,Yoma Bank Next, MAB Mobile Banking,MCB Mobile Banking,A+ Wallet,OK$,MoMoney,Trusty Pay,Zego Pay,CTZ Pay,Mpitesan,GTBPay စတဲ့
ဘဏ်ကွန်ရက်တွေနဲ့ လုံခြုံစိတ်ချစွာ ငွေချေနိုင်ပါပြီရှင်။ 🥰🛍️

စိတ်ချရတဲ့ လုံခြုံမှု၊ လွယ်ကူတဲ့ ငွေပေးချေမှုနဲ့အတူ ဆိုင်ကပစ္စည်းလေးတွေကို အခုပဲ စိတ်အေးချမ်းသာစွာ ဝယ်ယူအားပေးလိုက်ပါတော့ရှင်...🛍️

Buy Now 🛍
Telegram - khandycraftstore

📢 K handy Craft Store မှ ဝယ်သူများ ယုံကြည်စိတ်ချစေရန် အသိပေးချက်K handy Craft Store ရဲ့ ချစ်ရတဲ့ ကတ်စတမ်မာများအားလုံး စိ...
23/06/2026

📢 K handy Craft Store မှ ဝယ်သူများ ယုံကြည်စိတ်ချစေရန် အသိပေးချက်

K handy Craft Store ရဲ့ ချစ်ရတဲ့ ကတ်စတမ်မာများအားလုံး စိတ်ချလက်ချ ဝယ်ယူနိုင်ဖို့အတွက် ကျွန်မတို့ဆိုင်ကို နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း "အွန်လိုင်းအရောင်းလိုင်စင်" (Certificate of Online Sales Registration) တရားဝင် လျှောက်ထားရရှိပြီး ဖြစ်သဖြင့် ငွေလွှဲရမှာဖြစ်စေ၊ မည်သည့်အွန်လိုင်းလိမ်လည်မှုမျိုးကိုမျှ ပူပန်စရာမလိုဘဲ ရာနှုန်းပြည့် ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။

📌မှတ်ပုံတင်အမှတ် - I25755697(2024-08-08)

(လိုင်စင် QR Code အချက်အလက်များကို ပူးတွဲပါ ဓာတ်ပုံတွင် တိုက်ရိုက် စစ်ဆေးကြည့်ရှုနိုင်ပါသည်။)

📢 K handy Craft Store မှ ချစ်ရတဲ့ Customer များရှင့်အားလုံးပဲ မင်္ဂလာပါရှင်🩷လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရ Facebook က...
26/02/2026

📢 K handy Craft Store မှ ချစ်ရတဲ့ Customer များရှင့်

အားလုံးပဲ မင်္ဂလာပါရှင်🩷

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရ Facebook ကို VPN ခံသုံးနေရတာကြောင့် တချို့အချိန်တွေမှာ Page ကို အမြဲမကြည့်ဖြစ်တာ၊ Reply ပြန်တာ နောက်ကျတာမျိုးလေးတွေ ရှိနိုင်ပါတယ်ရှင်။ 🥺
​ဒါကြောင့်မို့လို့ Customer တို့အနေနဲ့ ပစ္စည်းလေးတွေကို အဆင်ပြေပြေ မြန်မြန်ဆန်ဆန် မှာယူနိုင်ဖို့အတွက် ကျွန်မတို့ရဲ့ တခြား Platform လေးတွေကိုလည်း Follow လုပ်ထားပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်။

တိုက်ရိုက် စုံစမ်းမေးမြန်း မှာယူနိုင်ဖို့ 👇

​🎬 TikTok - khandycraftstore

​🚀 Telegram Channel - https://t.me/khandycraftstore

​💜 Viber Community - https://invite.viber.com/?g2=AQAiNkl%2FTAOD%2F1F%2FtczWP77Bj%2FjvTDiHm%2F%2BflMhUDs4zgKdIhZtz7jiGmTauQ%2Fsj

VPN အခက်အခဲတွေကြားက ကျွန်မတို့ရဲ့ K handy Craft Store ကို အမြဲအားပေးကြတဲ့အတွက် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ Platform တိုင်းမှာ ပြန်ဆုံကြမယ်နော်ရှင့် 💞

​

🎀 Handmade ပစ္စည်းတွေက သာမန်ပစ္စည်းတွေထက် ဘာလို့ ပိုတန်ဖိုးကြီးတာလဲ ? Handmade  ဆိုတာ ဘယ်လိုမျိုးလဲ?••••••••••••••••••••...
07/11/2025

