Coral Computers, Laptops and Accessories

Coral Computers, Laptops and Accessories We provide the best products for you.

အတိတ်ကို ဒီပုံလေးတွေနဲ့ .. သတိရသွားနိုင်တယ်
14/03/2020

အတိတ်ကို ဒီပုံလေးတွေနဲ့ .. သတိရသွားနိုင်တယ်

16/02/2020








✔ဆက်သွယ်ရန်ဖုန်း

Unicode
🚩 အညောင်းမိနေသောသူများ၊ ကျီးပေါင်းဖြစ်နေသူများအတွက် သတင်းကောင်း🚩

🔑 ကျီးပေါင်းကြောင့် စိတ်ညစ်နေသူများ
🔑 အထိုင်များပြီး အညောင်းမိနေသူများ
🔑 ကွန်ပျူတာ/ဖုန်း ဂိမ်းအဆော့များနေသူများ
🔑 အာရုံကြောပိုမိုကောင်းမွန်လိုသူများ
🔑 အညောင်းမိပြီး မျက်လုံးမှုန်ချင်နေသူများ
🔑 မျက်ရည်ပူကျခြင်းများ အားလုံးအတွက် ပစ္စည်းလေး
🔑 မိဘ၊ ဦးလေး၊ ဒေါ်ဒေါ်တို့ကို ဂါဝရပြုနိုင်ခြင်း
🔑 ဓါတ်ခဲမလိုပဲ ဖုန်းအားသွင်းခေါင်းဖြင့် အလွယ်တကူ အားသွင်းနိုင်ခြင်း
🔑 သွားလေရာ လွယ်ကူစွာ ယူဆောင်သွားနိုင်ခြင်း
🔑 တရုတ်ရိုးရာ ဆေးနှိပ်နယ်ခြင်း ၈ မျိုးကို ပေါင်းစပ်ထားခြင်း
🔑 ပင်မအာရုံကြောကြီးကို ထိရောက်သော နှိပ်နယ်မှုပေးနိုင်ခြင်း
🔑 မည်သူ့အကူအညီမှမလို လွယ်ကူစွာ အသုံးပြုနိုင်ခြင်း
🔑 ယနေ့ခောတ်မိမိတို့အိမ်မှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ ပစ္စည်းလေးတစ်ခုဖြစ်သည့်အတွက် ယခုပဲ ဝယ်ယူသင့်သည် အီလက်ထရောနစ် အနှိပ်စက်လေးပါ။

💰 ဈေးနှုန်းကတော့ ၂၃၀၀၀ိ/ ကျပ်ပါ

💰 wholesale လိုချင်သူများလည်း ဆက်သွယ်နိုင်ပါတယ်။

🏅မှာယူလိုပါက အမည်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာအပြည့်အစုံအား ⌨Message Box သို့မဟုတ် ⌨Comment မှတဆင့်ပေးပို့၍ မှာယူနိုင်ပါသည်။

➡ ရန်ကုန်၊ မန္တလေးမှ မှာယူသူများကို ပစ္စည်းမှာယူပြီး ၂ရက်အတွင်း ပို့ဆောင်ပေးပါတယ်။ Delivery Charges ကတော့မြို့နယ်အလိုက်ရှိပါတယ်။

➡ နယ်မှ မှာယူသူများအနေဖြင့် သက်ဆိုင်ရာကားဂိတ်၊ စာတိုက်အထိပို့ပေးပါတယ်

✔ဆက်သွယ်ရန်ဖုန်း
📞 09 266182585📞 09 797794350 ၊

05/12/2019
ခြောက်လ အထက် ကလေး ငယ်တွေ ကို ဖြည့်စွက်စာကျွေးတော့မယ် ဆိုရင် အာဟာရပြည့်အောင် ဘာတွေထည့်ကျွေးသင့်သလဲ????ဒီနေ့တော့ ကလေး တွေ ...
04/12/2019

ခြောက်လ အထက် ကလေး ငယ်တွေ ကို ဖြည့်စွက်စာကျွေးတော့မယ် ဆိုရင် အာဟာရပြည့်အောင် ဘာတွေထည့်ကျွေးသင့်သလဲ????

ဒီနေ့တော့ ကလေး တွေ ကို နေ့လည်စာ နှင့် ညစာ ဆန်ပြုတ်ကျွေးဖို့ အတွက် ပါဝင် ပစ္စည်းများ နှင့် ပြုလုပ်ပုံ အဆင့်ဆင့် ကို ပြောပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

1. ထမင်း - ထမင်းစားဇွန်း ၃ ဇွန်း

2. မုန်လာဥနီ - လက် နှစ်ဆစ် (မုန်လာဥနီ အစား အာလူး ရွှေဖရုံသီးထည့် နိုင်ပါသည်။ နေ့တိုင်း မုန့်လာဥနီ ရွှေဖရုံသီး မထည့်ပါနှင့်၊ ရက်ခြားထည့်ပေးပါ)

3. အရွက် တမျိုးမျိုး (ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ) - လေးခက်

