K4 Kinship Books and More

K4 Kinship Books and More Quality printed books are available.
💕Good Quality, Fair Price💕

Quality ကောင်းမွန်ပြီး စျေးနှုန်းမှန်ကန်တဲ့ Printed Books လေးတွေနဲ့ BKK Pre-order items လေးတွေကို K4 Kinship Books and More မှာ စိတ်ချမ်းသာစွာ ဝယ်ယူရရှိနိုင်ပါတယ်ရှင်။ Good Quality, Fair Price ဖြစ်ဖို့ စိတ်ချပါနော်။ ဝယ်သူတွေအားလုံးရဲ့ အဆင်ပြေကျေနပ်မှုက ကျွန်မတို့ရဲ့ ပထမဦးစားပေး တန်ဖိုးထားရတဲ့ အရာပါ။

K4 Kinship Books and More ကို အားပေးကြတဲ့ ချစ်သော customers များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်🙏🙏🙏

07/09/2026

တီချယ့်ရဲ့ ရွေးချယ်မှုလေးက My Pals are Here Maths လေးပါရှင်

#အိမ်အရောက်ငွေချေနဲ့ပို့ဆောင်ပေးပါတယ်ရှင့် #ဘာစာအုပ်ပဲလိုလိုပုံလေးပြပြီးမေးဝယ်လို့ရပါတယ်ရှင်

07/09/2026

Grade 3 Myanmarzar by Tr.Seint

#ဘာစာအုပ်ပဲလိုလိုပုံလေးပြပြီးမေးဝယ်လို့ရပါတယ်ရှင်

06/09/2026

ကလေးလေး Full Shield 🛡️ ရဖို့အတွက်ဆို Fun for Starters, Movers, Flyers စာအုပ်လေးတွေ မေမေ ဝယ်ပေးမှ ဖြစ်မှာနော်💕💕

04/09/2026

ကလေးလေးရဲ့ English pronunciation မှန်ကန်ဖို့ Reading Skill ကောင်းမွန်ဖို့ အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာ ချပေးမယ့် တီချယ်တို့ရဲ့ လက်စွဲ Jolly Phonics လေး Level အစုံ K4 မှာ အခုပဲ မှာယူလို့ရပါပြီရှင်။

#အိမ်အရောက်ငွေချေနဲ့ပို့ဆောင်ပေးပါတယ်ရှင့် #ဘာစာအုပ်ပဲလိုလိုပုံလေးပြပြီးမေးဝယ်လို့ရပါတယ်ရှင်

04/09/2026

ဒီ သင်္ချာစာအုပ်လေးကိုမှ ကြိုက်တဲ့သင်တန်းကျောင်းတွေ၊ မိဘတွေက နှစ်တိုင်း မှာကြတာလေးပါရှင်။

#ဘာစာအုပ်ပဲလိုလိုပုံလေးပြပြီးမေးဝယ်လို့ရပါတယ်ရှင် #အိမ်အရောက်ငွေချေနဲ့ပို့ဆောင်ပေးပါတယ်ရှင့်

04/09/2026

အများကြီးရောင်းရလို့ ပျော်တဲ့အပျော်လေး income increase energy လေးကို မနက်ခင်းလေးမှာ မျှဝေလိုက်ပါတယ်ရှင်။

#အိမ်အရောက်ငွေချေနဲ့ပို့ဆောင်ပေးပါတယ်ရှင့် #ဘာစာအုပ်ပဲလိုလိုပုံလေးပြပြီးမေးဝယ်လို့ရပါတယ်ရှင်

03/09/2026

HSK Vocabulary

#ဘာစာအုပ်ပဲလိုလိုပုံလေးပြပြီးမေးဝယ်လို့ရပါတယ်ရှင် #အိမ်အရောက်ငွေချေနဲ့ပို့ဆောင်ပေးပါတယ်ရှင့်

