Myat Mahar

Myat Mahar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat Mahar, Shopping & retail, အမှတ်(171)၊မြို့လယ်ရွှေစည်းခုံဘုရာလမ်း၊ရပ်ကွက်ကြီး(၄)၊(၈)ကွက်၊ပြင်ဦးလွင်မြို့။, Maymyo.

မြန်မာပြည်ရဲ့ အထင်ကရ လေးဆူဓါတ်တော် ရွှေတိဂုံစေတီတော်သီရိလင်္ကာနိုင်ငံမှ ထူပါရာမနှင့် မဟာစေတီ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ခြေတော...
24/02/2025

မြန်မာပြည်ရဲ့ အထင်ကရ
လေးဆူဓါတ်တော် ရွှေတိဂုံစေတီတော်
သီရိလင်္ကာနိုင်ငံမှ ထူပါရာမနှင့် မဟာစေတီ
ဗုဒ္ဓမြတ်စွာဘုရားရဲ့ ခြေတော်ရာ အစရှိသော
တန်ခိုးကြီးစေတီတော်ကြီးများအတိုင်း
(Bronze + 24K Gold Plated) နှင့် သီရိလင်္ကာလက်ရာဖြင့် ဖန်တီးပြုလုပ်ထားသော ပုံတူစေတီငယ်လေးများကို Myat Mahar မှာ မှာယူပူဇော်နိုင်ပါပြီရှင်။
_____________________________________________________________
မှာယူပူဇော်လိုသူများ အနေနဲ့ -'Myat Mahar' Page Messenger မှ တဆင့်မှာယူနိုင်သလို Showroom များတွင်လည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလို့ရပါတယ်‌ရှင့် ။

🏠မန္တလေး Showroom - အမှတ်(C-2/5)၊32×32Aကြား၊ 77A လမ်း၊ဂရိတ်ဝေါတိုက်ခန်း၊မန္တလေးမြို့။ 📞📞09776622136/09776622138

🏠 ရန်ကုန်Showroom - အမှတ် ၁၆ဘီ ၊သင်္ဂဟလမ်း၊ကျောက်မြောင်း၊ရန်ကုန်မြို့။ 📞 09
787822188 , 09 259822188

🏠ပြင်ဦးလွင် Showroom - အမှတ် (171)၊ မြို့လယ် ရွှေစည်းခုံဘုရားလမ်း၊ ရပ်ကွက်ကြီး (၄)၊(၈)ကွက်၊ ပြင်ဦးလွင်မြို့။ ဖုန်း 📞📞- 09751900078

❗️ရန်ကုန်၊ မန္တလေး မြို့ကြီးများအပြင် အမြို့မြို့ အနယ်နယ်သို့လည်း ဝန်ဆောင်မှုပေးလျက်ရှိတာမို့ ကိုယ်တိုင်မလာနိုင်ရင်လည်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်နော်။

ဘာကြောင့် "ကံ" တွေ "ညံ့" ရတယ်...?🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹၁။ ကံကြီးထိုက်နေသူနဲ့ပေါင်းမိတာကျေးဇူးရှင် ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားမိထ...
23/02/2025