4. ပဲ တမျိုးမျိုး (ပဲနီလေး၊ ပဲဝါလေး၊ ကုလားပဲ) - လက်ဖက်ဇွန်း ၁ ဇွန်း

5. ပဲဆီ - လက်ဖက်စားဇွန်း ၁ ဇွန်း

6. ကြက်သား (သို့) ငါး - ၃ ကျပ်သား ခန့်

ပြုလုပ်ပုံ

1. ကြက်သား (သို့) ငါး ကို ပြုတ်ပါ။

2. ပဲထည့်ပြုတ်ပါ။

3. ပဲနူးလာပြီ ဆိုရင် ကျန်တဲ့ ပစ္စည်းများ ကို ထည့်ပြီး ပြုတ်ပါ။

4. ဆား၊ အချိုမှုန့် လုံးဝ ထည့်စရာမလိုပါဘူူး။

5. နူးပြီး ပြဲနေအောင် ပြုတ်ပေးပါ။

6. အိမ်မှာ ကြိတ်စက်ရှိရင် အခုပြဲနေအောင် ပြုတ်ထားတာတွေ ကို ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။ (အသက် ၉ လကျော်ရင် ကြိတ်စက်ထဲ ထည့်ကြိတ်စရာ မလိုတော့ပါ)

7. အိမ် မှာ ကြိတ်စက် မရှိရင်တော့ ဇွန်း ဖြင့် ချေပေးပါ။

8. အခု ဖော်ပြထားသည့် ပမာဏ က တစ်ကြိမ်စားဖို့အတွက် ဖြစ်ပါတယ်။ ဒါမျိုး တစ်နေ့ကို နှစ်ကြိမ် - သုံးကြိမ်ကျွေးပေးပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Zawgyi Version


ပါဝင်ပစ္စည်းများ







ပြုလုပ်ပုံ


2. ပဲထည့်ပြုတ်ပါ။


4. ဆား၊ အချိုမှုန့် လုံးဝ ထည့်စရာမလိုပါဘူး။





လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

🤩 👉 အရေပြားဆရာဝန်တွေအကြံပေးထားတဲ့ အသားအရေထိန်းသိမ်းနည်း လျှို့ဝှက်ချက် (၆)ချက်       အရေပြားအထူးကုတွေနဲ့ တစ်ကြိမ်လောက်တေ...
22/11/2019

🤩 👉 အရေပြားဆရာဝန်တွေအကြံပေးထားတဲ့ အသားအရေထိန်းသိမ်းနည်း လျှို့ဝှက်ချက် (၆)ချက်


အရေပြားအထူးကုတွေနဲ့ တစ်ကြိမ်လောက်တော့ တွေ့ဆုံပြီး အသားအရေထိန်းသိမ်းနည်းကို သေသေချာချာမေးကြည့်ဖူးချင်တယ်ဟုတ်။ ဒါဆိုရင်တော့ဒီဆောင်းပါးလေးဟာ အရေပြားဆရာဝန်တွေ အကြံပေးထားတဲ့ အသားအရေထိန်းသိမ်းနည်း လျှို့ဝှက်ချက်လေးတွေဖြစ်လို့ ကွက်တိပဲနော်။ ဒီနည်းလမ်းလေးတွေအတိုင်း လိုက်နာပေးခြင်းဖြင့် ကျန်းမာပြီး လှပတဲ့အသားအရေလေးကို ရရှိမှာဖြစ်ပါတယ်။

အမျိုးသားနေ့ နှင့် အမျိုးသား​နေ့ ဖြစ်ပေါ်လာပုံ**************************************ဝံသာနုလှုပ်ရှားမှုကို ဦးဆောင်ခဲ့သောဂျီစ...
20/11/2019

အမျိုးသားနေ့ နှင့် အမျိုးသား​နေ့ ဖြစ်ပေါ်လာပုံ
**************************************

ဝံသာနုလှုပ်ရှားမှုကို ဦးဆောင်ခဲ့သော
ဂျီစီဘီအေက ကြီးမှူး၍ ဝံသာနုလှုပ်ရှားမှု အနေနှင့် အမျိုးသားနေ့ သတ်မှတ်ရန် စတင် ကြိုးစားရာမှ အမျိုးသားနေ့ ပေါ်လာရသည်။

၁၉၂၁-ခု မန္တလေး၌ ကျင်းပသော
နဝမအကြိမ်မြောက် ဂျီစီဘီအေ ကွန်ဖရင့်က အမျိုးသားနေ့ သတ်မှတ်ရေး စတင်ဆွေးနွေးခဲ့သည်။

ထို့နောက် ၁၉၂၂ ခုနှစ်၊
ဇွန်လ ၁၇ - ၁၈ တွင် ရန်ကုန်မြို့
ဂျူဗလီဟော၌ ကျင်းပေသော ဂျီစီဘီအေ အထူးကွန်ဖရင့်က ………
၁၉၂၀ ပြည့်၊ ရန်ကုန်တက္ကသိုလ်ဥပဒေကို ကျောင်းသားများ သပိတ်မှောက်သော
တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်ကို အမျိုးသားနေ့ဟု သတ်မှတ်ကြောင်း
ဆုံးဖြတ်၍ အတည်ပြု ပေးခဲ့သည်။

ထိုနေ့သည် အုပ်ချုပ်သူ နယ်ချဲ့
အင်္ဂလိပ်အစိုးရကို ထိထိရောက်ရောက် တော်လှန်သောနေ့၊
ရန်ကုန်တက္ကသိုလ်ဥပဒေကို
ကန့်ကွက်သည့် အနေဖြင့် ကျောင်းသားများ သပိတ်မှောက်သည့်နေ့၊
အမျိုးသား တော်လှန်ရေး စတင်သည့်နေ့ ဖြစ်ခြင်းတို့ကြောင့် အမျိုးသားနေ့အဖြစ် တညီတညွတ်တည်း ဆုံးဖြတ် အတည်ပြု
ခဲ့ကြခြင်း ဖြစ်သည်။

