24/07/2016
တူကိုင်နည်းအမှန်
တူနှင့်ထမင်းစားပန်းကန်လုံးသည် ဂျပန်လူမျိုးများ၏စားသောက်မှုတွင် ခွဲခွာ၍မရသောပစ္စည်းတစ်ခု ဖြစ်ပါသည်။ ဥပမာအားဖြင့် တူကို ဟင်းက အမဲသားsteak ဟင်းလျာဖြစ်သည့်အခါမှာတောင် သုံးတဲ့သူရှိရလောက်အောင် ဂျပန်လူမျိုးများအတွက် သုံးရလွယ်ကူသော ကိရိယာဖြစ်ပါသည်။ တခါတရံ တူကိုမတူညီသည့်ကိုင်ပုံကိုင်နည်းနဲ့ ကိုင်သည့်သူများကို တွေ့ရတတ်ပါသည်။ တူကိုလှပစွာကိုင်ပြခြင်းသည်လည်း အပြုအမူတစ်ခုဖြစ်ပါသည်။ တူကိုမှန်ကန်စွာမကိုင်တတ်လျှင် အောက်ပါအတိုင်းလေ့ကျင့်ကြည့်ပါ။
1. ညာဘက်လက်ခလယ်၊ လက်ညှိုးကိုသုံးပြီး တူတစ်ချောင်းကိုညှပ်ကိုင်ပါ။
2. လက်မအတွင်းပိုင်းမှာနောက်တစ်ချောင်းကိုညှပ်ကိုင်ပါ။
3. တူနှစ်ချောင်းကြားတွင် လက်ခလယ်၏ထိပ်ကိုထည့်၍ တူနှစ်ချောင်းကိုပြိုင်နေသည့်ပုံစံဖြစ်အောင် ကိုင်ပါ။
24.7.2016