20/06/2026
RIP ပါဆရာ
🏡📚🌻
လွမ်းလို့သေသွားတဲ့ သစ်ပင် တစ်ပင်နဲ့ ငယ်ဘဝက နေ့ရက်တွေ
ကြာတော့ကြာပြီ အတိအကျဆို ၈တန်းကျောင်းသူလောက်ကဖြစ်မယ်။
ဒီစာအုပ်ကို အခေါက်ပေါင်း မရေမတွက်နိုင်လောက်အောင် ဖတ်ခဲ့တာ။
ဘယ်လောက်တောင် ကြိုက်ခဲ့ ရသလဲဆိုရင် သောကြာနေ့ညနေတွေဆို စာအုပ်အငှားဆိုင် ကိုပြေးပြီး ဒီစာအုပ်ကို ပဲ ငှားခဲ့တာ ကျောင်းပိတ်ရက်တွေ ဖတ်ဖို့။ အဲ့တာက တစ်ပတ်တည်းမဟုတ်ဘူး ။ အပတ်တိုင်း အဲ့လို ငှားခဲ့ ဖတ်ခဲ့ရတာ။ စာအုပ်အသစ်ကလည်း မဝယ်နိုင်တော့ အငှားဆိုင်ကို ဒီစာအုပ်လေး ရောင်းပေးဖို့ ပြောပေမယ့် စာအုပ်ဆိုင်က ပြောတယ်။
“ ဒီမှာ ရှိနေရင် လူတိုင်းဖတ်လို့ ရမယ်။ ရောင်းလိုက်ရင် တစ်ယောက်ပဲ ဖတ်ရတော့မှာပေါ့” တဲ့..။
အဲ့လိုနဲ့ အပတ်စဉ်ငှားတဲ့စာအုပ်က ဒီစာအုပ်ပဲ လပေါင်းများစွာဖြစ်ခဲ့ရတယ်။
ဘာလို့ အဲ့လောက်ထိ ကြိုက်ခဲ့ရလည်း ဆိုတာကို အခု ဒီနေရာကနေ ပြန်ကြည့်ရင် လူငယ်တစ်ယောက်ရဲ့ ရူးသွပ်စွဲလမ်းမှုတစ်ခုကိုမြင်ရတယ်။ စာအုပ်ထဲက စာတွေက ဒီနေ့ ဒီအချိန် အထိ ခေတ်မှီနေပြီး လက်ခံလို့ ရနေသေးတော့ ခုချိန်မှာ ဆင်ခြင်မှုတစ်ခုကို အရင်းခံပြီး ပြန်ဖတ်တဲ့အခါ အရသာတစ်မျိုးကို ပြန်ရသေးတယ်။
မင်းခိုက်စိုးစန်လို့ ပြောရင် Post Modern စာပေနဲ့တွဲမြင်နေနိုင်ပြီး တစ်ချို့ မဖတ်ချင်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သူရဲ့ လွမ်းစရာအကောင်းဆုံး စာအုပ်က ဒီစာအုပ်ပဲ ။
ဖတ်စေချင်တဲ့အကြောင်းတရားက ရှင်းရှင်းလေးပါ အရမ်းဆွတ်ပျံ့ ကြည်နူးစရာ ၊ပျော်စရာ ၊အလွန်လည်း ဝမ်းနည်းစရာကောင်းတယ်။ အဲ့တာတွေကို ခံစားစေချင်လို့……။
ကိုယ့်ဆီမှာလည်း အလွန် လွမ်းစရာ ကောင်းခဲ့တဲ့ အချိန်လေး တွေ ရှိခဲ့ဖူးပါလားဆိုတာကို ဒီစာအုပ် ပြန်ပြီး ပိုင်ဆိုင်တဲ့နေ့မှာပဲ သိခွင့် ပြန်ရတယ်။
ကိုယ်ပိုင်ဆိုင်ပြီးတဲ့ နေ့တစ်နေ့ကို ပြန်လွမ်းရတာဟာ လူသားဆန်တဲ့ဖြစ်ရပ်ပါပဲ။
ဖတ်ကြည့်ပါ။
မင်းခိုက်စိုးစံ | လွမ်းလို့သေသွားတဲ့သစ်ပင်
Door2Door Online Library- Meiktila
စနေနေ့တိုင်း စာအုပ်ပို့ပေးပါသည်။
Telegram Channel>>>
https://t.me/door2dooronlinelibrary
Instagram>>>
https://www.instagram.com/door2dooronlinelibrary/
(စာအုပ်များငှားရမ်းလိုပါက Page Messenger တွင် အသေးစိတ်လာရောက်မေးမြန်းနိုင်ပါသည်။ )
Door2Door Online Library - Meiktila