Mi SaDao - Health & Beauty

Mi SaDao - Health & Beauty Health & Beauty

Mee Na' Cafe ,Kanchanaburi 🏡🌱☘️🌾🌾
05/10/2024

Mee Na' Cafe ,Kanchanaburi 🏡🌱☘️🌾🌾

ဒီ ဒီဇိုင်းထဲက ဒီအရောင်လေးတွေ ရသေးတယ်ရှင့်🎀                          🤎🖤💚🤍                               280 B
05/10/2024

ဒီ ဒီဇိုင်းထဲက ဒီအရောင်လေးတွေ ရသေးတယ်ရှင့်🎀
🤎🖤💚🤍

280 B

အားပေးလို့ ကျေးဇူးပါ👜🤎
05/10/2024

အားပေးလို့ ကျေးဇူးပါ👜🤎

28/09/2024
18/09/2024

တော်သလင်းလပြည့်နေ့ မွန်ရိုးရာ ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲ🙏

14/09/2024

လစဥ်ဆွမ်းဟင်အတွက် မျှစ်ချဥ်ဟင်း

ရေကြီးရေလျှံခြင်းနဲ့နောက်ဆက်တွဲ ဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် ...မြန်မာနိုင်ငံမှာ နှစ်စဉ်မိုးရာသီရောက်တိုင်း ရေလွှမ်း...
13/09/2024

ရေကြီးရေလျှံခြင်းနဲ့
နောက်ဆက်တွဲ ဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် ...

မြန်မာနိုင်ငံမှာ နှစ်စဉ်မိုးရာသီရောက်တိုင်း ရေလွှမ်းမိုးမှုအန္တရာယ်ကို ရင်ဆိုင်နေရပြီး ရေကြီးရေလျှံမှုကပ်ဘေးဟာလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာပါတယ်။
ယခုလတ်တလောမှာဆိုရင် မိုးအဆက်မပြတ်ရွာသွန်းမှု၊ မုန်တိုင်းများ၀င်ရောက်ခြင်းနဲ့ မုန်တိုင်း အရှိန်ကြောင့်
ရေကြီးရေလျှံခြင်းအန္တရာယ်ကို တစ်နိုင်ငံလုံး နေရာအနှံ့အပြား ကြုံတွေ့ရင်ဆိုင်နေရပါတယ်။

အခုလို ရေကြီးရေလျှံခြင်းကြောင့် ရေဘေးအန္တရာယ်တွေ ဖြစ်လာနိုင်သလို နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ မြေပြိုမှုအန္တရာယ်၊ နေအိမ်ပြိုကျပျက်စီးမှုအန္တရာယ်၊ ထိခိုက်မှုအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ် စတာတွေအပြင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေပါ ဖြစ်ပွားတတ်ပါတယ်။

ဒါကြောင့် ရေကြီးရေလျှံခြင်းနှင့် နောက်ဆက်တွဲ
အန္တရာယ်များမှ ကာကွယ်နိုင်စေဖို့ လိုက်နာရမဲ့
ဆောင်ရန်ရှောင်ရန်များကို မျှဝေပေးချင်ပါတယ်။

🚨**ရေကြီးရေလျှံခြင်း မဖြစ်မီ**

🔸မိုးလေဝသသတင်းများကို အစဉ်မပြတ်နားထောင်ပါ။ မိသားစုဝင်အချင်းချင်းဖြစ်စေ၊အိမ်နီးချင်းများနှင့်ဖြစ်စေ ဆက်သွယ်နိုင်မည့်ဖုန်းနံပါတ်များ၊ အရေးပေါ်ဆက်သွယ်ရမည့် နံပါတ်များကို အဆင်သင့်ရှိနေပါစေ။

🔸ရေစိုပျက်စီးနိုင်သောပစ္စည်းများနှင့် တန်ဖိုးကြီးပစ္စည်းများကို ရေစိုခံအိတ်နှင့် ထုပ်ပိုး၍ ခြောက်သွေ့ပြီး မြင့်သောနေရာတွင်ထားပါ။

