Min Mon San - မင်းမွန်စံ

Directions Website

Min Mon San - မင်းမွန်စံ မြန်မာပြည်အနှံ့ပို့ဆောင်ပေးမယ့် မင်းမွန်စံမှာ စျေးဝယ်ပါ

တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲတုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲအအေးမိတု...
07/07/2021

တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲ

တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲ
အအေးမိတုပ်ကွေးရောဂါဟာ ဝေဒနာ အလွန်မပြင်းထန်တဲ့တိုင်အောင် အစားပျက်၊ အသောက်ပျက်၊ အလုပ်ပျက်ရလောက်တဲ့အထိ လူကို ဒုက္ခပေးလွန်းတဲ့ ရောဂါတွေထဲက တစ်မျိုးပါပဲ။ အထူးသဖြင့် ဒီလို မိုးတွင်းနဲ့ ဆောင်းတွင်းလို ကာလမျိုးတွေမှာ အအေးမိတုပ်ကွေး ဖြစ်တဲ့လူဦးရေဟာ သာမန်အချိန်ထက် ပိုများနေတတ်ပါတယ်။ လက်ကို သေချာမဆေးမိတာကြောင့်၊ လူသူ ထူထပ်တဲ့ နေရာတွေကို သွားနေရတာကြောင့်၊ နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ လက်ကိုင်ပဝါကို အသုံးမပြုတာကြောင့် အစရှိသဖြင့် အအေးမိတုပ်ကွေးရောဂါပိုးဟာ လူတစ်ဦးကနေတစ်ဆင့် ကူးစက်ပါတယ်။

အအေးမိတုပ်ကွေးဖြစ်ပြီဆိုရင်တော့ အိမ်မှာပဲ သေချာအနားယူတာ အကောင်းဆုံးပါပဲ။ ဒီလိုအချိန်တွေမှာ လူက ဖျားပြီး မောပန်းနေမယ့်အပြင် ခံတွင်းပျက်လို့ အစာအာဟာရကို သေချာပြည့်ဝစွာ စားသုံးပေးဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ အာဟာရရှိမှ ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်က ရောဂါပိုးကို ကာကွယ်ခုခံပေးနိုင်မှာပါ။ ဒါကြောင့် နာလန်ပြန်မထူခင်အချိန်အထိ ပုံမှန်စားနေကျအစာတွေကို ခဏရှောင်ထားပြီး ရောဂါအမြန်ပျောက်ကင်းဖို့နဲ့ ဝေဒနာ သက်သာဖို့အတွက် ဘယ်လိုအာဟာရ ပြည့်ဝတဲ့ အစားအစာတွေကို စားပေးသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

ကြက်စွပ်ပြုတ်
စွပ်ပြုတ်ဟာ တုပ်ကွေးရောဂါအတွက် အကောင်းဆုံး ဆေးစာတွေထဲက တစ်မျိုးပါ။ ကြက်စွပ်ပြုတ်အပြင် အမဲစွပ်ပြုတ်၊ သက်သက်လွတ် ဟင်းသီးဟင်းရွက် စွပ်ပြုတ်တွေလည်း စားပေးလို့ရပါတယ်။ ဗီတာမင်၊ အာဟာရဓါတ်၊ ကယ်လိုရီနဲ့ ပရိုတင်းဓါတ်တွေ အများအပြားပါဝင်လို့ ဖျားနေတဲ့အချိန်မှာ ခန္ဓါကိုယ်အတွက် အသင့်တော်ဆုံး အစားအစာလည်း ဖြစ်ပါတယ်။ ချွေးထွက်လို့ ကုန်ဆုံးသွားတဲ့ ရေဓါတ်ကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်တယ်။ နှာစေး၊ နှာပိတ်၊ ချောင်းဆိုးတာ စတဲ့ ရောဂါလက္ခဏာကိုလည်း သက်သာစေပါတယ်။

ဂျင်း
ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနဲ့ မှိုပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အာနိသင်ပါဝင်တဲ့ ဂျင်းဟာ တုပ်ကွေးဖြစ်နေစဉ်မှာ စားပေးသင့်တဲ့ ဆေးစာတွေထဲက တစ်မျိုးပါပဲ။ ကိုယ်ခံအားစနစ်ကို ပြန်လည်ကောင်းမွန်လာစေတဲ့အပြင် ဝေဒနာတွေကို သက်သာစေလို့ ရောဂါမြန်မြန်ပျောက်စေပါတယ်။ ဂျင်းကို အစိမ်းအတိုင်း စားလည်း အဆင်ပြေသလို စွပ်ပြုတ်ထဲ ထည့်ပြီးလည်း စားလို့ရပါတယ်။ တုပ်ကွေးရောဂါလက္ခဏာ စပြီးဖြစ်လာတာနဲ့ ဂျင်းကို စားပေးသင့်ပါတယ်။

