10/06/2026
ကျူရှင် (သို့) extra class ခေါ်ပီးရင် စာကိုတတ်အောင်သင်ရမှာပါ
ဒီservice မပေးနိုင်ရင် မသင်ပါနဲ့
Extra class သဘောတရားက ပိုသိ ပိုတတ် ပိုသင်ချင်လို့ ကလေးတွေကို ထားတာပါ
ဒါကို ငွေရဖို့ ပဲ ဦးတည် တတ်မြောက်အောင် သင်ကြားမပေးနိုင် ရင် အစထဲက extra class မလုပ်ပါနဲ့
ကျောင်းအုပ်ကိုယ်တိုင် တက်မနေရ အမိန့်ထုတ်
ကျူရှင်မတက်တဲ့ကလေးကို စိတ်ဓာတ်ရိုက်ချိုး
မိဘကို ကလေးက စာမရဘူးညံ့တယ် လို့ psywar တွေခင်း
ကလေးကိုအဆင့်ချ တဲ့လုပ်ရပ်က ဆရာတစ်ယောက်ရဲ့ကျင့်ဝတ်နဲ့မညီပါဘူး
မူလတန်းကျောင်းမို့ G 5 ပြီးရင် ငါ့လက်က လွတ် သီတင်းကျွတ် ဆိုပြီး ပြီးစလွယ် လုပ်နေတာ နိုင်ငံရဲ့လူ့စွမ်းအားအရင်းအမြစ် ကို အဆိပ်ခတ်အရောင်ဆိုးနေတာနဲ့တူတူပါပဲ
အထက်က ဘယ်လောက်ပဲ မူဝါဒ၊နည်းဥပဒေ ပြောင်းပြောင်း အခြေ ခံအုတ်မြစ် ဖြစ်တဲ့မူလတန်း မှာ ပြီးစလွယ် လုပ်ရပ်နဲ့သာသင်ကြားနေရင် အမျိုးသား ပညာရေး အဆင့်အတန်းက မည်သို့မြင့်မားလာပါမည်နည်း။
6 ေကျာင်းသားတစ်ဦးရဲ့ A to Z တောင် မရေးတတ်မှုကြီးကိုမြင်တွေ့ရသည်မှာ အဆင်မပြေ လှပါဘူး။