🔸သောက်သုံးရေများကို ကြိုတင်စုဆောင်းထားပါ။

🔸ရေလွှမ်းမိုးနိုင်သောနေရာများမှ ဓာတ်ငွေ့၊ လျှပ်စစ်ပစ္စည်းများနှင့် ပလပ်များကို ဖြုတ်ထားပါ။ လျှပ်စစ်မိန်းခလုတ်ကို ပိတ်ထားပါ။

🔸အရေးပေါ်ပြောင်းရွှေ့နေထိုင်ရန်နေရာ၊လမ်းကြောင်းများနှင့် မိသားစုဆုံမှတ်များကို ကြိုတင်သတ်မှတ်ထားပါ။

🔸သက်ဆိုင်ရာတာဝန်ရှိသူများ၏ ညွှန်ကြားချက်ရရှိပါက မြေနိမ့်သောနေရာများနှင့်ဝေးရာ သို့မဟုတ် ဘေးကင်းရာသို့ ပြောင်းရွှေ့ပါ။

🔸ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရာတွင် မိမိနှင့်တပါးတည်း သယ်ဆောင်သွားရန် ရေစိုခံသည့် အရေးပေါ်အိတ်ကို ကြိုတင်ပြင်ဆင်ထားပါ။ (အရေးပေါ်အိတ်ထဲတွင် ထည့်ရမည့်ပစ္စည်းများ- အရေးကြီးစာရွက်စာတမ်းများ၊ အဖိုးတန်ပစ္စည်းများ၊ လက်နှိပ်ဓာတ်မီး၊ ကြာရှည်ခံအစားအစာ၊ ရေသန့်၊ အဝတ်အစား၊ အရေးကြီးဆေးဝါးများ၊ ခိုင်ခန့်သောကြိုး၊ ကလိုရင်းဆေးပြား၊ရေဒီယို၊ ဓာတ်ခဲအပို၊ တကိုယ်ရည်သုံး သန့်ရှင်းရေးပစ္စည်းများ)

🔸ဖုန်း၊ဓာတ်မီး၊ ရေဒီယိုစသည်တို့ကိုကြိုတင်အားသွင်းထားပါ။

🔸အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ အလုံပိတ်
ရေပုံးအလွတ်၊ ငှက်ပျောတုံး၊ သစ်တုံး၊ ကားတာယာ ၊ဆိုင်ကယ်ကျွတ် အစရှိသည့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပါ။

🚨**ရေကြီးရေလျှံ နေစဉ်**

🔺အိုင်၊ချိုင့်ဝှမ်း၊ရေနုတ်မြောင်း အစရှိသည့် အန္တရာယ်ရှိနိုင်သော နေရာများတွင် ရေလွှမ်းမိုးပါက မြင်သာသော အမှတ်အသားများထားရှိပါ။

🔺ရေကြီးသောဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတတ်သောကြောင့် မြစ်၊ ချောင်းကမ်းပါးများအနီးသို့ မသွားပါနှင့်။

🔺ရေထဲတွင် မလိုအပ်ဘဲ ရေကူးခြင်း၊ဆော့ကစားခြင်း၊ လမ်းလျှောက်ခြင်း၊ကားမောင်းခြင်းများ မပြုလုပ်ပါနှင့်။ လှေ၊ စက်လှေ ကဲ့သို့သော ယာဉ်များကို အသုံးပြုပါ။ မလွှဲမရှောင်သာ ရေထဲဖြတ်လျှောက်ရပါက တုတ်ဖြင့် စမ်းထောက်ပြီးသွားပါ။

🔺မြွေနှင့် အဆိပ်ရှိသောသတ္တဝါများ၏ အန္တရာယ်ကို သတိပြုပါ။ 🐍ရေကြီးမှုနောက်ဆက်တွဲ မြွေအန္တရာယ်ကို ဗဟုသုတ မျှဝေထားသော အောက်ပါ link တွင် လေ့လာနိုင်ပါတယ် 👇👇👇
https://www.facebook.com/share/p/SU2A3KexKyBRUfqp/?mibextid=oFDknk

