19/10/2025
ဒီတစ်ခါတော့ သုံးကြည့်ပြီးအရမ်းကြိုက်သွားတဲ့ ရွှေရူပါ Coffee Scrub လေးအကြောင်းပြောပြမယ်။ 🥰
ဘူးကိုင်ကြည့်လိုက်တာနဲ့ အထဲက scrub က လေးလေးပင်ပင်နဲ့။ ဖွင့်ကြည့်လိုက်တော့မှ ဟုတ်တယ်... လုံးဝပျစ်နှစ်နေတာပဲ။ 🤎 တခြား scrub တွေလို အရည်ကျဲကျဲမဟုတ်ဘဲ ကော်ဖီအဖတ်စစ်စစ်တွေနဲ့ ပြည့်နေတာမို့ quality ကောင်းမှန်းချက်ချင်းသိသာတယ်။
☕ ဘူးဖွင့်လိုက်တာနဲ့ ကော်ဖီနံ့သင်းသင်းလေးက စိတ်ကိုလန်းဆန်းသွားစေရော။
💧 ရေစိုနေတဲ့အသားပေါ်မှာ ညင်ညင်သာသာလေးပွတ်လိုက်တာနဲ့ ဆဲလ်သေတွေ၊ အညစ်အကြေးတွေကင်းစင်သွားသလိုပဲ။
😍 ရေဆေးချပြီးတဲ့အခါမှာတော့ အသားအရေက သိသိသာသာ နူးညံ့ပြီး ချောမွေ့သွားတယ်။ ကပ်စေးစေးမဖြစ်ဘဲ စိုစိုအိအိလေးကျန်ခဲ့တာကို အကြိုက်ဆုံးပဲ။
အသားအရေကြည်လင်ပြီး နူးညံ့ချင်တဲ့သူတွေ၊ body scrub ကောင်းကောင်းလေးရှာနေတဲ့သူတွေအတွက် ဒါလေးကို highly recommend ပေးပါတယ်နော်။ Quality ကတော့ စိတ်ချ... ပုံထဲမှာမြင်တဲ့အတိုင်းပဲ ပျစ်နှစ်နေရောပဲ။ 👍