View Point Vape & Fancy Shop

View Point  Vape & Fancy Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from View Point Vape & Fancy Shop, Shopping & retail, Mawlamyinegyunn.

07/08/2017

လူငယ်များအတွက် V**e လမ်းညွှန်
====================

V**e ကတော့ လူငယ်တွေကြားမှာ အရမ်း Popular ဖြစ်လာတဲ့အပြင် ဖက်ရှင်တစ်ခုလိုပါဖြစ်လာနေပါတယ်။ ယောက်ျားလေးတွေ သောက်ကျသလို မိန်းကလေးတွေလည်း သောက်နေကြတာကို တွေ့ရပါတယ်။ ဒါဆိုရင် V**e ဆိုတာက ဘာပါလဲ။ ဆေးလိပ်နံ့မခံနိုင်တဲ့ မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့ကောင်လေးကို V**e ပြောင်းသောက်ခိုင်းလိုက်ပါ။ ဆေးလိပ်ထက် ဘေးထွက်ဆိုးကျိုးနည်းတဲ့အပြင် စတိုင်လည်းကျပါတယ်။V**e အကြောင်းမသိသေးလို့လည်း ဘာမှခေါင်းခဲမနေပါနဲ့။ အောက်မှာပြည့်ပြည့်စုံစုံရှင်းပြပေးထားပါတယ်။

V**e ဆိုတာဘာလဲ ?
V**e ဆိုတာက လူငယ်တွေကြားမှာရေပန်းစားနေတဲ့ စကားလုံးဖြစ်ပြီးတော့ E-Cigarettes နဲ့လုပ်ဆောင်ချက်တူ တဲ့ ကိရိယာတစ်ခုပါ။ ဆေးလိပ်နဲ့ အဓိက ကွာခြားသွားတာက ဆေးလိပ်လို တိုက်ရိုက်မီးညှိပြီးသောက်ရတာ မဟုတ်ဘဲနဲ့ Juice အရည်တွေကို လျှပ်စစ်နဲ့အငွေ့ပျံစေတဲ့နည်းကို သုံးပြီးတော့ သောက်ရတာဖြစ်ပါတယ်။ V**e မှာ အခြေခံအစိတ်အပိုင်းသုံးခုပါပါတယ်။ Battery ၊ Mod နဲ့ Atomizer ပါ။ Battery က လျှပ်စစ်အား (Volt) ကို Mod က Atomizer ထဲပို့ပေးပါတယ်။ လျှပ်စစ်ဓါတ်က Atomizer ထဲက Juice တွေကို အငွေ့ပျံစေပြီး အဲ့ဒီအခါမှာ ဆေးလိပ်သောက်သလိုသောက်လို့ရပါတယ်။ ခေတ်စကားနဲ့ဆိုရရင်တော့ Va**ng လုပ်တယ်ပေါ့။

Va**ng လုပ်ဖို့ Device တွေက အမျိုးအစားအများကြီးရှိပါတယ်။ ဥပမာပြောရင် Device ရဲ့ဒီဇိုင်းကိုလိုက်ပြီး Box ၊ Tube ၊ Pen နဲ့ ဆေးလိပ်လိုပုံစံတွေကိုတွေ့ရပါမယ်။ ဘယ်လိုကွာခြားပါလဲ။ ဘာကိုရွေးချယ်သင့်ပါသလဲ။ Battery ၊ Mod နဲ့ Atomizer သုံးခုမှာ Mod အကြောင်းကိုအဓိကထားပြီးပြောပါမယ်။

ဘာလို့ Mod ခေါ်တာလဲ?
Mod ဆိုတာက Modification ရဲ့အတိုကောက်ပါ။ Va**ng ဆိုတာက ဒီဖက်ခေတ်မှာမှ တွင်ကျယ်လာတဲ့ စကားလုံးဖြစ်ပါတယ်။ အဲ့ဒီမတိုင်က E-Cigarettes တွေသာရှိခဲ့ပြီး E-Cigarettes တွေကို Modification လုပ်လာရင်းနဲ့မှ မျိုးဆက်သုံးလေးဆက်ရောက်လာတဲ့အချိန်တော့ V**e ဆိုတဲ့ဝေါဟာရ အသုံးတွင်ကျယ်လာတာပါ။

ဘယ်လို Modification (Mod) လုပ်ထားသလဲဆိုတာပေါ်မူတည်ပြီး V**e တွေကို အမျိုးအစားခွဲပါတယ်။ Mod ကို အကြမ်းဖျင်းဖြင့် နှစ်မျိုးခွဲနိုင်ပါတယ်။ Electronic Mod (Regulated) နဲ့ Mechanical Mod (Non-Regulated) ဆိုပြီးပါ။
Electronic Mod ကတော့ လူသုံးအများဆုံးဖြစ်ပါတယ်။ သူ့ကို Regulated လို့လည်းခေါ်ပါတယ်။ ဘာဖြင့်လို့လဲဆိုတော့ သူ့မှာ Resistance တွေ၊ Watt တွေကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အလွယ်တကူချိန်ညှိလို့ရလို့ပါ။ အခြေခံ Knowledge ရှိထားရုံနဲ့ အသုံးပြုလို့ရပါတယ်။ Safety Precaution ပါတဲ့အတွက် အသုံးပြုသူအတွက် အန္တရာယ်မရှိပါဘူး။
Mechanical Mod ကို Unregulated (ဒါမှမဟုတ်) Mech Mod လို့လည်းခေါ်ပါတယ်။ Unregulated ဆိုတဲ့အတိုင်း သူ့မှာ ဘာ Electronic အစိတ်အပိုင်းမှမပါဝင်ပါဘူး။ တိုက်ရိုက်လျှပ်ကူးစေတဲ့နည်းကို သုံးထားတော့ Ohm Law ကိုမကျေညက်ရင် အန္တရာယ်ရှိပါတယ်။ Resistance တွေ၊ Voltage တွေဆိုတာက ကိုယ်တိုင်ဖန်တီးယူရတာပါ။ Batteryမှာ ကြိုက်တဲ့ Size ထည့်သုံးလို့ရနိုင်ပါတယ်။ သုံးတဲ့ Battery အကြောင်းကို နားလည်ရမှာဖြစ်တဲ့အပြင် Mod ရဲ့ Conductivity ပေါ်မူတည်ပြီးတော့လည်း Voltage Drop ကို တွက်ဆနိုင်ရပါမယ်။

လွယ်လွယ်ပြောရရင်တော့ Electronic Mod (Regulated) ဆိုတာက Auto ဂီယာနဲ့ ကားမောင်းသလိုပါပဲ။ Mechanical Mod (Non-Regulated) ကတော့ Manual ဂီယာနဲ့ကားလို့မြင်ကြည့်ပါ။ Manual ကားတွေကလပ် (Clutch) အလွှတ်မတတ်ရင် စက်သေတတ်သလို Mechanical Mod တွေမှာလည်း Ohm Law နားမလည်ရင် ပေါက်ကွဲတတ်ပါတယ်။ အရမ်းတော့စိတ်မပူပါနဲ့။ အခု Trust Fire ဘတ္ထရီတွေပေါ်နေပါပြီ။
Regulated Mods တွေကတော့ အရွယ်စုံ၊ ဆိုက်စုံ၊ အမျိုးအစားအစုံရှိပါတယ်။ တစ်မျိုးခြင်းကို အောက်မှာ ရေးပြထားပါတယ်။
(1) Ciga-like
Ciga-like ဆိုတဲ့အတိုင်း Cigarette နဲ့ ပုံစံတူလေးပါ။ တစ်ခါသုံးရှိသလို ပြန်ဖြည့်လို့ရတဲ့ ဟာမျိုးလည်းရှိပါတယ်။ ဟိုအရင်တုန်းက ခေတ်စားခဲ့ပေမယ့် ဒီဖက်ခေတ်မှာတော့ လူသုံးနည်းသွားပါပြီ။
(2) Pens or “E-Gos”
V**e ကို စအသုံးပြုတဲ့သူတိုင်း Pens (ဒါမှမဟုတ်) E-Gos နဲ့ စကြတာများပါတယ်။ သူတို့ဟာ Ciga-like တွေထက်အရွယ်အစား နည်းနည်းပဲ ပိုကြီးပါတယ်။ ဈေးသက်သာသလို၊ သုံးစွဲရလွယ်ကူပြီး ပေါ့ပေါ့ပါးပါးသယ်သွားနိုင်ပါတယ်။ Battery ရဲ့ Voltage ကို Control လုပ်လို့မရတာကလွဲလို့ ကျန်တာ အကုန်ကောင်းပါတယ်။
(3) SubOhm Tubes
SubOhm Tubes ဆိုတာက Pen တွေကို ထပ်ပြီးအဆင့်မြှင့်ထားတဲ့ အမျိုးအစားတွေပါ။ သူတို့က Pen တွေထက် နည်းနည်းပိုကြီးသွားပြီး ပါဝါ (Watt) များများထုတ်နိုင်လာပါတယ်။ ပိုမိုကောင်းမွန်တဲ့ Control စနစ်တွေပါဝင်လာလို့ Mechanical Mod သောက်ချင်ပေမယ့် Ohm Law ကို သေချာနားမလည်သေးတဲ့သူတွေ သုံးကြတာများပါတယ်။
(4) Box Mods
Box Mods တွေက Function စုံပါတယ်။ အစပိုင်းမှာ နည်းနည်းရှုပ်သွားနိုင်ပေမယ့် သေချာသိသွားရင်တော့ လွယ်သွားပါပြီ။ Box တွေက သူတို့ရဲ့ Power Output ၊ Features ၊ Battery Configuration နဲ့ Size တွေကိုလိုက်ပြီးတော့ စုံရင်စုံသလို ဈေးပိုများသွားတာပါ။
မှတ်ရတာတွေများပြီးတော့ ဘာဝယ်ရမှန်းမသိဖြစ်သွားခဲ့ရင် အောက်ကပုံလေးကို ကြည့်လိုက်ပါ။ အားလုံးရှင်းသွားပါမယ်။

Credit မင်းသုခ (အခရာ)

**e_Raver

22/06/2017

credit Kyaw Zin Thaw

Tank အမျိုး အစားများခွဲခြားခြင်း

ကျွန်တော်တို့ V**e လောက မှာသိပြီးသားတက်ပြီးသားတွေ များနေကျတဲ့ အတွက်
tank အကြောင်းမေးရင် ဟာသတစ်ခုအနေနဲ့
သာထင်မြင်နေကျပါတယ် အစိမ်းသက်သက်
V**e စသုံးမဲ့ သူတွေအတွက် Tank ရွေးချယ်
ရတာတယ် မောလှ ပါတယ် မြင်တာနဲ့သိနိုင်ပေမဲ့
မကိုင်တွယ်ဘူးရင် တကယ် ခက်ခဲလှတဲ့ရွေးချယ်
မူတစ်ခုပါ ။