🔺တိရစ္ဆာန်များကို မလိုအပ်ဘဲ ချည်နှောင်မထားပါနှင့်။

🔺ထိခိုက်အနာတရမဖြစ်စေရန်နှင့် နာမကျန်းမဖြစ်စေရန် ဂရုစိုက်ပါ။

🔺လုံခြုံရေးကယ်ဆယ်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ပါ။

🚨**ရေပြန်ကျ သွားပြီးနောက်**

🔹ရေကြီးခဲ့သောနေရာဒေသ၊ အဆောက်အအုံများသို့ ချက်ချင်းပြန်မသွားပါနှင့်။

🔹နေအိမ်တွင်း ပျက်စီးမှုတစ်စုံတစ်ရာ ရှိမရှိ သေချာစွာစစ်ဆေးပါ။ မှောင်သောနေရာများကို လက်နှိပ်ဓာတ်မီးဖြင့်သာသွားပါ။

🔹ရေလွှမ်းမိုးခံထားရသော အသုံးအဆောင်ပစ္စည်းများကို ပြန်လည်သန့်စင်ပါ။ လိုအပ်လျှင်ပိုးသတ်ဆေးအသုံးပြုပါ။

🔹ရေမြုပ်နေသော လျှပ်စစ်ပစ္စည်းများရှိပါက ခလုတ်
မဖွင့်ပါနှင့်။ ကျွမ်းကျင်သူအား ဦးစွာပြသ စစ်ဆေးခိုင်းပါ။

🔹 ရေကို ကြိုချက်သောက်ပါ သို့မဟုတ် ကလိုရင်းခတ်ပြီးမှ သုံးပါ။ အစားအစာများကို စနစ်တကျချက်ပြုတ်ပြီးမှ စားပါ။

🔹နေအိမ်အနီး လျှပ်စစ်ဓာတ်ကြိုးများ၊ မီးကြိုးများ ပြတ်ကျနေသည်ကို တွေ့ပါက သက်ဆိုင်ရာသို့ အကြောင်းကြားပါ။

🔹 ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို သုံးစွဲခြင်း၊ ရေကြီးရေလျှံထားသော ရေများနှင့် ထိ‌တွေ့ထားသော အစားအစာများကို စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။

🔹အစာမစားမီနဲ့ အညစ်အကြေးများ ကိုင်တွယ်ပြီးတိုင်း လက်ကို စင်ကြယ်စွာ ဆေးကြောပါ။

🔹ခြင်ကြောင့်ဖြစ်သော သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါများမဖြစ်စေရန် ခြင်ထောင်ကိုအသုံးပြုပါ။ခြင်ကိုက်မခံရ‌အောင် ဂရုစိုက်ပါ။

မြစ်ဖျားမှာ ရေကြီးရေလျှံခြင်းက မြစ်ဝှမ်းတစ်လျှောက် လျှပ်တပြက် ရေကြီးတာမျိုးတွေ ဖြစ်နိုင်တာမို့ မြေနိမ့်ဒေသနေထိုင်သူများလည်း ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မိတ်ဆွေများအားလုံး ရေဘေး အန္တရာယ်မှ အမြန်ဆုံး
ကင်းဝေးကာ လွတ်‌မြောက်ကြပါစေကြောင်း ဆုတောင်းပေးလျက် ရှိပါတယ်။ အားတင်းထားကြပါနော်။

(The Kap’s volunteer)

ယနေ့ ကြပ်ဖာအထုပ်တွေကြားမှာ ချွေးတွေများခဲ့။ဒါပေမယ့် ကျေးဇူးရှင်တွေအတွက်....ဝန်ဆောင်ပေးရတာ ကျေနပ်အားရပါတယ်ရှင်။
05/09/2024