ဒိန်ချဉ်
ဒိန်ချဉ်ဟာ လည်ချောင်းနာဝေဒနာကို သက်သာစေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးလို့ တုပ်ကွေးဖြစ်နေစဉ်မှာ စားပေးသင့်ပါတယ်။ ကယ်လိုရီနဲ့ ပရိုတင်းဓါတ်တွေအပြင် ခန္ဓါကိုယ်အတွက်လိုအပ်မယ့် ကယ်လ်စီယမ်နဲ့ ဗီတာမင်တွေပါ ပါဝင်ပါတယ်။ တုပ်ကွေးဖြစ်နေစဉ်နဲ့ လည်ချောင်းနာနေတဲ့အချိန်မှာ သကြားမပါဝင်တဲ့ ဒိန်ချဉ်ကို စားပေးနိုင်ပါတယ်။

သစ်သီးဝလံ
ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ဗီတာမင်၊ အာဟာရဓါတ်နဲ့ အမျှင်ဓါတ်ပြည့်ဝစွာ ပါဝင်တာကြောင့် ဖျားနာနေစဉ်မှာ သစ်သီးဝလံတွေကို စားပေးသင့်ပါတယ်။ စတော်ဘယ်ရီ၊ ခရမ်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ၊ သလဲသီး၊ ထောပတ်သီး၊ ငှက်ပျောသီးအပြင် တခြားသော သစ်သီးဝလံတွေကို များများစားပေးပါ။ အသီးကို ရေနဲ့ သေချာဆေးပြီး ဒီအတိုင်းစားလို့ ရသလို ဒိန်ချဉ်နဲ့တွဲစားတာဖြစ်စေ၊ ကြိတ်ထားတဲ့ သစ်သီးဖျော်ရည်အနေနဲ့ သောက်တာဖြစ်စေ စားသုံးပေးနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်
ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်ဓါတ်၊ အာဟာရဓါတ်၊ အမျှင်ဓါတ်နဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေနိုင်တဲ့ အာနိသင်တွေပါဝင်တာကြောင့် မဖျားခင်ရော၊ ဖျားနေစဉ်မှာပါ စားပေးလို့ရပါတယ်။ ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ ဆလပ်ရွက်၊ ကိုက်လန်ရွက်၊ ဂေါ်ဖီပန်းပွင့်၊ ဂေါ်ဖီထုပ်အပြင် တခြားသော ဟင်းသီးဟင်းရွက်တွေကို တုပ်ကွေးဖျားနာဖြစ်နေတဲ့အချိန်မှာ ပိုပြီးစားပေးသင့်ပါတယ်။ ဝါးစားရလွယ်ကူပြီး အစာကို ကျေစေတယ်။ ကြိတ်ပြီး အရွက်ဖျော်ရည်နဲ့ သောက်သုံးနိုင်သလို အလွယ်တကူ သံလွင်ဆီနဲ့ သံပုရာသီးညှစ်ပြီးတော့လည်း အသုပ်ပုံစံမျိုး စားပေးလို့ရပါတယ်။

ပျားရည်
ပျားရည်မှာ ဘက်တီးရီးယားပိုမွှားတွေကို သေစေတဲ့ အာနိသင်ပါဝင်လို့ အနာကျက်မြန်စေတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်။ တုပ်ကွေးလက္ခဏာဖြစ်တဲ့ လည်ချောင်းနာတာကို သက်သာစေတယ်။ ပျားရည်အနည်းငယ်ကို နွားနို့၊ ရေ၊ ရေနွေးကြမ်းတို့နဲ့ ရောပြီး သောက်သုံးပေးနိုင်ပါတယ်။ အသက် ၁၂လနဲ့အောက် ကလေးငယ်တွေကိုတော့ ပျားရည်တိုက်လို့ မရပါဘူး။

