Love poem

Love poem ကဗျာချစ်သူများ ဆုံဆည်းရာ မိုးညို (အမ

23/10/2020
**လေဆန်အချစ်***     သူချစ်ကိုယ်ချစ်     အချစ်မျိုးမျိုး     လူ့အလို နတ်မလိုက် နိုင်   ခံစားတက်တဲ့ အတ္တဟာ နှစ်ဖက်မြင် မဟုတ...
18/09/2019

**လေဆန်အချစ်***
သူချစ်ကိုယ်ချစ်
အချစ်မျိုးမျိုး
လူ့အလို နတ်မလိုက် နိုင်
ခံစားတက်တဲ့ အတ္တဟာ
နှစ်ဖက်မြင် မဟုတ်လို
ဒိုင်လူကြီး မောသွားမယ်
တဖက်သတ် အချစ်ဟာ ဆိုးသတဲ့
အသွားအပြန် အပေးအယူ မရှိတဲ့
အချစ်ဟာ အမော မလုံ လို့
ပြေလမ်း အပြင်ဖက် ထွက်ခဲ့ ရင်း
တာဝေး အပြေးသမားလို
ပန်တိုင်းနဲ့ အဝေးက ကျန် ခဲ့မှာ မြင်သာ သား ။ ။


စိုး နိုင် ( မန်းတက္ကသိုလ် )
ခေတ္တ လူ့ပြည့်
မိုးညို

17/08/2018

ကဗျာ post မတင်တာကြာပြီးပေါ့ လေ
အလုပ်က မအားတာကြောင့်ပါ စာချစ်သူ

20/11/2017

**အခါလွန်မိုး ***

*ဘဝအဖော် မဖြစ်ခဲ့ပေမဲ့
ခဏအပျော်ချစ် မဟုတ်ခဲ့ပါ ---

*မာနသိက္ခာ အရှုံးထား
နှလုံးသားမှာ ကမ္ပည်းထိုး
မြတ်နိုးတွယ်တာ

* မမျှော်သင့်ပါဘူး
မျှော်လင့်လျှင် မျှော်သူအမှားရယ်လို့
ကိုယ့်တရားနဲ့ ကိုယ့်ဖြေဟာ
ဝေဒနာ က မြှားလို စူး

* သူ သိမှာလား
အပူရှိသူ ဘယ်လိုမောတရ် လို့
ဘယ်လိုပြော ဘယ်လိုကြည့်
ဘယ်လိုထိ ဘယ်လိုတွေ့
သူ့ကိုယ့်ငွေ့ မှာ ကိုယ်ပျော်ဝင်
သူ့ဆံပင်မှာ မျက်နှာ အပ်

* တစ်သက်တာ အမှတ်တရ တွေ
ထင် ထင် ထင် ရဲ့
ရင်မှာ ရင်မှာ သမုဒယ ဆူးတွေကြောင့်
အချစ် ရယ်
အခု ဘဝ တော့ --------- ရှုး ------။


မောင်စိန်ဝင်း ( ပုတီးကုန်)

01/07/2017

မင်္ဂလာ ညချမ်းပါ
ထာဝရ သာယာအေချမ်းပါစေ

28/08/2016

*** မယ်လမ်းပါလား****
ပန်းနီ လာ ဗေဒါ ဆင်သလို
ယဉ်လှတယ်လေး ။ ။
စုန်ချည် ဆန် ချည် နဲ့
ဒီချောင်း ရေ ဗေဒါ လမ်း မှာ
တန်းစီ လို့ လေ
အို အရှင် ကျူး ရိုး ရှင်
မဗေဒါ ပြာလဲ့ လန်း ကမ်း ကပ်မယ် ပြင်
စံပယ် လှ ပွင့် ဖြူ စင် ကမ်း ခွင် က ငယ် ကျွမ်း
သူ့ လိပ် ပြာ ခြံ အ ရံ နဲ့ သူ့ စံ ရာ
သူ့ ပျော် မွေ့ ပြေး တွေ့ စမ်း တဲ့ ။
တွေ့ ချင် တဲ့ စေတ နာ ရယ် ငယ် ကျွမ်း ဆွေ
လွမ်း ဝေ တေး ပေ မို့ အေချို လှ တယ်
လိပ် ပြာက ဝတ် ရည် သယ် စံ ပယ် က မအား
ပွင့် ဖူး တဝေဝေ နဲ့ ဒီ ချောင်း ရေ ဗေဒါ လမ်း
မယ်လမ်းပါ့လား ။ ။
အို အရှင် ကျူး ရိုး ရှင်
မဗေဒါ ပြာ လဲ့ လန်း ကမ်း ကပ် ပြန် ချင်
ဟို---- အကွေ့ မှာ လေ
ကို ရင် ဖေ ချစ် ရေ စင် ပျို ခင် ရဲ့ အနွဲ့
ပျို လက် မှာ မယ် ဗေ ဒါ က
ပျို မျက် နှာ ချစ် အုံ ပုန်း ကို ပြုံး ကြည့်
ချင် တဲ့ ။ ။
ဆရာ ဇော် ဂျီ
ဗေဒါ လမ်း ကဗျာ များ မှ

ပန်းကဲ့သီ ပဲ နေလုံး နီ တိမ်ပန်းချီ နေသွေးနဲ့ နတ်ရေသည်သို့ဒီအကျပေမို့  ဒီအလှ လဒါ ပြင်မှာ ကျူးရိုရှင်လှေကလေးနဲ့ မျှော်ငေးလ...
17/06/2016

ပန်းကဲ့သီ ပဲ
နေလုံး နီ တိမ်ပန်းချီ နေသွေးနဲ့ နတ်ရေသည်သို့
ဒီအကျပေမို့ ဒီအလှ လဒါ ပြင်မှာ ကျူးရိုရှင်
လှေကလေးနဲ့ မျှော်ငေးလို့ လို
သူကိုသူလျှင် ဘာထင်လေမသိ ဘယ်ပြောင်းညာပြန်နဲ့
ဟိုငါးဖျန် လဒါစွန်းမှာ သူ့ကျွမ်းဟန်ကြည့်
သူ့ကိုသူ့လျှင် ဘာထင်လေ မသိ
ဘုတ်မခုနှစ်သံ ချီနဲ့ သူ့လွန်းဟန်ကြည့်
အရှင် ကျူးရိုးရှင်
သူ့အမူအရာ သူ့အတင်း မင်းဆိုခဲ့စဉ်က
မင်းကိုမင်းရော ဘာထင်လေမသိ
မဗေဒါ ဆုံဆန်းလမ်းမှာ **ပန်းကဲ့သီ ပဲ***
အဘ စာဆို မင်းသုဝဏ်

**** နှင်းဆီ****လယ်တောက အပြန် ပန်းချင်တယ်ခရေဖူးဆိုမောင်ခူးကာပေ  နံနက်တုန်းဆီကကြော့ဆုံးကို မောင်မြင်တော့သူ့ဆံကေသာ မှာ နှင...
17/06/2016

**** နှင်းဆီ****
လယ်တောက အပြန် ပန်းချင်တယ်ခရေဖူးဆို
မောင်ခူးကာပေ နံနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံကေသာ မှာ နှင်းဆီပွင့်တွေ
ဂုဏ်တင့်တယ်လေ

Address

MoeNyoNyo
Mandalay
126009

Telephone

+959954109416

Website

Alerts

Be the first to know and let us send you an email when Love poem posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Love poem:

Share

Category