ယနေ့ ကြပ်ဖာအထုပ်တွေကြားမှာ ချွေးတွေများခဲ့။
ဒါပေမယ့် ကျေးဇူးရှင်တွေအတွက်....
ဝန်ဆောင်ပေးရတာ ကျေနပ်အားရပါတယ်ရှင်။

MonkeyPox(M Pox) ခေါ် မျောက်ကျောက်ရောဂါက အခုဆို ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊အင်ဒိုနီးရှား၊စင်ကာပူ၊ဗီ...
22/08/2024

MonkeyPox(M Pox) ခေါ် မျောက်ကျောက်ရောဂါက အခုဆို ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊အင်ဒိုနီးရှား၊စင်ကာပူ၊ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့မှာ တွေ့နေရပါပီ ။ နီးလာပီပေါ့ဗျာ ။

ဒါပေမယ့် အခု SEA region တွေ့တဲ့ strain က Clade2 ဖြစ်ပြီး အာဖရိကမှာတွေ့တဲ့ Clade1 လောက်တော့ ပြင်းထန်မှုမရှိဘူးလို့ ဆိုထားပါတယ် ။

အဓိက ကူးစက်တဲ့ပုံစံက တစ်ဦးနဲ့တစ်ဦး အရေပြားချင်းထိတွေ့ရာကတဆင့်၊ လိင်ဆက်ဆံရာက တဆင့်ကူးစက်တာပါ ။ ကိုဗစ်လိုမျိုး လေကတဆင့် ကူစက်ပျံ့ပွါးတာမျိုးမဟုတ်တဲ့အတွက် တော်သေးတယ်ပြောရမယ် ။

လက္ခဏာတွေကတော့ စစဖြစ်ချင်းမှာ
တုပ်ကွေးဖျားနာလိုပါပဲ ။ အဖျားကြီးမယ် ။ ချမ်းတုန်မယ် ။ခေါင်းရှယ်ကိုက်ပါမယ် ။ ကြွက်သားတွေနာကျင်ကိုက်ခဲမယ် ။ အဓိကက ခါးဘက် ကျောဘက် အရမ်းနာတယ် ဆိုပြီး ရေးထားပါတယ် ။ ပြန်ရည်ကျိတ်ဂလင်းတွေ ရောင်ပါမယ် ။ ပြီးမှ အရေပြားမှာ အောက်ပါပုံအတိုင်း(ထိုင်းကလူနာပုံ) အဖုတွေ ထွက်လာတာပါ ။ နာပါတယ် ယားပါတယ် ။အာခေါင်၊သွားဖုံး၊လျာတွေမှာပါ ဖြစ်တယ် ။ အရမ်းနာလွန်းလို့ စားသောက်ရ ခက်ပါတယ် ။

ကုသမှုကတော့ Viral infection တွေရဲ့ ထုံးစံအတိုင်း ကိုယ်ခံအားကောင်းဖို့ ကောင်းကောင်းအနားယူ ရေများများသောက် အဖျားနဲ့ကိုက်ခဲမှုကို သေချာကုသဖို့ပြောထားပါတယ် ။ ရောဂါလက္ခဏာတွေက ယေဘုယျအားဖြင့် ၂ပတ်က ၄ပတ်အထိ ကြာတတ်ပါတယ်တဲ့။ သေနိုင်ပါတယ် ။

SEA region မှာ အဓိကတွေ့ရတဲ့ Clade2 က မပြင်းဘူးဆိုပေမယ့် သေတဲ့လူတွေပါ ရှိတာကတကြောင်း ကိုယ့်တကိုယ်လုံး ဒီလိုအဖုတွေပေါက်ပြီး ရှယ်နာမှာဆိုတာကတကြောင်း ကာကွယ်ဆေးကောင်းကောင်းမရနိုင်သေးတာက တကြောင်း မကူးစက်အောင်တော့ သတိထားမှ ရမယ် ။ ပေါ့လို့တော့ မရဘူးပေါ့ ။