ရေနွေးကြမ်း
တုပ်ကွေးကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို သက်သာစေတဲ့ ဆေးစာထဲမှာ ရေနွေးကြမ်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဖျားနေတဲ့အချိန်မှာ ချွေးတွေထွက်ပြီး ကုန်ဆုံးသွားတဲ့ ရေဓါတ်ကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်သလို ရေနွေးကြမ်းကို မပူမအေး နွေးနွေးလေး သောက်ပေးရင်လည်း နှာစေး၊ နှာပိတ်ဝေဒနာကို သက်သာစေပါတယ်။

ဆော်လ်မွန်ငါး
ဖျားနေတဲ့အချိန်မှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ပရိုတင်းဓါတ်ကို အကောင်းဆုံး ဖြည့်တင်းပေးနိုင်တဲ့ အစားအစာပါပဲ။ နူးညံ့တဲ့အသားနဲ့ ဝါးစားလို့လည်း လွယ်ကူတဲ့အပြင် ကိုယ်ခန္ဓါအတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေ အများအပြားပါဝင်တာကြောင့် ဆော်လ်မွန်ငါးကို တုပ်ကွေးဖြစ်နေစဉ်မှာ စားပေးသင့်ပါတယ်။

အရည်များများသောက်ပါ။
တုပ်ကွေးဖြစ်နေစဉ်မှာ ခန္ဓါကိုယ်ကို ရေဓါတ်မခမ်းခြောက်သွားဖို့အတွက် အရည်များများသောက်ပေးဖို့ အရေးကြီးပါတယ်။ ရေ၊ စွပ်ပြုတ်၊ ဂျင်းပြုတ်ရည်၊ ပျားရည်၊ ရေနွေးကြမ်းနဲ့ သစ်သီးဖျော်ရည်တွေဟာ ကုန်ဆုံးသွားတဲ့ ရေဓါတ်ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်တဲ့အပြင်ရောဂါဝေဒနာတွေကို အမြန်သက်သာစေလို့ ဖျားနေစဉ်အချိန်အတွင်းမှာ များများသောက်ပေးဖို့ လိုအပ်ပါတယ်။

ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်သင့်လဲ။
အရက်၊ ကဖင်းဓါတ်ပါဝင်တဲ့ ဖျော်ရည်၊ အမာစာနဲ့ အသင့်စား အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အရက်ဟာ ကိုယ်ခံအားစနစ်ကို ကျဆင်းစေတဲ့အပြင် ရေဓါတ်ကို ခမ်းခြောက်စေတယ်။ ကော်ဖီ၊ ဆိုဒါလိုမျိုး ကဖင်းဓါတ်ပါဝင်တဲ့ ဖျော်ရည်တွေဟာ သကြားပါဝင်တဲ့အပြင် ခန္ဓါကိုယ်တွင်း ရေဓါတ်ကို ကုန်ဆုံးစေလို့ ဖျားနေစဉ်မှာ ရှောင်ကြဉ်ရပါမယ်။ ဘီစကွကွတ်၊ အာလူးကြော်လိုမျိုး အမာစာတွေကို လည်ချောင်းနာနေချိန်၊ ချောင်းဆိုးနေချိန်မှာ မစားသင့်ပါဘူး။ ဖျားနေစဉ်မှာ ခန္ဓါကိုယ်က ရောဂါပိုးတွေကို တိုက်ထုတ်ဖို့အတွက် အာဟာရဓါတ်တွေကို လိုအပ်နေမှာ ဖြစ်လို့ အသင့်စား အစားအစာမျိုးတွေကို တုပ်ကွေးဖြစ်နေစဉ်အတွင်းမှာ ရှောင်ကြဉ်သင့်ပါတယ်။

တုပ်ကွေးဟာ တစ်ပတ်ကနေ ၂ပတ်အထိ ကြာနိုင်တဲ့အတွက် ရောဂါဖြစ်နေတဲ့အချိန်မှာ အာဟာရဖြစ်စေမယ့် အစားအစာတွေကို စားသုံးပေးဖို့နဲ့ ခန္ဓါကိုယ်တွင်း ရေဓါတ်လုံလောက်မှုဟာ အလွန်အရေးကြီးပါတယ်။ ရောဂါလက္ခဏာ သက်သာပျောက်ကင်းလာပြီဆိုမှ ကိုယ်ပုံမှန်စားနေကျ အစားအစာတွေကို ပြန်စားပေးတာ အကောင်းဆုံးပါပဲ။