ထိုနေ့သည် အင်္ဂလိပ် နယ်ချဲ့အစိုးရ အပေါ် အောင်ပွဲခံသောနေ့ ဖြစ်၍ အမျိုးသားအောင်ပွဲနေ့ ဟုလည်း ခေါ်ကြသေးသည်။

ရက်သတ်မှတ်ရာတွင်ပင်
အမျိုးသားနေ့၏ အဓိပ္ပာယ် ပြည့်စုံ
ပေါ်လွင် ပီပြင်စေရန် တက္ကသိုလ်ဥပဒေ ကို သပိတ်မှောက်သော အင်္ဂလိပ်ရက် ဖြစ်သည့်
ဒီဇင်ဘာ ၅ ရက်ဟု မသတ်မှတ်ဘဲ မြန်မာရက်
ဖြစ်သော တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်ဟု တမင် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာ့သမိုင်းထဲက အမျိုးသားနေ့
************************

၁၈၈၅ ခုနှစ်​တွင်​မြန်​မာတစ်နိုင်​ငံလုံး
အင်္ဂလိပ်​လက်​​အောက်​ကျ​ရောက်​ခဲ့ပြီး​နောက်
ဗိုလ်လ်​မင်း​ရောင်​၊ဗိုလ်​ချို၊ ဦး​အောင်​မြတ်​၊
ဗိုလ်​ဆွန်​ပက်​စသည့်​ မျိုးချစ်​များ
က​ တော်​လှန်​ခဲ့ကြ​သော်​လည်း
တကွဲတပြားနှင့်​စည်းလုံးမှုမရှိခြင်း၊
ခိုင်​မာ​သောသ​ဘောတရားမရှိခြင်း၊
ပြည်​သူများ ပ​ဒေသရာဇ်​စနစ်​​အောက်​​နေခဲ့ရ၍
နိုင်​ငံ​ရေးနိုးကြားမှု အားနည်းခြင်း၊
ခေတ်​မီလက်​နက်​များမရှိခြင်းတို့​ကြောင့်​​တိုင်းပြည် သူ့ကျွန်ဘဝသို့ရောက်ရှိချေမှုန်းခံလိုက်​ရသည်​။

ဆရာ​တော်​ဦးဥတ္တမကဲ့သို့…………
နိုင်​ငံတကာသို့​ရောက်​ဘူးပြီး အိန္ဒိယ၊
ဂျပန်​စသည့်​နိုင်​ငံများ၏ နိုင်​ငံ​ရေးဖြစ်​​ပေါ်
တိုးတက်​မှုများကိုသိရှိနားလည်​ပြီး
မြန်​မာပြည်​သူများကိုနိုင်​ငံ​ရေးမျက်​​စေ့ဖွင့်​​ပေးနိုင်​ခြင်း။ ဘာသာ​ရေးအသင်းအဖွဲ့အဖြစ်​ဖွဲစည်းခဲ့သည့်
`` ဝိုင်​အမ်​ဘီ​အေ ´´အသင်း မျိုးကလည်း
ရွှေတိဂုံဘုရား​ပေါ်မျက်​နာဖြူနိုင်​ငံခြားသားများဖိနပ်​စီးတက်​​ရောက်​မှုကိုဝိုင်းဝန်းကန့်​ကွက်​ရာမှ
အောင်​မြင်​မှုရခဲ့ခြင်း။

GCBA ကဲ့သို့နိုင်​ငံ​ရေးအသင်းကြီး​ပေါ်​ပေါက်​လာခြင်း။
စသည့်​အ​ကြောင်းများ​ကြောင့်​နိုင်​ငံ​ရေးအသိအမြင်​နိုးကြားလာသည်​။

၁၉၂၀ ပြည့်​နှစ်​ ဒီဇင်​ဘာ ၅ရက်​​နေ့၊
မြန်​မာသက္ကရာဇ်​ ၁၂၈၂ခုနှစ်​ တန်​​ဆောင်​မုန်း
လဆုတ်​ ၁၀ ရက်​​နေ့တွင်​ ရန်​ကုန်​​ကောလိပ်​နှင့်
ဂျပ်​ဆင်​​ကောလိပ်​​ကျောင်းသားများသည်
ရန်​ကုန်​တက္ကသိုလ်​အက်​ဥပ​ဒေကိုကန့်​ကွက်
သပိတ်​​မှောက်​ခဲ့ကြသည်​။

ထိုသပိတ်​သည်​ ဗြိတိသျှတို့က
မြန်​မာနိုင်​ငံအားမတရား သိမ်းပိုက်​ပြီး​နောက်
လွတ်​လပ်​​ရေးအတွက်​အမျိုးသား​တော်​လှန်​​ရေးကြီးကိုစတင်​လိုက်​ခြင်းပင်​ဖြစ်​သည်​။