ဘာကြောင့် "ကံ" တွေ "ညံ့" ရတယ်...?
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
၁။ ကံကြီးထိုက်နေသူနဲ့ပေါင်းမိတာ
ကျေးဇူးရှင် ခင်ပွန်းကြီးဆယ်ပါးကို
ပြစ်မှားမိထားသူတွေဟာ မတောင်းပန်မချင်း
တစ်ဘဝစာ ကံကောင်းခြင်းတွေ
ပိတ်ဆို့နေတတ်ပါတယ်။
သူလုပ်လိုက်မှ ပျက်တာ၊
သူ ပါလာမှ လွဲကုန်တာ၊ ဝင်ငွေမရှိ
အလုပ်မရ ညှင်းသိုးသိုးနဲ့
block ဖြစ်နေတတ်တယ်။
အဲ့ဒီလိုလူတွေနဲ့ အလုပ်တွဲလုပ်မိတာ
ပဲဖြစ်ဖြစ် ကိုယ့်အခန်း ၊
ကိုယ့်အိမ်မှာ လာနေတာပဲဖြစ်ဖြစ်
သူ့ကိုပေးချင်ကျွေးချင်လို့
ရည်ရွယ်မိတာပဲဖြစ်ဖြစ်
အဆင်မပြေဖြစ်လာတတ်တယ်။
ကံကူးတဲ့ သဘော ပါ။
ကံတူလာတဲ့အခါ အကျိူးပေးတွေ
တူလာတတ်ပါတယ်။
၂။ သူများထိခိုက်နစ်နာမှုကို
ဝမ်းမြောက်ဝမ်းသာဖြစ်တာ
သူများကျရှုံးမှု ၊ ထိခိုက်နစ်နာမှုကို
မသိစိတ်က ဝမ်းသာမိတဲ့အခါ
အဲ့ဒီကံရဲ့ reflection အဖြစ် ကိုယ့်ဆီ
တိတိကျကျ ပြန်ရောက်လာပြီး
ကံ့ညံ့လာစေပါတယ်။
၃။ သူများငွေ၊ ပစ္စည်းဥစ္စာကို
မတရားယူမိတာ
တခါတလေ ဒီလောက်နဲ့တော့
ဘာမှမဖြစ်ပါဘူးဆိုပြီး
သူများငွေ ၊သူများအကျပ်အတည်းကို
အခွင့်ကောင်း ယူမိတာတွေ၊
အမြတ်ကြီးစားမိတာတွေ၊
သူ မသိလောက်ပါဘူးဆိုပြီး
လုပ်မိတာတွေဟာ ကိုယ့်ရဲ့
ရောက်လာမယ့်
ကံကောင်းခြင်းတွေကိုပါ
ဖယ်ရှားပစ်လိုက်ပြီး
နှစ်ဆပြန်ပေးဆပ်နေ
ရတတ်ပါတယ်။
၄။ သူတပါး အခွင့်အလမ်း၊ အလုပ်၊ လာဘ်လာဘကို ပိတ်ပင်တားဆီးမိတာ
သူတပါး မျှော်လင့်ချက်ကို
ဖျက်ဆီးမိ၊
ကိုယ့်အလုပ်သမားရဲ့ လုပ်အားခ
ကို နှိမ်မိ၊
သူများရမယ့်အခွင့်အလမ်း
အလုပ်ကို ကိုယ်ကကြားကနေ
ဘာရယ်မဟုတ် ပုတ်ခတ်ဖျက်
စီးမိတဲ့အခါ ကိုယ့်လုပ်ငန်းတွေ
ရပ်ဆိုင်းကြန့်ကြာနေရတတ်ပါတယ်။
သူတပါးကိုနင်းပြီး လုပြီး
ရလာတဲ့နေရာဟာဘယ်တော့မှ
မြဲ တဲ့ ထုံးစံမ ရှိ ပါဘူး။
၅။ သူတပါးအပေါ်
မကောင်းမြင်၊မနာလိုစိတ်များနေတာ
တခါတလေ ကိုယ့်ဟာကိုယ်
နေနေပေမယ့် ဘေးကလူတွေရဲ့
အတင်းစကားတွေကြား လိုက်ရုံနဲ့
အဲ့ဒီလူကို ကိုယ်ပါ အမုန်းစိတ်တွေ
ဖြစ်ပေါ်လာတာမျိုးရှိတတ်တယ် ။
ပြီးတော့ လူတကာအပေါ်
မကောင်းမြင်စိတ်
negative များနေတဲ့အခါ စိတ်
တွေ အုံ့မှိုင်းလာပြီး
ကံ့ညံ့လာတတ်ပါတယ်။
မရှိလို့ လူတွေကို ညစ်တွန်းတွန်းလေ
ကံညံ့လေလေဘဲ။
၆။ ကိုယ့်အပေါ် စေတနာ-မေတ္တာ မှန်သူကို
#ပစ်မှားမိတာ
ဒါက မိဘဆရာ၊
အလုပ်ရှင် မှ မဟုတ်ဘူး။
လင်မယား ၊ ချစ်သူကြား၊
သူငယ်ချင်းမိတ်ဆွေကြား လည်း
အဲ့လိုပဲ ကိုယ့်အပေါ် မေတ္တာ ၊
စေတနာမှန်သူကို ပြစ်မှား
စော်ကား ခံစားရစေ
မျက်ရည်ကျရစေတဲ့အခါ
ဘဝဟာ မပြောင်ရောင်တော့ပါ။
ကြုံလာသမျှကအတုတွေနဲ့ကြီးပဲ
ရင်ဆိုင် ရတတ်ပါတယ်။
နောက်တစ်ခု သတိပေးချင်တာက
စတေနာ မတျတောထားသူကို
ပြစ်မှားမိသူတွေဟာ
ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာ
ကျန်းမာရေး ချိူ့တဲ့ပြီး
ကံညံ့တတ်ပါတယ်။
၇။ သူတပါးကို
#နာမည်ဖျက်အပုတ်ချမိတာ
မကောင်းသတင်း မဟုတ်မမှန်
အပုပ်ချမိတဲ့သူတွေဟာ
အမြဲ လာဘ်ပိတ်ပြီး ခန္ဓာကိုယ်
ဖျော့တော့ ညိုးနွမ်း
အရောင်မှိန်နေတတ်ပါတယ်။
၈။ ပစ္စည်းထားသိုမှု၊
#နေထိုင်မှုမှားယွင်းတာ
မိမိခေါင်းရင်းမှာ
ခြေအိတ်တွေ အောက်ပိုင်းပစ္စည်းတွေ
မသန့်စင်တဲ့အရာတွေ ထားမိတာမျိူး မျက်နှာသုတ်ပုဝါကိုအောက်ပိုင်း
တွေသုတ်၊ ခြေနင်းဖတ်မှာထားမိတာမျိုး
မိမိအဝတ်အစားကို အိုးပူကိုင်၊
ကြမ်းတိုက် တာတွေလုပ်မိတာ။ 😰
မိမိကို ထမင်းကျွေးနေတဲ့
လုပ်ငန်းသုံးပစ္စည်း ၊ စာရွက်စာတမ်း
စတာတွေကို မရိုသေတာ
အောက်ချထားတာ။
အိမ်အဝင်ဝ၊ ဆိုင်အဝင်ဝကို
ကြောပေးထိုင်နေတာ။
၉။ အတိတ်နိမိတ်
ပါးစပ်က အမြဲ
#ညည်းတွားမိတာ😰
တခါတလေ အကျင့်ပါပြီး
နိမိတ်မရှိတာတွေ ပိုက်ဆံမရှိတဲ့စကားတွေ ညည်းတွားတာတွေကို
ပြောမိကြပါတယ်။
အချိန် စက္ကန့် မိနစ်တွေမှာ
နက္ခတ်မိတဲ့အချိန်တွေ ရှိတာမို့
အဲ့လိုအချိန်တွေနဲ့
ကိုယ့်နူတ်ထွက်ချိန်နဲ့ ကွက်တိ
ကျတဲ့အခါ အမှန်ဖြစ်လာ
တတ်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့်
___________________________
သာယာငြိမ်းချမ်းသော စနေညချမ်းလေးကို
ပိုင်ဆိုင်နိုင်ကြပါစေလို့ တောင်းဆုပြုရင်း....။ ။