🎀 Handmade ပစ္စည်းတွေက သာမန်ပစ္စည်းတွေထက် ဘာလို့ ပိုတန်ဖိုးကြီးတာလဲ ? Handmade ဆိုတာ ဘယ်လိုမျိုးလဲ?
•••••••••••••••••••••••••
Handmade ဆိုတာ စက်ကိရိယာကြီးတွေနဲ့ ထုတ်လုပ်တာမဟုတ်ဘဲ လူ့ရဲ့လက်နဲ့ ကျွမ်းကျင်မှုအပေါ် အခြေခံပြီး ပစ္စည်းတစ်ခုချင်းစီကို အသေးစိတ် ဖန်တီးပြုလုပ်ထားတဲ့ ပစ္စည်းတွေကို ခေါ်တာပါ။ လက်မှုပညာရှင်ရဲ့ စေတနာ၊ စိတ်ကူးနဲ့ အနုပညာတွေ ပေါင်းစပ်ပြီး အချိန်ပေး ဖန်တီးထားတာကြောင့် တင်စားပြောရမယ်ဆိုရင် ပစ္စည်းတစ်ခုချင်းစီတိုင်းမှာ သူ့ရဲ့ ကိုယ်ပိုင်အသက်၊ ကိုယ်ပိုင်စိတ်ဝိညာဉ် ရှိနေပါတယ်။ ဒါကြောင့်လည်း ဒီပစ္စည်းတွေက သာမန်ပစ္စည်းတွေထက်ပိုပြီး တန်ဖိုးကြီးနေတာပါပဲ။

🖌️ လက်မှုပစ္စည်းတွေရဲ့ တန်ဖိုးနဲ့ ထူးခြားမှု
•••••••••••••••••••••••••
လက်မှုပစ္စည်းတွေဟာ စက်ရုံထုတ်ပစ္စည်းတွေနဲ့ မတူဘဲ တစ်ခုနဲ့တစ်ခု အတိအကျ တူညီနေတာမျိုး မရှိပါဘူး။ လက်မှုပညာရှင် တစ်ဦးတည်းကပဲ ပြုလုပ်တယ်ဆိုရင်တောင် လက်ရာအနည်းငယ် ကွဲပြားမှုတွေ၊ ထူးခြားတဲ့ အသွင်အပြင်လေးတွေက Handmade ပစ္စည်းလေးရဲ့ "တစ်မူထူးခြားမှု" ကို ဖော်ပြနေပါတယ်‌နော်။ ဒါကြောင့် Handmade ပစ္စည်းတစ်ခုကို အသုံးပြုတဲ့အခါ ဒါဟာ သင့်အတွက်ပဲ သီးသန့်ဖန်တီးထားတဲ့ Limited Edition တစ်ခုလို ခံစားရမှာပါ။

ဒီလို လက်ရာတစ်ခုကို ဖန်တီးဖို့ဆိုတာ ပိုက်ဆံနဲ့ချည်း တိုင်းတာလို့ မရတဲ့ တန်ဖိုးတွေ ပါဝင်ပါတယ်။ ဖန်တီးသူဟာ သူ့ရဲ့ စိတ်ရင်းစေတနာ၊ စိတ်ရှည်သည်းခံမှု၊ အချိန်နဲ့ အနုပညာတွေအားလုံးကို ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။ အဲဒီလို ပေးဆပ်မှုတွေကပဲ Handmade ပစ္စည်းကို စစ်မှန်တဲ့ တန်ဖိုးတစ်ခု ပေးတာဖြစ်ပြီး တစ်ခုနဲ့တစ်ခု မတူညီတဲ့ ထူးခြားမှုတွေကို ဖန်တီးပေးပါတယ်။

🌟 Handmade ပြုလုပ်ခြင်း ရဲ့
ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ
•••••••••••••••••••••••••
လက်မှုပညာဆိုတာဟာ ပစ္စည်းတစ်ခု ဖန်တီးတာထက် ပိုပြီး ကလေး၊ လူကြီး၊ လူငယ်မရွေး ကျန်းမာရေးအခြေအနေအမျိုးမျိုးအတွက် အခုလို အထောက်အကူပြုပါသေးတယ်နော်။

လူကြီးတွေအတွက် ကိုယ်တိုင် Handmade လေးတွေ လုပ်ပေးမယ်ဆိုရင် ..
- စိတ်ဖိစီးမှု လျော့ကျစေခြင်း
- စိတ်ရောဂါကုထုံးအဖြစ် အသုံးဝင်ခြင်း
- ခန္ဓာကိုယ် အရိုး၊အဆစ်လှုပ်ရှားမှုအတွက် တိုးတက်လာစေခြင်း

လူငယ်တွေနဲ့ ကလေးတွေလည်း Handmade ပစ္စည်းလေးတွေ ဖန်တီးပေးမယ်ဆိုရင်..
- ဦးနှောက်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးခြင်း
- ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးမှုကို တိုးတက်စေခြင်း
- စိတ်ရှည်သည်းခံမှု တိုးစေခြင်း
- ဖန်တီးမှုစွမ်းရည် တိုးတက်စေခြင်း စတဲ့အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