V**e သုံးဖို့tank(Automizer) ရွေးချယ်ဖို့အတွက်
လက်ရှိ Automizer အမျိုးအစားတွေကတော့

RDA / Rebuild-able Dripping Automizer
RBA / Rebuild-able Automizer
RTA / Rebuild-able Tank Automizer
RDTA/ Rebuild-able Dripping Tank Automizer

RDA (Rebuild-able Dripping Automizer)
Coil ကို ပြန်လည်တပ်ဆင်နိုင်တယ်
e-liquid ကို အစက်ချ ပြီးတော့သာသောက်နိုင်တဲ့
Tank အမျိုးအစားဖြစ်တယ် Coil ဟာ Drip tip
နဲ့အနီးဆုံးဖြစ်ပြီး tank အပေါ်ဘက်မှာ အလွယ်
တကူမြင်တွေ နိုင်တယ် ။

RBA (Rebuild-able Automizer)
Coil ကိုပြန်လည်တပ်ဆင်နိုင်တယ် tank
ရဲ့အတွင်းဘက်မှာ Coil တပ်ဆင်ရပြီး အရည်ထည့်ထားတဲ့ ကန်လေးက ဘေးပါတ်လည်မှာ ချုံထားပါတယ် ။ Drip ချလိုမရနိုင်ပါဘူး Coil
က အောက်ခြေမှာသာရှိနေပြီး အလွယ်တကူ
မမြင်ရနိုင်ပါဘူး ။

RTA (Rebuild-able Automizer)
RBA လိုပဲ အတွင်းအောက်ခြေမှာ ပဲcoil
ရှိနေပြီး Coil လဲလှည်လို့ရနိုင်ပါတယ် ။ အရည်ကန်ကဘေးပါတ်ခြာလည်မှာ ချုံထားပါတယ် ။
သူမှာ Coil ကို ကိုယ်ဘာသာ ပြန်လည်ပါတ်လို့
သူမှာ Coil pre build coil ကိုသာသုံးထားပါတယ်
သူ Company ထုတ် သူ့tank အမျိုးအစားကိုသာ
အသုံးပြု နိုင်ပါတယ် ။

RDTA (Rebuild-able Dripping tank Automizer)
Coil ပြန်လည်တပ်ဆင်လို့ရနိုင်ပြီး
RDA လို tank အပေါ်ဘက်မှာ Coil ရှိနေပြီး
အရည်ကန်က အောက်ခြေမှာမှာ ဂွမ်းစချပြီး
Coil ဆီကို အရည်စုတ်တင်နိုင်တဲ့ အမျိုးအစား
တစ်ခု ပါ ။ Drip ချ လို့လဲ ရနိုင်ပါတယ် ။

Tank တွေကို Company အလိုက်အခေါ်ဝေါ်ကွဲပါတယ် RTDA/ RBA/ RTA ဆိုတာတွေကို tank
ပါသမျှ RTA ဆိုပြီးပေါင်းခေါ်တဲ့ အခေါ်အဝေါ်ရှိပါတယ် ။ RDA ကတော့ ဘယ် company နေနေ
RDA ပဲ သုံးပါတယ် ။

ဒီလောက်ဆိုရင် ကိုယ် စိတ်ကြိုက် Tank အမျိုးအစားတခုခု ရွေးချယ်နိုင်မယ် လို့မျှော်လင့်ပါတယ်

V**e Gallery
Knowledge များကိုအဓိက Sharing လုပ်ရင်း
မိတ်ဆွေတို့အတွက် အံခွင်ခွင်ကျ ဖြစ်စေမဲ့
V**e product တစ်ခုကို ရောင်းပေးနိုင်အောင်
စီစဉ်ထားပါတယ် ။ ဈေးနှုန်းသက်သာ quality
စိတ်ချ ရတဲ့ Products များကိုသာတင်သွင်း
ထားပါတယ် ။ Page 👇👇👇
https://m.facebook.com/V**eGallery.KyawZinThaw/

25/02/2017

ကျွန်တော်အခုရှင်းပြမယ့်ဟာကမသိရင်လွယ်လွယ်လေးပါဘဲဒါပေမယ့်လူတစ်မျိုးစိတ်အသွယ်ဆိုသလိုဘဲ
V**er များတစ်ခါတစ်လေပြုလုပ်မိတယ့်အမှားလေးတွေ
ရှိတတ်ကြမှာပါ

တစ်ခါတစ်လေလည်းသိသိရက်နဲ့စိတ်မကြည်တဲ့အချိန်
တစ်ခါတစ်လေလည်းအမှုမဲ့အမှတ်မဲ့ပြုမှုပြောဆိုမိတာကသူ
များအတွက်အနှောင့်အရှက်ဖြစ်တတ်ပါတယ်

ဒါတွေကိုဒီမှာကြုံကြသလိုဘဲတစ်ခြားနိုင်ငံတွေမှာလဲကြုံကြရပါတယ်
အဲလိုကြုံရာမှအမြင်မတော်တာကိုGovernment မှသော်လည်းကောင်းMedia မှသော်လည်းကောင်းစိတ်ဝင်စားသွားရင်
V**er များအတွက် Outcome မကောင်းနိုင်ပါဘူး

ထို့ကြောင့်အောက်ပါအရေးကြီးအချက်များကို V**er များသတိထားနိုင်စေရန်စေတနာဖြင့်စုစည်းတင်ပြထားပါတယ်

V**e with ethics

1.လူတော်တော်များများသည်ဆေးလိပ်ဘက်မှ Va**ng life style ကိုပြောင်းလာကြသူတွေပါဆေးလိပ်သောက်တဲ့သူတွေကိုမင်းဆေးလိပ်သောက်တုံးဘဲလားV**e ကပိုကောင်းတယ်ဟလို့ပြောနေမယ့်အစားသင့်ကိုသင်သာဆေးလိပ်ပြန်မသောက်ဖြစ်အောင်ကရုစိုက်ပါ

2.ဆေးလိပ်သောက်သူများမှV**e သောက်ရင်ပိုကောင်းလားဟုမေးလျင်သင်သိသလောက်ဖြေကြားပေးပါဒီနေရာမှာကျနော်တို့မြန်မာနိုင်ငံဘဲကြုံတွေ့ရတဲ့ပြသနာမဟုတ်ပါဘူး
America လိုနေရာတွေမှာတောင်လူကြီးတွေဟာ Va**ng နဲ့
Molly နဲ့ လွဲနေကြတုံးပါဘဲဆေးလိပ်ဖျက်ချင်တဲ့သူဆိုစိတ်ရှည်စွာရှင်းပြပါတွဲခေါ်ပါဆေးလိပ်သမားများကိုနှိမ်သလိုမပြောရင်ပိုကောင်းပါတယ်

3.Don't V**e in "No Smoking Area"
ဒါကတော့တစ်ချို့တစ်လေဘဲ သောက်ဖြစ်ကြမှာပါNo Smoking zone ကွငါက V**er ဆိုပြီးသောက်ရင်လဲဘယ်သူမှတော့အတင်းမတားပါဘူးသို့ပေမယ့် Public ထူတဲ့နေရာတွေလူများတဲ့CoffeeShop တွေကလေးတွေ
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဘေးနားထိုင်နေရင်တော့ကိုယ့်ဟာကိုသိပါ
Ni****ne ဟာလူကိုအနည်းနဲ့အများဒုက္ခပေးနိုင်တယ်ဆိုတာမမေ့ပါနဲ့ Ni****ne မပါတောင်အချို့အဆီPropylene glycol,Vegetable glycerinနံ့တွေဟာလူတွေသာမကခွေးလေးတွေမှာပါAllergic Reaction ဖြစ်စေပါတယ်
ဘာမှမသောက်တဲ့သူတွေဟာ Smoker လဲရန်သူ V**er လဲရန်မူမှာပါဘဲဒါကိုသတိထားပါ

4.Accept the situation before va**ng
သင်စားနေတဲ့စားသောက်ဆိုင်သို့မဟုတ်Beerဆိုင်ဆိုပါတော့No Smoking မရေးထားပါဘူးဒါပေမယ့်သင် V**e တဲ့အချိန်မှာဆိုင် Manager က မသောက်ဖို့တားပါတယ်
ဒါကိုသင်ကဟိုမှာဆေးလိပ်တောင်သောက်နေတယ်ဘာလို့ကျနော့ကိုတားတာလဲဆိုပြီးပြောမနေပါနဲ့
စောက်ရူးကိုသီချင်းဆိုခိုင်းသလိုဘဲRhythm မကျတဲ့ကလေးစကားတွေကြားရပါလိမ့်မယ်
အေးဆေးဘဲပြုံးပြီးပြောလိုက်ပါ "ကိစ္စမရှိပါ" လို့

ထိုသို့ပြုလုပ်ခြင်းဖြင့် Anti Vapism တွေMedia Community တွေကို
ကျနော်တို့ V**er များသည်အဆင့်ရှိသောClassical Rank များဖြစ်ကြောင်းပြဖို့လိုအပ်ပါကြောင်း

Credit :RipTrippers Ethics
:rastorvapors.com/ethics/

အင်္ကျီလေးတော့ရပီဦးထုပ်ကျန်သေးတယ်။
03/02/2017

အင်္ကျီလေးတော့ရပီ
ဦးထုပ်ကျန်သေးတယ်။

25/01/2017

Mech Mod (Part 3)

Mech Modတွေ ဘာကြောင့်ပေါက်ကွဲနေတာလဲ?????