Dr.မြင့်မြတ်
(တာချီလိတ်)

မျောက်ကျောက်ရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ။၁။ တိရိစ္ဆာန်တွေကို အကာအကွယ် မပါဘဲ ကိုင်တွယ်ခြင်း မလုပ်ပါနဲ...
22/08/2024

မျောက်ကျောက်ရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ။

၁။ တိရိစ္ဆာန်တွေကို အကာအကွယ် မပါဘဲ ကိုင်တွယ်ခြင်း မလုပ်ပါနဲ့။

၂။ ဖျားနာ သေဆုံးနေတဲ့ သတ္တဝါတွေကို အထူးရှောင်ပါ။

၃။ ရောဂါပိုး ရှိသည်ဟု သံသယရှိသော တိရိစ္ဆာန် တွေကို သီးခြား ခွဲထားပါ။

၄။ တကိုယ်ရေ သန့်ရှင်းရေး နေ့စဉ် ပြုလုပ်ပါ။

၅။ လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးပါ (သို့) လက်သန့် ဆေးရည် သုံးပါ။

၆။ သင့်ခန္ဓာကိုယ်ကို အကာအကွယ် အသုံးပြုပါ။

မျောက်ကျောက်ရောဂါ ပိုးကူးစက်ခံရလျှင် ပြလာတတ်တဲ့ လက္ခဏာများ။

ကျောက်ရောဂါနဲ့ ပုံစံခြင်း တူပါတယ်။

ထိုရောဂါ ကူးစက်ခံရပြီး (၇)ရက် မှ (၁၄)ရက် အတွင်း

ရောဂါလက္ခဏာ ပြနှိုင်သလို ရောဂါ ကူးစက်ခံရပြီး (၅)ရက် မှ(၂၁)ရက် အတွင်း ရောဂါလက္ခဏာ ပြတာမျိုးလည်း ရှိတတ်ပါတယ်။

ထိုရောဂါ ကူးစက်ခံပြီ ဆိုရင် ဖြစ်လာတတ်တဲ့ ရောဂါလက္ခဏာများ ကတော့

၁၊ အဖျားဝင်ခြင်း။

၂၊ ခေါင်းကိုက်ပြီး အဆစ်အမြစ်တွေ နာလာခြင်း။

၃၊ ခြေကုန်လက်ပန်းကျပြီး ရင်တုန် မောပန်းလာခြင်း။

- အဖျားဝင်ပြီး (၁)ရက် မှ (၃)ရက် အတွင်း အဖု အပိတ်တွေ စထွက်လာခြင်း။

- ထိုအဖုအပိတ်တွေဟာ ပထမ မျက်နှာမှ တဆင့် ခန္ဓာကိုယ်သို့ တဖြည်းဖြည်း ပြန့်သွားပါမယ်။

- နောက်ထပ် အသားအရေအရောင်ပါ ပြောင်းလာပါတယ်။

- အနာစက်တွေ ထွက်လာခြင်း။

- အရေကြည်ဖုတွေ ထွက်လာခြင်း။

- ပြည်တည်နာ ပုံစံလို အနာများ ထွက်လာခြင်း။

- ထို မျောက်ကျောက်ရောဂါကို ၁၄-ရက် မှ ၁-လ နီးပါးအထိ ခံစားရပါတယ်။

- ထို့နောက် တဖြည်းဖြည်း ပြန်လည်သက်သာသွားပါတယ်။

- တခြားနိုင်ငံတွေမှာတော့ သေဆုံးမှု နည်းပါးသည်ဟု သိရပါတယ်ခင်ဗျာ။

အားလုံး ရောဂါဘယ ကင်းရှင်းကြပါစေ။

- ဒေါက်တာ စည်သူထင်လတ်။

Post And Photo Credit To Original Uploader.

Address

Myinetharyar
Mawlamyine

Telephone

+959758075616

Website

Alerts

Be the first to know and let us send you an email when Mi SaDao - Health & Beauty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share