မကြာခင်ကပဲ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူ့သားလေးအကြောင်းကြားရပါတယ်။ သားလေးက အိမ်မှာဆို စကားတွေပြောပေမဲ့ အတန်းထဲရ...
03/09/2026

မကြာခင်ကပဲ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူ့သားလေးအကြောင်းကြားရပါတယ်။ သားလေးက အိမ်မှာဆို စကားတွေပြောပေမဲ့ အတန်းထဲရောက်ရင် လုံးဝနှုတ်ဆိတ်သွားတတ်တာပါ။ ဒါကို ကျောင်းကဆရာက ကလေးက သူ့ကို မခန့်လေးစားလုပ်တယ်၊ မထေမဲ့မြင်ပြုတယ်လို့ အထင်လွဲပြီး စာလုံးပေါင်းသတ်ပုံ တစ်လုံးမှားတာကို စာအုပ်တစ်အုပ်လုံးအပြည့် ရေးခိုင်းတယ်.. ဒဏ်ပေးတယ် ဆိုတာနဲ့ အဖေက ဆရာကို လိုက်တွေ့ရတယ်ဆိုတဲ့ အကြောင်းပါပဲ။

ဒီအဖြစ်အပျက်ကို ကြားရတဲ့အခါ ကျွန်မ ကိုယ်တိုင် ဆရာမဖြစ်ခဲ့ဖူးတဲ့အချိန်က အတွေ့အကြုံတစ်ခုကို ပြန်သတိရမိတယ်။ အဲဒီတုန်းက အတန်းထဲမှာ ဘာပဲမေးမေး လုံးဝ (လုံးဝ) ပြန်မဖြေတဲ့ ကလေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ စာဖတ်ခိုင်းလို့လည်းမရပါဘူး။ အသံကိုမထွက်တာမို့ ထူးခြားတယ်တော့ တွေးမိတာပေါ့။သူ့အမေနဲ့က ခင်နေတာမို့ အကျိုးအကြောင်းမေးတော့ အိမ်မှာ ပြောတယ်ဆိုတာ သိရတယ်။ အခုတော့ နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့တက္ကသိုလ်ကျောင်းသားကြီးဖြစ်နေပြီ။လူကြီးဖြစ်နေပြီ။စကားတွေလည်း ပြောလာပါပြီ။

နောက်ပိုင်း စိတ်ပညာအကြောင်း ဖတ်လာမိမှပဲ ..အော်... အဲဒါ Selective Mutism (ရွေးချယ်မှုဆိုင်ရာ စကားမပြောနိုင်ခြင်း) ပဲ..လို့ သဘောပေါက် နားလည်ခဲ့ရတာပါ။

◾️စိတ်ပညာရှုထောင့်က Selective Mutism

စိတ်ပညာ (Psychology) အရ Selective Mutism ဆိုတာ ကလေးတစ်ယောက်ဟာ မိမိကိုယ်ကို လုံခြုံတယ်လို့ ခံစားရတဲ့နေရာ (ဥပမာ- အိမ်) မှာ စကားကောင်းကောင်း ပြောနိုင်ပေမဲ့ အခြားလူမှုပတ်ဝန်းကျင်တွေ (ဥပမာ- ကျောင်း သို့မဟုတ် အပြင်လူတွေ၊ သူစိမ်းတွေ၊ သူမသိတဲ့လူတွေရှေ့) မှာ စကားပြောဖို့ လုံးဝအတားအဆီးဖြစ်သွားတဲ့ ပြင်းထန်တဲ့ စိုးရိမ်ပူပန်မှု (Anxiety) တစ်မျိုး ဖြစ်ပါတယ်။

ဒီနေရာမှာ အဓိကသိစေချင်တဲ့ Awareness ကတော့ ဒါဟာ ရွေးချယ်မှု မဟုတ်ဘဲ အေးခဲသွားခြင်း (Freezing) သာ ဖြစ်တယ် ဆိုတာပါပဲ။