ခု မြန်မာပြည်မှာတင်မဟုတ်ဘူး နိုင်ငံတကာမှာ ခေတ်စားနေတာ mech modတွေပေါက်ကွဲတာ။ ဟိုသတင်းမှာ မြင်လိုက်၊ ဒီနေရာမှာ shareလိုက်နဲ့။ ရေးထားလိုက်ကြတာလဲ e-cigတွေက ဆေးလိပ်ထက် အန္တရာယ်များတယ်၊ ပေါက်ကွဲတာ ဘယ်လိုဖြစ်တယ်နဲ့။ ဒီသတင်းတွေအားလုံးမှာ တူညီတာ တချက်က သုံးတဲ့သူက ဘယ်လိုသုံးလဲဆိုတာ မဖော်ပြတာပါ။ တကယ်နားလည်တဲ့ သုံးနေတဲ့သူတွေကတော့ ပေါက်ကွဲထားတဲ့ modနဲ့ atomizerကိုမြင်တာနဲ့ ဘာအကြောင်းကြောင့်ပေါက်ကွဲတယ်ဆိုတာ တန်းသိပါတယ်။ ဒီလိုဖြစ်လာရင် ဖြစ်တာရဲ့ ၉၀%က user errorပါ။ မကျွမ်းကျင် နားမလည်ပဲ safetyတွေကို မသိပဲ သုံးချင်သလိုသုံးပြီး ဖြစ်လာတာပါ။ ဒီမှာ ကျနော် ၂ခုခွဲပြောပါမယ်။ Starter penလေးတွေပေါက်ကွဲတာနဲ့ mech modတွေပေါက်ကွဲတာ။

၁) Starter penလေးတွေ ပေါက်ကွဲတာ...
တချို့သတင်းတွေမှာ ပေါက်ကွဲထားတဲ့ deviceကိုပြရင် CE4တို့ evodတို့လို starter penလေးတွေပါ။ ဒါလေးတွေက ဘာကြောင့် ပေါက်ကွဲရလဲ??? အဖြေကတော့ သူ့ပစ္စည်းနဲ့သူ သူ့နေရာနဲ့သူ မသုံးလို့ပါ။ သတင်းတွေမှာ သေချာပြန်ကြည့်ကြည့်ပါ။ ဒီလို starter penလေးတွေဖြစ်လိုက်ရင် ကားပေါ်မှာများပါတယ်။ကားပေါ်မှာ အားသွင်းရင်း လောင်တယ်၊ ကားပေါ်မှာ အားသွင်းရင်း သုံးလို့ ပေါက်တယ်။ ဒါမျိုးတွေများပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက နားမလည်တာ တခုက USBခေါင်းမြင်ရင် အကုန်အတူတူထင်ပါတယ်။ အဲတော့ ဖုန်းအားသွင်းလည်း ဒီ USB charger၊ ဒီ penလေးတွေ အားသွင်းလည်း ဒီ USB charger။စဉ်းစားကြည့်ပါ။ ဖုန်းတလုံးအားသွင်းဖို့တွက် လိုတဲ့ampနဲ့ ဒီpenလေးတွေအားသွင်းဖို့ လိုတဲ့ ampတူနိုင်ပါ့မလား။ တူနေရင် ဘယ် manufacturerမှ အလုပ်ရှုပ်ခံပြီး electrical specificationတွေ ရေးနေမှာမဟုတ်ပါဘူး။ USBပေါက်တခုပဲ တပ်ပေးလိုက်မှာပေါ့။ ဖုန်းတွေမှာတောင် 1amp charger, 2amp chargerကွဲပြားပါတယ်။ အထင်ရှားဆုံး ဥပမာက appleမှာ iphone 6တို့ 6+တို့ထွက်တော့ တချို့တွေက ပြောကြတယ်။ ipad chargerနဲ့ အားသွင်းရင် အားအမြန်ပြည့်တယ်ဆိုပြီး။ ဟုတ်ပါတယ် ပြည့်မှာပေါ့ ipad chargerက 2.1ampဖြစ်ပြီး iphone chargerက 2ampမပြည့်ပါဘူး။ ရေပုံးကို ရိုးရိုးပိုက်နဲ့မဖြည့်ပဲ မီးသတ်ပိုက်နဲ့ဖြည့်သလိုပေါ့။ ဒီသဘောအတိုင်းပဲ ကားပေါ်မှာသုံးတဲ့ USB chargerတွေမှာ ထွက်တဲ့ampနဲ့ ဒီpenလေးတွေကို chargeလုပ်ဖို့ amp ကွာပါတယ်။ ဒီတော့ သူ့လိုအပ်တာထက်ပိုများတဲ့ ampနဲ့သွင်းတော့ ရေရှည်မှာ batteryက ခံနိုင်ရည်မရှိတော့ ထပေါက်ပါတယ်။ ဒါတွေက ချက်ချင်းမဖြစ်ပါဘူး။ ရေရှည်ကြာလာတော့မှဖြစ်တာပါ။ နောက်ပြီး သူ့ကြိုးနဲ့သူ အားသွင်းရပါတယ်။ USBကြိုးချင်းတူတာပဲဆိုပြီ တွေ့ရာကြိုးနဲ့ သွင်းလို့မရပါဘူး။ သူ့ကြိုးနဲ့သူသွင်းရပါတယ်။ နောက်တခုက အားသွင်းရင်း သုံးတာ။ တချို့modတွေက အားသွင်းရင်းသုံးလို့ရပါတယ်။ ဒါကို pass-through chargingလို့ခေါ်ပါတယ်။ ဒါပေမဲ့ modတိုင်း penတိုင်း မရပါဘူး။ ဒီတော့ အားသွင်းရင်း သွားသုံးမိရင် အခန့်မသင့်ရင် ထပေါက်ပါရော။ ဖြစ်နိုင်ရင် အိမ်မှာပဲ သူ့ပါတဲ့ကြိုး၊ ပါတဲ့ခေါင်းနဲ့သွင်းပါ။ ပျက်သွားရင် သူ့brandနဲ့သူ specချင်းတူတဲ့ recommended chargerပဲသုံးပါ။ ကားပေါ်မှာ အားမသွင်းပါနဲ့။ အားသွင်းရင်း မသုံးပါနဲ့။Built-inပါတဲ့ batteryတွေက Li-Po batteryတွေများလို့ ဖြစ်လိုက်ရင် တခြားbatteryတွေထက်ပိုပြင်းထန်ပါတယ်။ ဒါတွေသိထားမယ် လိုက်နာမယ်ဆို တော်တော်အန္တရာယ်ကင်းသွားပါပြီ။

၂) Mech modတွေ ပေါက်ကွဲတာ

Starter penတွေမဟုတ်ပဲ mech modတွေပေါက်ကွဲတာက hard shortဖြစ်ပြီး thermal runawayဖြစ်လို့ပါ။ ပုံမှန်မှာ ကျနော်တို့သုံးနေတဲ့ unprotected imr အမျိုးအစား batteryတွေက အန္တရာယ်ကင်းပါတယ်။ မကောင်းတဲ့ batteryဖြစ်ဖို့က အလုံးတစ်သန်းမှာ တစ်လုံးလောက်ပါ။ တော်ရုံလောက်ဆို အထဲက safety discလေးလောင်ပြီး အငွေ့နည်းနည်းလောက်ထွက် အရည်ယိုပြီး ဆက်သုံးလို့မရတာလောက်ပဲဖြစ်ပါတယ်။ ဒါကြောင့်လဲ V**eအတွက် ဒီလိုbatteryမျိုးကိုပဲ ရွေးသုံးကြတာပါ။ ခုလိုပေါက်ကွဲတဲ့အထိဖြစ်လာတာဟာ hard shortဖြစ်လို့ အပူနဲ့ gasတွေ ventဖြစ်ပြီး ဖိအားများလာရင် ထွက်စရာအပေါက်မရှိတဲ့အခါ ပေါက်ကွဲထွက်လာတာပါ။ ဒါကို thermal runawayလို့လဲခေါ်ပါတယ်။ ဘယ်လိုဆို hard shortဖြစ်လဲဆိုတော့ batteryက ampအများကြီးဆွဲတဲ့အခါ လိုအပ်တဲ့ ampကိုမထုတ်ပေးနိုင်ရင်၊ batteryရဲ့ (+) နဲ့ (-)တို့ တိုက်ရိုက်ထိတွေ့ရင် hard shortဖြစ်ပါတယ်။ ဒါကြောင့် 510 pinတိုတဲ့ atomizerတွေ၊ sub ohm tankတွေကို hybrid modတွေမှာ မသုံးခိုင်းတာပါ။ နောက်ပြီး batteryတွေကို အလွတ် အိတ်ထဲထည့်သယ်ရင် တခြားသတ္တုအရာဝတ္ထုတခုခုကြောင့် (+)နဲ့ (-)တို့ တိုက်ရိုက်ထိမိပြီး hard shortဖြစ်ပါတယ်။ နောက်တခုက batteryတွေရဲ့ (+) ခေါင်းနားမှာ အကာအကွယ်ပြဲနေတာ၊ batteryရဲ့ အပြင်ကာဗာပြဲနေတာတွေဖြစ်နေရင် hard shortဖြစ်တတ်လို့ပါ။ Batteryတွေက ampများများဆွဲရင်လဲ ကြာလာရင် batteryရဲ့ qualityကျလာပြီး thermal runawayဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်သုံးရင် batteryရဲ့ amp ratingအပြည့်မသုံး ၂၅%လောက် လျော့ပြီးသုံးသင့်သလို ၆လလောက်ဆို အသစ်တလုံးလဲသင့်ပါတယ်။ နိုင်ငံခြားက ပြိုင်ပွဲတွေမှာ batteryရဲ့ amp ratingအပြည့် သို့မဟုတ် ကျော်ပြီး သုံးကြပေမဲ့ သူတို့က ပြိုင်ပွဲပြီးတာနဲ့ အဲ့ဒီbatteryကို လွှင့်ပစ်လိုက်တာပါ။ ဒါကို မသိတဲ့သူတွေက competition styleနဲ့ နေ့တိုင်းသုံးနေရင်တော့ တချိန်ချိန်မှာတော့ thermal runaway ဖြစ်လာမှာပါ။ ချက်ခြင်းမဟုတ်ပေမဲ့ ရေရှည်သုံးနေရင်ဖြစ်လာမှာပါ။ ဖြစ်နိုင်ရင် batteryတွေရဲ့ chemistry, constructionနဲ့ safetyတွေကို လေ့လာပါ။ လိုက်နာပါ။ နောက်ဆုံးတခုကတော့ regulatedဖြစ်ဖြစ် unregulated ဖြစ်ဖြစ် modတွေမှာ protected batteryတွေ မသုံးပါနဲ့။ ဒီbatteryတွေက protection chipက ကျနော်တို့ v**eတွေမှာလိုအပ်တဲ့ high drain ampကို လိုက်မမှီပါဘူး။ ဟိုတလောက ဂရုထဲမှာ တယောင်တင်ထားတာတွေ့လို့ပါ။ လုံးဝမသုံးသင့်ပါဘူး။