ထို​ကျောင်းသားသပိတ်​သည်
တနိုင်​ငံလုံးသို့ တမဟုတ်​ချင်းပျံ့ နှံ့  သွားသည်​။
ထိုအပြင်​ထိုသပိတ်​ကိုအ​ခြေခံပြီး
မျိုးချစ်​စိတ်​ဓာတ်​များနိုးကြားလာ၍
တိုင်းရင်းသားစည်းလုံး
ညီညွတ်​မှုကို ရယူတည်​​ဆောက်​ခါ
လွတ်​လပ်​​ရေး တိုက်​ပွဲကိုလည်း
အောင်​မြင်​​အောင်​ဆင်​နွှဲနိုင်​ခဲ့သည်​။
နယ်​ချဲ့ အင်္ဂလိပ်​သည်​မိမိတို့ ၏
ကိုလိုနီနိုင်​ငံများကိုနှစ်​​ပေါင်း
ရှည်​ကြာကျွန်​ပြုနိုင်​ရန်​အတွက်
ပြည်​သူများအား အင်္ဂလိပ်​တို့ ၏
အုပ်​ချုပ်​​ရေးကိုအကျိုးပြု​​စေမည့်
ပညာ​ရေးကိုသာသင်​ကြား​စေ၏။
လူတိုင်းတက္ကသိုလ်​မတက်​နိင်​​အောင်
ဥပ​ဒေဖြင့့်ကန့်​သတ်​ထား၏။
ပညာ​ရေးအဆင့်​ကိုနိမ့်​ပါး​အောင်​လုပ်​ထား၏ ။

၁၉၂၀ ဇွန်​လတွင်​ရန်​ကုန်​တက္ကသိုလ်
အက်​ဥပ​ဒေကြမ်းကို ထုတ်​ပြန်​​ကြေညာခဲ့သည်​။
ထိုဥပ​ဒေတွင်​အဓိကအချက်​ ၆ ချက်​ပါသည်​။
ထိုအချက်​အားလုံးသည်​မြန်​မာ​ကျောင်းသားများကို
ကန့်​သတ်​ချုပ်​ချယ်​ပြီးအဆင့်​အတန်း
ခွဲထားသည်​။

ထိုဥပ​ဒေသည်​​ငွေ​ကြေးတတ်​နိုင်​သူ
လူနည်းစုကိုသာ တက္ကသိုလ်​ပညာ
သင်​ကြားခွင့်​ရ​စေပြီး ပညာထူးချွန်​​သော်​လည်း
ငွေ​ကြေးမတတ်​နိုင်​သူ​ အောက်​ ​ခြေ လူ တန်း စား
များကိုပညာဆက်​သင်​ခွင့်​မရ​အောင်
ချုပ်​ချယ်​ထားခြင်းဖြစ်​သည်​။

ထိုဥပ​ဒေမူကြမ်းကို​ကျောင်းသားများက
အပြင်းအထန်​ကန့့်​ကွက်​​သော်​လည်း
ဘုရင်​ခံ ဆာရယ်​ဂျီနယ်​ကရက်​​ဒေါက်​ က
မြန်​မာများသည်​ပညာ​ရေးအ​ကြောင်း
နားမလည်​ဟုဆိုပြီး ……………
၁၉၂၀ ဒီဇင်​ဘာ၂ ရက်​​နေ့တွင်​ အက်​ဥပ​ဒေကို
အတည်​ပြု​ကြောင်း​ကြေညာခဲ့သည်​။
ထို​ကြောင့်​​ကောလိပ်​​ကျောင်းသားများသည်
ထိုနှစ်​ဒီဇင်​ဘာ ၂ရက်​​နေ့တွင်​ ​ရွှေတိဂုံရင်​ပြင်​၌
တိုင်​ပင်​​ဆွေး​နွေးကြပြီး သပိတ်​​မှောက်​ကြရန်
ဆုံးဖြတ်​ခဲ့ကြသည်​။

ဒီဇင်​ဘာ ၄ရက်​​နေ့တွင်​ 
ရွှေတိဂုံ​ခြေရင်း​ရွှေကျင်​​ကျောင်းတိုက်
ဆရာ​တော်​ ဦးအရိယ​ကျောင်း၌
အစည်းအ​ဝေးပွဲကြီးပြုလုပ်​ပြီး ……………
ဒီဇင်​ဘာ ၅ ရက်​​နေ့(တန်​​ဆောင်​မုန်းလဆုတ်​ ၁၀ ရက်​)​ကျောင်းသားများ စတင်သပိတ်​​ မှောက်​ခဲ့ကြသည်​။ 
ကျောင်းသားတို့၏ဥပ​ဒေပါအချက်​များကို
ကန့်​ကွက်​သည့်​​ကြေညာချက်​ကို
ဘုရင်​ခံထံ​ပေးပို့ခဲ့သည်​။

ဘုရင်​ခံကအ​ကြောင်းပြန်​ကြားခြင်း
မပြုသည့်​အတွက်​ သပိတ်​ဆက်​​မှောက်​ခဲ့သည်​။တက္ကသိုလ်​သို့ဆက်​လက်​ မတက်​​ရောက်​​တော့ပဲ
GCBA ဂျီစီဘီ​အေ​ခေါင်း​ဆောင်​များနှင့်​ တိုင်​ပင်​၍ အမျိုးသား​ကျောင်းများတည်​​ထောင်​ကြသည်​။