🫰❤️ ဒီလို ကျန်းမာ၊ ပျော်ရွှင်မှုတွေကို ရောင်းချပေးနေတဲ့ ကျွန်မတို့ရဲ့ K handy page လေးဟာလည်း Handmade အတွက် ကုန်ကြမ်း၊ ကုန်ချော ပစ္စည်းလေးတွေကို ဝယ်ယူသူတိုင်းအတွက် စိတ်ရဲ့ပျော်ရွှင်မှုကို ရရှိစေဖို့ ရည်ရွယ်ပါတယ်။

ဒါ့အပြင် K handy Page လေးက Handmade - လက်မှုပညာနဲ့ ပတ်သက်တဲ့ ကုန်‌ကြမ်း၊ ကုန်ချော ပစ္စည်းမျိုးစုံကို စုံလင်အောင် ရောင်းချ‌ပေးနိုင်တဲ့ Craft Store (လက်မှုပစ္စည်းဆိုင်) ဆိုင်လေးတစ်ဆိုင်အဖြစ် ပျော်ရွှင်မှုတွေကို ဝေမျှပေးနိုင်ဖို့ အစဉ်အမြဲ ကြိုးစားလျက်ရှိပါတယ်ရှင်။

Handmade ပစ္စည်းလေးတွေအပြင်၊ ကိုယ်တိုင်ဖန်တီးနိုင်ဖို့အတွက် လိုအပ်တဲ့ DIY (Do-It-Yourself) ပစ္စည်းမျိုးစုံကိုလည်း ရောင်းချပေးနိုင်အောင် အကောင်းဆုံး ကြိုးစားနေပါတယ်နော်။

ဒါကြောင့် ကိုယ်တိုင်ဖန်တီးမှုတွေကနေ ပျော်ရွှင်မှုတွေကို ရှာဖွေနိုင်ဖို့ K handy Page လေးကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးရှင်။ 🥰🥰

နောက် ပိုစ့်လေးတွေမှာ ပြန်ဆုံကြမယ်နော် !! 👋👋


#လက်မှုပညာ

ဒီဇင်ဘာလမှာ မွေးဖွားတဲ့သူတွေအတွက် မွေးလပန်း (Birth Flower)တွေက  Narcissus (ရေနတ်သမီးပန်း ) နဲ့ Holly (ခရစ်စမတ်ပန်း) တို့...
26/06/2025

ဒီဇင်ဘာလမှာ မွေးဖွားတဲ့သူတွေအတွက် မွေးလပန်း (Birth Flower)တွေက Narcissus (ရေနတ်သမီးပန်း ) နဲ့ Holly (ခရစ်စမတ်ပန်း) တို့ဖြစ်ပါတယ်။

ဒီဇင်ဘာဖွားတွေဟာ ရည်မှန်းချက်ကြီးမားပြီး အောင်မြင်မှုအတွက် ကြိုးစားတတ်သူတွေ ဖြစ်ပါတယ်။ ကြည်လင်ပျော်ရွှင်တတ်သူတွေ ၊ အိမ်ထောင်ရေးနဲ့မိသားစုကို အလေးထားသူတွေ ဖြစ်တတ်ပါတယ်။ သူတို့ဟာ သစ္စာရှိပြီး၊ ဂရုစိုက်တတ်ကြပါတယ်။ စိတ်အားထက်သန်တဲ့သူတွေ ဖြစ်ပြီး ခရစ်စမတ်လို ပျော်ရွှင်ဖွယ်အချိန်တွေကို နှစ်သက်ကြပါတယ်။

1. Narcissus (ရေနတ်သမီးပန်း) ခိုင်မာတဲ့ဆန္ဒ၊ ဂုဏ်သိက္ခာ၊ အောင်မြင်မှု၊ အတ္တကင်းစွာချစ်ခြင်း။

အရောင်အနေနဲ့ကတော့
အဖြူ - သန့်ရှင်းမှု၊ စစ်မှန်မှု (လုပ်ဖော်ကိုင်ဖက်အတွက်)
အနီ - ချစ်ခြင်းမေတ္တာ ( မိသားစု/ချစ်သူအတွက်)
အဝါ - ပျော်ရွှင်မှု ( သူငယ်ချင်း/မိတ်ဆွေအတွက်)

2. Holly ( ခရစ်စမတ်ပန်း) အနာဂတ်မျှော်လင့်ချက်၊ ကာကွယ်မှု၊ သန့်ရှင်းမှု၊ အေးချမ်းသာယာမှု။

အားပေးချင်တဲ့သူအတွက် ဟော်လီပန်း အစိမ်းရောင် + အနီရောင် - မျှော်လင့်ချက်နဲ့ အားပေးမှု
( စိတ်ဓာတ်ကျနေတဲ့အချိန်မျိုး၊ အားပေးချင်တဲ့အခါမျိုး )

ဒီဇင်ဘာလဖွားလေးတို့ရေ ... ပျော်ရွှင်တဲ့ Narcissus လေးလား၊ ဒါမှမဟုတ် ခံနိုင်ရည်ရှိတဲ့ Holly လေးလား?