ကျနော့အနေနဲ့ နောက်ဆုံးပိတ်ပြောရမယ်ဆို userတွေအနေနဲ့ mech modသုံးမယ်ဆို လေ့လာပါ။ safetyတွေကို လိုက်နာပါ။ အရဲမစွန့်ပါနဲ့။ မဖြစ်သေးရင် မဖြစ်ပါဘူး။ ဖြစ်ပြီဆိုရင်လဲ ဆိုးဆိုးရွားရွားနဲ့ ခံရမှာ ကိုယ်ပါ။ မိမိရဲ့ အပျော်တခုကြောင့် မိမိကိုယ်တိုင်ရော အခြာuးserတွေပါ နာမည်ပျက်အောင်၊ ဒုက္ခရောက်အောင်မလုပ်ပာနဲ့။ လူအများ အမြင်မှာ မကောင်းမြင်စရာမဖြစ်ဖို့ သတိထားသုံးကြပါ။ အခု ဒီမှာ regulationတွေ ဘာမှ မရှိသေးပေမဲ့ တခုခုဆိုးဆိုးရွားရွားဖြစ်လာမယ်ဆို အားလုံး အခက်ကြုံရမှာပါ။ ဆိုင်တွေအနေနဲ့လဲ စီးပွားရေးတခုထဲကြည့်ပြီး မရောင်းပါနဲ့ဗျာ။ မိမိကိုယ်တိုင်လဲ လေ့လာပါ။ မကျွမ်းကျင်ရင် မသုံးသင့်ကြောင်းဖျောင်းဖျပေးပါ။ တခြား အစားထိုးတခုခုကိုညွှန်ပေးပါ။ Mech modမသုံးရလို့ ဘာမှမဖြစ်ပေမဲ့ မကျွမ်းကျင်ပဲသုံးလို့ တခုခုဖြစ်မယ်ဆို ဘယ်သူ့အတွက်မှ မကောင်းပါဘူးဗျာ။ Mech modဆိုတာ ကြောက်စရာကြီးတခုမဟုတ်သလို သုံးရလို့လဲ ဆရာမဖြစ်ပါဘူးဗျာ။ နှစ်သက်ရင် လေ့လာပါ။ သုံးပါ။ safetyတွေကိုတော့ လိုက်နာပါ။ လိုအပ်တာ ကျန်ခဲ့တာတွေရှိရင် ကျန်တဲ့ ညီကိုတွေဖြည့်စွက်ပေးကြပါဗျာ။

မှတ်ချက်။ ။ ဒီပို့စ်ရေးရတာ ကျနော့်အတွက် အရမ်းခက်ခဲပါတယ်။ ကျနော်က regulated modတွေပဲ ကြိုက်တော့ unregulatedတွေကို မကောင်းတဲ့အမြင်၊ မကောင်းတဲ့သဘောမဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားရေးရတာပါ။ Unregulated userတွေအနေနဲ့ တမျိုးမမြင်စေချင်ပါ။ မှားနေတာ၊လွဲနေတာရှိရင် ဖြည့်စွက်ပေးပါ။


Copyright © 2017 [Romeo Aung]. All Rights Reserved.

24/01/2017

copy ယူပီးပြန်တင်ပေးတာပါ ...

Mech Mods & Variable Voltage/Wattage Mods

V**eကို စသုံးချိန်မှာ အားလုံးနီးပါးက starter kitလေးတွေနဲ့ စခဲ့ကြတာများပါတယ်။ အားမရတော့လို့ဖြစ်ဖြစ် အငွေ့တွေအများကြီးထွက်တာမြင်ပြီး အားကျလို့ဖြစ်ဖြစ် တဆင့်တက်ပြီးသုံးတော့မယ်ဆို စတွေ့ပါပြီ။ Mech mod( mechanical mod) တွေ VV/VW mod(Variable Voltage/Wattage mod)တွေ။ အဲမှာစပြီး တိုင်ပတ်ပါတော့တယ်။ ဘာကို mech mod၊ VV/VWလို့ခေါ်လဲ၊ အဲ့ ၂ခုက ဘာတွေကွာလို့ ဘာအားသာချက်တွေရှိလဲ၊ ကိုယ်နဲ့ ဘယ်ဟာအဆင်ပြေမလဲ စသဖြင့် ရွေးစရာ စဉ်းစားစရာတွေ များလာပါတယ်။ ဒီပို့စ်လေးက အဲလိုရွေးချယ်စရာကြုံလာရင် အကူအညီရဖို့ ကျနော် နားလည်သလောက်ရှဲပေးတာပါ။

Mechanical mod (Mech mod)

Mech modဆိုတာကို မစခင် V**e historyလေး နဲနဲပြောချင်ပါတယ်။ ခုလို V**e ပစ္စည်းတွေ မပေါ်ခင် စစချင်းအချိန်က E-cigarretလို့ခေါ်တဲ့ ဆေးလိပ်ပုံစံတူထုတ်ထားတဲ့ vaporizerတွေနဲ့ အားမရတော့ ကိုယ်ဟာကိုယ် ထွင်သုံးခဲ့ကြတယ်။ ခုသုံးနေတဲ့ 18650တို့ 26650တို့ စတဲ့ batteryတွေဟာ laptop battery packတွေလုပ်ရင် သုံးတဲ့ batteryတွေပါ။ နောက်တော့ လက်နှိပ် ဓာတ်မီးတွေမှာလဲ သုံးပါတယ်။ အဲတော့ အဲ့အချိန်က V**erတွေက 18650တို့ 26650တို့ သုံးတဲ့ ဓာတ်မီးတွေကို Cartomizer (အဲအချိန်က သုံးခဲ့တဲ atomizerတမျိုးပါ) တွေနဲ့ သုံးလို့ရအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွင်သုံးခဲ့တယ်။ ဘာအကျိုးရှိလဲဆိုတော့ batteryရေရှည်ခံပြီး batteryရဲ့အား 4.2Vနီးပါးရလို့ပါ။ အဲတာ mech modတွေရဲ့အစပါပဲ။

ဘာလို့ mechanical modလို့ခေါ်လဲဆိုတော့ အထဲမှာ wireတို့ chipတို့ တခုမှ မပါပဲ atomizerနဲ့ batteryကို metal connectorတွေနဲ့ပဲ လျှပ်ကူးစေပြီး အလုပ်လုပ်လို့ပါ။ Mech modတခုမှာ battery tube/boxတခုနဲ့ ထိပ်တဖက်မှာ (+)pinနဲ့ နောက်တဖက်မှာ ခလုပ်အနေနဲ့ (-) pinတခုပဲ ပါပါတယ်။ ကျနော်လဲ electrical သမားမဟုတ်တော့ အသေးစိတ်တော့ ရှင်းမပြတတ်ပါဘူး။ သူ့အလုပ်လုပ်ပုံကတော့ ခလုပ်နှိပ်လိုက်ချိန်မှာ (-) pinက batteryရဲ့ (-)ဘက်ကို သွားထောက်ပြီး mod bodyကတဆင့် လျှပ်စီးပတ်လမ်း complete ဖြစ်ပြီး atomizerက coilက စပြီး အလုပ်လုပ်ပါတယ်။

Mech modက ဘာတွေကောင်းလို့လဲလို့ မေးရင် -

1) သုံးတဲ့ သတ္တုပေါ်မူတည်ပြီး voltage dropနည်းပါတယ်။ (Copperက လျှပ်ကူးအား အကောင်းဆုံးဆိုတော့ copper modတွေကို လူကြိုက်များပါတယ်။)

2) ခုလို 100W 200W စသဖြင့် watt များများထုတ်နိုင်တဲ့ VV/VW modတွေ မပေါ်ခင်က အဲလို 100/200စသဖြင့် high wattageနဲ့ သောက်လို့ရစေပါတယ်။ ( ဥပမာ - 0.13ohm coilကို voltage drop 0.2ရှိတဲ့ mech modမှာ တပ်သောက်ရင် အားအပြည့်ရှိချိန်မှာ 120Wထွက်ပါတယ်) Cloud chaserတွေ အကြိုက်ပေါ့ဗျာ။

3) အသုံးပြုရတာ ရှင်းပါတယ်။ Battery ထည့်ပြီး ခလုပ်နှိပ်သောက်ရုံပါပဲ။ ဘာsettingမှ ချိန်နေစရာမလိုပါဘူး။

4) Battery size 3ခုမှာ ကြိုက်တဲ့ battery sizeထည့်သုံးလို့ရနိုင်ပါတယ်။ (18350, 18450/18500, 18650 စသဖြင့်ပါ။)

ဘာတွေ သတိထားရမလဲဆိုတော့ -

1) Battery ပါ။ စောစောကပြောသလို 0.13ohm coilကို သောက်မယ်ဆို 120Wထွက်ပေမဲ့ ampက 30ampရှိနေပါတယ်။ အဲတော့ 30ampနိုင်တဲ့ batteryကို ရွေးတတ်မှ ရမှာပါ။ တကယ်လို့ batteryက မနိုင်ရင် battery ventingဖြစ်ပြီး ထပေါက်တတ်ပါတယ်။ အဲအခါမှာ အသက်အန္တရာယ်ရှိသည်အထိ ဖြစ်လာနိုင်ပါတယ်။ Mech modတွေ သုံးမယ်ဆို Mah ratingများတာ (2200, 2500စသဖြင့်)အစား amp rating မြင့်တာကိုသာရွေးသုံးသင့်ပါတယ်။ ဥပမာ- efestက ဘက်ထရီတမျိုးဟာ 2500mahရှိပေမဲ့ 10amp limitဖြစ်ပေမဲ့ AW batteryက 1100mahပဲရှိပေမဲ့ 20ampရှိပါတယ်။ စိတ်ချရတဲ့ batteryတွေက Sonyဆို VTC4, VTC5၊ samsung 25R၊ LGဆို He2, HE4 တွေ အသုံးများပါတယ်၊ တခြား 35amp batteryတွေရှိပေမဲ့ သိပ်မသေချာပါဘူး။ နောက်တော့ batteryမှာ IMRလို့ခေါ်တဲ့ အမျိုးအစားပဲ သုံးသင့်ပါတယ်။ နောက်ပိုင်းမှာ ICRအမျိုးအစားတွေ ရှိလာနေပေမဲ့ lithiumအမျိုးအစားတော့ လုံးဝမသုံးသင့်ပါဘူး။

2) သန့်ရှင်းရေး။ Mech modတွေက bodyကနေတဆင့် လျှပ်စစ်စီးတာဖြစ်လို့ ညစ်ပေနေရင် အညှိတက်တာများနေရင် Voltage dropများလာပါတယ်။ နောက်ပြီး ခလုပ်မှာshortရှိနေပြီး ခလုပ်ပူလာတာဖြစ်နိုင်ပါတယ်။ အထူးသဖြင့် brass, copper modတွေက patinaလို့ခေါ်တဲ့ အညှိတက်တာမြန်လို့ သန့်ရှင်းရေး မှန်မှန်လုပ်ပေးရပါတယ်၊ တချို့တွေကျတော့ အဲလို အညှိတက်နေတဲ့ အဟောင်းပုံကိုကြိုက်တတ်ကြတော့ bodyကို ဒီအတိုင်းထားပြီး အရစ်နဲ့ အထဲက contactတွေကိုတော့ ပြောင်နေအောင် သန့်ရှင်းရေးလုပ်ပေးရပါမယ်။

3) လွတ်ကျတာ။ Mech modတွေက အထဲမှာ batteryကို တိုက်ရိုက်contactလုပ်တော့ လွတ်ကျခဲ့ရင် (အထူးသဖြင့် ခလုပ်တည့်တည့်ကျလို့ ခလုပ်က batteryကို ဆောင့်ထိုးမိရင်) အန္တရာယ်ရှိပါတယ်။