Credit to Hello ဆရာဝန်
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Ye Myo Myat

ရာသီတုပ်ကွေးနဲ့ ကိုဗစ်လက္ခဏာတို့ဟာ ခပ်ဆင်ဆင်မို့ ဘာကွာလည်း ဖက်ကြည့်ပါအခုလိုရာသီအကူးအပြောင်းကာလမှာ ဖြစ် လေ့ဖြစ်ထရှိတဲ့ ရာ...
06/07/2021

ရာသီတုပ်ကွေးနဲ့ ကိုဗစ်လက္ခဏာတို့ဟာ ခပ်ဆင်ဆင်မို့ ဘာကွာလည်း ဖက်ကြည့်ပါ

အခုလိုရာသီအကူးအပြောင်းကာလမှာ ဖြစ် လေ့ဖြစ်ထရှိတဲ့ ရာသီတုပ်ကွေး၊ အအေးမိခြင်းနဲ့ ကိုဗစ်ရဲ့ ရောဂါလက္ခဏာ တို့ဟာ ခပ်ဆင် ဆင်တူတာမို့ ခွဲခြားသိရှိနိုင်စေရန်အလို့ငှာ ဖော်ပြပေးလိုက်ရပါတယ်။

ရာသီတုပ်ကွေး လက္ခဏာများ -အဖျားကြီးခြင်း။(၁၀၀ ဒီဂရီကျော်သည်အထိ ဖျားခြင်း။) -အဖျားသည် ရက်အနည်းငယ်အထိ တာ ရှည်နေခြင်း။ -အားမရှိခြင်း၊ ကိုယ်လက်မအီမသာဖြစ်၍ ပင်ပန်းနွမ်းနယ်ခြင်း။ ကိုယ်လက်များ ကိုက်ခဲခြင်း။-တုန်ယင်ကာ ချမ်းစိမ့်နေခြင်း။ ချောင်းခြောက်ဆိုးခြင်း။ ခေါင်းကိုက်ခြင်း။ -ရာသီတုပ်‌ကွေးဖြစ်သည့်အတွက်မိုး၊ ဆောင်း စတဲ့ ရာသီအကူးအပြောင်းမှာသာ ဖြစ်ခြင်း။ အအေးမိခြင်းလက္ခဏာများ နှာရည်ယိုခြင်း ၊နှာပိတ်ခြင်း။ချောင်းအနည်းငယ်ဆိုးခြင်း။ လည်ချောင်းနာခြင်း။တစ်ကိုယ်လုံး ကိုက် ခဲခြင်း။ ခေါင်းကိုက်ခြင်း။ကိုယ်လက်မအီမသာဖြစ်ခြင်း။-အဖျားရှိသည့်အခါလည်းရှိ၍ အဖျားမရှိတာမျိုးလည်းဖြစ် တတ်ခြင်း။

ကိုဗစ်-၁၉ လက္ခဏာများ -နှာပိတ်ခြင်း။
ခေါင်းကိုက်ခြင်း။ -လည်ချောင်းနာခြင်း။ ကိုယ်လက်ကိုက်ခဲခြင်း။-အဖျားရှိခြင်း။ (သို့သော် ၁၀၀.၅ဒီဂရီ ဝန်းကျင်သာရှိတတ်၍ တုပ်ကွေးလောက် အဖျားမကြီးတတ်ခြင်း။) အနံ့(သို့မဟုတ်) အရသာခံအာရုံ ခေတ္တပျောက်ခြင်း။-မောပန်းခြင်း။-ပျို့အန်ခြင်း။ ချမ်းတုန်ခြင်း။ အသက်ရှူကြပ်ခြင်း၊ အသက်ရှူမဝဖြစ်ခြင်း ။အလွန်အမင်းရောင်ရမ်းခြင်း။ရင် ဘတ်များ အောင့်ခြင်း။ ဖော်ပြပါလက္ခဏာများ တွေ့ကြုံခံစားလာရခဲ့သော် ကြိုတင်သိရှိပြီး ခွဲခြားတတ်အောင် ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။