ဘေးကလူတွေက ..စကားပြောလေ.. ဘာလို့ ဇွတ်ပေနေတာလဲ.. လို့ Push လုပ်လေလေ၊ ဒဏ်ပေးလေလေ သူတို့ရဲ့ စိတ်ထဲမှာ စိုးရိမ်စိတ်က ပိုမိုမြင့်တက်လာလေလေ ဖြစ်ပါတယ်။ စိတ်ပညာအရ လူသားတွေ ဘေးအန္တရာယ်နဲ့ ကြုံရတဲ့အခါ တုံ့ပြန်တတ်တဲ့ Fight-or-Flight-or-Freeze (တိုက်ခိုက်ခြင်း၊ ထွက်ပြေးခြင်း သို့မဟုတ် အေးခဲသွားခြင်း) ယန္တရားမှာ သူတို့ရဲ့ ဦးနှောက်က "Freeze" ဆိုတဲ့ အေးခဲသွားခြင်း လမ်းကြောင်းထဲ ရောက်သွားတာပါ။ ရလဒ်အနေနဲ့ စကားပြောချင်စိတ် ရှိရင်တောင်မှ လည်ချောင်းထဲက အသံက အပြင်ကို ထွက်မလာတော့ဘဲ ကြွက်သားတွေ တောင့်တင်းပြီး စကားလုံးတွေလုံးဝပိတ်ကျသွားတာမျိုးဖြစ်ပါတယ်။ ဆွံ့အသွားတယ်ပေါ့။

◾️Selective Mutism ဘာကြောင့် ဖြစ်ရတာလဲ။

သူက အိမ်မှာကျတော့ စကားတွေ ပြောလိုက်တာ၊ အပြင်လူတွေရှေ့ ဒါမှမဟုတ် ကျောင်းရောက်ရင်တော့ နှုတ်ခမ်းကို အပ်နဲ့ချုပ်ထားသလို တစ်ခွန်းမှ မဟတော့ဘူး။ ဂျစ်တိုက်တာ၊ ဆရာ ဆရာမကို မခန့်လေးစားလုပ်တာ..။

ဒါဟာ Selective Mutism ခံစားနေရတဲ့ ကလေးငယ်တွေ အမြဲလိုလို အထင်လွဲခံရလေ့ရှိတဲ့ အပြောမျိုး ဖြစ်ပါတယ်။

ဒါဆို ကလေးတစ်ယောက်ဟာ ဘာလို့ ဒီလိုမျိုး ဖြစ်သွားရတာလဲ။ ငယ်ငယ်တုန်းက ရခဲ့တဲ့ စိတ်ဒဏ်ရာ (Trauma) တစ်ခုခုကြောင့်လား၊ မျိုးရိုးလိုက်တာလား။ စိတ်ပညာနဲ့ အာရုံကြောသိပ္ပံ လေ့လာချက်တွေအရ အကြောင်းအရင်း (၃) ချက်ကို တွေ့ရှိရပါတယ်။

၁။ Neurodivergent ဦးနှောက်တည်ဆောက်ပုံ (သို့မဟုတ်) အာရုံခံစားမှုလွန်ကဲခြင်း

ဒီကလေးတွေရဲ့ ဦးနှောက်ထဲမှာ ဘေးအန္တရာယ်ကို သိရှိပြီး တုံ့ပြန်တဲ့ Amygdala လို့ခေါ်တဲ့ အစိတ်အပိုင်းက အခြားသူတွေထက် ပိုပြီး အာရုံခံစားလွယ်နေ ၊Hyper-sensitive ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် သာမန်လူတွေအတွက် ဘာမှမဟုတ်တဲ့ ကျောင်းပတ်ဝန်းကျင်၊ အပြင်လူတွေရဲ့ အကြည့်တွေက သူတို့ရဲ့ဦးနှောက်အတွက်တော့ ပြင်းထန်တဲ့ ဘေးအန္တရာယ်ကြီးတွေလို အချက်ပြလိုက်တာကြောင့် ချက်ချင်း Freeze ဖြစ်ပြီး ဆွံ့အသွားရတာပါ။

