Mandalay Oxygen

Mandalay Oxygen Shopping

01/09/2021

We are Ready .....
ကျနော်များ Oxygen Plant Ohn Chawအနေဖြင့်
စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)နှင့်အတူ....

မနက်ဖြန် အုန်းချောနှင့် အနီးတဝိုက်ဒေသရှိ
အောက်ဆီဂျင်လိုအပ်သော လူမှုကူညီရေးအသင်းများ
လူနာရှင်များ၏ အောက်ဆီဂျင်အိုးများ(အိုးကြီး)ကိုလေဖြည့်တင်းပေးပါမည်။

စက်တည်ရှိရာ သီတဂူဆေးရုံတော်(အုန်းချော)တွင်
နံနက် ၈:၀၀ မှ စတင်ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။
၄၀-လီတာဆံ့ အိုးကြီးများကို
လူနာရှင်များအတွက် ၁-လုံးနှုန်း
လူမှုကူညီရေးအသင်းများအတွက် ၅-လုံးနှုန်းဖြင့်
မျှဝေဖြည့်တင်းပေးပါမည်။
ပိုလျှံပါက လုပ်ငန်းသုံးအိုးများကို ဖြည့်တင်းပေးပါမည်။

လက်ရှိအချိန်တွင် အခကြေးငွေ သတ်မှတ်ကောက်ခံခြင်း
မပြုသေးပဲ စေတနာအလျှောက် ထည့်ဝင်သော အလှူငွေများကိုသာ လက်ခံပါမည့်အကြောင်း တင်ပြအပ်ရပါသည်။


04/08/2021

၆၂ပန်းခြံလမ်းနှင့်အေးသုခလမ်းထောင့်
Crown ဘိလပ်မြေ
တန်းဆီပြီး ဘောင်ချာလေး ဖြတ်ပြီးထားခဲ့ပြီးနောက်ရက် ယူယုံပါပဲနော်
40 L ပဲ သီးသန့် ဖြည့်ပေးပါတယ် တဲ့ ရှင်
ဖြည့်ခက တစ်အိုး ၅၀၀၀ပါတဲ့ရှင်
မနက် ၇နာရီကနေ ၉နာရီထိ လက်ခံပါတယ် တဲ့
တစ်နေ့ကို အိုး၂၀၀ဖြည့်ပေးပါတယ်တဲ့
အရေးကြီးလိုတယ်ဆိုရင်
၆နာရီလောက်က တန်းဆီ ပြီး
​ရရင် ဘောင်ချာဖြတ်ပြီးအိုးထားခဲ့ ရမာပါရှင်
နောက်ရက် မနက် ဖုန်းဆက်ပေးတဲ့ အချိန် သွားယူရုံပါပဲရှင်
အားလုံး အဆင်ပြေ ကျန်းမာပါစေနော်
🙏🙏🙏
Fighting

Credit...!

03/08/2021

3.8.2021
နေ့လည်2နာရီO2ပေးပါမည်။
စိန်ပန်းဝါဆိုကျောင်း
လမ်း40 91C

03/08/2021

ကိုဗစ်မှ ပြန်နလန်ထချိန် ၁၄ရက်နဲ့ ၂၁ရက်ကျော်လာတဲ့ သူတွေအနေနဲ့တော့ ချောင်းဆိုးကျန်နေသေးတယ်ဆိုရင် အသက်ရှူလေ့ကျင့်ခန်းကို “မှုတ်” တာနဲ့ တွဲပြီး လုပ်ပေးသင့်ပါတယ်။
🟨ချောင်းဆိုးတာအတွက်တင် မဟုတ်ပါဘူး။ ကိုဗစ်ပိုးကိုတိုက်ထုတ်ထားရလို့ အားနည်းနေတဲ့ အဆုတ်ရဲ့ လုပ်ဆောင်မှုတွေပြန်လည်ရလာအောင် "အဆုတ် ပြန်လည် သန်စွမ်း ရေး လေ့ကျင့်ခန်း များ"(Pulmonary Rehabilitation)ကို ဒီအချိန်မှာ လုပ်သင့်ပါတယ်။

🟨ဘာကြောင့် “မှုတ်” တာနဲ့ တွဲလုပ်ခိုင်းတာလည်းဆိုရင် ‘ဖြေးဖြေးနဲ့ပြင်းပြင်းရှူ အောင့်ထား ရှည်ရှည်မှုတ်ထုတ်’ ဆိုတဲ့ Deep Breathing Exercise အသက်ရှူလေ့ကျင့်ခန်းလုပ်ရင်း အဆုတ်အတွင်းပိုင်း လေအိတ်ထဲအထိ အောက်ဆီဂျင်ကိုရောက်စေချင်တဲ့အတွက်ဖြစ်ပါတယ်။

🔴ဒီလိုပြင်းပြင်းရှူတဲ့ အသက်ရှူလေ့ကျင့်ခန်းကို ကိုဗစ်ပြင်းထန် နေတဲ့ ၁၄ရက်အတွင်း၊ မောကြပ်နေတဲ့ လူနာတွေကို မလုပ်သင့်ကြောင်း ဆရာမတို့ Physiotherapist တွေတားမြစ်ခဲ့တဲ့ အသက်ရှုလေ့ကျင့်ခန်းဖြစ်ပါတယ်။
Fb ပေါ်မှာ အသက်ရှူလေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းနေတိုင်း လူနာရဲ့အခြေအနေကိုကြည့်ပီး ဘယ် အသက်ရှူလေ့ကျင့်ခန်းကို ညွှန်းသလဲဆိုတာ အရေးကြီးပါတယ်။

❓”မှုတ်”ရတဲ့ အသက်ရှူလေ့ကျင့်ခန်းတွေက ဘာတွေရှိပါသလဲ။

✅Blow Balloon (ပူဖောင်းမှုတ်ခြင်း)
✅Blow Water Bubbles (ရေခွက်ထဲ ပိုက်ထည့် ပူစီဖောင်းမှုတ်ခြင်း)
✅Blow the paper/tissue (စာရွက် သို့ တစ်ရှူးစကိုကိုင် လေမှုတ်ခြင်း)

အသက်ကိုဖြေးဖြေး ပြင်းပြင်းရှူသွင်းပီး အထက်ပါ လေမှုတ်ထုတ် လေ့ကျင့်ခန်းတွေကို လုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကတော့ အလွယ်တကူ အိမ်မှာ ရှိတာတွေနဲ့ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေပါ။

☑️ဒီနေရာမှာ ဆရာမရေးသားထားတဲ့ “မှုတ်” ဆိုတဲ့စကားလုံးက ပါးစပ်ကနေ လေမှုတ်ထုတ်တာကို ဆိုလိုခြင်းဖြစ်ပါတယ်။ နှာခေါင်းကနေ လေမှုတ်ထုတ်ခြင်းမဟုတ်ပါဘူး။

☑️ပါးစပ်ကနေ ‘လေချွန်’ သလို ‘ဖယောင်းတိုင် မီးမှုတ်’ သလို နှုတ်ခမ်းအနေအထားနဲ့ ပါးစပ်ကနေ လေကိုရှည်ရှည် “မှုတ်” ထုတ်ပေးပါ။


✅ Deep Breathing Exercise ကို ၄-၇-၈ နည်း (“4-7-8 Technique ") နဲ့ အထောက်အကူပစ္စည်းမပါဘဲ အလွတ်လေ့ကျင့်နိုင်ပါတယ်။

🔶“4-7-8 Breathing” ဆိုတာဘာလဲ??