သာမန် အအေးမိ၊တုပ်ကွေးမှ အစပြုလို့ ကိုဗစ်-၁၉အထိ ကာကွယ်နိုင်ဖို့ ပါးစပ်နှာ ခေါင်းစည်းကို လုံခြုံစွာ ဝတ်ဆင်လို့ လက်ကိုလည်း အစဉ်သန့်ရှင်းအောင်ထားခြင်း၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေခြင်းအားဖြင့် မိမိကိုယ်ကိုယ်ကိုကော တစ်ပါးသူများကိုပါ ကာကွယ်လိုက်ပါ။ စာဖက်ပရိတ်သတ်ကြီးများလည်း ကျန်း မာရေးနည်းလမ်းကောင်းများကို အစဉ် လိုက်နာလို့ ကျန်းမာပျော်ရွှင်နိုင်ပါစေ။

Credit

သတိပြုရန်များ..🌧😷🌧:::::::::::::::::::::::::::::ခေါင်းအရမ်းထိုးကိုက်တာ၊ အပူငွေ့ငွေ့နဲ့ စ ဖျားတာဆို သတိဝင်လိုက်ပါတော့။ အဲဒ...
30/06/2021

သတိပြုရန်များ..🌧😷🌧
:::::::::::::::::::::::::::::
ခေါင်းအရမ်းထိုးကိုက်တာ၊ အပူငွေ့ငွေ့နဲ့ စ ဖျားတာဆို သတိဝင်လိုက်ပါတော့။ အဲဒါ စ ကူးရင် ပြတတ်တဲ့ လက္ခဏာပါ။ လုံးဝအပြင်မထွက်ပါနဲ့။ အိမ်ထဲကလူတွေနဲ့ ခွဲနေပြီး mask တပ်ပါ။
ဖျားပြီး ၂ ရက်လောက် ကြာတဲ့အခါ ရုတ်တရက် အနံ့ပျောက်သွားတတ်ပါတယ်။ အရမ်းစိတ်လှုပ်ရှားတဲ့ အချိန်ပါ။ သတိဝင်ပါ။ စိတ်ကို တည်ငြိမ်အောင် ထားရမယ်ဆိုတာကို။
အနံ့ပျောက်ပြီး ၃ ရက်ခန့်အကြာမှာ O2 ကျပြီး အသက်ရှုရခက်တတ်ပါတယ်။ ဆေးရုံမသွားနိုင်ခဲ့ရင် covid-19 call centre (2019) ကို ဖုန်းဆက်ပါ။ လိုအပ်တာတွေ လမ်းညွှန်ပေးပါတယ်။ (ညနေ 5 နာရီထိ)
စ ဖြစ်ပြီး ၇ ရက်မြောက်နေ့ကနေ ၁၀ ရက်မြောက်နေ့ထိ ဟာ ပြန်လည်သက်သာလာတတ်တဲ့ recovery ရက်တွေဖြစ်ပါတယ်။ အဲဒီရက်တွေမှာ အားပိုရှိအောင် လုပ်ပါ။
အနံ့ပျောက်ခြင်းဟာ ၁၀ ရက်ထက်လည်း ကျော်သွားတတ်သလို အနည်းငယ်မောတာဟာလည်း ဆက်ရှိနေတတ်ပါတယ်။ အားရှိဖို့ကို ဂရုစိုက်ပါ။
လည်ချောင်းနာတဲ့ လက္ခဏာဟာ လူတိုင်းမှာ မပြပါဘူး။ ချောင်းခြောက် နေ့တိုင်းဆိုးနိုင်ပါတယ်။ ဝမ်းအရည်သွားတတ်ပါသေးတယ်။
ကိုယ့်ကို စိတ်ဓာတ်ခွန်အားပေးနိုင်မယ့် မိတ်ဆွေ ၂ ဦး၊ ၃ ဦး နဲ့ စ ဖြစ်ကတည်းက ဆက်သွယ်ပြီးခွန်အားယူပါ။ လူတွေအများကြီးနဲ့ အဆက်အသွယ်မလုပ်ပါနဲ့။ Depression ရနိုင်ပါတယ်။
တိုက်တွန်းလိုသည်များ
++++++++++++++++++++++++++++++
- ရေနွေးငွေ့ထဲ ကွမ်းရွက်ထည့်ခြေပြီး ရှူပါ။
- ထမင်းငွေ့ရှူပါ။
- အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
- Aircon, ပန်ကာ ပိတ်ထားပါ။
- ပြတင်းများ ဖွင့်ထားပါ။
- ကြက်ပေါင်းရည်/ ငှက်သိုက် သောက်ပါ။
- အသီးအနှံစားပါ။
- အစောပိုင်းဖျားတဲ့ 2 ရက်ခန့်မှာ ထမင်း မစားပါနဲ့။
ဓာတ်ဆားရည်သောက်ပါ။
- ရေဓာတ်အတတ်နိုင်ဆုံး ဖြည့်ပါ။
ရေများများသောက်ပါ။ အောက်ဆီဂျင် တက်ပါတယ်။
- Multivitamin ရေဆူဆေးပြားသောက်ပါ။
- အနံ့မရလို့ထမင်းမစားဘဲ မနေပါနဲ့။
- မနက်၊ နေ့၊ ညနေ ဝင်သလောက် စားပေးပါ။
- ကြက်ဥ တစ်နေ့လေးလုံး၊ နွားနို့ ၂ ခွက် သောက်
ပေးပါ။
- အိပ်ရေးဝအောင် အိပ်ပါ။ အိပ်မပျော် ဖြစ်တတ်ပါသည်။
- တရားနားထောင်ပါ။
ဖြစ်နိုင်လျင် တရားထိုင်ပါ။
- စိတ်ကို ငြိမ်အောင်ထားပါ။
- အသား၊ ငါး၊ ဥ၊ အသီးအရွက် ရသလောက် စားပေးပါ။
- အသင့်စားအစားအသောက်တွေ အတတ်နိုင်ဆုံး မစားပါနှင့်။
- အချိုရည်တွေ မသောက်ပါနဲ့။
- ပူပူနွေးနွေးစားပါ။
- အလုပ်တွေ တတ်နိုင်သလောက် မလုပ်ပါနဲ့။
- ဦးနှောက်သုံးစဉ်းစားရမယ့်ကိစ္စတွေလည်း ရှောင်
ပါ။ လုပ်နိုင်တယ်ဆိုပြီးလုပ်ရင် အားကုန်၊ ကိုယ်ခံ
အား ကျပါတယ်။
- အနားယူနေပါ။ စိတ်ရှုပ်မခံပါနဲ့။
- ဟိုတွေး ဒီတွေး တွေးနေတတ်ရင် ဟာသ
ဇာတ်ကားများ ကြည့်နေလိုက်ပါ။
- အရင်းနှီးဆုံး မိတ်ဆွေများနှင့် စကား မကြာခဏ
ပြောပါ။ သူတို့ဆီကလည်း အကြံကောင်းတွေ ရနိုင်ပါတယ်။
- ၇ ရက် ကျော်လာရင် ပြန်ကောင်းတော့မှာလို့ ယုံကြည်လိုက်ပါ။
- ဖျားတာ၊ အနံ့မရတာက တော်တော်များများ ဖြစ်တာဖြစ်ပြီး မောတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှုခက်တာတွေဟာ သတိထားရမယ့် လက္ခဏာပါ။ အဲဒီအခြေအနေမှာ လိုအပ်ရင် ဆေးရုံသွားဖို့ သတိထားပါ။
မေတ္တာဖြင့်
မေနှင်းဆီ
အားလုံးရောဂါကပ်ဆိုးကြီးမှကင်းဝေးကျပါစေ။
Crd