'တရားနာစက်' ကိုမှ Blutetooth ချိတ်လို့ရလား၊ SD ကဒ်ရော စိုက်လို့ရလား...မေးနေကြတဲ့ Customer များအတွက် Model အသစ် ဒီဇိုင်းအ...
23/02/2025

'တရားနာစက်' ကိုမှ Blutetooth ချိတ်လို့ရလား၊ SD ကဒ်ရော စိုက်လို့ရလား...မေးနေကြတဲ့ Customer များအတွက် Model အသစ် ဒီဇိုင်းအသစ် 'ကြာပန်းတရားနာစက်' လေးတွေ မှာယူနိုင်ပါပြီရှင့်...။ 😍
- အရွယ်အစားအနေနဲ့ကတော့ အရင် Model အဟောင်းလေးအတိုင်းပဲ ပေါ့ပါးကျစ်လစ်တဲ့အသွင်လေးဖြစ်ပြီး ဒီဇိုင်းပိုင်းမှာတော့ ရိုးရိုးရှင်းရှင်းနဲ့ ပိုပြီး Classic ဖြစ်လာတာကြောင့် လူကြီးလူငယ်တိုင်းမရွေး သဘောကျစေမှာပါ။
🎼 အဓိကထူးခြားချက်ဖြစ်တဲ့ Bluetooh နဲ့ ချိတ်ဆက်အသုံးပြုနိုင်တာကြောင့် သီချင်းနားထောင်ချင်တဲ့ မိတ်ဆွေများအတွက်လည်း တော်တော်လေးကို အဆင်ပြေစေပါတယ်နော်။
SD ကဒ်လည်း စိုက်လို့ရသလို နားကြပ်ပေါက်လည်း ပါဝင်တယ်ဆိုတော့ ပေးရတဲ့စျေးနဲ့ဆို ပြီးပြည့်စုံတယ်လို့ ဆိုနိုင်ပါတယ်။
🔋အားတခါသွင်းပြီးရင် နာရီ(၂၀)နီးပါး အသုံးပြုနိုင်တာကြောင့် MP3စက်လေးတစ်လုံးလိုနားကြပ်လေးတပ်ပြီး ပေါ့ပေါ့ပါးပါး အချိန်မရွေး၊ နေရာမရွေး နားဆင်ရုံပါပဲ...။
အာမခံ (၆) လ ပေးထားပြီး စျေးနှုန်းလေးကတော့ (၃၆၉၀၀ ကျပ်) နဲ့ ရရှိနိုင်ပါတယ်ရှင်။ 💛
'ကြာပန်းတရားနာစက်' လေးများကိုမှာယူလိုပါက -
'Myat Mahar' Page Messenger မှ တဆင့်မှာယူနိုင်သလို Showroom များတွင်လည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလို့ရပါတယ်‌ရှင့် ။