ဘဝခရီးလမ်းမှာ ကြံ့ခိုင်နွေးထွေး ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ ချစ်သော ...✨🎄

21/06/2025

နိုဝင်ဘာမွေးသူတွေရဲ့ နှလုံးသားကို ဖွင့်ပြတဲ့ မွေးလပန်း ၂ မျိုး 🌸🌼 (November Birth Month Flower)

နိုဝင်ဘာမွေးဖွားသူတွေရဲ့ နူးညံ့ပြီး ခိုင်မာတဲ့စိတ်ဓာတ်ကို အကောင်းဆုံးကိုယ်စားပြုတဲ့ပန်းလေးတွေပါ။

1. 🌼 Chrysanthemum 🌼 ( ဂန္ဓမာပန်း )

နိုဝင်ဘာလမှာ မွေးတဲ့သူတွေက ဂန္ဓမာပန်းလိုပါပဲ... စွမ်းအင်ပြည့်၊ ပန်းကအရောင်စုံပွင့်၊ ရည်မှန်းချက်ကြီးတဲ့သူတွေဖြစ်ပြီး ဒီပန်းလေးတွေကို ဂျပန်မှာ "အောင်မြင်မှုရဲ့သင်္ကေတ" kiku (菊) လို့ သတ်မှတ်ထားကြပါတယ်။

🌼ပန်းရောင်နုနုလေးတွေက နူးညံ့တဲ့ ချစ်စိတ်ကို ဖော်ပြပါတယ်။ (Anniversary မှာ "မင်းကိုငါဂရုစိုက်တယ်" )

🌼ရွှေဝါရောင်ပန်းက ဇွဲနပဲနဲ့ အောင်မြင်မှုကို သရုပ်ဖော်နေပါတယ်။ (ဘွဲ့နှင်းသဘင်၊ အလုပ်တိုးမြှင့်ခံရချိန် "မင်းတကယ်တော်တယ်" )

🌼အဖြူရောင်ပန်းက စိတ်ရင်းမှန်နဲ့ သစ္စာတရားကို ကိုယ်စားပြုပါတယ်။ ( မွေးနေ့၊ ကျေးဇူးတင်စကား ပြောချိန် "မင်းကျေးဇူးကိုငါမေ့မှာမဟုတ်ဘူး" )

🌼အနီရောင်ပန်းက ရဲရဲတောက်ချစ်ခြင်းအတွက် ( Valentine’s Day မှာ "မင်းကိုငါချစ်တယ်" )

🌼Chrysanthemumပန်းကို လက်ဖက်ရည်အဖြစ် သောက်လို့ရတယ်နော် "Chrysanthemum tea" လို့ခေါ်ပြီး ကျန်းမာရေးအတွက်ကောင်းလို့ ဂျပန်နဲ့ တရုတ်ယဉ်ကျေးမှုတွေမှာ ရာစုနှစ်ပေါင်းများစွာ သောက်သုံးခဲ့တဲ့ သဘာဝဆေးဖက်ဝင်လက်ဖက်ရည်လေး" 💛 ဖြစ်ပါတယ်။

2. 🌸 ပျိုနီပန်း (Peony) 🌸

🌸ပွင့်ဖတ်ထူပြီး ရနံ့မွှေးကာ လှပမှုကို အလေးပေးသော ပန်းဖြစ်ပြီး ကံကောင်းခြင်း၊ ချစ်ခြင်းမေတ္တာ၊ ရှက်တတ်သောအလှ (ပန်းနုရောင်ဆိုလျှင်) ကို ကိုယ်စားပြုပါတယ်။

🌸အနီရောင်ပန်းကို ချစ်သူ/ခင်ပွန်း Valentine’s Day , Anniversary Day အတွက် ❤️ ("မင်းကို စွဲမက်တယ်" လို့ပြောဖို့)

🌸ပန်းနုရောင်ဆိုရင် မိတ်ဆွေသစ်/မိသားစုအတွက် 🏡 ("မင်းနဲ့တွေ့ရတာ ကံကောင်းတယ်") အိမ်သစ်တက်ပွဲ (ကံကောင်းစေဖို့)