ဗဟန်းမြို့နယ်​​ရွှေကျင်​​ကျောင်းတိုက်​ကြီးတွင်
အမျိုးသား​ကောလိပ်​ကိုဖွင့်​လှစ်​ခဲ့သည်။
ပြင်​ပပညာရှင်​ ဆရာကြီးသခင်​ကိုယ်​​တော်​မှိုင်း၊
ဒီးဒုတ်​ဦးဘချိုတို့က​စေတနာ့ဝန်​ထမ်း
သင်​ကြား​ပေးသည်​။

ထိုစဉ်​က တက္ကသိုလ်​သပိတ်​ကို
တစ်​နိုင်​ငံလုံးက​ထောက်​ခံခဲ့ကြသည်​။
အထက်​တန်း​ကျောင်းများက
လည်း​ထောက်​ခံသည့်​အ​နေဖြင့်
သပိတ်​​မှောက်​ကြသည်​။

ဤသပိတ်​မှတဆင့်​မြန်​မာတနိုင်​ငံလုံးတွင်
အမျိုးသား​ကျောင်းများ​ ပေါ်ထွန်းလာသည်​။အမျိုးသားပညာ​ရေး​ကောင်​စီကိုလည်း
ဖွဲ့စည်းနိုင်​ခဲ့သည်​။

ဤသပိတ်​​ကြောင့်​……………
ပြည်​သူလူထုအတွင်းနယ်​ချဲ့ ဆန့်​ကျင်​​ရေး၊
အမျိုးသား​ရေးစိတ်​ဓာတ်​များတဟုန်​ထိုး
ပေါ်​ပေါက်​လာခဲ့သည်​။

ထိုနေ့ကို အမျိုးသား​နေ့ဟုသတ်​မှတ်​ခဲ့ပုံကား
၁၉၂၁ ​အောက်​တိုဘာတွင်
အမျိုးသား​ပေါင်းချုပ်​အသင်း
GCBA ကွန်​ဖရင့်ကို
မန္တလေးမြို့၌ကျင်းပသည်။

မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ
ကိုယ်စားလှယ်များတက်ရောက်ကြ၍
အနာဂတ်အတွက်ဆွေးနွေးခဲ့ကြသည်။

သူရိယသတင်းစာမှ ဦးတုတ်ကြီးက
သီပေါမင်းပါတော်မူသည့်နေ့

ပျဉ်းမနား ဦးဒွေးက ဆရာတော်ဦးဥတ္တမ
ထောင်ကျသောနေ့

တက္ကသိုလ်ကျောင်းသားကိုယ်စားလှယ်
ဦးမြင့်က ၁၉၂၀ခုနှစ် ကျောင်းသားသပိတ်
ကြီးသာလျှင်တမျိုးသားလုံးစည်းလုံးမှု
ဇာတိမာန်ကိုဖြစ်တည်စေခဲ့သည်။
အရှုံးပြယုဂ်မဟုတ် အနိုင်သာဖြစ်သည်။

ဦးမြင့်၏အဆိုကိုအားလုံးကသဘော
တူ အတည်ပြုခဲ့သဖြင့် ကျောင်းသာများ
သပိတ်မှောက်ခဲ့သော ၁၂၈၂ခုနှစ်တန်
ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်
နေ့ကိုအမျိုးသားနေ့ဟုသတ်မှတ်ခဲ့
လေသည်။

(1940)ခုနှစ်တွင်မှ အစိုးရက အမျိုးသား
နေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်
မှတ်ပေးခဲ့သည်။

မြန်မာတစ်မျိုးသားလုံးဂုဏ်ယူရမည့်
နေ့ထူးနေမြတ်ဖြစ်သလိုနှစ်စဉ်နှစ်တိုင်း
လည်းအမျိုးသားနေ့အောင်ပွဲများကို
ကျင်းပလာခဲ့သည်မှာယနေ့ထိတိုင်ဖြစ်သည်။

ဤသို့ဖြင့် အမျိုးသားရေး
လက္ခဏာများပို၍ ပေါ်လွင်ထင်ရှားစေခဲ့သည့် အမျိုးသားနေ့ကို အစဉ်မမေ့အပ်ပေ...

19/11/2019

ငယ်ငယ်တုန်းတုန်းက ...............

💖  ဒီဇိုင်းဆန်း၊ စတိုင်ကျ၊ Smart Watch လေးတွေ လာပါပြီ💖🤩🤩🤩 8GB Memory Card လက်ဆောင် 🤩🤩🤩🤩🤩🤩 ဘက်ထရီ တစ်လုံး အပိုဆောင်းပါဝင်...
18/11/2019


🤩🤩🤩 8GB Memory Card လက်ဆောင် 🤩🤩🤩



💰 ဈေးနှုန်းကတော့ ၃၆၅၀၀ိ/ ( သုံးသောင်းခြောက်ထောင်ငါးရာ) ကျပ်ပါ ခင်ဗျာ...