28/06/2021
"စားပွဲခုံလေးပေါ်မှာ လေ့လာရင်းနဲ့လည်း ပညာရေးကိုရနိုင်ပါတယ်"ခေါက်စားပွဲခုံလေးတွေ ရောက်ပါပြီနော်။တစ်လုံးမှ 7500/-✅၂ပေx၁ပေခ...
08/05/2021

"စားပွဲခုံလေးပေါ်မှာ လေ့လာရင်းနဲ့လည်း ပညာရေးကိုရနိုင်ပါတယ်"

ခေါက်စားပွဲခုံလေးတွေ ရောက်ပါပြီနော်။

တစ်လုံးမှ 7500/-

✅၂ပေx၁ပေခွဲရှိလို့ ကျယ်ဝန်းတယ်။

✅သားသားမီးမီးတွေအတွက် စာလုပ်လို့အဆင်ပြေမယ်၊ Online Learning အတွက်သက်တောင့် သက်သာဖြစ်စေမယ်။

✅i-Pad, Tablet, Phone ထည့်ပြီးထောင်ထားလို့ရတဲ့ Holder ပါဝင်လို့ ဖုန်း၊ တက်ဘလက်တို့နဲ့ ဗွီဒီယိုဇာတ်‌လမ်းကြည့်တတ်သူတွေအတွက် အဆင်ပြေတယ်။