နောက်ဆုံးတခုက mech modတွေမှာ battery အားကုန်လာတာနဲ့ အမျှ သောက်ရတာ အားပျော့လာမှာပါ။ ဥပမာ- 0.5ohm coilကို အားသွင်းပြီးစ 4.2Vအပြည့်ရှိတဲ့ batteryနဲ့သောက်ရင် 35.5Wလောက်နဲ့ သောက်ရသလိုဖြစ်ပေမဲ့ သုံးတာကြာလို့ အားကုန်လာရင် 3.6Vပဲရှိတော့မယ်ဆို 26Wလောက်နဲ့ သောက်ရသလိုဖြစ်လာမှာပါ။

Variable Voltage/ Wattage mods

Variable voltage/wattageဆိုတာ တကယ်တော့ အထူးအဆန်းမဟုတ်ပါဘူး။ ကျနော်တို့စသုံးခဲ့တဲ့ starter kitတွေဟာလည်း ဒီအမျိုးအစားထဲ အကျုံးဝင်ပါတယ်။ ကျနော်တို့ e-go twistတို့၊ vision spinnerတို့လို Voltအတိုးအလျော့ လုပ်လို့ရတာကိုပြောတာပါ။ တချို့ modတွေက Volt သို့မဟုတ် Wattတခုကိုပဲ ချိန်လို့ရပေမဲ့ တချို့ modတွေက ၂ခုလုံးကိုချိန်လို့ရပါတယ်။ ဒါပေမဲ့ Voltကို ချိန်မယ်ဆို Wattက သူ့အလိုလိုရွေးပေးပြီး Wattကို ချိန်မယ်ဆို Voltကို သူ့အလိုလိုရွေးပေးမှာပါ။ ဥပမာ- 1.8ohm ရှိတဲ့ clearomizer တခုကို 4.5Vနဲ့ သောက်မယ်ဆို တကယ်က 1.8ohmကို 11.5Wနဲ့ သောက်တာနဲ့ အတူတူပါပဲ။ ကိုယ်က voltနဲ့ပဲ ချိန်သောက်သောက် wattနဲ့ပဲ ချိန်သောက်သောက် ဒီသဘောတရားပါပဲ။ အတူတူပါပဲ။ VV/VW modတွေက batteryနဲ့ atomizerကြားမှာ wireနဲ့ ချိတ်ပေးပြီး computer chipလေးက powerကို အတိုးအလျော့ ချိန်ပေးပါတယ်။

VV/VW modတွေရဲ့ အားသာချက်က mech modတွေလို အားမပျော့သွားပဲ batteryကုန်တဲ့အထိ မိမိထားတဲ့ volt သို့မဟုတ် wattကို တသမတ်တည်း ရရှိမှာပါ။ နောက်ပြီး အခုနောက်ပိုင်း VV/VW modတွေက protection တွေများလာပါတယ်။ low voltage protection, reverse battery protection, low ohm protection, high ohn protection, temperature protection အစရှိသဖြင့် အမှားကင်းအောင် အကာအကွယ်တွေများလာပါတယ်။ ခုဆို DNA40တို့လို temperature controlလုပ်လို့ရတဲ့ chipတွေပါ ရှိနေပါပြီ။ နောက်ပြီး ခုဆို cloud chaserတွေအနေနဲ့လဲ 150W 200W 250Wစတဲ့ high wattage modတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရနေပါပြီ။ နောက်တခုက VV/VW modတွေက voltကို batteryရှိတဲ့ 4.2Vထက်ပိုပြီး 7V 8Vလောက်ထိ step upလုပ်ပေးနိုင်သလို 3.2V လောက်ထိလဲ step downလုပ်ပေးနိုင်ပါတယ်။ ဈေးသက်သာတဲ့ modတွေကတော့ true step up or step down မလုပ်ပဲ pulse with modulationဆိုတဲ့နည်းနဲ့ လုပ်ပေးပါတယ်။

VV/VW modတွေရဲ့ အားနည်းချက်ကတော့ chipအလိုက် အနည်းဆုံးနဲ့ အများဆုံးသောက်လို့ရမည့် ohm သတ်မှတ်ချက်တွေရှိတာပါပဲ။ သတ်မှတ်ထားတဲ့ resistanceထက် ပိုပြီးလျော့ပြီး သောက်မရပါဘူး။ နောက်ပြီး Voltကို batteryရှိရင်းစွဲထက် ပိုပြီး လျှော့ပြီးအလုပ်လုပ်လို့ ampပိုတက်ပါတယ်။ အဲတော့ 30/35amp batteryတွေကလွဲရင် စိတ်မချရပါဘူး။ နောက် batteryကို (+/-)မှန်အောင် ထည့်ပေးရပါတယ်။ မဟုတ်ရင် အထဲက chipလောင်ပြီး သုံးမရတော့တာဖြစ်တတ်ပါတယ်။

သာမန်သုံးသူတွေအနေနဲ့ကတော့ 20-50W modတွေထက်ပိုပြီး မလိုတတ်ပါဘူး။ ခုနောက်ပိုင်းကတော့ mech modတွေကို ကြိုက်လို့ သုံးနေသူတွေကလွဲရင် တော်တော်များများက VV/VW modတွေပဲ သုံးကြတာများပါတယ်။ ခုဆို tube modတွေထက် box modတွေက ပိုခေတ်စားလာကြပါပြီ။

တကယ်လို့များ လိုနေတာ၊ကျန်ခဲ့တာ၊ မှားနေတာများရှိရင် ကျန်တဲ့ ညီကိုတွေက အားဖြည့်ပေးပါဦးဗျာ။

မူရင်းရေးတဲ့အကို Credit ပါ။အားလုံး မင်္ဂလာပါဗျ။ ဒီဂရုနဲ့ အလှမ်းဝေးနေတာကြာလို့ မသိသေးတဲ့သူတွေရှိရင် ပထမဆုံး ကျနော့်ကိုယ်ကျေ...
20/01/2017

မူရင်းရေးတဲ့အကို Credit ပါ။

အားလုံး မင်္ဂလာပါဗျ။ ဒီဂရုနဲ့ အလှမ်းဝေးနေတာကြာလို့ မသိသေးတဲ့သူတွေရှိရင် ပထမဆုံး ကျနော့်ကိုယ်ကျနော် မိတ်ဆက်ပါရစေ။ ကျနော်က ဒီဂရုစထောင်ခဲ့တဲ့အချိန်တုန်းက ဒီလိုပဲ postတွေ ရေးခဲ့ဖူးပါတယ်။ လူဟောင်းတွေထဲကတော့ မှတ်မိဦးမယ် ထင်ပါတယ်။ကျနော်က ဒီလို postတွေတင်တယ်ဆိုတာ တချို့တွေက ဆိုင်မှာဝယ်လာပြီးမှ မသုံးတတ်လို့ အဆင်မပြေတာတွေရှိရင် သုံးလို့အဆင်ပြေစေချင်လို့ပါ... နောက်ပြီး ပထမဆုံးစသုံးချိန်မှာ ကိုယ်နဲ့သင့်တော်တာကို ရွေးချယ်တတ်စေချင်လို့ပါ.. ဥပမာ ခုမှ ဆေးလိပ်စဖြတ်မဲ့ သူတယောက်က ပိုက်ဆံတတ်နိုင်လို့ ဈေးကြီးကြီး နောက်ဆုံးပေါ် set upတခုဝယ်တာထက်စာရင် starter kitနဲ့ juiceကောင်းကောင်း တစုံကသူ့အတွက်ပိုပြိး အကျိုးရှိမှာပါ.. ဒီ postဟာ v**eကို ခုမှ စသုံးမည့်သူတွေအတွက် လုံးဝ အခြေခံ အချက်လေးတွေ သိထားသင့်တာလေးတွေပါ။

နောက်ပြိး တခုလောက်ကြိုပြီး မေတ္တာရပ်ခံပါရစေ.. ဒီအကောင့်က ကျနော့်ရဲ့ personalအကောင့် မဟုတ်ဘဲ ဒီဂရုနဲ့ v**erတွေအတွက် သီးသန့်သုံးတဲ့ အကောင့်မို့ တော်ရုံ မဝင်ဖြစ် မသုံးဖြစ်ပါဘူး။ တကယ်လို့များ cbမှာ မေးထားတာတွေ ချက်ခြင်းပြန်မဖြေနိုင်ရင် စိတ်မရှိကြပါနဲ့။ ကျနော် မြင်ရင် ချက်ခြင်းပြန်ဖြေပေးမှာပါ။ ကျတော့်ကို မမေးလဲ ဂရုထဲမှာ မေးရင် အခြား adminနဲ့ memberတွေထဲက နားလည်တတ်ကျွမ်းသူတွေ အဆင်သင့်သလို ဖြေပေးသွားကြမှာပါ။

V**eဆိုတာ ဘာလဲ???

V**eဆိုတာရဲ့ အခြေခံလေးကို စပြောချင်ပါတယ်။ V**eဆိုတာ ဆေးလိပ်အစားထိုး Ni****neကို ရယူနိုင်တဲ့ စနစ်တခုပါ။ ဆေးလိပ်တွေလိုမျိုး ဆေးရွက်၊စက္ကူ စတာတွေ လောင်ကျွမ်းပြီးမှ အငွေ့ထွက်တာမဟုတ်တဲ့အတွက် ဆေးလိပ်ထက် အန္တရာယ်ကင်းပါတယ်။

V**eမှာ အငွေ့ထွက်ဖို့ အခြေခံ ၃ခု လိုပါတယ်။ Battery၊ mod နဲ့ atomizerပါ။ Batteryကတော့ရှင်းပါတယ်၊ ပါဝါပေးဖို့ပါ။V**eမှာ သုံးတဲ့ batteryတွေက အားအပြည့်သွင်းထားရင် 4.2ဗို့ ရှိပါတယ်။ သုံးရင်းနဲ့ အားလျော့လာပြီး 3.6Vလောက်ဆို သိသိသာသာအားပျော့လာပါတယ်။ ဒီချိန်မှာ အားပြန်သွင်းပေးဖို့လိုပါတယ်။ 3.2Vအောက်ရောက်သွားမယ်ဆို batteryပျက်တတ်ပါတယ်။