၁) အသက်ကိုရှူသွင်းချိန်မှာ စိတ်ထဲကနေ ‘၁ကနေ ၄အထိ’ ရေတွက်ပီး ပြင်းပြင်းရှူသွင်းပါ။

၂) ပီးနောက် အသက်ကို ‘၁ကနေ၇အထိ’ စိတ်ထဲကနေ ရေတွက်ပီး အောင့်ထားပါ။

၃) ပီးနောက် စိတ်ထဲကနေ ‘၁ကနေ၈အထိ’ ရေတွက်ပီး အသက်ကို ပါးစပ်ကနေ ရှည်ရှည်ရှူထုတ်ပါ။

✅Deep Breathing Exercise တွေကို ဘယ်နှစ်ကြိမ် လုပ်ရမလဲ??

အသက်ရှူလေ့ကျင့်ခန်းဟာ မိမိခံနိုင်တဲ့ အကြိမ်ရေထက်များသွားရင် ခေါင်းမူးစေတာ အဆုတ်ကြွက်သားတွေပင်ပန်းစေတာတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အခုလို deep breathing exercises တွေဖြစ်တဲ့ “မှုတ်” တဲ့အသက်ရှူလေ့ကျင့်ခန်းတွေကို လုပ်ရာမှာ မိမိအခြေအနေပေါ်မူတည်ပီး တခါလုပ်ရင် အနည်းဆုံး၅ကြိမ်ကနေ အများဆုံး၁၀ကြိမ် ကို တနေ့ ၃-၄ ကြိမ်လုပ်ပေးပါ။

❗️လုပ်နေချိန်မှာ ခေါင်းတအားမူးလာရင် ဆက်တိုက်မလုပ်ဘဲ နားနားပီးမှ လုပ်ပေးပါ။

၁ခါလုပ်ရင် ၅-၁၀ ကြိမ်
တစ်နေ့ကို ၃-၄ခါလုပ်နိုင်ပါတယ်။

✅Deep Breathing Exercises ကြောင့် ဘလိုအကျိုးကျေးဇူးတွေရမလဲ?

☑️အဆုတ်ရဲ့ အတွင်းပိုင်း လေအိတ်လေးတွေအထိ လေရောက်မယ်
☑️အသက်ရှူလမ်းကြောင်းအတွင်း ချွဲကပ်တာတွေ ချွဲစုတာတွေ မဖြစ်အောင် ကာကွယ်နိုင်မယ်
☑️အဆုတ်ထဲ ပိုးဝင်တာတွေ နည်းအောင်ကာကွယ်နိုင်မယ်
☑️နမိုးနီးယားကို ကာကွယ်နိုင်မယ်
☑️အဆုတ်အား ပိုကောင်းလာမယ်
☑️အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ တက်လာမယ်
အကျိုးကျေးဇူးတွေကတော့ တွေ့တဲ့အတိုင်းပါပဲ။ ငဗစ်ကြောင့် ဒဏ်ခံလာရတဲ့ အဆုတ်ဟာ ပြန်ကျန်းမာလာပီး အလကားရတဲ့လေကို ဝဝလင်လင်ရှုနိုင်ပီး အသက်ရှူရပိုကောင်းလာပါလိမ့်မယ်။

ဒါကြောင့်မို့ ကိုဗစ်အလွန်မှာ ဘာဆေးသောက်ရမလဲလိုက်မေးပီး သောက်ဆေးတွေအားမကိုးပါနဲ့တော့။ အသက်ရှူလေ့ကျင့်ခန်းကို အဆုတ်အတွက် ပုံမှန် လုပ်ပေးကြဖို့ တိုက်တွန်းပါတယ်။

🟨 အထောက်အကူ ပစ္စည်း( Incentive Spirometer) သုံးပြီးလေ့ကျင့်သူများအတွက်တော့ ဒုတိယ ပုံအောက်မှာပြောပြထားပေးပါတယ်။

Physiotherapist တစ်ဦးအနေနဲ့ ကိုဗစ်လူနာတွေအတွက် အခုလိုကာလမှာ ဆေးရုံဆေးခန်းအလွယ်တကူ မသွားနိုင်တာကြောင့် မိမိတို့အိမ်မှာတင်လုပ်နိုင်ပီး ထိရောက်နိုင်တာတွေ မျှဝေရေးသားခဲ့ပါတယ်။ လက်တွေ့လုပ်ရာမှာ အကျိုးရှိပီး လူနာတွေ သက်သာလာတာတွေ မြင်ရ ကြားရတိုင်းလည်း အင်မတန်ကျေနပ်မိသလို ကျွန်မရေးရကျိုးနပ်တယ်လို့လည်း သုံးသပ်မိပါတယ်။

Sharing is Caring ❤️
“မှောက်” တာ “ပုတ်” တာပီးတော့ အခု “မှုတ်” တာပါ။

Credit - emkknowledgesharing



01/08/2021

🌻မန္တလေးတိုင်းဒေသကြီး🌻
ယနေ့ (1.8.2021) မနက်ပိုင်းနှင့်ည‌ေနပိုင်းများအတွက်❤️❤️
Oxygen အိုးလေဖြည့်နိင်သည့်နေရာများဘဲဖြစ်ပါတယ်ခင်ဗျာ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
🌱မန္တလေး
#မနောကြာဖြူပရဟိတအသင်း
🚩ချမ်းမြသာစည်၅၃ လမ်း၊ မြရည်နန္ဒာရပ်ကွက်။
📞09752348362,
📞092006423,
📞0943099660
ည၁၁နာရီနောက်ပိုင်း Oxygenအရေးပေါ်လိုအပ်လျှင်ဖြည့်ပေးမည်။
မလာခင်ဖုန်းကြိုဆက်ရန်။
10L 15L, FOC စေတနာရှိသလောက်အလှူငွေထည့်နိုင်
ပါသည်။ညနေ၆နာရီ၊၆နာရီခွဲလောက်ဆိုရင်
စပေးပါတယ်။15 L အိုးပဲရပါတယ်။ ကုန်တဲ့အထိပေးပါမည်။ မနက်ပိုင်းကတော့တန်းစီပြီးပြန်ယူရတာမလို့ မနက်ပိုင်းမရပါ။
(Available)

