21/05/2022
PMS ဆိုတာ ဘာလဲ📍📍🟠
ကျွန်မတို့ အမျိုးသမီးတွေရဲ့ 80% ဟာ ရာသီ မလာခင် ၂ ပတ်ကစပြီး စိတ်ပိုင်းဆိုင်ရာစတင်ပြောင်းလဲပါတယ်။ လာခါနီး ၁ ပတ်အလိုမှာ စိတ်ခံစားချက်တွေ ပြင်းလာပြီး ရာသီလာပြီးတာနဲ့ အကုန်ပျောက်သွားပါတယ်။ အဲဒါကိုPremenstrual Syndrome ( PMS ) လို့ခေါ်ပါတယ်
ရိုလာကိုစတာ emotion လို့ ပြောရလောက်အောင်ကို စိတ်တွေ တက်လိုက် ကျလိုက် ဒေါသတွေထွက် အလိုမကျ ဖြစ်တတ်ကြတာမျိုးပါ။
😢စိတ်အရမ်းတိုမယ်
😢တစ်ခုခုဆို oversensitivity ဖြစ်နေမယ်
😢စိတ်ဓာတ်ကျမယ်
😢ငိုချင်နေမယ်
😢စိတ်ဂဏာမငြိမ်ဖြစ်မယ်
😢ဗိုက်နာမယ်
😢အင်အားကုန်သလိုဖြစ်မယ်
ဒါကတော့ စိတ်ပိုင်းဆိုင်ရာပါ။
ရုပ်ပိုင်းဆိုင်ရာအနေနဲ့
😢ဗိုက်နာမယ်
😢ရင်သားတွေတင်းမယ် နာမယ်
😢ဗိုက်ကယ်တယ်ခေါ်မလား ဗိုက်ပိုပူပြီး လေပွသလိုဖြစ်မယ်။
အဲဒီမှာမှ အရမ်းဆိုးတဲ့ အခါမျိုးမှာတော့ ဆရာဝန်ပြလို့ရပါတယ်။ ဒါပေမယ့် တခြား ဆောင်ရန်ရှောင်ရန်လေးတွေပါသိအောင်ရေးပေးတာပါ။
ကျွန်မ ဆို ကိုယ်တိုင်အရမ်းကို ဖြစ်တာပါ။
PMS သက်သာဖို့ ဘာလုပ်ကြမလဲ📍📍🟠
❤️Aerobics လေ့ကျင့်ခန်း
❤️ပြေးခြင်း လမ်းလျှောက်ခြင်း ရေကူးခြင်း
❤️စက်ဘီးစီးခြင်း
❤️Yoga လေ့ကျင့်ခန်း
❤️အနှိပ်ခံပေးခြင်း
❤️တရားထိုင်ခြင်းတို့ လုပ်ရပါမယ်။
❤️ ဆေးအနေနဲ့ Melatonin ကို သောက်လို့ရပါတယ်။ သူက နေ့ည ဖြစ်စဉ် သဘာဝ ကို ထိန်းညှိပေးပြီး အိပ်ရေးဝစေလို့ သက်သာစေတဲ့ နည်းလမ်းအဖြစ် လက်ခံထားပါတယ်။
❤️ Lifestyle ပြောင်းလဲရပါမယ်။
ပြီးရင် သတိထားရမယ့်အချက်က Diet လုပ်တဲ့ အမျိုးသမီးတွေပါ။ သူတို့စားတဲ့ အစားအစာမှာ sugar ( သကြားဓာတ် ) နည်းနိုင်သမျှနည်းအောင် စားကြပါတယ်။ ခန္ဓာကိုယ်က သကြားဓာတ်ကို လိုအပ်လာရင် PMS ကို ပိုဆိုးစေပါတယ်။ အဲဒီအချိန် အစားအသောက်အရမ်းမလျော့ပဲ ပုံမှန်စားပေးဖို့လိုပါတယ်။ အစားကို အကြိမ် များများနဲ့ နည်းနည်းစီစားပေးပါ။ တနေ့ ၆ ကြိမ်လောက် နည်းနည်းချင်းခွဲစားမှ သွေးတွင်းသကြားဓာတ် တည်ငြိမ်စေမှာပါ။
❤️ကိုယ်ဝန်တာဆေး ( oral contraceptives pill ထဲမှာမှ Estradiol နဲ့ Drospirenone ) ကို ၆ လ မှ ၁ နှစ် ဆွဲသောက်ရင်တော့ PMS symptoms တွေ လျော့ပါစေတယ်လို့ပြောပါတယ်။ တခြားသားဆက်ခြား နည်းတွေကတော့ ဘာမှ ထူးခြားမှုမရှိပါဘူး။