🏠မန္တလေး Showroom - အမှတ်(C-2/5)၊32×32Aကြား၊ 77A လမ်း၊ဂရိတ်ဝေါတိုက်ခန်း၊မန္တလေးမြို့။ 📞📞09776622136/09776622138

🏠 ရန်ကုန်Showroom - အမှတ် ၁၆ဘီ ၊သင်္ဂဟလမ်း၊ကျောက်မြောင်း၊ရန်ကုန်မြို့။ 📞 09
787822188 , 09 259822188

🏠ပြင်ဦးလွင် Showroom - အမှတ် (171)၊ မြို့လယ် ရွှေစည်းခုံဘုရားလမ်း၊ ရပ်ကွက်ကြီး (၄)၊(၈)ကွက်၊ ပြင်ဦးလွင်မြို့။ ဖုန်း 📞📞- 09751900078

❗️ရန်ကုန်၊ မန္တလေး မြို့ကြီးများအပြင် အမြို့မြို့ အနယ်နယ်သို့လည်း ဝန်ဆောင်မှုပေးလျက်ရှိတာမို့ ကိုယ်တိုင်မလာနိုင်ရင်လည်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်နော်။

23/02/2025
20/12/2024
30/10/2024

🍀 ခါးနာလို့ အများတကာလို တရားမနာနိုင်ဘူး 🍀 တရားထိုင် ဖို့လည်း ခါးမနိုင်ဘူး ဆိုတဲ့ ခါးဝေဒနာသည် သက်ကြီးရွယ်အို မိဘဘိုးဘွားတို့ ခါးလေးမက်ပြီး တရားလေး မှတ်နိုင်ဖို့ ဒီခုံလေးကို ဆောင်ထားလိုက်ပါနော်။ ခါးဝေဒနာကို အသေအချာ အဖြေရှာပေးနိုင်တဲ့ ဒီခုံလေးက ပေါင် ၂၀၀ အထိ ရှောင်စရာမရှိတာမို့ ခန္ဓာကိုယ်ပြည့်ဝတဲ့ မိဘများလည်း စိတ်ချလက်ချ သုံးနိုင်ပါတယ်ရှင့်။

💁✅ ရုံးဝန်ထမ်းတွေလို၊ ကားဆရာကြီးတွေလို ကြာကြာထိုင်ပြီး စီးပွားရှာနေရသူတွေအတွက် ခါးနာ ခါးကိုက် ဝေဒနာတွေ သက်သာကင်းစင်စေတဲ့ ဒီခုံလေးပါနော်။😍

✅ ကျန်းမာစွာ စီးပွားရှာဖို့ ဖြစ်စေ၊ ကုသိုလ်ပြုဖို့ ဖြစ်စေခါးအရိုးအစစ် တည့်မက်ပေးနိုင်တဲ့ တရားထိုင်ခုံလေးနဲ့ ကြာပန်းပုံ တရားထိုင်အခင်းလေးတွေကို နှစ်သက်လို့မှာယူချင်တယ်ဆိုရင်တော့,