🌱မန္တလေး
#မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့
🚩ချမ်းမြသာစည်၁၁၇ လမ်း၊ ၅၃/၅၄ လမ်းကြား၊ မြရည်နန္ဒာရပ်ကွက်။
📞09255255416,
📞09402549231,
📞09440026883,
📞09752806119
FREE (အလှူငွေထည့်နိုင်သည်)
ညရောက်နိုင်ပါသည်။ မသေချာ၍ 10pm လောက် ဆက်ကြည့်ရန်။
(Available)

❗️အိုးလေဖြည့်
🌱မန္တလေးမြို့
#မင်းကွန်းသားလေး oxygenအခမဲ့စင်တာ(ကိုဇော်ထွန်း)
🚩၃၆လမ်း ၆၁လမ်းဒေါင့်။
📞09789990998
📞09402020853
📞09787890344
FREE လှူချင်လှူနိုင်သည်။
ညအတွက်မရတော့ပါ။ တစ်နေ့အလုံး ၂၀၀ လှူပါတယ်။ မနက်ဖြန် မနက် ၁၀ နာရီကနေ ၅ နာရီအထိ လှူပါ့မယ်၊ (မနက်၁၀နာရီကနေ ကုန်တယ့်အထိလှူသွားမှာပါ ဖုန်းကြိုဆက်ပေးပါ)
(Available)

❗အိုးလေဖြည့်
🌱မန္တလေး
Group Gas
🚩ချမ်းမြသာစည်(ဈ ၄/၃၇ ) ၆၂လမ်း ၊ ၁၀၈ × ၁၀၉ လမ်းကြား ခိုင်ရွှေဝါလမ်းနှင့်ဇလပ်ဝါလမ်းကြား၊ မြို့သစ်။
📞0991015492,
📞095156062
10L - 2000ks
15L - 2500ks
အခုတော့ အလှူရှင်တွေရှိနေတဲ့အတွက်
FOC ပါ8:00:00 AM စပေးမည်။
4am လောက်ထဲက တန်းစီရပါမည်။ လယ်ဝေးဆိုထောက်ခံစာမလို၊ ကျန်မြို့နယ်များ လိုပါသည်။ 40Lအိုးမပေးပါ။
လာတဲ့အချိန်ဖြည့်ပေးပါတယ်။
(Available)

❗အိုးလေဖြည့်
🌱မန္တလေး
#သီလရက္ခိတလူမှုကူညီရေးအသင်း
🚩87လမ်း 33လမ်းနှင့်34လမ်းကြား
📞09 2052175,
📞09 43109576,
📞09 402513128,
📞09 402593719,
📞09 777725878,
📞09 2029849
10L ဘူးသေး - 2000Ks
15L-3000ks
မတတ်နိုင်လျှင် Free ပေးသည်။
မနက်ရမည်။ အချိန် မသိရသေးပါ။ မနက်ဖြန်မနက်ပြန်ဆက်ရန်။ညနေ၃နာရီ၄နာရီလောက်စပေးပါမယ်(လာတန်းစီပေးပါ)
(Available)

❗အိုးလေဖြည့်
🌱မန္တလေး
#မုတ္တစာဂီသွေးလှူရှင်အသင်း
🚩ချမ်းမြသာစည်အောင်ပင်လယ်/ ၅၆×၁၀၇လမ်း ဆုကဖေး။
📞09 757427499
ည 8:30pm စပေးပါမည်။
(Available)

❗အိုးလေဖြည့်
🌱မန္တလေး
#ဗားကရာကျောင်းတိုက်
🚩အမရပူရဗားကရာကျောင်းတိုက်
📞02174198 ,
📞09787119119 ,
📞09440119119
20L အထိ အမြင့်ဆုံးဖြည့်ပေး (FOC) တစ်နေ့တာ အလှူရှင်များရှိသည်။
မနက် 7:00:00 AM စပေးပါမည်။ စောစောတန်းစီရပါမည်။ညနေအတွက်မရ
တော့ပါ။မနက်ပိုင်းအတွက်ဘယ်အချိန်ရမလဲမသိသေးပါ။
(Available)

❗အိုးလေဖြည့်
🌱မန္တလေး
#လူငယ်အားမာန်ပရဟိတ
🚩အမရပူရအထက၁ နေရှင်နယ်ကျောင်းအနောက်ဘက် လေးစုကွင်း
📞09764580043,
📞0979748767,
📞092029760
မနက်ရမည်။ အချိန် မသိရသေးပါ။
(Dead body collectionလည်းလုပ်ပါတယ်)(အောက်စီဂျင်ပိုက်လိုတာရှိရင်ညွှန်ပေးပါသည်။)
(Available)

❗အိုးလေဖြည့်
🌱မန္တလေး
#ပုလဲပရဟိတဖောင်ဒေးရှင်းရုံးချူပ်
🚩မဟာအောင်မြေမဟာမင်းထင်တိုက် ၊မိုးကုတ်ရိပ်သာကျောင်း ၊အမှတ်၁၁ရဲစခန်းတောင်ဘက်၊ ပညာပျိုးခင်းမှတ်တိုင်မြောက်ဘက်။
📞024076261,
📞024076534,
📞09456555050,
📞09456555060
အိုးလေဖြည့်(Charity)
လှူလို့လည်းရသည်။
နေ့တိုင်းမနက်10နာရီစပေးပါသည်။ ကုန်တဲ့အထိဖြည့်ပေးပါသည်။ တစ်ရက်ကိုမနက်တစ်ခါပဲဖြည့်ပေးပါသည်။မနက်၁၀နာရီမှ စပေးနေပါတယ်။
(Available)

❗အိုးလေဖြည့်
🌱ပြင်ဦးလွင်
#စွမ်းလူအောင်
🚩ပြင်ဦးလွင်၊မိုးကုတ်လမ်း၊ရေငယ်လမ်းဆုံအနီး။
📞09445511117,
📞09445522227,
📞09777748388
10L-3000 , 15L-40000
ဆိုင်ဖွင့်တဲ့အချိန်အတွင်းဖြည့်ပေးပါတယ်။ မနက်9နာရီကနေည6နာရီအထိဆိုင်ဖွင့်ပါတယ်။ အိုးအသေးလေးတွေပဲဖြည့်ပေးပါတယ်။မနက် 9am မှ စပေးနေပါတယ်(အိုးအသေးသာရပါတယ်)
(Available)