Modဆိုတာကတော့ batteryက ပါဝါကို atomizerကို ပို့ပေးဖို့ပါ။ ဒီနေရာမှာ regulated နဲ့ unregulatedဆိုပြီး ၂မျိုးရှိပါတယ်။ Regulatedဆိုတာက chipကိုသုံးပြီး ပါဝါကို အတိုးအလျော့ လုပ်လို့ရပြီး မိမိနှစ်သက်ရာ အနေအထားကို ချိန်သုံးလို့ရပါတယ်။ Safety circuitတွေပါလို့ အန္တရာယ်ကင်းပါတယ်။ အရင်က regulatedတွေက 10-15wattလောက်ပဲ သုံးလို့ရလို့ unregulatedတွေကို အဓိကထားသုံးကြပေမဲ့ အခုတော့ regulatedမှာ Watt200လောက်ထိကို ဈေးသက်သက်သာသာနဲ့ ရနိုင်လာပါပြီ။ Unregulatedဆိုတာကတော့ batteryမှာရှိတဲ့ ပါဝါကို တိုက်ရိုက်ထုတ်ပေးတာပါ။ Mechanical mod သို့မဟုတ် Mech modလို့လဲခေါ်ပါတယ်။ Batteryက 4.2ဗို့ရှိရင် 4.2ထုတ်ပေးပြီး 3.8ပဲရှိရင် 3.8ဗို့ပဲထုတ်ပေးပါတယ်။ Safety circuitတွေမရှိလို့ အန္တရာယ်များပါတယ်။ Unregulatedတွေက သူ့မှာ တပ်ထားတဲ့ atomizer ရဲ့ resistance ပေါ်မူတည်ပြီး အလုပ်လုပ်လို့ unregulatedတွေသုံးမယ်ဆို Ohms lawကို ကျွမ်းကျင်နားလည်ဖို့ အရမ်းအရေးကြီးပါတယ်။ ဥပမာ - batteryက 4.2Vအပြည့်ရှိချိန်မှာ 0.8ohmရှိတဲ့ atomizerကိုတပ်သုံးမယ်ဆို 21.5W ရှိပြီး 0.2ohm atomizerဆိုရင်တော့ 87Wရှိပါမယ်။ ကိုယ်သုံးတဲ့ resistanceပေါ်မူတည်ပြီး ပါဝာအနည်းအများပြောင်းသွားလို့ resistanceကို အထူးသတိထား အသုံးပြုသင့်ပါတယ်။

နောက်တခုကတော့ atomizerပါပဲ။ Atomizer ဆိုတာကတော့ e-juiceအရည်ကို အငွေ့ဖြစ်အောင် ပြောင်းပေးမည့်အရာပါပဲ။ Atomizerတွေမှာ rebuildable နဲ့ non rebuildableဆိုပြီး ကွဲပြားပါသေးတယ်။RTA၊RDTA၊ RDA၊ GENESIS စတာတွေအကုန်လုံးက အထဲက coilနဲ့ ဂွမ်းက ကိုယ့်ဟာကိုယ် တပ်ရ၊ လဲရမှာပါ။ ဒီလိုမျိုး ကိုယ့်ဟာကိုယ် ပြန်လုပ်ရတာကို rebuildable atomizer လို့ခေါ်ပါတယ်။RTAဆိုတာကတော့ rebuildable tank atomizerပါ။ သူက အပေါ်မှာ Tankပါပါတယ်။ Genesisကတော့ Tankက အောက်ဖက်မှာ ဖြစ်ပြီး ထူးခြားတာက wicking material အနေနဲ့ stainless steel meshကို သုံးရပါတယ်။မြင်လွယ်အောင်ပြောရရင် အရင်တုန်းက ရေနံဆီမီးခွက်တွေလို သဘောပေါ့။ RDAဆိုတာကတော့ rebuildable dripping atomizerပါ။ သူက တခါသောက်မယ်ဆို အစက်ချပြီးသောက်ရတာပါ။ Non rebuildable ဆိုတာကတော့ coilခေါင်းလေးတွေလဲပြီး သုံးရတာပါ။ ကိုယ့်ဟာကိုယ် coilပြန်ပတ်၊ ဂွမ်းပြန်လဲပြီး သုံးလို့မရပါ။ Sub ohm tank သို့မဟုတ် clearomizerလို့လဲခေါ်ပါသေးတယ်။

နောက်ပြီး ကျနော်တို့ အသုံးပြုနေတာတွေက PVလို့ခေါ်တဲ့ Personal Vaporizer တွေပါ။ E-cigarretတွေမဟုတ်ပါဘူး။ ဒီ၂ခု မတူပါဘူး။ E-cigarretဆိုတာ ဟိုးအရင်ကတော့ ဆေးလိပ်လိုပုံစံလေးတွေနဲ့ထွက်ပြီး ခုနောက်ပိုင်းတော့ ရိုးရိုး တခါသုံးတွေအနေနဲ့ထွက်ပါတယ်။Close systemတွေပါ။ သူက batteryရော ဆေးရည်ပါ တခါတည်းပါပြီး ပြန်ဖြည့်လို့မရသလို လဲသုံးလို့လဲမရပါ။ ကုန်ရင်လွှင့်ပစ်လိုက်ရုံပါပဲ။ အဲတာတွေက တကယ်ဆေးလိပ်မပြတ်ပါဘူး။ အရသာလဲ အလွန်ဆိုးပြီး တခါသုံးမိရင် ဆေးလိပ်ဘက်ပဲ ပြန်လှည့်သွားမိမှာပါ။ များသောအားဖြင့် ဆေးလိပ်ထုတ်တဲ့ ကုမ္ပဏီတွေကထုတ်တာများပြီး ဟိုမှာတော့ ဓါတ်ဆီဆိုင်လိုနေရာတွေမှာ အလွယ်တကူဝယ်လို့ရနိုင်ပါတယ်။

ကျနော်တို့ခုလက်ရှိအသုံးပြုနေတာ open systemပါ။ မိမိတို့စိတ်ကြိုက် e-liquidသုံးနိုင် ပြန်ဖြည့်နိုင်ပြီး မိမိတို့နှစ်သက်ရာ modတွေနဲ့ တွဲသုံးနိုင်ပါတယ်။ ဒီလိုမျိုး ကိုယ်ကြိုက်သလို ပြောင်းနိုင် သုံးနိုင်လို့ အန္တရာယ်ဖြစ်ဖို့ riskများတဲ့အတွက် FDA approve ဖြစ်တဲ့ v**e equipment မရှိသေးပါဘူး။ ခုတော့ e-liquidကော deviceတွေပါ FDA approveဖြစ်ဖို့လိုလာပြီး စလုပ်နေကြပါပြီ။ ဒါပေမဲ့ ခုလက်ရှိဈေးကွက်ထဲမှာ FDA approveဖြစ်တဲ့ device or liquidဆိုရင် လိမ်တာပဲဖြစ်ဖို့များပါတယ်။ နောက်ပိုင်းမှာတော့ FDA approve e-liquid & deviceတွေ ဝင်လာနိုင်ပါတယ်။

Va**ng Styles

ဒီနေရာမှာ ကျနော့အနေနဲ့ va**ng styleလို့ အလွယ်ပဲ ပြောပါရစေ။ V**eအငွေ့ကို ရှိုက်တဲ့နေရာမှာ တယောက်နဲ့တယောက် သုံးတဲ့ deviceနဲ့ အကြိုက်ပေါ်မူတည်ပြီး အကြမ်းဖျင်း (၂)မျိုးခွဲလို့ရပါတယ်။
1) mouth to lung (ပါးစပ်မှတဆင့် ရှိုက်ခြင်း)
2) direct lung inhale (အဆုတ်အတွင်းကို တိုက်ရိုက်ရှူခြင်း)

Mouth to Lung - ကျနော်တို့ ဆေးလိပ်သောက်သလိုပါပဲ။ အငွေ့ကို ပါးစပ်ကနေဖွာပြီးမှ ရှိုက်သွင်းတာပါ။ ဒီသောက်နည်းက အငွေ့သိပ်မထွက်ပေမဲ့ e-liquidရဲ့ အရသာတော့ ပိုပေါ်ပါတယ်။ ဒီပုံစံက Flavor chaserတွေအသောက်များပါတယ်။ ဆေးလိပ်ဖြတ်စ Ni****neများများသောက်တဲ့သူတွေနဲ့ အရမ်းအဆင်ပြေပါတယ်။ ဒါကြောင့် evodတို့ ce4တို့လို starter kitတွေက airflowလိုမျိုး လေအဝင်နည်းတဲ့ atomizerတွေ ဒါမှမဟုတ် airflow adjustလုပ်လို့ရရင် အနည်းဆုံးကိုလျော့ပြီး သောက်ရပါတယ်။ ဒါမျိုးသောက်မယ်ဆို coilက 0.8ohms ကနေ 1.8ohmsလောက်ထိ ohmsများများကို 10-20wattsလောက်နဲ့ Wattနည်းနည်းသုံးပြီး သောက်ကြပါတယ်။

Direct Lung Inhale - ဒါကတော့ ကျနော်တို့ သက်ပြင်းချတဲ့အခါ လေကိုရှူသလိုပါပဲ။ အဆုတ်ထဲကို တိုက်ရိုက်ရှိုက်သွင်းတာပါ။ ဒီသောက်နည်းက အငွေ့ပိုထွက်ပေမဲ့ အရသာမှာ လျော့သွားပါတယ်။ Ni****ne နည်းနည်းသောက်သူတွေ trickလုပ်သူတွေ cloud chaserတွေ သောက်နည်းပါ။ လေကို တိုက်ရိုက်ရှိုက်သွင်းတာဖြစ်လို့ airflowများပြီး ni****neနည်းမှ အဆင်ပြေပါတယ်။ Ni****neများရင် လည်ချောင်းတွေစပ်ပြီး အသက်ရှူကျပ်လာပါမယ်။ ဒါမျိုးသောက်မယ်ဆို coilက 0.5ohmအောက်coilများနဲ့ Watt 40-200Wattsလောက်ထိ resisranceပေါ်မူတည်ပြီး သောက်ကြပါတယ်။ (** 0.5ohms coilကို 200Wလောက်နဲ့ သောက်ပါလို့ မဆိုလိုပါ။ မိမိတို့ set upပေါ်မူတည်ပြီး ချိန်သောက်ပါ)

ဒီနေရာမှာ Flavor chaser, Cloud chaserဆိုတဲ့ အသုံးအနှုန်းတွေ စတွေ့လာရပါတယ်။ Flavor chaserဆိုတာကတော့ e-liquidရဲ့ အရသာကို အဓိကထားပြီး အငွေ့ထွက်တာ အနည်းအများကို ဂရုစိုက်လေ့မရှိပါဘူး။ ဒီလိုသောက်သူတွေက အများအားဖြင့် premium e-liquidတွေကို အသုံးများပြီး e-liquidတွေရဲ့ အရသာကို အဓိကထား ခံစားတာပါ။ Flavor chasing set upတွေက ohmsများပြီး wattနည်းတဲ့အတွက် အငွေ့ထွက်နည်းသလို e-liquidလဲ အကုန်သက်သာပါတယ်။

Cloud chaserဆိုတာကတော့ အငွေ့တွေများများထွက်ဖို့ အဓိကထားသောက်သူတွေပါ။ E-liquidရဲ့ အရသာကို သိပ်အဓိကမထားပဲ အငွေ့ပိုထွက်ဖို့ပဲ အာရုံထားပါတယ်။ ဒါကြောင့် သူတို့ဟာ premium lineတွေထက် ဈေးသက်သာပြီး VGပမာဏများတဲ့ max vg lineတွေကို အဓိက သုံးပါတယ်။ Cloud chasing set upတွေက ohms နည်းပြီး wattများများနဲ့သောက်လို့ အငွေ့ထွက်များသလို e-liquidလဲ အကုန်များပါတယ်။ အချို့ cloud chaserများဟာ တရက်ကို 30mlတလုံးတောင် မလောက်တာရှိပါတယ်။