ဒါ့အပြင် Autism (အော်တစ်ဇင်) သို့မဟုတ် Sensory Processing Disorder (အာရုံခံစားမှုဆိုင်ရာ ချို့ယွင်းချက်) ရှိတဲ့ Neurodivergent ကလေးတွေမှာလည်း ပတ်ဝန်းကျင်ရဲ့ စိန်ခေါ်မှုတွေကြောင့် Selective Mutism တွဲပါလာတတ်ပါတယ်။

၂။ မျိုးရိုးဗီဇ (Genetics)

ဒီရောဂါဟာ မျိုးရိုးလိုက်တတ်တဲ့ သဘောလည်း ရှိပါတယ်။ မိဘ သို့မဟုတ် ဆွေမျိုးထဲမှာ ပြင်းထန်တဲ့ စိုးရိမ်ပူပန်မှုလွန်ကဲခြင်း (Anxiety Disorders) ရှိဖူးသူ၊ လူအုပ်ကြောက်တတ်သူ သို့မဟုတ် အလွန်အမင်း ရှက်တတ်တဲ့အကျင့် ရှိဖူးသူတွေရဲ့ သားသမီးတွေမှာ Selective Mutism ဖြစ်ပွားနိုင်ခြေ ပိုများတာကို တွေ့ရပါတယ်။

၃။ စိတ်ဒဏ်ရာ (Trauma)

လူအများစုက Selective Mutism ဆိုရင် ငယ်ငယ်က နှိပ်စက်ခံရလို့လား၊ အနိုင်ကျင့်ခံရလို့လား ဆိုပြီး စိတ်ဒဏ်ရာကိုပဲ အဓိက လက်ညှိုးထိုးတတ်ကြပါတယ်။ အမှန်တော့ Selective Mutism ဖြစ်ရခြင်းရဲ့ အဓိကတရားခံက Anxiety (စိုးရိမ်စိတ်) နဲ့ မျိုးရိုးဗီဇဖြစ်ပြီး၊ Trauma ကြောင့် ဖြစ်တာကတော့ ရာခိုင်နှုန်း တော်တော်လေး နည်းပါတယ်။

ဒါပေမဲ့... ကလေးမှာ မူလကတည်းက စိုးရိမ်စိတ်လေး ရှိနေတဲ့အပြင်၊ ကျောင်းရောက်တဲ့အခါ အထက်က မိတ်ဆွေရဲ့သားလေးလိုမျိုး ဆရာရဲ့ ကြမ်းတမ်းတဲ့ ဒဏ်ပေးမှုကို ကြုံရတာ၊ အတန်းဖော်တွေရဲ့ လှောင်ပြောင်မှုကို ခံရတာမျိုး ထပ်ဆင့်ကြုံလာရရင်တော့ အခြေအနေကို ပိုပြီး ဆိုးရွား ကြီးထွားသွားစေပါတယ်။

◾️ဒီအခြေအနေက တစ်သက်လုံး ဖြစ်သွားတတ်သလား

အများစုကတော့ အချိန်တန် အရွယ်ရောက်လာပြီး ပတ်ဝန်းကျင်သစ်နဲ့ အသားကျလာတဲ့အခါ၊ ဒါမှမဟုတ် မိဘနဲ့ ဆရာသမားတွေရဲ့ နွေးထွေးတဲ့ နားလည်ပေးမှု၊ အားပေးမှုတွေကို ရရှိတဲ့အခါ အလိုလို ပြန်ပြီး စကားပြောထွက်လာတတ်ကြပါတယ်။ တစ်သက်လုံး အဲဒီအတိုင်းကြီး ဖြစ်မသွားပါဘူး။