👇 Myat Mahar Page Messenger ကနေဆက်သွယ်နိုင်သလို ဖုန်းနံပါတ်☎📱 09-751900078 ကိုလည် ဆက်သွယ်မှာယူဝယ်ယူအားပေးလို့ရပါတယ်ရှင့်။

🏠မန္တလေး Showroom - အမှတ်(C-2/5)၊32×32Aကြား၊ 77A လမ်း၊ဂရိတ်ဝေါတိုက်ခန်း၊မန္တလေးမြို့။📞📞09776622136/09776622138

🏠ပြင်ဦးလွင် Showroom - အမှတ် (171)၊ မြို့လယ် ရွှေစည်းခုံဘုရားလမ်း၊ ရပ်ကွက်ကြီး (၄)၊(၈)ကွက်၊ ပြင်ဦးလွင်မြို့။ ဖုန်း 📞📞- 09751900078 ❗️

ရန်ကုန်၊ မန္တလေး မြို့ကြီးများအပြင် အမြို့မြို့ အနယ်နယ်သို့လည်း ဝန်ဆောင်မှုပေးလျက်ရှိတာမို့ ကိုယ်တိုင်မလာနိုင်ရင်လည်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်နော်။💚✌️

ကြွေးတစ်ရာ ယူထားတယ်ဆိုရင် ဒီဘဝမှာဆပ်တာကမှ တစ်ရာဆပ်လိုက်ရင် ပြီးသွားတယ်။အတိုးမဲ့ချေးထားတယ် ဆိုရင်ပေါ့လေ။တစ်ရာယူထား တစ်ရာဆ...
30/10/2024

ကြွေးတစ်ရာ ယူထားတယ်ဆိုရင်
ဒီဘဝမှာဆပ်တာကမှ တစ်ရာဆပ်လိုက်ရင်
ပြီးသွားတယ်။
အတိုးမဲ့ချေးထားတယ် ဆိုရင်ပေါ့လေ။
တစ်ရာယူထား တစ်ရာဆပ်လိုက် ပြီးသွားတယ်။

ဒီဘဝမှာကျေအောင် မဆပ်ဘူးဆိုရင်တော့
တစ်ရာလည်း မကဘူး။
တစ်သိန်းလည်း မကဘူး။
ဒီဘဝမှာ ချေးထားတဲ့
တစ်ရာနဲ့ မတန်လောက်အောင်ကို
အဆပေါင်းများစွာ ကြွေးဆပ်ရပါတယ်။

နောက်ဘဝမှ ကြွေးဆပ်ရင်
တစ်ရာလောက်ဆပ်ရုံနဲ့ မရတော့ဘူး။
နောက်ဘဝကျတော့
“မင်းဆီ အရင်ဘဝက ငါတစ်ရာယူထားတာ
ရော့တစ်ရာ”ဆိုပြီးတော့
သွားဆပ်လို့မရတော့ဘူး။
တစ်ရာထက်ကို အဆပေါင်းများစွာ ဆပ်ရပါမယ်။

🙏အရှင်ဆန္ဒာဓိက - ရွှေပါရမီတောရ🙏
(Credit)

"ကြေးစည်၊ မောင်းသံ တီးခတ်မှန်ဧကန် အေးချမ်းလာဘ်တက်၏အထက်ဝန်းကျင် နတ်ချစ်ခင် သူကောင်းမြတ်များ မြတ်နိုး၏ အာရုံပြုရန် မြတ်နိဗ...
30/10/2024

"ကြေးစည်၊ မောင်းသံ တီးခတ်မှန်
ဧကန် အေးချမ်းလာဘ်တက်၏
အထက်ဝန်းကျင် နတ်ချစ်ခင်
သူကောင်းမြတ်များ မြတ်နိုး၏
အာရုံပြုရန် မြတ်နိဗ္ဗာန်
ကုသိုလ်တေးသံချိုတို့တည်း...။"

✨'ကြေးစည်' ဆိုတာ ဗုဒ္ဓတရားတော်နဲ့ ခွဲခြားလို့မရနိုင်တဲ့ ဓမ္မတူရိယာတစ်ခုဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ နေအိမ်ဘုရားကျောင်းဆောင်တိုင်းမှာ ချိတ်ဆွဲထားရှိကြပြီး ကြည်လင်ချိုမြတဲ့ ပဲ့တင်သံကြောင့် မိမိပြုတဲ့ ကုသိုလ်အစုစုကို အဝေး၌ရှိသော နတ်၊လူအပေါင်းထံသို့ ရောက်ရှိစေပါတယ်။