✔ဆက်သွယ်ရန်ဖုန်း

Unicode Code Version
💖 ဒီဇိုင်းဆန်း၊ စတိုင်ကျ၊ Smart Watch လေးတွေ လာပါပြီ💖

🤩 ၈ ဂစ် Memory Card လက်ဆောင်
🤩 ဘက်ထရီ တစ်လုံး အပိုဆောင်းပါဝင်

👉 Sim Card ထည့်သုံးနိုင်တယ်
👉 ဖုန်းပြောရအဆင်ပြေတယ်
👉 အင်တာနက်သုံးရ အဆင်ပြေမယ်
👉 Facebook၊ whatapp စတာတွေသုံးနိုင်မယ်
👉 Camera လည်း ရိုက်လို့ အဆင်ပြေမယ်
👉 အားကစားသမားတွေအတွက်အဆင်ပြေမယ်
👉 ကျောင်းသား၊ ကျောင်းသူများအတွက် အရမ်းအသုံးဝင်
👉လူငယ်တွေအတွက် စတိုင်လည်းကျ ခောတ်လည်းမှီ
👉Smart Watch features လုပ်ဆောင်ချက်ပေါင်းများစွာစုံလင်စွာပါဝင်ပါတယ်။

ငွေမှင်ရောင်လေး ဖြစ်ဖြစ်၊ အနက်ရောင်လေး ဖြစ်ဖြစ် ကြိုက်တာ ယူလို့ရပါတယ် ခင်ဗျ။

💰 စျေးနှုန်းကတော့ ၃၆၅၀၀ိ/ ( သုံးသောင်းခြောက်ထောင်ငါးရာ) ကျပ်ပါ ခင်ဗျာ...

💰 wholesale လိုချင်သူများလည်း ဆက်သွယ်နိုင်ပါတယ်။

🏅မှာယူလိုပါက အမည်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာအပြည့်အစုံအား ⌨Message Box သို ့မဟုတ် ⌨Comment မှတဆင့်ပေးပို့၍ မှာယူနိုင်ပါသည်။

➡ ရန်ကုန်၊ မန္တလေးမှ မှာယူသူများကို ပစ္စည်းမှာယူပြီး ၂ရက်အတွင်း ပို့ဆောင်ပေးပါတယ်။ Delivery Charges ကတော့မြို့နယ်အလိုက်ရှိပါတယ်။

➡ နယ်မှ မှာယူသူများအနေဖြင့် သက်ဆိုင်ရာကားဂိတ်၊ စာတိုက်အထိပို့ပေးပါတယ်

✔ဆက်သွယ်ရန်ဖုန်း
📞 09 266182585📞 09 797794350 ၊

" တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ "🙏🙏🙏🙏🙏[Unicode Version]🔹တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂လရာသီတွင် ရှစ်လမြောက်လဖြစ်သည်...
11/11/2019

" တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ "

🙏🙏🙏🙏🙏
[Unicode Version]
🔹တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂လရာသီတွင် ရှစ်လမြောက်လဖြစ်သည်။

🔹မိုးလေကင်းစင်၍ နက္ခတ်တာရာစုံ ထွန်းပသော လလည်းဖြစ်သည်။

ပင်းယခေတ် စာဆိုတော် စတုရင်္ဂဗလအမတ်ကြီးက ''သရဒံတု ကာလာနံ'' အချိန်အခါနေ့တွင် တန်ဆောင်မုန်းလသည် သာယာ အလှပဆုံး အချိန်အခါဖြစ်သည်ဟု ဖွဲ့ဆိုခဲ့သည်။

🔹သာမညဖလသုတ်တော် ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ဟူ၍ သတ်မှတ်ခဲ့
သည်။

🔹ဗုဒ္ဓဘာသာဝင်တို့သည် တန်ဆောင်မုန်း လပြည့်နေ့ အခါသမယတွင် သာမညဖလတရားတော် ကို နာကြားပူဇော်လေ့ရှိကြသည်။

ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရားဟောကြားတော်မူသော သာမညဖလ သုတ္တန်ဒေသနာတော်ကို ကြားနာရသည့်အဆုံး တွင် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သည့် ဥပါသကာအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။

🔹တန်ဆောင်မုန်းလပြည့်နေ့ ကျင်းပသော ပွဲတော်တစ်ခုမှာ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲဖြစ်သည်။

🔹ကထိန်ဟူသည်မှာ ''ကထိန''ဟူသောပါဠိဝေါဟာရကို ပြန်ဆိုထားခြင်းဖြစ်သည်။

အလုပ်အကျိုးပေး မြဲမြဲခိုင်ခံ့သောအလုပ်၊ ဘုရားအစရှိသော ပညာရှိတို့က ''ကောင်း၏၊ ကောင်း၏'' ဟုချီးကျူးသြဘာ ထောမနာပြုရသော အလုပ်ကျိုးကို ''ကထိန်''ဟု ခေါ်သည်။

🔹ကထိန်ပွဲတော်သည် ရှေးဘုရင်လက်ထက် အဆက်ဆက်ကပင် ရှိခဲ့သည်။

ပဒုမုတ္တရဘုရားရှင်တို့၏ လက်ထက်၌ ကထိန်ခွင့်ပြုခဲ့သည်ဟု ဗုဒ္ဓစာပေများ၌ တွေ့ရှိရသည်။

🔹ကထိန်သင်္ကန်းအလှူသည် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်သာပြုရသော ကာလဒါနမျိုးဖြစ်သည်။

ကထိန်သင်္ကန်းကပ်လှူပွဲ ခွင့်ပြုသောကာလမှာ သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ဖြစ်သည်။

တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်ချိန် မသိုးသင်္ကန်းများ ကပ်လှူရန်အတွက် ရက်လုပ် ပူဇော်ပွဲများ ကျင်းပလေ့ရှိပြီး နေ့မကူး၊ ရက်မကူးဘဲ တစ်ရက်တည်း အပြီးရက်လုပ်လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟုလည်း ခေါ်ဝေါ်ကြသည်။