E-liquid ( V**e Juice)

E-liquidတွေရဲ့ ဖွဲ့စည်းပုံက Vegetable Glycerine (VG), Propylene Glycol (PG), Flavoring, Ni****neတို့ အဓိကပါပါတယ်။ PGများတဲ့ e-liquidတွေက အရည်ကျဲပြီး flavorအရသာပိုပေါ်လွင်သလို ဆေးလိပ်သောက်ရင် လည်ချောင်းမှာ စပ်လာတဲ့ feelingမျိုး ( throat hit) ပိုပြင်းပါတယ်။ ဒါပေမဲ့ အချို့လူတွေက PGနဲ့ ဓါတ်မတည့်တာ( allergic)ဖြစ်တတ်ပါတယ်။ VGများတဲ့ e-liquidတွေကတော့ အငွေ့ပိုထွက်သလို ဓါတ်မတည့်တာ မရှိသလောက်ရှားပါတယ်။ VGများတဲ့ liquidကတော့ အရည်ပျစ်ပြီး flavorအရသာ သိပ်မပေါ်ပဲ throat hitလဲနည်းပါတယ်။ E-liquidတွေဟာ VG/PGပါဝင်မှု အချိုးအမျိုးမျိုးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ဒီအချိုးကို ဖော်ပြရာမှာ VGပမာဏကို အရှေ့မှာဖော်ပြပြီး PG ပမာဏကို အနောက်မှာ ဖော်ပြပါတယ်။ 40/50 ကနေ 60/40လောက်ထိက flavorကောင်းပြီး throat hitပြင်းပါတယ်။ 70/30ကနေ 80/20ကတော့ အငွေ့ထွက်များပြီး flavorအရသာ သိပ်မပေါ်ပါဘူး။ 80/20ကအထက်ကိုတော့ Max VG e-liquidလို့လဲ ခေါ်ပါတယ်။ PGများတာတွေက starter kitတွေ subohm tankတွေနဲ့ ပိုသင့်တော်ပြီး VGများတာတွေက rebuildableတွေနဲ့ ပိုသင့်တော်ပါတယ်။ ခုနောက်ပိုင်း subohm tankတွေက 70/30လောက်ထိ အဆင်ပြေပြေသုံးလို့ရပါတယ်။

နောက်တခုက Flavoringတွေ။ E-liquidက flavoringတွေက အစားအသောက်တွေမှာ သုံးတဲ့ chemical flavoringသုံးတာရှိသလို premium liquidတွေမှာ သဘာဝကထုတ်တဲ့ extractတွေသုံးတာလဲရှိပါတယ်။ ဥပမာ - five pawnsကထုတ်တဲ့ e-liquidတွေဟာ အရသာပိုကောင်းဖို့ ကော်ဖီိအစေ့ကထုတ်တဲ့ extractတွေ vanilla extractတွေကိုထည့်ပြီး ပြုလုပ်ပြီး whiskeyတွေ စိမ်သလို ဝက်သစ်ချစည်တွေအတွင်းမှာထည့်ပြီး လနဲ့ချီစိမ်ထားပြီးမှ ထုတ်လုပ်တာတွေရှိပါတယ်။ ဒါပေမဲ့ အချို့ အသီးအနှံတွေကအရသာ ထုတ်ရာမှာ alcoholကိုသုံးပြီးထုတ်တဲ့ e-liquidတွေကတော့ အရက်ပျံနံ့ထွက်နေတာမျိုးတွေရှိပါတယ်။ ဒီလို e-liquidမျိုးတွေကတော့ Steepလုပ်ပြီးမှ သောက်ရင်ပိုကောင်းတာတွေ့ရပါတယ်။

Ni****neကိုလည်း ထုတ်ယူပုံပေါ်မူတည်ပြီး qualityအမျိုးမျိုးရှိပါတယ်။ Qualityကောင်းတဲ့ ni****neတွေက လည်ချောင်းယားယံတာမျိုးမရှိပဲ သောက်ရတာ smoothဖြစ်ပြီး flavorကိုလျော့သွားစေတာမျိုးမရှိပါဘူး။ E-liquidပုလင်းတွေပေါ်မှာ ဖော်ပြရာမှာ အများအားဖြင့် milligram (MG)နဲ့ ဖော်ပြလေ့ရှိပြီး အချို့ထုတ်လုပ်သူတွေက ရာခိုင်နှုန်းနဲ့ ဖော်ပြလေ့ရှိပါတယ်။ ပုလင်းပေါ်မှာ ဖော်ပြထားတဲ့ MGဟာ 1milliliter(1ml)မှာ ပါဝင်တဲ့ ni****neပမာဏကို ဖော်ပြတာပါ။ ဆိုလိုတာက ni****ne 3mgဆိုတာဟာ အရည် 1mlမှာ ni****ne 3mgပါဝင်တယ်လို့ ဆိုလိုတာပါ။ ဒါကို ဆေးလိပ်နဲ့ ပြန်နှိုင်းယှဉ်ချင်တယ်ဆိုရင် ဆေးလိပ်တလိပ်ဟာ ပျမ်းမျှ ni****ne 1mgပါဝင်ပါတယ်။

ဆိုင်တွေမှာ E-liquidဝယ်ဖို့ စမ်းတာဟာ ရေမွှေးဝယ်ဖို့ စမ်းရသလိုပါပဲ။ တထိုင်တည်းမှာ flavorအများကြီးစမ်းလို့ မရပါဘူး။ အရသာတွေရောပြီး ဘာအရသာတွေမှန်းမသိပဲ ဘာရွေးရမှန်းမသိတာ၊ အိမ်ရောက်မှ ထင်ထားတဲ့ အရသာမရတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် e-liquid ဝယ်မယ်ဆို
1) ကိုယ်လိုချင်တဲ့ flavorအမျိုးအစားကို ကြိုစဉ်းစားထားပါ။ ဥပမာ - အသီးအရသာ၊ သွားရေစာအရသာ၊ ဆေးလိပ်အရသာ။

2) Flavor အမျိုးအစား တမျိုးပဲ စမ်းပါ။ အသီးအရသာစမ်းလိုက် သွားရေစာအရသာစမ်းလိုက် ဆေးလိပ်အရသာစမ်းလိုက် မလုပ်ပါနဲ့။

3) တထိုင်တည်းမှာ flavor profile ၄မျိုး ၅မျိုးထက် ပိုမစမ်းပါနဲ့။ အဲထက်ပိုများရင် အရသာတွေရောပြီး လျှာက ဘာအရသာမှ ခွဲမသိတော့ပါ။ ဥပမာ - strawberry banana, strawberry milk, strawberry yogurt, စသည်ဖြင့်။

4) Sample ရဲ့ VG/PG ratioကို သတိထားပါ။ အပေါ်မှာ ပြောခဲ့သလိုပဲ VG/PG အနည်းအများက e-liquidအရသာပေါ်မှာ အများကြီး အကျိုးသက်ရောက်မှုရှိလို့ sampleရဲ့ VG/PGအချိုး နဲ့ ကိုယ်ဝယ်မဲ့ VG/PGအချိုးကို သတိထားပါ။

5) မိမိယူမည့် ni****ne ပမာဏနဲ့ နီးစပ်တာကိုစမ်းပါ။ ni****ne ပမာဏ အနည်းအများကိုလိုက်ပြီး အရသာ အနည်းငယ် ပြောင်းတတ်ပါတယ်။ ဒါပေမဲ့ ဆိုင်မှာ sampleက ကိုယ်လိုချင်တဲ့ ni****neပမာဏနဲ့ ရှိချင်မှ ရှိမှာပါ။ ဒါကြောင့် အနီးစပ်ဆုံး ပမာဏကိုစမ်းပါ။

V**eကို ဘယ်လိုစသုံးကြမလဲ???

ဒီနေရာမှာ ကျနော် (၂)ပိုင်း ခွဲပြောပါမယ်။ နံပါတ်(၁) ကတော့ ဆေးလိပ်ဖြတ်ချင်တဲ့သူတွေနဲ့ နံပါတ်(၂)ကတော့ အပျော်တမ်းသုံးတဲ့သူတွေပါ။

(၁) ဆေးလိပ်ဖြတ်ချင်သူတွေ

ကျနော်ကိုယ်တိုင်ကလဲ V**eကိုစသုံးတာ ဆေးလိပ်ဖြတ်ဖို့ရည်ရွယ်ပြီး စသုံးခဲ့တာပါ။ V**eကိုသုံးပြီး ဆေးလိပ်ဖြတ်မယ်ဆို အဓိကက ဆေးလိပ်သောက်ရသလို feelingရဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် ဆေးလိပ်ဖက်ပဲ ပြန်ရောက်ပြီး ဘာမှ ထူးလာမှာမဟုတ်ပါဘူး။ အဲတော့ ပထမဆုံးစပြီး v**eဝယ်မယ်ဆို -

1) ရိုးရိုးရှင်းရှင်းနဲ့ သုံးရလွယ်ပြီး ဈေးသင့်တဲ့ starter kitတွေ ဝယ်ပါ။
Functionစုံပြီး နောက်ဆုံးပေါ်ဆိုတာတွေက ဈေးကြီးသလို သုံးရလဲခက်တဲ့အတွက် စစချင်း စိတ်ရှုပ်ရပြီး မိမိလိုချင်တဲ့အနေအထားကို သိဖို့ ချိန်ဖို့ခက်ပါတယ်။ Starter kitလေးတွေက ဈေးသက်သာသလို သုံးရလွယ်လို့ အများကြီး အဆင်ပြေပါလိမ့်မယ်။

2) လေအဝင်အထွက် အနည်းအများချိန်လို့ရတာ ဝယ်ပါ။
ပထမဆုံး စစချင်းမှာ လေနည်းနည်းကို စုပ်ပြီးဖွာရတာက ဆေးလိပ်ဖွာသလို feelingရလို့ အပြောင်းအလဲက သိပ်မသိသာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ အသားကျလာပြီး လေအဝင်များတဲ့ direct lungသောက်ချင်ရင်လဲ airflow adjustableပါတော့ ပိုအဆင်ပြေပါတယ်။

3) Tobecco flavor e-liquidပဲ ဝယ်ပါ။
ဆေးလိပ်ဖြတ်ဖို့ဆို ဆေးလိပ်အရသာကို စဝယ်တာ အကောင်းဆုံးပါ။ ဘယ်သူ ဘယ်လောက် ညွှန်းညွှန်း တခြားအရသာတွေသောက်ပြီး ဆေးလိပ်ပြတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ကို ခက်ခဲပါတယ်။ မိမိနှစ်သက်တဲ့ အခြား flavorရှိလဲ ဆေးလိပ်အရသာ တစ်ဘူးတော့ ဝယ်ဖြစ်အောင် ဝယ်ထားပါ။