❗အိုးလေဖြည့်
🌱ပြင်ဦးလွင်
#ပုလဲဖောင်ဒေးရှင်းရုံးခွဲ(ပြင်ဦးလွင်)
🚩အမှတ်(ဆ/၁၆၆)နှင်းဆီလမ်း၊ ရပ်ကွက်ကြီး ၁၀၊ ပဒေသာမြို့သစ်။
📞09261797606,
📞092045138,
📞09256277174,
📞09797550724
အိုးလေဖြည့် အိုးလေး / အိုးလတ် (ကားခ ၅၀၀၀ ယူ) FREE-လှူချင်ရင်လှူနိုင်သည်။
ညနေ 6နာရီ 6ခွဲလောက်ကားရောက်ဖို့ရှိပါတယ်။ ရောက်တာနဲ့ဖြည့်ပေးပါမယ်။ လူတွေလာတန်းနေကြပါပြီ။နေ့ခင်းရပါမယ်။
(Available)

❗အိုးလေဖြည့်
🌱ပြင်ဦးလွင်
#ပါရမီ နာမှုကူညီရေးအသင်း
🚩မိုးကုတ်မြို့၊အနောက်ပိုင်း
📞08625062,
📞09401408779
အိုးလေဖြည့်(Charity)
ဒီနေ့ညနေ5ခွဲ 6နာရီလောက်ဖြည့်ပေးဖို့ရှိပါတယ်။
(Available)

❗အိုးလေဖြည့်
🌱ကျောက်ဆည်
#ပုလဲဖောင်ဒေးရှင်းရုံးခွဲ(ကျောက်ဆည်)
🚩အင်တိုင်းရွာ ၊ကျောက်ဆည်၊ မြို့ရှောင်လမ်း။ 📞09766532858 ,
📞09797586395 ,
📞09780268978
အလှူငွေထည့်နိုင်သည်။
ဒီနေ့မရနိုင်ပါ။ နက်ဖြန်မနက် 7နာရီတည်းကတန်းစီထားရင်ရနိုင်မည်။ ရမယ့်ချိန်အတိကျမသိပါ။
(Available)

❗အိုးလေဖြည့်၊အိုးအငှား
🌱ညောင်ဦး
#မြတ်ဒါနအသင်း
📞0943137102
ဒီနေ့၈နာရီစရနိုင် ဒါမဲ့မသေချာပါ။
(Available)

❗အိုးလေဖြည့်
🌱ညောင်ဦး
#သုဂတိရှင်နာကူညီမှုအသင်း
🚩ကျောက်ပတောင်း
📞09794555330
စေတနာရှိသလောက်ထည့်နိုင်သည်။
ဒီနေ့ညတော့ရနိုင်မယ်ထင်တယ်။
ကားတော့မလာသေးပါ။
(Available)

❗အိုးလေဖြည့်
🌱မန္တလေး
#ရွှေသုံးဆယ်နှလုံးလှ ပရဟိတ
🚩မတ်တရာ
📞09769700006
စေတနာရှိသလောက်ထည့်နိုင်သည်။
( မတတ်နိုင်ရင် FREE)
မနက်ဖြန်နေ့လည်12နာရီလောက်ရပါမယ်။
(Available)

❗အိုးလေဖြည့်
🌱ပြင်ဦးလွင်
#သန္တိသုခလူမှုကူညီရေးအသင်း
🚩ငါးမည်ရ ၊သထုံကျောင်းတိုက်
📞0852021806,
📞 0852021441,
📞 0933601700
အိုးလေဖြည့်(Free)
တစ်နေကုန်ကြိုက်တဲ့အချိန်လာဖြည့်လို့ရပါတယ်။
အိုးသေး အိုးလတ်ရမည်။ နက်ဖြန်မနက်တော့မသေချာသေးပါ။
ဒီနေ့ နေ့လယ်ရော ညနေရော ရနိုင်ပါတယ်။
(Available)

❗အိုးလေဖြည့်
🌱မန္တလေး
#ချမ်းမြသုခပရဟိတလူမှုကူညီရေးအသင်း
🚩ချမ်းမြသာစည်၊အကွက် ၄၈၅ ရွှေစံကိုင် တမ္ပ၀တီရပ်ကွက်။
📞092021667,
📞09792021667,
09774005920
ညနေ ၃ စဖြည့်ပါမယ် .
10/15L ရပါတယ် .
အဆင်ပြေသလောက်ပေးလှူရ။
အဆင်မပြေပါကပေးရန်မလိုပါ။
နေ့စဥ် ပုံမှန်၃ခွဲကနေပဲစပေးပါတယ်။ သူများတွေက ၉ခွဲ ၁၀နာရီတည်းကတန်းထားကြပါတယ် ကျန်တဲ့အချိန်​မပေးပါ။ Dead Body & Emergency Ambulance က မနက် ၄ နာရီ to ည ၈ နာရီအထိ လုပ်ဆောင်ပေးပါသည်။(Available)

❗အိုးအငှား၊အိုးအရောင်း
🌱ကျောက်ဆည်၊မန္တလေး။
#စူပါ​တော့ပ် ​အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ချီ မန္တ​လေး
🚩အခန်း၅,ရန်ကုန်_မန္တ​လေးလမ်း ,
အို​အေစစ်တိုက်တန်း,မင်းရပ်ကွက်။
📞09762131869,
📞09962016590,
📞09402577122
အိုးကြီးအခွံ+ flow meter ၅သိန်း
အိုးအလွတ်ဆိုအခုဝယ်လို့ရပါတယ်။ O2ဖြည့်ပီးသားလိုချင်ရင်၁ပတ်လောက်စောင့်ရပါမယ်။
(Available)

❗အိုးလေဖြည့်
❗ပိုးသတ်ဆေးဖြန်း
#စကြာ သာမှုနာမှု အသင်း
🚩မဟာအောင်မြေ၃၅x၃၆ ကြား၊ ၇၅လမ်း၊ စကြာနွယ်ရပ်။
📞092006705,
📞09421144955
📞09953066190,
📞09972575229,
📞09402577997
ပိုးသတ်ဆေးဖြန်းပေးတယ်
ညနေ5နာရီလောက်ဖြည့်ပေးမှာပါ။
လူဦးရေကန့်သတ်ထားပါတယ်။
နေ့တိုင်း၅နာရီဆိုဖြည့်ပေးသည်။
(မနက်ပိုင်းအတွက်မသေချာပါ။
ရှိရင်တော့ဖြည့်ပေးပါတယ်)
(Available)