❤️တချို့ကတော့ ဆွေးနွေးလို့ရတဲ့ Therapist နဲ့ စကားပြောပြီး negative အတွေး( မကောင်းမြင်စိတ်မှ ) Positive အတွေး ( အကောင်းမြင်စိတ် ) ရအောင်ပြောခြင်းကလည်း နည်းလမ်းကောင်း တစ်ခုပါပဲ။
❤️ Anti depressants ဆိုတဲ့ စိတ်ကျတဲ့အချိန်သောက်တဲ့ဆေးကိုလည်း ဆရာဝန်နဲ့တိုင်ပင်ပြီးသောက်ကြပါတယ်
📍သတိထားရမယ့်အချက်က အဲဒီအချိန်မှာ ဝက်ခြံအရမ်းထွက်ပါတယ်။ အဲဒါကြောင့် skin care အသစ် စမ်းလိမ်းတာ အိပ်ခါနီး မျက်နှာ cleansing လုပ်ဖို့က အစ သတိပိုထားရပါတယ်။
📍coffee , caffeine ဓာတ်များတာတွေရှောင်ပါ။ ညအိပ်မပျော်ရင် ပိုဆိုးစေလို့ပါ။ အဲဒါကြောင့်အပေါ်မှာ Melatonin သောက်ခိုင်းတာပါ။
တခြား အားဆေးအနေနဲ့ Folic Acid , Vit B 6, Calcium, Magnesium တွေဟာ mood swings နဲ့ ဗိုက်နာတာကို သက်သာစေပါတယ်။
ဗိုက်အရမ်းနာရင်တော့ Dolfenal နဲ့ Paracetamol သောက်လို့ရပါတယ်။
PMS မှတဆင့် 3-8% သော အမျိုးသမီးတွေဟာ PMDD ( Premenstrual dysphoric disorder ) လို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် စိတ်ဓာတ်ကျတာ အလွန်အမင်း အပြင်းအထန် စိတ်ဆတ်တာတွေ အထိပါဖြစ်တတ်ပါတယ်။ အဲဒါကတော့ တကယ့်ကို သတိထားမှရပါမယ်...
😢အလွန်အမင်း စိတ်ဓာတ်ကျပြီး သတ်သေချင်တဲ့ အထိဖြစ်တာ
😢ကိုယ့်ဘေးမှာရှိတဲ့ ကိုယ်ချစ်တဲ့သူတွေအပေါ် အလွန်အမင်းပေါက်ကွဲတာ
😢ဒေါသထွက်လွန်းပြီး လဲကျတာ
😢အာရုံစိုက်လို့မရတာ
😢ကိုယ့်စိတ်ကိုယ် လုံးဝမနိုင်တာ
😢အတွေးလွန်တာ
😢စိတ်တွေ အတက်အကျ များတာ
😢အလွန်အမင်း စားတာ
😢ငိုတာ
😢ပုံမှန်လုပ်နေကျ အလုပ်တွေကို စိတ်မဝင်စားတာ
ဒီထဲက အချက် ၅ ချက် ရှိရင် PMDD အဖြစ် သတ်မှတ်နိုင်လို့ ဆရာဝန်နဲ့ ဆွေးနွေးစေချင်ပါတယ်။
အချုပ်အားဖြင့်ပြောရရင်
Mild to Moderate PMS က အမျိုးသမီးတော်တော်များများ ဖြစ်လို့ အိပ်မှာပဲ lifestyle ပြောင်းကြည့်ပါ။
ရည်းစားအိမ်ထောင်ဖက်ကို ဖွင့်ပြောပြပြီး တိုင်ပင်ပါ။
Severe PMS နဲ့ PMDD ဆိုရင်တော့ ဆရာဝန်ဆီသွားတာ အကောင်းဆုံးပါ။