ဒါပေမဲ့... စောစောစီးစီး နားလည်မပေးဘဲ ..မထီလေးစားလုပ်တယ်..ဆိုပြီး အပြစ်ပေးတာ၊ စကားပြောဖို့ အတင်းအကျပ် ဖိအားပေးတာတွေ ဆက်တိုက်ကြုံရမယ်ဆိုရင်တော့ ဒီစိုးရိမ်စိတ်က စိတ်ဒဏ်ရာ (Trauma) အဖြစ် အမြစ်တွယ်သွားပြီး အသက်ကြီးတဲ့အထိ လူမှုပတ်ဝန်းကျင်နဲ့ အဆင်မပြေဖြစ်တာမျိုး (Social Anxiety) အသွင်ပြောင်း လိုက်ပါသွားတတ်ပါတယ်။

◾️ကုသမှုမရှိဘဲ ပစ်ထားရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာများ

အချို့ကတော့ အချိန်တန် အရွယ်ရောက်လာပြီး ပတ်ဝန်းကျင်သစ်နဲ့ အသားကျလာတဲ့အခါ၊ မိဘနဲ့ ဆရာသမားတွေရဲ့ နွေးထွေးတဲ့ နားလည်ပေးမှုကြောင့် အလိုလို ပြန်ကောင်းသွားတတ်ပေမဲ့၊ အချိန်မီ မကုသဘဲ၊ ဖေးမမှုမပေးဘဲ ပစ်ထားမယ်ဆိုရင်တော့ အောက်ပါ ပြင်းထန်တဲ့ နောက်ဆက်တွဲ (Complications) တွေ ကြုံရနိုင်ပါတယ်။

📌ပညာရေးနှင့် အလုပ်အကိုင် ထိခိုက်ခြင်း:
အတန်းထဲမှာ စာမေးရင်မဖြေရဲခြင်း၊ မသိတာကို မမေးရဲခြင်းတို့ကြောင့် ဉာဏ်ရည်ထက်မြက်ပါလျက်နဲ့ ပညာရေးမှာ နောက်ကျကျန်ခဲ့တတ်ပါတယ်။ ကြီးပြင်းလာတဲ့အခါမှာလည်း အလုပ်အင်တာဗျူးတွေ၊ Presentation တွေမှာ အခက်အခဲကြီးစွာ ကြုံရပါတယ်။

📌လူမှုရေးအရ အထီးကျန်ခြင်း (Social Isolation): အများနဲ့ မိတ်ဆွေဖွဲ့တာ၊
သူငယ်ချင်း မလုပ်နိုင်တော့ဘဲ တစ်ကိုယ်တော် အထီးကျန်ဘဝနဲ့ ဖြတ်သန်းရတတ်ပါတယ်။အချစ်ခံရဖို့မထိုက်တန်ပါဘူး လို့ ဖြစ်တတ်ပါတယ်။

📌မိမိကိုယ်ကို တန်ဖိုးထားမှု ကျဆင်းခြင်း (Low Self-esteem): "ငါက သူများတွေလို မဟုတ်ပါလား၊ ငါ့မှာ ဘာလို့ အသံမထွက်လာတာလဲ" ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လုံးဝ ပျောက်ဆုံးသွားတတ်ပါတယ်။

ကလေးဘဝမှာ Selective Mutism ကို နားမလည်ပေးနိုင်ခဲ့လို့ ရရှိသွားတဲ့ စိတ်ဒဏ်ရာတွေဟာ ကြီးပြင်းလာတဲ့အခါ လူအများကြားထဲ ရောက်ရင် အလွန်အမင်း တုန်လှုပ်ခြောက်ခြားတတ်တဲ့ Social Phobia (လူမှုပတ်ဝန်းကျင်ကို ကြောက်ရွံ့ခြင်း) နဲ့ စိတ်ထဲကနေ အမြဲတမ်း စိုးရိမ်သောကရောက်နေတတ်တဲ့ Social Anxiety Disorder (လူမှုပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုလွန်ကဲခြင်း) တွေအဖြစ်အသွင်ပြောင်း လိုက်ပါလာတတ်ပါတယ်။