❗အိုးလေဖြည့်
🌱မန္တလေး
#လောကပါလ လူမှုကူညီရေးအသင်း
🚩ပြည်ကြီးတံခွန် (ဆ) ရပ်ကွက် လမ်း ၆၀၊ ၁၂၈x၁၂၉ ကြား။
📞09426802444,
📞09796802444 ,
📞09776802444
အိုးအသေး 10/15 L ဖြည့်လို့ရပါတယ်။
ညနေအတွက်မရှိတော့ပါ။
မနက်ပိုင်း8/9နာရီလောက်ဆိုစပေးပါတယ်။တစ်နေ့တစ်ကြိမ်ပဲပေးပါတယ်။အိုးအလုံး100သာပေးပါတယ်။
အိုး၁၀၀ပဲပေးတာပါ။တန်းစီရပါမယ်။
(အချိန်ကွာဟမှုရှိနိုင်လို့ဖုန်းနဲ့အရင်ဆက်သွယ်ကြည့်ရန်)
(Available)

❗အိုးလေဖြည့်
🌱မန္တလေး
#ချမ်းမြသီတာ
🚩ချမ်းမြသာစည်54လမ်း 117ထောင့်
📞09444222962,
📞092012683,
📞092052881,
📞092026286
နေ့လည်flowmeterတွေပါရောက််မည်။
ည ၉ နာရီလောက်ထိ ကျန်ရင် ရမည်။
အိုးလေဖြည့်
ညနေ၅ခွဲ၆နာရီလောက်စပေးပါမယ်၊အိုးယူခဲ့ပေးပါ။
(Available)

❗အိုးလေဖြည့်
🌱မန္တလေး
#အဖြူရောင်လက်များအသင်း
မြင်းခြံ၊ကိုးဆောင်ကျောင်းတိုက်၊ ပခန်းကျောင်း။
📞09786041200,
📞09976063000,
📞066202273
ကားရောက်တဲ့ချိန် ရမည်။ အိုးလာတန်းစီထားလို့ရသည်။ကားကတော့နေ့လည်လောက်မှရောက်ပါမယ်(အချိန်အတိအကျမသိ)
(Available)

❗အိုးလေဖြည့်
🌱မန္တလေး

🚩57လမ်း 106*107ကြား
📞092032379
10L 15Lဖြည့်ပေး ညဘက်အရေးပေါ်လိုလျှင်ဆက်သွယ်ရန်။
နေ့ခင်းမရပါ ညဘက်တေဘဲဖြည့်ပေးတာပါ။
(Available)

❗အိုးအလွတ်၊အိုးအရောင်း
phyu thant
🚩မန္တလေး
📞09758760307
30L အိုးအလွတ်အိုးအရောင်း4သိန်း
မနက်ဖြန်ရောက်ပါမယ် 30 Lအိုးရမည်
(Available)

ကြိုတင်ဆက်သွယ်အတည်ပြုပြီးဖြစ်
သော်လည်း အချိန်ကွာဟမှု
အနည်းငယ်ရှိနိုင်သောကြောင့် ပိုမိုသေချာမှုရှိစေရန်
နေရာများကို မသွားခင် ☎️ ဖုန်းဖြင့် ထပ်မံမေးမြန်းပေးပါရန် အကြံပြုလိုက်ပါရစေ။🙏🙏🙏❤️❤️❤️
မေတ္တာဖြင့်❤️
🌻ကိုထိုက်C.MT.K 🌻




31/07/2021

မန္တလေး မနက်ဖြန် မနက်(၇)နာရီ
အမရပူရမြို့ ဗားကရာ ကျောင်းတိုက်မှာ
အောက်ဆီဂျင် အလုံး(၁၀၀)ဖြည့်ပေးပါ့မယ်✅

ဦးစားပေး စနစ်မရှိဘဲ တန်းစီတဲ့ စနစ်မို့လို့ စောစော လာရောက် တန်းစီ ထားစေလိုပါတယ်တဲ့ ‼️

(10-15-20 Liter) Oxygen အိုး အလုံး (100) ကိုသာ နံနက် (7:00) တိတိ တွင် စတင်ဖြည့်ပေးပါ့မယ်

​တန်းစီသော အိုး အလုံး (100) ပြည့်လျှင် ပိတ် ပါမယ်တဲ့ ‼️‼️‼️

30/07/2021

ပါဗျ

မန္တလေးတွင်
အောက်စီဂျင်ဖြည့်နိုင်သည့် နေရာများ

သတိပြုရန် အောက်ဆီဂျင်ပွဲစားများ ပေါ်လာပါသဖြင့် ၄၀လီတာအိုးကြီးဖြည့်မည်ဆိုပါက အထက်ပါလူနာသည် အောက်ဆီဂျင်လိုအပ်နေပါကြောင်း ဆရာဝန်ထောက်ခံချက် ယူသွားရန် လိုအပ်ပါသည်

၁။မန်းရှင် အောက်စီဂျင်စက်ရုံ
092000290 ၊ 0991035779
09792000290
၇၇ x ရန်မန်းလမ်း၊ ဧဝရတ်လမ်း(၁၃၈)၊
ဈ-ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်

၂။ရတနာပုံ အောက်စီဂျင်စက်ရုံ
09 - 426808796
ကမ္မဝါတန်း၊ တံခွန်တိုင်ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊
ဖြည့်ခတစ်အိုးကို 5000 ks

၃။စိန်စွန်ညို အောက်စီဂျင်စက်ရုံ
094027300400
H-120/6၊ ၅၃ x၅၄လမ်းကြား၊
ပြည်ကြီးတံခွန်မြို့နယ်၊

၄။အာကာမိုး အောက်စီဂျင်စက်ရုံ
09776504544၊ 09402500522
အော်င်ချမ်းသာကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊

၅။A-1 အောက်စီဂျင်စက်ရုံ
အော်င်ချမ်းသာကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊

၆။O2 မန္တလာ အောက်စီဂျင်စက်ရုံ
0991045365
အမှတ် (၄၄)၊ ၇၅လမ်း၊ ၂၇လမ်း×၂၈လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊

၇။ဦးထွန်းလင်း (ပုဂ္ဂလိက)
095506243
ရွှေလှံဗိုလ်/ ၁၄၂-လမ်း၊ ၄၆-လမ်းနှင့် ၄၇လမ်၊းကြား၊
ည-ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်။

ဆေးရုံမှာ သုံးနေတဲ့ Oxygen Therapy နဲ့ ပတ်သတ်တဲ့ Guide line ကို မျှဝေပါရစေပုံမှန်အားဖြင့် လူသာမာန်တစ်ယောက်ရဲ့ ရှိသင့်တဲ့...
30/07/2021

ဆေးရုံမှာ သုံးနေတဲ့ Oxygen Therapy နဲ့ ပတ်သတ်တဲ့ Guide line ကို မျှဝေပါရစေ

ပုံမှန်အားဖြင့် လူသာမာန်တစ်ယောက်ရဲ့ ရှိသင့်တဲ့ SpO2 ( oxygen saturation) 94% အထက်မှာဖြစ်ရပါမယ်။