🔹ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင်သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်။

🔹ထို့ကြောင့် တန်ဆောင် မုန်းလပြည့်နေ့ကို ''သာမညဖလအခါတော်နေ့''ဟုသတ်မှတ်ကျင်းပ ကြသည်။

🔹သာမညဖလ၏အဓိပ္ပာယ်မှာ ရဟန်းပြုရခြင်း၏ အကျိုးပင်ဖြစ်သည်။

🔹သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များအတွက် ကြေးမုံမှန်ချပြ်ကီး တစ်ချပ်ပင် ဖြစ်သည်။

🔹ကိုယ်ကျင့်သီလရှိသည်မရှိသည်ကို ဤသုတ် ဖြင့်ထင်ဟပ်စေနိုင်သည်။

အရှင်ဒေဝဒတ်အား ကိုးကွယ်ဆည်းကပ် ၊ ဆရာတင်မှုမှားခဲ့သော အဇာတသတ်မင်းသားသည်ဖခင် ဘုရင် ဗိမ္ဗိသာရကိုသတ်မိသည်အထိအမှားကြီး မှားခဲ့ရာ ဖခငြ်ကီးအား သတ်မိသည့်အချိန်မှစ၍ ညတိုင်းအိပ်မပျော်သောရောဂါဝေဒနာစွဲကပ်တော့သည်။

🔹ထိုဝေဒနာကို ပျောက်ကင်းအောင် မည်သည့်သမားတော်၊ မည်သည့်ဆေးစွမ်းကောင်းကမျှ မကုသနိုင်တော့ပေ။

တန်ဆောင်မုန်းလပြည့်ညတစ်ညတွင်အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီစွာဖြင့်ညီလာခံ
သဘင် ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်းမြူတိမ်သူရိန် မီးခိုးမှောင်မျိုး မသွန်းလပြည့်ဝန်းက ထွန်းလင်းသာယာနေသည်။

🔹ကြည်နူးသာယာဖွယ် ကောင်းလှသည ့် တန်ဆောင်မုန်းလပြည့်ည၏ အလှကိုခံစားရင်းရင်တွင်းအပူမီးကိုငြိမ်းအေးစေနိုင်မည့် နည်းလမ်းများရရှိရန် တောင့်တမိလေသည်။

မှူးကြီး မတ်ကြီးများအား မည်သူ့ကို ချဉ်းကပ်ရလျှင် ကောင်းမည်နည်းဟု မေးမြန်းတိုင်ပင်ရတော့
သည်။

ပုရာဏကဿပအစရှိသော တိတ္ထိဆရာကြီးများထံ ချဉ်းကပ်သင့်ကြောင်းမှူးကြီးမတ်ကြီးတို့၏ တင်ပြချက်ကို လက်မခံဘဲ ဆရာဇီဝကအား မေးတော်မူ
သည်။

🔹ဆရာဇီဝက၏ အကြံပေးချက်အရ ဘုရားရှင်ထံချဉ်းကပ်ဖို့ရန် ဆရာဇီဝကကို စီစဉ်စေသည်။

အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသောအချိန်မှာ တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်ဖြစ်သည်။

ရာဇဂြိုဟ်မြို့အနီးဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးနေသော ဘုရားကျောင်းတော်သို့ သွားရာလမ်း ခရီးတွင် ညချမ်းချိန်ဖြစ်ခြင်း၊ သစ်ရိပ်ဝါးရိပ်ကြောင့် အမှောင်ကျနေခြင်းတို့ကြောင့် လိုက်ပါသူအားလုံး မီးရှူးမီးတိုင် ကိုယ်စီကိုင်၍ သွားကြရသည်။

🔹အဇာတသတ်နှင့်အခြံအရံများ တန်ဆောင်မုန်းလပြည့်ည၌ တန်ဆောင်တိုင်မီးထွန်းပွဲ ကျင်းပကြသကဲ့သို့ ဖြစ်လေသည်။

အဇာတသတ်မင်းသည် ဘုရားရှင်ဟောကြားသော သာမညဖလ တရားတော်ကို နာကြားရသဖြင့် အိပ်မပျော်သောရောဂါ လုံးဝပျောက်ကင်းသွားတော့သည်။

ရတနာသုံးပါးအပေါ် နှစ်နှစ်ကာကာ ယုံကြည် သွားလေသည်။

🔹ပုထုဇဉ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ် အဖြစ် ဧတဒဂ်ပေးခြင်းကိုပင်ခံယူရရှိသည်် ။

အဇာတသတ်မငး် သည ် ပထမသဂါင်္ ယနာတင ် ဒကာအဖြစ်လည်းကောင်းခံယူခဲ့သည်် ။

ဘုရားရှှုင်၏ ဓာတ်တော်များကို စုဆောငး် သိမ်းဆညး် ၍ ဓာတ်တော်တိုက်ကြီးကိုလည်း တည်ထားခဲ့သည။်

🔹ဗုဒ္ဓသာသနာနှစ်ကိုလည်းအတိအကျ သတ်မှတ်ပေးခဲ့သည်။

🔹တန်ဆောင်မုန်းလပြည့်နေ့တွင် ရှင်မာလဲပွဲကိုလည်း ကျင်းပကြသည်။

🔹အရိမေတ္တေယျ ဘုရားအလောင်းနတ်သားက -

🔻သီဟိုဠ်ကျွန်းသား ရှင်မာလဲမထေရ်အား ......