🌸အဖြူရောင်ဆိုရင် အောင်မြင်သူတစ်ဦး🏆အတွက် နဲ့ မွေးနေ့အတွက် 🎂 (ဂုဏ်ကျက်သရေနဲ့ လှပမှုကို ဂုဏ်ပြုဖို့)

🌸ပျိုနီပန်းကို တရုတ်ယဉ်ကျေးမှုမှာ ကြွယ်ဝမှုနဲ့ ဂုဏ်ကျေးဇူးကို ကိုယ်စားပြုပြီး၊ အနောက်နိုင်ငံတွေမှာ ရိုမန်တစ်ချစ်ခြင်းသင်္ကေတအဖြစ် အသုံးများကြပါ တယ်။

🌼🌸ဂန္ဓမာပန်းနဲ့ပျိုနီကို ရောပြီး "အောင်မြင်မှုနဲ့ချစ်ခြင်းရဲ့ပေါင်းစပ်မှု" အဖြစ် ပန်းစည်းလေး ပေးနိုင်ပါတယ်။

Your heart blooms in two beautiful ways: with chrysanthemum strength and peony grace. 💛🌼

21/06/2025

အောက်တိုဘာလမွေးဖွားသူများအတွက် ပန်းလှလှလေးများ 🌸🍁🍂

🍂အောက်တိုဘာလဟာ ရွက်ဝါဝါတွေကြားက နွေးထွေးတဲ့ ဆောင်းဦးလေတို့နဲ့ ပြည့်နေတဲ့အချိန်ပါ။
ဒီလမွေးသူများဟာ ဆောင်းဦးလေလို နွေးထွေးသော နှလုံးသား၊ ရွက်ဝါတွေလို လှပသော စိတ်နေသဘောထားနှင့် ပန်းတွေလို နူးညံ့ပြီး သဟဇာတဖြစ်အောင်နေတတ်သူများ ဖြစ်ကြပါတယ်။ 🍂

ဒီလမှာ မွေးဖွားသူတွေရဲ့ နှလုံးသားကို ဖွင့်ပြနိုင်မယ့် ပန်းလှလှလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

1. Cosmos (ရွှေဒင်္ဂါးပန်း)

နှလုံးသားရဲ့ နူးညံ့မှုကို ဖော်ပြခြင်းပန်းပဲဖြစ်တယ်။

🩷 ပန်းရောင် - "မင်းလေးနဲ့အတူရှိနေရတာ ပျော်စရာကောင်းတယ်" လို့ ပြောချင်တဲ့အခါ

💜 ခရမ်းရောင် - ဆရာ/မိဘတို့ကို "ကျေးဇူးအများကြီးတင်ပါတယ်" လို့ ဖွင့်ဟချိန်

🤍 အဖြူ - စိတ်ရင်းမှန်နဲ့ "မင်းလေးကို ယုံကြည်တယ်" လို့ ပြောချင်တဲ့အခါ

2. Marigold (ပြင်သစ် ထပ်တရာပန်း)

အောင်မြင်မှုရဲ့ အလှတရားလို့ တင်စားကြပါတယ်။

💛 အဝါရောင် - ဘွဲ့ရသူ ၊ ရာထူးတိုးသူ ကို "ဂုဏ်ယူပါတယ်" လို့ လက်ဆောင်ပေးချိန်

🧡 လိမ္မော်ရောင် - စိတ်ဓာတ်ကျနေသူကို "မင်းလေးကျော်ဖြတ်နိုင်ပါတယ်" လို့ အားပေးချိန်

❤️ အနီရောင် - အားကစားသမားတစ်ဦးကို "မင်းလေး ရဲ့ဇွဲကို အားကျတယ်" လို့ ချီးကျူးချိန်

"Cosmos ပန်းရောင် + Marigold အဝါ" ပန်းစည်းလေးကို အောက်တိုဘာမွေးနေ့ပွဲမှာ ပေးတာက -
"မင်းလေးရဲ့ နူညံ့တဲ့ဆန္ဒ နဲ့ အောင်မြင်မှုတွေ ဒီနှစ်မှာ အပြည့်အဝရရှိပါစေ" ဆိုပြီး ဆုတောင်းပေးတာမျိုးပေါ်လွင်စေပါတယ်။ 💐💐

အောက်တိုဘာလရဲ့ ပန်းတွေဟာ လေပြေညင်းနဲ့အတူ လှည့်ပတ်ဝဲကျနေတဲ့ ရွက်ဝါလေးတွေလိုပါပဲ။ သင့်ရဲ့ချစ်ခြင်းမေတ္တာကို ဒီလှပသောပန်းလေးတွေနဲ့ ဖော်ပြနိုင်ပါစေ။ ✨🌸🍂