နာတာရှည် အဆုတ်နဲ့ပတ်သတ်တဲ့ရောဂါရှိသူတွေ၊အရမ်းဝတဲ့သူတွေ
ဆေးလိပ်နှစ်ပေါင်းများစွာသောက်တဲ့သူတွေသာ
SpO2 က 88-92% က ပုံမှန်ပါ။

ဒါကြောင့် မကျန်းမာလို့ SpO2 94% အောက်ဖြစ်တာနဲ့ အောက်ဆီဂျင် စပေးပါပြီ
SpO2 94% ကို ရှိရမဲ့ အောက်ဆီဂျင်အတိုင်းအတာအဖြစ် သတ်မှတ်ပြီး အောက်ဆီဂျင်ဘယ်လောက် လီတာပေးမယ်ဆိုတာကို ချိန်ဆပေးပါ။

Australia မှာတော့
Nasal Pongs / nasal cannula နဲ့ဆို အောက်ဆီဂျင်= 2လီတာ(2L) မှ 4 လီတာ ထိပေးပါတယ်

Oxygen 4L အထက်လိုအပ်ရင် Hudson / simple face mask နဲ့ပေးပါတယ်။
Hudson mask နဲ့ဆို အောက်ဆီဂျင်= 5-10 L ထိ ပေးလို့ရပါတယ်

10 L အထက်ပိုလိုအပ်ရင်တော့ Non- Rebreatber mask(Reservoir ) နဲ့ ပေးလို့ရပါတယ်။ 15L ထိ ပေးလို့ရပါတယ်

လူနာရဲ့ အောက်ဆီဂျင်ပေးထားရင်းနဲ့ SpO2 level က 94% အထက်မှာ ဖြစ်နေရင်တော့ ပေးထားတဲ့ အောက်ဆီဂျင် လီတာကို နဲနဲဆီပြန်လျော့ပေးလို့ရပါတယ်။
လူနာရဲ့ SpO2 level 94% ပဲဆိုရင်တော့ အောက်ဆီဂျင်ပေးထားတာကို မလျော့ပါနဲ့ရှင်

လူနာက ချွဲတွေလဲ ကျပ်နေတယ် nebulizer ပေးဖို့ စက်လည်းမရှိဘူး ဆိုရင် Nebulizer mask နဲ့ sterlie normal saline ဆောင်ထားလို့ရပါတယ်။
Sterlie normal saline ကို nebulizer mask အောက်က ခွက်လေးထဲ 4-5 mls လောက်ထာည့်ပြီး ပေးထားတဲ့ အောက်ဆီ​၏ျင်ကို 6-8 L ထိ တင်လိုက်ရင် ရှူလို့ရပါပြီ။အခြားခွဲပျော်ဆေးတွေ ရှူဖို့ကတော့ တတ်ကျွမ်းတဲ့သူနဲ့ တိုင်ပင်တာကောင်းပါတယ်ရှင်။

အမြန်ကျန်းမာကြပါစေရှင်။

30/07/2021

ဒီလောက်စွန့်စွန့်စားစား ကြောက်ကြောက်လန့်လန့်နဲ့ ကိုဗစ်ကြောင့် ပြည်သူတွေ မသေရအောင်၊ အောက်စီဂျင်ကျတာကို အချိန်မီ သိရှိ ကုသနိုင်အောင် ဆေးခန်းကိုဖွင့်ပေးထားတာတောင် တချို့တချို့တွေ သိပ်ပေါ့ဆလွန်းတယ်။

ဖျားရင် ကိုဗစ်လို့ မှတ်ပါဆိုတာကို ဘယ်လောက်ပြောပြော မယုံဘူး။ ပြီးမှ အောက်စီဂျင် အတော်ကျမှ ဆေးခန်းလာ၊ ဆေးရုံသွားနဲ့ တချို့ဆို ဘယ်လိုမှ ကယ်လို့ မရတော့ဘူး။

ပုံမှန် ၉၈ - ၉၉% ရှိတဲ့သူတစ်ယောက်က ၉၅ ကနေ မတက်တော့ဘူးဆို ကျတော့မယ်ဆိုတာ သိရပါမယ်။ လိုအပ်တဲ့ ကုသမှု အချိန်မီ စတင်ရပါမယ်။

ကျရင် အောက်စီဂျင်ရှူရုံနဲ့ ကိုဗစ်က မပျောက်ပါဘူး။ လေအိတ်တွေ ပျက်စီးကုန်လို့ အောက်စီဂျင်ကျတာပါ။ ဒါ့အပြင် လေအိတ်ပတ်ဝန်းကျင်မှာ ရောင်ရမ်းကုန်လို့ အောက်စီဂျင်ကျတာပါ။ ဒါကို မကုဘဲ အောက်စီဂျင်ပဲ ရှူနေလို့ မရပါဘူး။

လေအိတ်တွေ ပျက်စီးတာကို မတားဘဲ အောက်စီဂျင်သက်သက်ပဲ ရှူနေလို့ကတော့ ပိုဆိုးဆိုးလာဖို့ပဲ ရှိပါမယ်။
ကိုဗစ် တစ်ခုပဲ ကုလို့လည်း မရပါဘူး။ နဂိုရှိရင်းစွဲ ရောဂါတွေကိုလည်း ကုရပါမယ်။ ဆီးချိုရှိရင် ဆီးချိုက ထိန်းရခက်အောင် တက်ပါတယ်။ ကိုဗစ်အတွက် သုံးတဲ့ ဆေးတွေကလည်း ဆီးချို‌ သွေးတိုးကို ပိုဆိုးစေပါတယ်။

Dexa တွေ၊ Prednisolone တွေ ဖောဖောသီသီ သုံးရုံနဲ့ ကိုဗစ်ကို ကုလို့မရပါဘူး။ လူတကိုယ်လုံးကို ခြုံငုံသုံးသပ်ပြီး ဆုံးဖြတ် ကုသရပါတယ်။ တစ်ဦးနဲ့ တစ်ဦးစီအတွက် ကုသပုံဟာ တူမလိုနဲ့ မတူပါဘူး။
--------------------------------------------------------------------------
နောက်ဆုံးမှတ်ရမှာက လက္ခဏာတစ်ခုခု စဖြစ်တဲ့ ရက်ကနေ ၇ ရက်ပြည့်ရင် ဆေးခန်း သွားကို သွားပြရပါမယ်။
--------------------------------------------------------------------------
ကိုဗစ်ကြောင့် အောက်စီဂျင်ကျပြီး အချိန်မီ မကုသလိုက်နိုင်တဲ့ အဖြစ်ဆိုးတွေ မြင်လည်း မမြင်ချင်၊ ကြားလည်း မကြားချင်တော့ပါ။