✨ကြေးစည်သံဟာ အအေးဓာတ်ကိုပေးပြီး ကိလေသာအပူတွေကို ငြိမ်းစေပါတယ်။ နာနာဘာဝတို့ရဲ့ နားမှာတော့ ပူလောင်စူးရှသောအသံကို ဖြစ်စေပြီး ကံဆိုးကံညံ့နေပြီဟု ထင်သောအခါမျိုးတွင် ကြေးစည်တီးခတ်ခြင်းဖြင့် ကိုယ့်ကိုဒုက္ခပေးမည့်သူများနှင့် ဝေးကွာစေပါတယ်။

✨ကြေးမောင်းကတော့ လောကီရေးရာ ကိစ္စများမှာ အောင်မြင်မှုကိုရရှိရန် တိုင်တည်သစ္စာပြုတဲ့အခါ၊ အဓိဌာန်ဝင်တဲ့အခါများမှာ ‌ရှေးအစဥ်အဆက်မှ ယနေ့ခေတ်အချိန်ထိ အလေးထား အသုံးပြုခဲ့ကြပြီး နား၌ ခံ့ထည်သော အသံကိုဖြစ်ပေါ်စေပါတယ်။ တက်ကြွအားအင် အောင်မြင်ခြင်း သဘောကိုဆောင်တဲ့ တူရိယာတစ်ခုဖြစ်ပါတယ်။

🙏မိမိတို့ရဲ့မင်္ဂလာနေအိမ် ဘုရားခန်းမှာ ကုသိုလ်ပြုအဓိဌာန်ဝင်ရန် ကြေးစည်၊ ကြေးမောင်း တွဲလျက်လိုချင်တဲ့ မိတ်ဆွေများအတွက် ခံထည်လှပသော ကြေးစည်၊မောင်း တွဲလျက်စင်များ အသင့်မှာယူနိုင်ပါတယ်။ အသံထွက်ကြည်လင်ပီသပြီး ခိုင်ခံ့မှုနဲ့ ကြေးသားပြည့်ဝဖို့ အထူးအာမခံရောင်းချပေးပါတယ်။

👉 ကြေးစည် ကြေးမောင်း စင်များကိုမှာယူလိုပါက - Myat Mahar Page Messenger မှ တဆင့် မှာယူနိုင်သလို Showroom များတွင်လည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလို့ရပါတယ်‌ရှင့် ။

🏠မန္တလေး Showroom - အမှတ်(C-2/5)၊32×32Aကြား၊ 77A လမ်း၊ဂရိတ်ဝေါတိုက်ခန်း၊မန္တလေးမြို့။ 📞📞09776622136/09776622138

🏠ပြင်ဦးလွင် Showroom - အမှတ် (171)၊ မြို့လယ် ရွှေစည်းခုံဘုရားလမ်း၊ ရပ်ကွက်ကြီး (၄)၊(၈)ကွက်၊ ပြင်ဦးလွင်မြို့။ ဖုန်း 📞📞- 09751900078

မြတ်စွာဘုရားက  #မကျန်းမာတဲ့ပုဂ္ဂိုလ်တွေဆိုရင်ဒီတရား ၅မျိုး ကို နှလုံးသွင်းပါတဲ့...နံပါတ်(၁)ဒီကိုယ်ခန္ဓာကိုယ်ကြီးဟာ မတင့်...
27/10/2024

မြတ်စွာဘုရားက
#မကျန်းမာတဲ့ပုဂ္ဂိုလ်တွေဆိုရင်
ဒီတရား ၅မျိုး ကို နှလုံးသွင်းပါတဲ့...

နံပါတ်(၁)
ဒီကိုယ်ခန္ဓာကိုယ်ကြီးဟာ
မတင့်မတယ် ရွံရှာဖွယ်ကောင်းတယ်
ဆိုတာကို မပြတ်ဆင်ခြင်ပေးပါတဲ့ ….။

နံပါတ်(၂)
ကိုယ်စားတဲ့ အစာအာဟာရတွေရဲ့
စက်ဆုပ်ဖွယ်အခြေအနေတွေကို
မပြတ်ဆင်ခြင်စဉ်းစားပေးပါတဲ့ ….။