4) Qualityကောင်းတဲ့ juiceဝယ်ပါ။
ဒါကအထူးအရေးကြီးပါတယ်။ Premium e-liquidတွေက သုံးထားတဲ့ ni****neနဲ့ flavouring တွေက qualityကောင်းလို့ ဆေးလိပ်ရဲ့အရသာနဲ့ အနီးစပ်ဆုံးတူပါတယ်။သောက်ရတာ အရသာကောင်းရင် နောက်ထပ်ဆက်သောက်ချင်ပြီး ဆေးလိပ်ဖြတ်ရပိုလွယ်ပါတယ်။ ဈေးပေါတာတွေက qualityမကောင်းလို့ ဘာအရသာမှန်းမသိဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင် china, malay juiceတွေရှောင်ပါ။ coilအပျက်မြန်လို့ ဆေးလိပ်ထက် အကုန်အကျပိုများတယ်လို့ ထင်ရပါတယ်။ Premium lineမဟုတ်တောင် v**ejooseတို့ mittenတို့လို USA brandကို စသုံးကြည့်ပါ။

5) Ni****ne များတာကနေစပါ။
မိမိဝယ်တဲ့ဆိုင်က နားလည်တတ်ကျွမ်းမယ်ဆို မိမိတနေ့သောက်တဲ့ ဆေးလိပ်ပမာဏကိုပြောပြပါ။ မိမိနဲ့သင့်တော်တဲ့ ni****neပမာဏကို သူတို့ညွှန်ပေးပါလိမ့်မယ်။ အကြမ်းဖျင်းအားဖြင့် တရက် တဘူးဆို 3mgလောက်က စသင့်ပြီး ၃ဘူးအထက်ဆို 12mgလောက်ကနေ စသောက်သင့်ပါတယ်။ ဒါပေမဲ့ Ce4တို့ evodတို့လို kitတွေနဲ့ဆို အခြား starter kitတွေ (ijust sတို့လို kitတွေ)ထက် ni****neပိုများတာရွေးပါ။

6) အပေါ်မှာပြောခဲ့သလို Mouth to lungက စသောက်ကြည့်ပါ။ Direct lungစသောက်ရင် အငွေ့သီးတာ၊ ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာတွေဖြစ်တတ်ပါတယ်။ MTLကတော့ ဆေးလိပ်သောက်သလို ဖွာပြီးသောက်ရလို့ ဆေးလိပ်သောက်ရတာနဲ့ပိုတူပြီး e-liquidရဲ့ အရသာလဲ ပိုပေါ်လွင်မှာပါ။

(၂) အပျော်တမ်း သုံးသူတွေ

အချို့က ဆေးလိပ်မသောက်တတ်ပေမဲ့ ပေါ်ပင်လုပ်ချင်တာ၊ trickလုပ်ချင်တာ စသည်ဖြင့် စမ်းသုံးကြည့်ချင်ကြပါတယ်။ ဒီလို လူတွေ အနေနဲ့ကတော့ -

1) Mechanical modက လုံးဝစမသုံးပါနဲ့။ ဘယ်သူမြှောက်ပေးပေး ဘယ်လောက်သွားရည်ယိုယို mech modဟာ beginnerတွေ လုံးဝစမသုံးသင့်ပါ။ Mech modတွေဟာ အန္တရာယ်ကင်းကင်းသုံးနိုင်ဖို့ safetyနဲ့ပတ်သက်ပြီးတော့ရော သုံးပုံသုံးနည်းပါ လေ့လာစရာ အရမ်းများပါတယ်။ အခန့်မသင့်ရင် pipe bombကို ပါးစပ်ဝတေ့ထားရသလိုပါပဲ။

2) Regulated modကို စသုံးပါ။ V**eနဲ့ ပတ်သက်တဲ့ safetyတွေကို ဘာမှ နားမလည်သေးခင် ဒီ regulated modတွေက protectionတော်တော်များများပါလို့ တော်ရုံအမှားခံပါတယ်။ အလွန်ဆုံး chipလောင်လို့ အသစ်ဝယ်ရရုံပဲရှိပါတယ်။

3) Sub-ohm tankတွေစသုံးပါ။ Sub-ohm tankဆိုတာ coilလေးတွေလဲသုံးရုံပါပဲ။ coil buildingတွေမလုပ်တတ်သေးရင် ohmတွေ နားမလည်သေးရင် ဒီနည်းလမ်းဟာ အဆင်အပြေဆုံးပါ။ နောက်ပိုင်း မိမိနားလည်တီးခေါက်မိလာမှ RDAတွေ RDTAတွေ သုံးဖို့စဉ်းစားပါ။subohm tankတွေသုံးတာဟာ နားမလည်ပဲ rebuildableတွေ သုံးနေတာထက် အငွေ့ပိုထွက်သလို သုံးရလဲလွယ်ပြီး maintainence လဲ နည်းပါတယ်။ မဟုတ်ရင်တော့ ဆိုင်ကို ခဏ ခဏပြန်သွားရဖို့ ပြင်ထားပါ။ သေချာသုံးတတ်မယ်ဆို coilတခုက အနည်းဆုံး တပတ်ကနေ သုံးပတ်လောက်ထိသုံးရပါတယ်။

4) Functionစုံ Wattများတိုင်း မိမိနဲ့ အသုံးမဝင်ပါဘူး။ ဥပမာ - Temp Control functionဟာ အငွေ့များများထွက်ချင်တဲ့ cloud chaserတွေအတွက် အသုံးမလိုပါဘူး။Temp Controlဟာ flavor chaserတွေအတွက် ရည်ရွယ်ပြီးပေါ်လာတဲ့ နည်းပညာတခုပါ။ နောက်တခုက Wattများတိုင်း အဆင်မပြေပါဘူး။ Watt 200 watt 300နဲ့ ဘယ်သူမှ အမြဲမသောက်သလို သောက်လဲ မသောက်နိုင်ပါဘူး။ သောက်ရင်လဲ batteryကြာကြာမခံပါဘူး။ Watt200ဝန်းကျင်မှာ အမြဲသောက်မယ်ဆို ဆောင်ထားရမယ့် batteryဖိုးနဲ့ နေ့စဉ်သယ်သွားရမယ့် batteryအရေအတွက်ဟာ မနည်းပါဘူး။

5) အငွေ့များများထွက်ဖို့ သောက်မယ် cloud chaserလုပ်မယ်ဆို premium e-liquid lineတွေ သုံးလို့အဆင်မပြေပါဘူး။ အကုန်မြန်လို့ e-liquidဖိုး ထောင်းပါလိမ့်မယ်။

6) Ni****ne မပါတာ သို့မဟုတ် အနည်းဆုံးကို သုံးပါ။အငွေ့များတဲ့အတွက် သွေးထဲကို ni****neဟာ မြန်မြန်နဲ့ ပမာဏများများရောက်ပါတယ်။ ရင်တုန်တာ မူးဝေတာ အန်တာ ဖြစ်တတ်ပါတယ်။ အခန့်မသင့်ရင် အရမ်းများရင် ni****neအဆိပ်သင့်ပြီး အသက်အန္တရာယ် စိုးရိမ်ရပါတယ်။

Coil headတွေကို ရေရှည်ခံအောင် ဘယ်လိုသုံးမလဲ???

1) coilကို အသစ်စသုံးမယ်ဆို မိမိသုံးမယ့် e-liquidကို coilရဲ့ အတွင်းရော အပြင်ပါ ရွှဲရွှဲဆွတ်ပါ။ ပြီးမှ tankမှာတပ်ပါ။ အရည်ဖြည့်ပြီး ၃မိနစ်လောက်နေမှ စသောက်ပါ။ ဒါမှ အထဲက ဂွမ်းကောင်းကောင်းမစိုခင်မှာ သောက်မိလို့ ဂွမ်းလောင်ပြီး dry hitထိတာ မီးခိုးစော်နံတာတွေ မဖြစ်မှာပါ။

2) e-liquidကောင်းတာ သုံးမယ်ဆို coilတခုက တပတ်ကနေ သုံးပတ်လောက်ထိ သုံးတဲ့ e-liquidပေါ်မူတည်ပြီး ခံပါတယ်။ ဆိုးဆေး(coloring)များတဲ့ e-liquidတွေနဲ့ သကြားဓါတ်များတဲ့ သွားရေစာအရသာ (dessert flavor) e-liquidတွေနဲ့ မလေးကထုတ်တဲ့ e-liquid ( premium ရော budgetတွေရော)က coilမှာ ဂျိုးတက်မြန်လို့ ခဏလေးနဲ့ လဲရတတ်ပါတယ်။ ဆိုးဆေးနည်းတဲ့ e-liquidနဲ့ အသီးအရသာ e-liquidတွေက coilကြာကြာခံပါတယ်။

3) အရည်မယိုဖို့ coilကိုရော tankကိုပြန်တပ်ရာမှာပါ သေချာကြပ်ပါ။ ဒီtankတွေက လေဖိအားနဲ့ အလုပ်လုပ်တာမို့ သေချာမကြပ်ရင် လေမလုံခဲ့ရင် အရည်ယိုမှာပါ။ အကြပ်လွန်ရင်လဲ ပြန်ဖြုတ်မရတာ၊ မှန်ကွဲတာဖြစ်တတ်လို့ သတိထားပါ။

4) Coil headတွေရဲ့ ဘေးမှာ recommended wattရေးပေးထားပါတယ်။ အဲ့ထက်ပိုသောက်ရင်၊ Wattအရမ်းများများနဲ့သောက်မိရင် coilအထဲက ဂွမ်းတွေ လောင်ပြီး မီးခိုးနံ့ထွက်တာ အရသာမကောင်းတာတွေ ဖြစ်တတ်ပါတယ်။ အချို့ ၂ခါ ၃ခါဖွာပြီးရင် မီးခိုးစော်နံတယ်ဆိုတာ wattများနေလို့ သို့မဟုတ် အထဲကဂွမ်းလောင်နေပြီမို့လို့ပါ။

ပြည့်စုံအောင်ရေးချင်လို့ ပို့စ်ရှည်ပြီး အချိန်ကြာသွားတာ sorryပါ။ ဒီလောက်ဆို တော်တော်လေး ပြည့်စုံပြီး ခုမှစသုံးမယ့်သူတွေ အဆင်ပြေမယ်လို့ ထင်ပါတယ်။ မှားသွားတာ လိုအပ်တာများရှိရင် ကျန်တဲ့ ညီကိုတွေက ထပ်ဖြည့်ပြောပေးကြပါ။

**ng101
Copyright © 2017 [Romeo Aung]. All Rights Reserved.

Address

Mawlamyinegyunn

Telephone

+959793620772

Website

Alerts

Be the first to know and let us send you an email when View Point Vape & Fancy Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share