21/06/2025

ချစ်သော... စက်တင်ဘာလမွေးတဲ့သူတို့ အတွက် 🎉 Birthmonth Flowers (၂ )မျိုးရှိတယ်နော်။ ဒီပန်းလေးတွေက မင်းတို့လေးတွေရဲ့စရိုက်ကို အတိအကျဖော်ပြနေတာပါနော် 😍

1️⃣. Aster ( မေမြို့ပန်း ) 🌸 – စိတ်နုနယ်ပြီး အနုပညာရှင်ဆန်သူတွေရဲ့ပန်း

💜ချစ်ခြင်းမေတ္တာ ၊ ✨သစ်လွင်မှု ၊ 🎨အနုစိတ်လှပမှု တွေကိုပြောပြနေတာပါ

မင်းတို့လေးတွေနဲ့ တူတဲ့အချက်က Aster လိုပဲ နူးညံ့ပြီး အတွင်းစိတ်ကတော့ သံမဏိလိုမာကျောတယ် ၊ အနုပညာနဲ့ ခံစားမှုကို အရမ်းတန်ဖိုးထားတတ်တဲ့သူတွေပါ။

2️⃣. Morning Glory ( ကန်စွန်းနွယ်ပန်း ) 🌼 – စိတ်ဓာတ်ခိုင်မာပြီး တက်ကြွသူတွေရဲ့ပန်း

🌟မျှော်လင့်ချက်၊ 🚀အသစ်စတင်ခြင်း ၊ 💪ဇွဲလုံ့လ တို့ကို ဖော်ပြနေတာပါ။

မင်းတို့လေးတွေနဲ့တူတဲ့ချက်က Morning Glory လို နေရောင်ခြည်နဲ့အတူ လန်းဆန်းတက်ကြွပြီး ရည်မှန်းချက်ကြီးကြီးထားတတ်တဲ့သူတွေဖြစ်ကြပါတယ်။

🎁 ဘယ်သူ့ကို ဘယ်လိုပန်းတွေပေးရမလဲ? 🎁

Aster ( မေမြို့ပန်း ) 🌸 ရွေးချယ်စရာ ပန်းအရောင်တွေကတော့

💜ခရမ်းရောင်
ချစ်ရသူကို "မင်းကိုငါအမြဲချစ်တယ်" လို့ပြောချင်ရင်

💕ပန်းရောင်
သူငယ်ချင်းကို "မင်းနဲ့ဆုံရတာပျော်တယ်" ဆိုတဲ့အဓိပ္ပါယ်

🤍အဖြူရောင်
မိသားစုဝင်တွေကို "မင်းကိုငါရိုးရိုးသားသားချစ်တယ်" လို့ဖော်ပြချင်ရင်

Morning Glory ( ကန်စွန်းနွယ်ပန်း ) 🌼 ရွေးချယ်စရာ ပန်းအရောင်တွေကတော့

💙အပြာရောင်
စိတ်ချမ်းသာစေချင်တဲ့သူကို "မင်းအောင်မြင်ပါစေ" ဆိုတဲ့အနှစ်သာရ

❤အနီရောင်
ချစ်သူကို "မင်းအတွက်ငါစိတ်အားထက်သန်နေတယ်" လို့ပြောချင်ရင်

🤍အဖြူရောင်
ဘဝအစသစ်တစ်ခုကို စတင်မယ့်သူကို "အကောင်းဆုံးဖြစ်ပါစေ" ဆိုတဲ့ဆုတောင်း

🎯 ဘယ်လိုအခြေအနေမှာ ဘာပန်းပေးရမလဲ? 🎯

🎂မွေးနေ့ဆုတောင်းလက်ဆောင်
Aster ရောင်စုံဖူးနဲ့ဆို ပိုလှပါတယ်

🏆အောင်မြင်မှုဆုတောင်းလက်ဆောင်
Morning Glory အပြာရောင်က "မင်းလုပ်နိုင်တယ်"ဆိုတဲ့ အားပေးစကား

💘ချစ်သူကိုပေးဖို့ လက်ဆောင်
Aster ခရမ်းရောင် (သို့) Morning Glory အနီရောင် ရွေးချယ်ပေးတာက ပိုလိုက်ဖက်တယ်

ဒီတော့... ချစ်သော မင်းလေးက Aster 🌸 လား? Morning Glory 🌼 လား?
Comment မှာပြောခဲ့နော် 😘💬 love you all

🌸🌼✨

ဩဂုတ်လမွေးသူလေးတွေအတွက်  🌈💖 Birth Month Flowers နှစ်မျိုးကို ပြောပြပါမယ်ရှင့် 1️⃣ Gladiolus (သစ္စာပန်း) ⚔️ မင်းရဲ့ Inner...
16/06/2025