ကိုဗစ် ပြုစုကုသပုံ အဆင့်ဆင့်
=====================
၁။ ဖျားပြီ ညောင်းကိုက်ပြီဆိုတာနဲ့ ကိုဗစ်ဖြစ်ပြီဆိုတာ လက်ခံလိုက်ပါ။ (ဆရာဝန်နဲ့ ပြိုင်ငြင်းမနေပါနဲ့)

၂။ ကိုဗစ်လို့လက်ခံပြီး ကိုဗစ်ပိုး မစစ်ဆေးရသေးသော်လည်း ကိုဗစ်စည်းကမ်းအတိုင်း နေထိုင်ပါ။

၃။ အစားများများစားပါ။ အရည်များများသောက်ပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ နေပူစာလှုံပါ။

၄။ ပထမ ၇ ရက်အတွင်း အောက်စီဂျင် တနေ့ ၃ ကြိမ်တိုင်းပါ။ ၇ ရက်ကျော်လျှင် မိမိ၏ ပုံမှန်တိုင်းတာမှုမှ ၃ % ကျပြီဆိုလျှင် ဆရာဝန်နှင့် ချက်ချင်း တိုင်ပင်ကုသပါ။

၅။ အောက်စီဂျင် စပြီး ကျပြီဆိုကတည်းက မနက်၊ နေ့၊ ည အစာစားပြီးတိုင်း ရေနွေးငွေ့ရှူပါ။ တခါရှူလျှင် အနည်းဆုံး ၅ မိနစ်၊ အများဆုံး ၁၅ မိနစ်ထက် မပိုရ။ ရေနွေးအပေါ်တွင် အနည်းဆုံး ၈ လက်မအကွာ၌ မျက်လုံးပိတ်၍ မျက်နှာသုတ်ပုဝါ ခေါင်းတွင် ခြုံ၍ အသက်ပြင်းပြင်း ရှူသွင်း ရှူထုတ် ပြုရမည်။ မျက်နှာသုတ်ပုဝါအား လေလုံအောင် မဖုံးထားရပါ။ ရေနွေးပူမလောင်စေရန် သတိပြုပါ။

၆။ အစားစားပြီး ရေနွေးငွေ့ ရှူပြီးပါက အသက်ရှူလေ့ကျင့်ခန်း လုပ်ရပါမယ်။ အသက်ရှူလေ့ကျင့်ခန်း ၂ မျိုးထဲမှ ချောင်းတအားဆိုနေလျှင် ပြင်းပြင်းရှူ တစက္ကန့်အောင့် ပြင်းပြင်းရှူထုတ် ၅ မိနစ်လုပ်ပါ။

ချောင်းမဆိုးဘဲ ခံနိုင်ရည်ရှိလာလျှင် ၄ စက္ကန့်ပြင်းပြင်းရှူ၊ ၇ စက္ကန့် အောင့်ထား၊ ၈ စက္ကန့် ရှူထုတ် လေ့ကျင့်ခန်း ၅ မိနစ် လုပ်ပါ။

၇။ စားမယ်၊ ရှူမယ် ပြီးရင် မှောက်ပါမယ်။ မှောက်နေစဉ် ချီးပါသေးပေါက်၊ ဟိုလူနဲ့စကားပြော ဒီလူနဲ့ စကားပြော မလုပ်ရပါ။ အနည်းဆုံး တနာရီ အများဆုံး ၄ နာရီမှောက်ရပါမယ်။

တအားမောနေလျှင် တအားဝ နေလျှင် ထိုင်လျှက် မှောက်ခြင်းဖြင့် စလုပ်ပါ။ သက်သာလာလျှင် အိပ်ယာပေါ်မှာ မှောက်ပါ။ အိပ်ယာပေါ်မှာ မှောက်လျှင် ဗိုက်မပိအောင် ခေါင်းအုံးများ သေချာ ခုထားရပါမယ်။ ပုခုံးကို အမြင့်ဆုံး ဖြစ်အောင်ထားပါ။

၈။ ဆရာဝန်နှင့် အမြဲဆက်သွယ် တိုင်ပင်နေရပါမယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို သေချာ နားထောင်ရပါမယ်။

အိမ်သူအိမ်သားများ၏ တာဝန်
=====================
ဒီအချိန်မှာ ကူးစက်ရောဂါ ပေါက်ကွဲပျံ့နှံ့နေတဲ့ အချိန်မှာ လူနာများ သက်သာ ကောင်းမွန်ဖို့ ဆရာဝန်များချည်းသာ တာဝန်ရှိတာ မဟုတ်ပါဘူး။
လူနာရဲ့ ဆွေမျိုးသားချင်းများရဲ့ အခန်းကဏ္ဍဟာလည်း အလွန် အရေးကြီးပါတယ်။

ဆရာဝန်က လူနာကို မှာကြားလိုက်တာတွေကို ဘေးကနေ သေချာနားထောင်ပြီး မိမိလူနာ အကျိုးအတွက် စနစ်တကျ လိုက်နာဆောင်ရွက်စေဖို့ ကူညီပေးရပါမယ်။

တချို့လူနာတွေက ကိုဗစ်ဖြစ်ပြီလို့ ပြောလိုက်တာနဲ့ စိတ်ဓာတ်တွေ ကျသွားပါတယ်။ ကြောက်လန့်သွားကြပါတယ်။ နောက်ပြီး မထူးဇာတ်ခင်းကြပါတယ်။ ဆရာဝန်ပြောတာကို ဘာတစ်ခုမှ အလေးအနက် မထားတော့ပါဘူး။

မိမိထင်ရာလုပ်၊ နေချင်သလို နေကြတော့တဲ့ သူတွေလည်း တွေ့ရပါတယ်။
ကိုဗစ်ဆိုတာ လေဖြတ်သလို၊ တခြားနာတာရှည်ရောဂါတွေလို အချိန်အကြာကြီး ပြုစုကြရမှာ မဟုတ်ပါဘူး။

၂ ပတ်လောက်သာ သေချာ ပြုစုပေးရင် အသက်အန္တရာယ် မရှိနိုင်ပါဘူး။ မလိုအပ်ဘဲ သေဆုံးမှုတွေကို လျှော့ချနိုင်ပါတယ်။

စဖျားတဲ့နေ့ကနေ ၇ ရက်အထိကာလမှာ အစားကောင်းကောင်း ကျွေးမယ်၊ စိတ်ဓာတ်မကျအောင် အားပေးမယ်။ ဆရာဝန်ညွှန်ကြားထားတာတွေကို စနစ်တကျဖြစ်အောင် ကူညီပေးမယ်။
တပတ်ကျော်ရင် ရောဂါ စပြီးဆိုးတတ်တော့ ပိုပြီး ဂရုစိုက်မယ်။ အသက်ရှူလေ့ကျင့်ခန်းတွေ၊ နေထိုင်ရမယ့် ပုံစံတွေကို သေချာလုပ်ခိုင်းမယ်။ အားတင်းထားဖို့ အားပေးမယ်။