နံပါတ်(၃)
လောကကြီးရဲ့ပျော်ရွှင်စရာကင်းမဲ့နေပုံကို
ဆင်ခြင်စဉ်းစားပေးပါတဲ့ ….။

နံပါတ်(၄)
သင်္ခါရမှန်သမျှ ဘယ်အရာမှ မမြဲဘူးဆိုတဲ့
အနိစ္စသညာကို ဆင်ခြင်စဉ်းစားပေးပါတဲ့ ….။

နံပါတ်(၅)
သေခြင်းနဲ့ပတ်သက်တဲ့ အမှတ်သညာတစ်ခု
ကိုယ့်ရဲ့သေခြင်းပဲဖြစ်စေ၊ ကိုယ်နဲ့ပတ်သက်တဲ့
ပုဂ္ဂိုလ်တွေရဲ့သေဆုံးခြင်းပဲဖြစ်စေ
သေဆုံးခြင်းနဲ့ပတ်သက်ပြီး
သတိ၊ သံဝေဂ၊ အသိဉာဏ်
အမြဲတမ်းဖြစ်အောင် ဆင်ခြင်စဉ်းစားပေးပါလို့
ဟောကြားတော်မူတာဖြစ်တယ်....။

ဒီနှလုံးသွင်းတရား ( ၅ )မျိုးဟာ
မကျန်းမာသူတွေအတွက် အထူးလိုအပ်တဲ့
နှလုံးသွင်းတရားကမ္မဋ္ဌာန်း ၅ ခုပဲ ဖြစ်ပါတယ်။

ခုလို ကမ္မဋ္ဌာန်း ၅ မျိုးကို အမြဲမပြတ်
နှလုံးသွင်း ဆင်ခြင်ခြင်းအားဖြင့်
ထိုပုဂ္ဂိုလ်ဟာ ကြီးမားတဲ့
အကျိုးကျေးဇူးတွေကို ရရှိနိုင်တယ်။

မြတ်စွာဘုရားက ဘယ်လောက်ထိတောင် ဟောတုန်းဆိုရင်
ဒီလိုသာ မှန်မှန်ကန်ကန် နှလုံးသွင်းပြီးဒီတရား ၅ မျိုး သူ့သန္တာန်မှာ
ပြည့်ပြည့်ဝဝကြီး ရှိမယ်ဆိုရင်
သူဟာ မသေခင်မှာ ရဟန္တာကြီး ဖြစ်သွားနိုင်ပါတယ်လို့တောင်ဟောထားတယ် ။

🙏☘ ပါမောက္ခချုပ်ဆရာတော်ကြီး☘🙏
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

🍀မိဘတွေအရှေ့မှာကိုယ်စိတ်ညစ်စရာတွေရှိတောင်သွားရင်မဖွင့်ပါနဲ့...။🍀ဘာဖြစ်လို့လဲဆိုရင်သူတို့က မိမိတို့ထက်ပိုနာကျင် တတ်ကြလို့...
26/10/2024

🍀မိဘတွေအရှေ့မှာ
ကိုယ်စိတ်ညစ်စရာတွေရှိတောင်
သွားရင်မဖွင့်ပါနဲ့...။

🍀ဘာဖြစ်လို့လဲဆိုရင်
သူတို့က မိမိတို့ထက်
ပိုနာကျင် တတ်ကြလို့ပါ ။

🍀ငယ်ငယ်ကသားသမီးတွေမှာ
မအီမသာလေးဖြစ်ရင်ကိုပဲ

🍀မိဘနှစ်ပါးရဲ့ရင်ထဲမှာ
စိုးရိမ်စိတ်တွေနဲ့ ပြည့်နေတာကို
ပြန်သတိရကြည့်ပေါ့...။

🍀မိဘဟာ သားသမီတွေက
ပေးလာကျွေးလာမှာကို
မမျှော်တတ်ကြပါဘူး ။

🍀အဆင်ပြေတယ်ဆိုတဲ့
သတင်းကိုပဲ ကြားချင်ကြတာပါ ။

🍀သားသမီးတွေရဲ့
အဆင်မပြေတာကိုကြားရင်

🍀ပိုပြီးတော့ စိတ်မကောင်း
ဖြစ်မယ့်သူတွေထဲမှာ
မိဘဟာ ထိပ်ဆုံးကပါပဲ ။

🍀ဒါကြောင့်...
ကိုယ့်စကားတွေကြောင့်
မိဘတွေကို မပူလောင်စေပါနဲ့ ။

🍀အဆင်ပြေသလိုလေး
ဟန်ဆောင်ပြီးတော့ပဲ
မိဘကိုနှစ်သိမ့်ပေးနေလိုက်ပါ ။

🍀မိဘတွေစိတ်ချမ်းသာမှု
ရသွားတယ်ဆိုရင်

🍀ကိုယ်လည်းစိတ်ညစ်စရာတွေ
ပျောက်ပြီးတော့
ပြန်အဆင်ပြေလာကြမှာပါ ။

(Credit)