တန်ဆောင်မုန်းလပြည့်နေ့တိုင်း လူအပေါင်းတို့ အား ဝေဿန္တရာဇာတ်တော်ကို ဟောကြားပါရန် တောင်းပန်လျှောက်ထားသဖြင့် -

"ရှင်မာလဲ"က ဂါထာတစ်ထောင် ဖြင့် တန်ဆာဆင် အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟော ပြောသည်ကို အထိမ်းအမှတ်ပြု၍ ဝေဿန္တရာဇာတ်တော်ကိုဟောပြောခြင်း၊

လှော်ကားတော်ပုံပြု၍ လှော်ကားထက်တွင် အသီးတစ်ထောင်၊ အပွင့်တစ်ထောင်၊ ထမင်းထုပ်တစ်ထောင်၊ ဆီမီးတစ်ထောင်စသည်တင်ကာ လှူဒါန်း
ခြင်းဖြင့် "ရှင်မာလဲပွဲ"ကို ဆင်ယင်ကျင်းပကြသည်။

🔹တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်အပေါင်းကို စောင့်သော နတ်တို့သည် မဲဇလီပင်စောင့်နတ်အား လာရောက်ခစားကြသည်။

🔹ထို့ကြောင့် မဲဇလီပင်သည် ဆေးပေါင်းခသည်။

ထိုအချိန်မျိုး၌ မဲဇလီဖူးကို စားသုံးခဲ့သော် အနာမျိုး
၉၆ပါးကင်းပြီး ဘုန်းကြီး သက်ရှည်နိုင်သည်ဟု ဆေးကျမ်းတို့တွင်ဖော်ပြပါရှိသည်။

🔹ထိုအဆိုအတိုင်း ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာရန် မဲဇလီဖူးသုပ်ကို စားသုံးကြသည်။

တန်ဆောင်မုန်းလတွင် တန်တောင်တိုင်မီးထွန်းပွဲ၊ ကထိန်ပွဲ၊မသိုးသင်္ကန်းရက်လုပ်ပွဲ၊မဲဇလီဖူးသုပ်ဝေငှပွဲ၊ ရှင်မာလဲပွဲ၊ သာမညဖလ အခါတော်နေ့ပွဲများ ကျင်းပကြလေသည်။

🔹တန်ဆောင်မုန်းလသည် ရိုးရာပွဲတော်အများဆုံးလဟု ဆိုနိုင်သည်။

ခြေခင်းလက်ခင်းသာသော မိုးအနှောင်း ဆောင်းအကူးကာလဖြစ်ခြင်း၊

အာဇဋာ ကောင်းကင်ထက် တွင် မိုးတိမ်မိုးရိပ်တို့ကင်းစင်ခြင်း၊

🔹ဆီးနှင်းမြူတိမ် သူရိန်မီးခိုး မှောင်မျိုးမသွန်းသည့် လပြည့်ဝန်းအား သာယာကြည်နူးစဖွယ် တွေ့မြင် ရခြင်း၊

🔹ဗုဒ္ဓဘာသာ မြန်မာယဉ်ကျေးမှုပွဲတော်များ ဆင်ယင်ကျင်းပခြင်းတို့ကြောင့် မြန်မာတို့၏ သာယာ
ပျော်ရွှင်ဖွယ်ကောင်းသော လတစ်လပင်ဖြစ်ပါသည်

" ပန်းတောင်းသန်းကြွယ်" ၏ ဆောင်းပါးအား "ဗဟုသုတ" အလိုဌာ တင်ပြလိုက်ပါသည်။။

🙏🙏🙏🙏🙏


















🔹သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များအတွက် ကြေးမုံမှန်ချပ်ြကီး တစ်ချပ်ပင် ဖြစ်သည်။


အရှင်ဒေဝဒတ်အား ကိုးကွယ်ဆည်းကပ် ၊ ဆရာတင်မှုမှားခဲ့သော အဇာတသတ်မင်းသားသည်ဖခင် ဘုရင် ဗိမ္ဗိသာရကိုသတ်မိသည်အထိအမှားကြီး မှားခဲ့ရာ ဖခင်ြကီးအား သတ်မိသည့်အချိန်မှစ၍ ညတိုင်းအိပ်မပျော်သောရောဂါဝေဒနာစွဲကပ်တော့သည်။













အဇာတသတ်မင်း သည် ပထမသဂါင်္ ယနာတင် ဒကာအဖြစ်လည်းကောင်းခံယူခဲ့သည် ။

ဘုရားရှုင်၏ ဓာတ်တော်များကို စုဆောင်း သိမ်းဆည်း ၍ ဓာတ်တော်တိုက်ကြီးကိုလည်း တည်ထားခဲ့သည။်



















credit :: origianl uploader

11/11/2019

ဆေးပေါင်းခတဲ့ တန်ဆောင်မုန်း လပြည့်နေ့ အခါသမယမှာ ကိုယ်စိတ်နှလုံး ရွှင်ပြုံးကြပါစေ...

မှတ်သားသင့်သော နှိပ်နည်း အဖြာဖြာ       Credit : original uploader
05/11/2019

မှတ်သားသင့်သော နှိပ်နည်း အဖြာဖြာ



Credit : original uploader

Address

Maymyo

Website

Alerts

Be the first to know and let us send you an email when Coral Computers, Laptops and Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share