ဩဂုတ်လမွေးသူလေးတွေအတွက် 🌈💖 Birth Month Flowers နှစ်မျိုးကို ပြောပြပါမယ်ရှင့်

1️⃣ Gladiolus (သစ္စာပန်း)

⚔️ မင်းရဲ့ Inner Warrior လေးပါပေါ့🔥သံမဏိစိတ်ဓာတ်၊ ရဲရင့်မှုနဲ့ ခေါင်းဆောင်တို့ရဲ့ပန်းပါ🔥
အဓိပ္ပာယ်ကတော့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ရဲရင့်မှု၊ ခေါင်းဆောင်မှုဉာဏ် ရှိတယ် 🤭

ရည်မှန်းချက်ကြီးပြီးဇွဲသတ္တိအပြည့်နဲ့ 💪 ဘယ်
အခက်အခဲကို "Bring it on!"ဆိုတဲ့သူမျိုး 😤 ("ငါမဖြစ်မနေရကိုရရမယ်"💥"Challenge accepted" လို့ပြောတတ်သူ 😎 )
တစ်ခါတလေ အတ္တကြီးစိတ်ကြီးဝင်တတ်ပေမယ့် သစ္စာရှိတယ် 👑

ပန်းအရောင်တွေကတော့ အနီ🔥, အဖြူ🤍, ပန်းရောင်💖, ခရမ်းရောင်💜

2️⃣ Poppy (ဘိန်းပန်း) 🎨✨

မင်းရဲ့ Wild Creative Side လေးပါပေါ့ 🌀 ဘာကိုဆိုလဲဆိုတော့ ဖန်တီးမှု၊ လွတ်လပ်မှု၊ စိတ်ကူးယဉ်ဆန်မှုတို့ရဲ့ပန်းပဲဖြစ်ပါတယ် 🤭

စည်းကမ်းတင်းကြပ်တာတွေမကြိုက် 😝 အနုပညာသမားနှလုံးသား🎭 + အိပ်မက်ဆန်တဲ့ ဦးနှောက် 🌈 (အလုပ်ကြိုက်တယ်၊ ဒါပေမယ့် အလုပ်မလုပ်ချင်ဘူး)

ပန်းအရောင်တွေကတော့ အနီ❤️, အဝါ💛, လိမ္မော
🧡

🎯 ဘယ်သူ့ကို ဘယ်ပန်းလေးပေးရင်ကောင်းမလဲ?

ချစ်သူ/ခင်ပွန်းတွေ👫 → Gladiolus အနီရောင်❤️

အနုပညာရှင်တွေ BFFတွေ 🎨 → Poppy ပန်းရောင်💗

စိတ်ဓာတ်ကျနေတဲ့သူတွေ😔 → Poppy အဝါ 🌞 (ပျော်ရွှင်မှုကို ပြန်ဖမ်းစားဖို့)

💡 Pro Tip

မွေးနေ့ အတွက် 🎂 → Gladiolus + Poppy ရောထားတဲ့ Bouquet 🌸+🌺 လေးရောပြီး (မင်းက စိတ်ဓာတ်လည်းကြံ့ခိုင်၊ ဖန်တီးနိုင်စွမ်းလည်းပြည့်နေတယ် ) လို့ ဖော်ပြခြင်း

⚠️Poppyကို တချို့နိုင်ငံမှာစစ်အားသတိရတဲ့ပန်းအဖြစ် အဓိပ္ပာယ်ဖွင့်တာကြောင့် ကရုပြုပါ

ဩဂုတ်လမွေးသူတွေက စိတ်ဓာတ် + ဖန်တီးဉာဏ် ပေါင်းထားတဲ့ Hidden Gem ( Unstoppable Combo တွေပါ🚀 ) ✨

မင်းနဲ့အကိုက်ဆုံး ပန်းအရောင် ရွေးပြီး ကိုယ့်ကိုယ်ကိုလဲ ပြန်အားပေးလိုက် 😏💐 ( "ငါကမှ မိုက်လိုက်တာ" ဆိုပြီး ခံစားရအောင် 😎)


ဇူလိုင်လ မွေးချင်းပန်းလေးတွေနဲ့ မိတ်ဆက် ပေးပါမယ်ရှင့် 💙🌸ဇူလိုင်လရဲ့ Birth Flowers  နှစ်မျိုးရှိပါတယ်နော်Larkspur (နတ်ပန်...
16/06/2025