တစ်ဘဝတည်းသာ သည်းခံပါ👛👛👛👛👛👛👛👛👛👛👛🍱မစဉ်းစားမိလျှင်လောကကြီးသည် ပျော်စရာ ကောင်း၏။🍱ဉာဏ်နှင့် စဉ်းစားကြည့်ပါက မှိတ်ထားသည့် မျက်...
19/12/2022

တစ်ဘဝတည်းသာ သည်းခံပါ
👛👛👛👛👛👛👛👛👛👛👛

🍱မစဉ်းစားမိလျှင်
လောကကြီးသည် ပျော်စရာ ကောင်း၏။

🍱ဉာဏ်နှင့် စဉ်းစားကြည့်ပါက
မှိတ်ထားသည့် မျက်စိ မဖွင့်ရဲအောင်
ကြောက်စရာ ကောင်းလှပါသည် ။
ဖွင့်ထားသည့် မျက်စိ
ပြန်မမှိတ်ရဲအောင် ကြက်သီးထဖွယ် ကြောက်မက်ဖွယ်
ထိတ်လန့်ဖွယ် ကောင်းလှပါသည်။

🍱အဝိဇ္ဇာ နှင့် တဏှာ၏ ဖိအားကြောင့်
ပျော်စရာအတု နှင့်သာ အချိန်ဖြုန်းနေကြ၏။
ချမ်းသာစစ် ချမ်းသာမှန်ကို ရှာဖို့ စိတ်မကူးကြ ။

🍱ချမ်းသာစစ် ချမ်းသာမှန်သို့
ပို့ဆောင်ပေးသော တရားသည်
တိမ်ယောင်ယောင်နှင့် နက်သည် ။
လွယ်ယောင်ယောင်နှင့် ခက်သည်။

🍱သဒ္ဓါ ဝီရိယ စသော
ဗိုလ်ငါးပါးနှင့် ရှေ့တန်းတင်ပြီး
အားထုတ်နိုင်ဖို့ လိုလေသည် ။
ကံလမ်းနှင့် သွား၍ မရ ,
ဉာဏ်လမ်းစခန်း ဖြစ်၏။

🍱ရှေးက အရိယာ သူတော်ကောင်းကြီးများက သူမတူအောင် စွန့်
သူမတူအောင် ကျင့်မှ
သူမတူသည့် တရားထူးတွေ ရကြောင်း
အလုပ်နှင့် သက်သေပြသွားကြ၏။

🍱 တစ်ဘဝတည်းသည်းခံပြီး
စွန့်စွန့်စားစား အားထုတ်သွားမည် ဆိုလျှင်
သံသရာတစ်လျှောက်လုံး မည်သည့်အခါမှ
ဒုဂ္ဂိဘဝ မကျရောက်တော့ဘဲ
သုဂတိ ဘဝကိုသာ
ရောက်မည် ဖြစ်သည် ။

🍱အိုရမည့် ခန္ဓာ
🍱နာရမည့် ခန္ဓာ
🍱သေရမည့် ခန္ဓာဆိုးကြီးများနှင့်

🍱မတွေ့မကြုံ မဆုံတော့ဘဲ
၁၅၀၀ ကိလေသာအပူဓါတ်
အလောင်ဓါတ် ချုပ်ငြိမ်းသည့်

နိဗ္ဗာန်သို့ မျက်မှောက်ပြုရမည်

မြောက်ဦးဆရာတော် - အရှင်ဝါယာမိန္ဒ "

မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Address

အမှတ်(171)၊မြို့လယ်ရွှေစည်းခုံဘုရာလမ်း၊ရပ်ကွက်ကြီး(၄)၊(၈)ကွက်၊ပြင်ဦးလွင်မြို့။
Maymyo

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959751900078

Alerts

Be the first to know and let us send you an email when Myat Mahar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share