𝙷𝚗𝚒𝚗 𝚈𝚞

𝙷𝚗𝚒𝚗 𝚈𝚞 ယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပ?

10/11/2022
အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ဖို့collagenသောက်ကြစို့နော်သဲတို့😍😍
07/10/2022

အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ဖို့collagenသောက်ကြစို့နော်သဲတို့😍😍

မှာယူလို့ရပါတယ်ဆီးမီးလေးတွေထွန်းကြမယ်‌အထည်လေးတွေကလဲချုပ်ရိုးချုပ်သားရှယ်ချုပ်ပေးထားပါတယနော်အားပေးကြပါအုံး
02/10/2022

မှာယူလို့ရပါတယ်ဆီးမီးလေးတွေထွန်းကြမယ်‌အထည်လေးတွေကလဲချုပ်ရိုးချုပ်သားရှယ်ချုပ်ပေးထားပါတယနော်အားပေးကြပါအုံး

တဖန်ပြန်လည်နုပျိုစေဖို့အကောင်းဆုံးကူညီပေးမှာပါသဲတို့ရေ
21/08/2022

တဖန်ပြန်လည်နုပျိုစေဖို့အကောင်းဆုံးကူညီပေးမှာပါသဲတို့ရေ

၂မျိုးသုံးလေးပါ
12/08/2022

၂မျိုးသုံးလေးပါ

အမဆိုတာ ဒုတိယမိခင်ပါ********************ဖတ်ကြည့်နော်…ကိုယ်တွေငယ်ရွယ်စဉ်အချိန်အခါတုန်းက…ကိုယ်တွေကို ထိန်းပေးခဲ့တာပြုစုခဲ့...
09/08/2022

အမဆိုတာ ဒုတိယမိခင်ပါ
********************
ဖတ်ကြည့်နော်…

ကိုယ်တွေ
ငယ်ရွယ်စဉ်အချိန်အခါတုန်းက…
ကိုယ်တွေကို
ထိန်းပေးခဲ့တာ
ပြုစုခဲ့တာ
ထမင်းခွံ့ကျွေးတာ
ရေချိုးပေးတာ
သနပ်ခါးလိမ်းပေးခဲ့တာ အမတွေပါ။

အမေ အလုပ်မအားတဲ့အခါ…
ညီမလေး မောင်လေးတွေရဲ့
လိုအပ်တာမှန်သမျှကို
အမကြီးတွေက လုပ်ပေးခဲ့ကြရတယ်။

အကြီးဆုံးမိုလို့လည်း
ကျောင်းကို အရင်ဆုံး ထွက်ခဲ့ရတယ်။

မိဘက အဆင်မပြေတဲ့မိသားစုဆိုရင်
ပိုဆိုးတယ်။
အမတွေကသာ
အနစ်နာခံပေးကြရတယ်လေ။

ကိုယ်တွေကတော့ တွေးမိမှာပေါ့…
အကြီးဆိုတာ အငယ်ကိုကြည့်ရမှာပဲလို့။

သူတို့လည်း လူသားပဲလေ။

သူတို့လည်း
ကျောင်းတက်ချင်မှာပေါ့…
သူတို့လည်း
လွတ်လွတ်လပ်လပ်နဲ့ နေချင်ရှာမှာပေါ့…
ကလေးတော့ ဘယ်ထိန်းချင်ပါ့မလဲ-?

ဒါပေမဲ့…
ကိုယ့်ညီမလေး
မောင်လေးတွ ဖြစ်နေတော့လဲ
ချစ်ရတာပေါ့…
ထိန်းရတာပေါ့။

ပထမဦးဆုံး ဝါးပြီးသားထမင်းကို
အမေက ခွံ့ကျွေးခဲ့တယ်ဆိုရင်တောင်
ဒုတိယ ကိုယ်တွေ
ထမင်းမစားတတ်ခင်အချိန်ထိက
အမကြီးကပဲ
ထမင်းဝါးပြီး ခွံ့ကျွေးခဲ့တာပါ။

လှမ်းတက်ပေကို
အဖေနဲ့အမေက အရင်သင်ပေးခဲ့တယ်
ဆိုရင်တောင်
ဒုတိယ သင်ပေးခဲ့သူက အမကြီးပါ။

ပထမဦးဆုံးပွေ့ချီတာ အဖေနဲ့အမေဆိုရင်
ဒုတိယ
ကိုယ်လမ်းမလျှောက်တတ်ခင်ထိ ပွေ့ချီ
ချော့မော့ပေးခဲ့တာ အမကြီးပါ။

အမတွေဆိုတာ…
အမေပြီးရင် ဒုတိယမိခင်ပါပဲ။

အငယ်တွေက
အမကြီးတွေဆို သိပ်သတိမရတတ်ကြဘူး။

သူတို့ ရည်းစားထားတဲ့အချိန်မှာတောင်

သူတို့အများဆုံးပြောတာက…
အဖေနဲ့အမေပြီးရင်
အချစ်ရဆုံးသူက ချစ်သူပါ တဲ့။

အမကိုတော့ အမှတ်မရကြဘူး။

အဖေနဲ့အမေပြီးရင်
ကိုယ့်ကိုနမ်းတဲ့ အနမ်းပိုင်ရှင်က
အမတွေပါ။

ချစ်တယ်လို့ ပြောခဲ့တာ
အဖေနဲ့အမေပြီးရင် အမတွေပါ။

ကြင်နာယုယ ထွေးပွေ့တာကလည်း
အမတွေပါပဲ။

ကိုယ် တစ်ခုခုဖြစ်တဲ့အခါ…
စိုးရိမ်စိတ်နဲ့ ပူပန်မှာ အရင်ဆုံးက
ကိုယ့်ရဲ့ အမပါပဲ။

ဒါကို သူတို့တွေ သတိမရကြတာလား…

တစ်ယောက်ယောက်က
ကိုယ့်ကို ရန်လာလုပ်ရင်
အရင်ဆုံးတိုင်မိတာ အမကိုပါ။

အဲဒီအချိန်မှာတော့…
ငါ့ညီမလေးကို
ငါ့မောင်လေးကို ရန်လုပ်ရမလားဆိုတဲ့
စိတ်နဲ့
ရန်တွေ့တာက အမတွေပါ။

ကိုယ့်ရဲ့ ညီမလေး မောင်လေးတွေကို
သူများတကာက ထိရင်
ပြန်လုပ်ချင်တာ
ရန်တွေ့ချင်တာကလည်း အမတွေပါပဲ။

တကယ်တော့…
အမတွေဆိုတာ…
တကယ့်ကို ဒုတိယမိခင်ကြီးပါ။

ကိုယ်တွေကို ထွေးပွေ့ ကြင်နာ
ယုယခဲ့သူတွေပါ။
မေ့တော့ မေ့မပစ်လိုက်ကြပါနဲ့။

အကိုတွေဆိုတာလဲ
ထိုနည်းတူပါပဲ။

ဒါကြောင့်…
အဖေနဲ့အမေပြီးရင် မမေ့သင့်တာ
အကြီးတွေပါ။

ဒုတိယ အနမ်းပိုင်ရှင်
ဒုတိယ ထွေးပွေ့သူ
ဒုတိယ ချစ်တယ်လို့ ပြောခဲ့သူ။

>သိပ်ချစ်ပါတယ်<

crd မူရင်းစာဆိုအားလေးစားလျက်

Address

Mawlamyine

Telephone

+959422204514

Website

Alerts

Be the first to know and let us send you an email when 𝙷𝚗𝚒𝚗 𝚈𝚞 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝙷𝚗𝚒𝚗 𝚈𝚞:

Shortcuts

Share