✅လူငယ်လူရွယ်တွေနဲ့ လူကြီးတွေအတွက် Laptop ပဲတင်သုံးသုံး၊ အလုပ်ပဲလုပ်လုပ်၊ စာပဲဖတ်ဖတ်အဆင်ပြေတယ်။

✅အကွေးဒီဇိုင်းပြုလုပ်ထားတာကြောင့် laptop တင်ပြီး ခုံကိုရင်ဘတ်ထိ ဆွဲကပ်သုံးနိုင်ပါတယ်

✅‌လေ့လာရင်း၊ အလုပ်လုပ်ရင်း ကော်ဖီသောက်နိုင်ဖို့ ခွက်နေရာ‌လည်းပါပါတယ်။

✅Coating တထပ်အုပ်ထားလို့ သံချေးလုံးဝမတက်ပါဘူး

✅လွယ်လွယ်နဲ့ချောမထွက်အောင် ရာဘာပြားတွေနဲ့ လေးထောင့်လုံး အုပ်ထားပေးပါတယ်။

✅ရေစိုခံ အကြမ်းခံပါတယ်။

😍အရမ်းတန်တဲ့ ဈေးနှုန်း 7500/-

😍လိုချင်တဲ့ပုံကို စိတ်ကြိုက်‌ရွေးချယ်နိုင်တဲ့ အခွင့်အရေး။

😍မော်လမြိုင်မြို့တွင်း ပို့ဆောင်ခ အခမဲ့( အခမဲ့)

အခုပဲမှာယူနိုင်ဖို့ ဖုန်းလေးတစ်ကောသာ ဆက်လိုက်ပါနော်။

📞ဖုန်း 09882955445

Messenger m.me/minmonsandelivery

မီးပျက်မှာ စိုးရိမ်နေပါသလား??🤔🤔သေးငယ်ပေမယ့် စွမ်းဆောင်ရည် အပြည့်ပေးနိုင်တဲ့ Mini Battery+Inverter စုံတွဲလေးလာပါပြီ။တစ်စု...
24/04/2021

မီးပျက်မှာ စိုးရိမ်နေပါသလား??🤔🤔

သေးငယ်ပေမယ့် စွမ်းဆောင်ရည် အပြည့်ပေးနိုင်တဲ့ Mini Battery+Inverter စုံတွဲလေးလာပါပြီ။

တစ်စုံလုံးမှ 33000/- ကျပ်

မီးပျက်(သို့)မီးဖြတ်ခဲ့ရင်

1)Wifi အမုန်းသုံးလို့ရမယ်

2)Power Bankမလို စိတ်ကြိုက်ဖုန်းအားသွင်းလို့ရမယ်

3)LEDမီးသီးထွန်းလို့ရမယ်

4)ပန်ကာဖွင့်လို့ရမယ်

5)မီးပြန်လာတဲ့အချိန် CHG (Charging) ခလုပ်လေးနှိပ်ပြီး ဘက်ထရီကို အားပြန်သွင်းထားရုံပဲ။ (ဆိုင်သွားပြီး ဘက်ထရီအားပြန်ဖြည့်ရတဲ့ ဒုက္ခလည်းမရှိဘူးပေါ့)

12V/8A Battery + Inverter 100W

အပြီးအစီး တပ်ဆင်ပြီးသား

Quality ပိုင်းကိုကြည့်ဦးမလား
အသစ်စက်စက်များကိုသာရောင်းချလို့ စိတ်ချစွာ ဝယ်ယူနိုင်ပါပြီ။

အာမခံကလည်း ပါ။
Inverter အသစ် ၆လ အာမခံ
Battery အိုးအသစ် ၆လ အာမခံပါဝင်ပါတယ်။

ဈေးနှုန်းကလည်း သင့်တင့်
တစ်စုံလုံးကိုမှ 33000/- ကျပ်

ပို့ဆောင်ခကလည်း
ဘယ်နေရာက မှာမှာ
အခမဲ့ပို့ပေးဦးမှာဆိုတော့

ဝိုး အခုပဲမှာယူဖို့
ဆက်သွယ်လိုက်တော့နော်။

📞ဖုန်း 09882955445

Messenger m.me/minmonsandelivery

Address

Mawlamyine

Alerts

Be the first to know and let us send you an email when Min Mon San - မင်းမွန်စံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share