ဇူလိုင်လ မွေးချင်းပန်းလေးတွေနဲ့ မိတ်ဆက် ပေးပါမယ်ရှင့် 💙🌸

ဇူလိုင်လရဲ့ Birth Flowers နှစ်မျိုးရှိပါတယ်နော်

Larkspur (နတ်ပန်း/စာကလေးပန်း) နဲ့ Water Lily (ကြာပန်း) တို့ပါ။ သူတို့ရဲ့အရောင်တွေ၊ အဓိပ္ပါယ်တွေက လုံးဝ aesthetic ဖြစ်ပြီး မွေးလဆိုင်သူတွေရဲ့ personality ကိုလည်း ပြောပြနေပါတယ်ရှင့် 🌸

1️⃣. Larkspur (နတ်ပန်း) – စိတ်ကူးယဉ်ဆန်ပြီး လွတ်လပ်တဲ့သူတွေရဲ့ပန်း

ပန်းအရောင်တွေ – အဖြူ၊ ပန်းရောင်၊ အပြာ၊ ခရမ်း (စိတ်ကြိုက်ရွေးလို့ရ )

အဓိပ္ပါယ်လေးတွေကတော့

ပန်းရောင် = ရိုမန်တစ်ဆန်တဲ့ခံစားချက်၊ နူးညံ့တဲ့ချစ်ခြင်း (ချစ်သူတွေကိုပေးဖို့ perfect )

အပြာရောင် = သစ္စာ + ရင်းနှီးမှု (bestie တွေနဲ့လိုက်တယ်)

ခရမ်းရောင် = ဂုဏ်သိက္ခာ + လေးစားမှု (ဆရာ/မိဘတွေကိုပေးရင်လုံးဝ fit )

Larkspur of July born တွေရဲ့ personality

စိတ်ကူးယဉ်ဆန်ကြလို့ အနုပညာသမားဆန်တယ်။
လွတ်လပ်မှုကိုချစ်မြတ်နိုးပြီး သစ္စာရှိတယ်။
စကားပြောကောင်းတယ်၊ လူချစ်လူခင်လဲပေါကြတယ်။

2️⃣. Water Lily (ကြာပန်း) – ငြိမ်းချမ်းပြီး ဉာဏ်ရည်ထက်တဲ့သူတွေရဲ့ပန်း

ပန်းအရောင်တွေ – အဖြူ၊ ပန်းရောင်၊ အဝါ၊ အပြာ (ကြာပန်းလိုလှလိုက်တာ)

အဓိပ္ပါယ်လေးတွေကတော့

အဖြူရောင် = စိတ်ငြိမ်းချမ်းမှု၊ သန့်စင်မှု (စိတ်ဖိစီးနေသူကိုအားပေးဖို့)
အဝါရောင် = ပျော်ရွှင်မှု + စိတ်ဓာတ်တက်ကြွမှု (မိတ်ဆွေတွေနဲ့လိုက်တယ်)

Water Lily of July born တွေရဲ့ personality

တည်ငြိမ်ပြီး စဉ်းစားဉာဏ်ရှိတယ်။
အတွေးနက်နက်နဲ့ ပြဿနာဖြေရှင်းနိုင်တယ်။
စိတ်ရှည်ပြီး ကိုယ်ချင်းစာစိတ်ရှိတယ်။

💡 ဘယ်သူ့ကို ဘယ်ပန်းပေးမလဲ?? 💡

Crush/ချစ်သူကိုပေးချင်ရင် → ပန်းရောင် Larkspur (နူးညံ့ပြီးချစ်စရာမက်ဆေ့ချ်ကိုပေးချင်တာပါ )

Bestie ကိုအားပေးမယ် → အပြာရောင် Larkspur (သစ္စာရှိခြင်းနဲ့ အရင်းနှီးဆုံးတွေ အတွက် )

စိတ်ညစ်နေတဲ့သူ့ကိုအားပေးမယ် → အဖြူရောင် Water Lily (စိတ်ငြိမ်းချမ်းမှုပေးဖို့)

ဂုဏ်ပြုချင်တဲ့သူကို → ခရမ်းရောင် Larkspur (လေးစားမှုပြဖို့)

ဇူလိုင်လမွေးသူတွေက တက်ကြွ၊ ဖန်တီးနိုင်စွမ်းရှိပြီး စိတ်နက်ရှိုင်းတတ်ကြတယ်။ သူတို့ကို သူတို့ personality နဲ့လိုက်တဲ့ပန်းလေးတွေပေးရင် သေချာတယ် အရမ်းကို ပျှော်ရွှင်သွားမှာပါနော် 💙🌸

(ပန်းအကြောင်းလေးတွေကိုကြည့်ပြီး "ငါ့လိုပဲ" ဆိုရင် comment မှာပြောသွားနော် 😉)

Address

Mandalay
05021

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959402555601

Alerts

Be the first to know and let us send you an email when K handy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to K handy:

Shortcuts

Share