31/08/2025
ကျနော်အထည်ပေါ်မှာပန်းချီရေးတယ်
ကျနော့်လိုရေးတဲ့သူတွေ
ပြန်ပေါ်လာတယ်(ပြန်ပေါ်လာတယ်လို့ပြောတာနော်)
ကျနော်ကမှတနိုင်ရေးတာ
သူများက လူအများနဲ့အပ်ပြီးကိုရေးလာကြတာ
ဝမ်းသာတယ်လေ
အလုပ်ကိုင်နဲ့စျေးကွက်အခွင့်လမ်းမို့
😊
ဒါပေမယ့်
ဖလင်ဖောက်ပြီးရေးပြီး
လက်ရေးပန်းချီလို့တော့ပြောမရောင်းစေချင်ဘူး
လက်ရေးရဲ့စျေးကိုမတတ်နိုင်သူတွေကို
စျေးချိုချိုနဲ့ရောင်းချင်လည်း ညာမရောင်းစေချင်ဘူး
သစ္စာလည်းရှိ
သိက္ခာလည်းရှိ
ပညာအသိကို အလင်းမပြချင်နေ
အမှောင်မချပါနဲ့ သေချာရှင်းအောင်ပြောရောင်း
ဝယ်တဲ့သူတွေကလည်းလေ့လာမှုလေးရှိစေချင်တယ်ဗျာ
အရင်ကဖလင်ဖောက်တာလက်ရာကြမ်းတယ်
ခုကျ ညက်ညက်ကလေးတွေဖောက်လာတယ်
ဖောက်တာအပြစ်မဟုတ်ဖူးနော်
ညာရင်အပြစ်လို့ပြောတာ
အညာခံရရင်အသိပညာတွေအမှောင်ကျတယ်
ကျနော်တို့မျိုးဆက်တွေကောင်းမွေပေးကြရအောင်လေ
မညာကြပါနဲ့.....
အလိမ်ညာတွေခါးတယ်ဗျ
😟
,
ဒီဇိုင်နာရေသူမ
0943159088
(ဟိုးတုန်းကဖလင်ဖောက်လေးသိမ်းထားတာ
ယှဥ်ပြထားတယ်နော်
သိဖို့သပ်သပ်လေးပါဗျာ.. )