◾️လူမှု အသိုင်းအဝိုင်း အနေနဲ့ဘာကြောင့် Awareness ရှိဖို့ လိုအပ်တာလဲ။

Awareness ရှိဖို့ လိုအပ်တာက ရောဂါကို သိရုံသက်သက် မဟုတ်ပါဘူး။ နားလည်မှုနဲ့ တုံ့ပြန်နိုင်ဖို့ ဖြစ်ပါတယ်။

ကလေးကို "စကားမပြောတတ်တဲ့ကလေး"၊ "ခေါင်းမာတဲ့ကလေး" လို့ တံဆိပ်ကပ်ခြင်း၊ အပြစ်ပေးခြင်းက သူတို့ရဲ့ စိုးရိမ်စိတ်ကို ပိုမိုဆိုးရွားစေပါတယ်။

မိဘတွေ၊ ဆရာ ဆရာမတွေ၊ ဆွေမျိုးတွေနဲ့ ပတ်ဝန်းကျင်က လူတွေဟာ ဒီအခြေအနေကို နားလည်လာတဲ့အခါ စကားပြောဖို့ ဖိအားပေးမဲ့အစား လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကို သူ့အတွက် ဖန်တီးပေးနိုင်ဖို့လိုပါတယ်။ အဲဒီနားလည်မှုက ကလေးရဲ့ စိုးရိမ်စိတ်ကို လျော့ကျစေပြီး တဖြည်းဖြည်း ယုံကြည်မှု တည်ဆောက်လာနိုင်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။

သူတို့ လိုအပ်တာက စကားပြောဖို့ တွန်းအားပေးခြင်း မဟုတ်ဘဲ၊ "မင်း စကားမပြောနိုင်ရင်တောင် ငါ မင်းဘေးမှာ ရှိနေပေးမယ်၊ မင်းကို နားလည်တယ်" ဆိုတဲ့ လုံခြုံမှုပေးခြင်းသာ ဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲပေးနိုင်တာ အမြဲတမ်း ကုသမှုတစ်ခုတည်း မဟုတ်ပါဘူး။ တစ်ခါတလေ သူ့ကို မှန်ကန်စွာ နားလည်ပေးတဲ့ ပတ်ဝန်းကျင်တစ်ခုကလည်း ကုသမှုရဲ့ အရေးကြီးဆုံး အစိတ်အပိုင်း ဖြစ်နိုင်ပါတယ်။

မြန်မာပြည်မှာ ဒီလိုကလေးတွေ ဘယ်နှစ်ယောက်တောင် ရှိနေမလဲ..။ရှေ့မှာ ဖော်ပြထားတဲ့မိတ်ဆွေရဲ့ သားလေးအကြောင်းကြားပြီးကတည်းက ကျွန်မ စိတ်ထဲ တုန်လှုပ်စွာနဲ့ ဒီမေးခွန်းကိုပဲ ထပ်ပြန်တလဲလဲ တွေးနေမိပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေး Awareness က အလှမ်းဝေးနေဆဲမို့ ဒီလို အထင်လွဲခံရပြီး အသံတိတ် အပြစ်ပေးခံနေရတဲ့ ကလေးတွေ ဘယ်လောက်တောင် များနေမလဲ ဆိုတဲ့ အတွေးက ရင်ထဲ မကောင်းဘူး။

ဒါကြောင့်မို့လည်း ဒီအကြောင်းအရာကို လူတွေသိအောင် Awareness Post အနေနဲ့ စာတစ်ပုဒ် အလေးအနက် ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ Social Anxiety Disorder ကိုဆက်ရေးပါဦးမယ်။

မွန်ဟော်စီ
၂၀၂၆





Address

Maymyo

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Telephone

+959757473221

Alerts

Be the first to know and let us send you an email when K4 Kinship Books and More posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share