၁၀ ရက်ကျော်လို့ အောက်စီဂျင် ပုံမှန်ပဲဆို အတော်လေး စိတ်ချရပါပြီ။ နောက်ထပ် ‌၄ ရက်ကို သေချာ ဂရုတစိုက် ထပ်ပြီး စောင့်ရှောက်မယ်ဆို လူနာအသက်အန္တရာယ်နဲ့ သေဆုံးနှုန်းကို သိသိသာသာလျှော့ချနိုင်မှာပါ။

ပထမ ၇ ရက်အတွင်းမှာ စိတ်ပူစရာမရှိပါဘူး။ အဲဒီအချိန်မှာ လူနာကို စိတ်အေးအေးနဲ့ စောင့်ရှောက်နိုင်ပါတယ်။
တစ်ပတ်နဲ့ ၁၀ ရက်အတွင်းကို အထူးဂရုစိုက်ပြီး ဆရာဝန် ညွှန်ကြားချက်တွေကို တသွေမတိမ်း လိုက်နာရုံပါပဲ။

ရာခိုင်နှုန်း အနည်းငယ်လောက်ပဲ အသက်အန္တရာယ်ရှိမှာပါ။

ဒီလိုသာ အိမ်သား‌တွေရဲ့ တာဝန်ကျေမယ်ဆိုရင် စိတ်ဆင်းရဲ ဝမ်းနည်းရတာတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါတယ်။

ကဲ ကိုဗစ်ကို ကြောက်မနေဘဲ ခပ်မာမာနဲ့ ရင်ဆိုင်လိုက်ကြရအောင်။

Credit: ဒေါက်တာသန်းထိုက် (ဖြူး)
ပြည်သူများအားလုံး ကျန်းမာရေး အသိရှိရှိဖြင့် ကျော်လွှားနိုင်ကြပါစေ။

27/07/2021

ဒီကာလကြီးမှာ လိုချင်တဲ့ဆေးလေးတွေ
အလွယ်တကူရှိမရှိ မေးလို့ရအောင်
ဖုန်းထဲမှာ ရှိသလောက် မန်းလေးမြို့ထဲက
ဆေးဆိုင် ဖုန်းနံပါတ်လေးတွေ ရေးပေးထားပါတယ်နော်

Good Choice Pharmacy-09261470907

Hein pharmacy-09782556692

ISO pharmacy-0996980096

Japan pharmacy-09793335538

Thet Wai Soe pharmacy-09766657228

ThidaNwe pharmacy -09259005656

528 pharmacy-09976915443

Sein Myint Mo pharmacy -09256014051

Ziwaka pharmacy-09969664316

Pwint Pwint pharmacy -09798889757

Parami pharmacy-09764085365

Lin latt Kyal pharmacy-09975768266

La Pyae won pharmacy-09425623115

AyeChoAyeko pharmacy-09785118803

U Hla Tint pharmacy-09257309648

U Han Tin pharmacy-09798833310

DN30 -09974457906

Ko Shein pharmacy-09954070888

crd #

26/07/2021

Oxygen27July မနက်ဖြန်အတွက်ပါ။

📌မန္တလေး

📍Mandalay ပြည်ကြီးတံခွန်မြို့နယ် 135-136ကြား
64B စက်မှု့ ဦးကျော်လှနှင့်သားများ
09693111646
09794044133
(အချိန်တော့ အတိအကျမသိတဲ့
မနက်ဖြန်မနက်ပိုင်းအစောဆုံးလာတန်းစီပေးပါတဲ့ အိုးတွေထပ်ရောက်တယ်တဲ့)

📍မနောကြာဖြူပရဟိတအသင်း
၅၃လမ်း/မြရည်နန္ဒာရပ်ကွက်/ချမ်းမြသာစည်မြို့နယ်။ (ညနေ ၆ ခွဲတိုင်းရပါမယ်)

📍မန္တလေးမဟာအောင်မြေမဟာမင်းထင်တိုက်မိုးကုတ်ရိပ်သာကျောင်းအမှတ် 11 ရဲစခန်းတောင်ဘက်ပညာပျိုးခင်းမှတ်တိုင်မြောက်ဘက်
#ပုလဲပရဟိတဖောင်ဒေးရှင်းရုံးချုပ်

024076261
024076534
09456555050
09456555060
(ပုံမှန်လိုပဲ မနက် 9 နာရီကျော်ကနေစပေးမယ်တဲ့)

📍ဗြဟ္မစိုရ် မန္တလေး
၆၂လမ်း ၃၃ x ၃၄ လမ်းကြား
024039143
022844350
09258050925
(မနက်ဖြန်မှ ပြန်ဆက်ပေးပါတဲ့
အချိန်ပြောင်းနိုင်လို့တဲ့)

📌မိတ်ထီလာ

📍ငြိမ်းရွှေပရဟိတအောက်ဆီဂျင်အကျိုးတော်ဆောင်အသင်းကျီတော်ကုန်း၊ရပ်ကွက်၊ ကန်ဦးနယ်မြေ(၃)၊ရွှေနှင်းဆီလမ်း။
(မနက် 6 ကနေစဖြည့်ပေးပါမယ်)

📌ရန်ကုန်

📍ဧရာစံ
09252252832
အမှတ် ၄၄၂၊ စက်မှုဇုန် ၁ လမ်းမကြီးနှင့် ရန်ကုန်လမ်းထောင့်၊ တောင်ဒဂုံမြို့နယ်။
(အိုးသေး/အိုးကြီး၂ဖက်ရှိပါတယ်။အိုးသေးဖက်တော့တိုကင်သမားတွေအရင်ပေးပါတယ်။)

📍ရွှေခရား
သံလွင်လမ်း၊၆၃ရပ်ကွက်၊တောင်ဒဂုံစက်မှုဇုန်(၂)
095112932
(တိုကင်ပေးပါမယ်။တိုကင်ပေးပြီး ၂နာရီအကြာဆိုပြန်ပေးပါမယ်။)

📌မော်လမြိုင်

ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်း

ရာမညအရေးပေါ်ကယ်ဆယ်ရေးရုံး၌မနက်၉နာရီ၃၀မိနစ်တွင်အောက်စီဂျင်အိုးသေး၆၀လုံးဦးရာလူစနစ်ဖြင့်လှူဒါန်းပေးပါမည်။

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Mandalay Oxygen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share