04/02/2022
F0.5/ F1.5/F1 F2 F3ဆိုတာဘာကိုဆိုလိုတာလဲ????
Kamfa အကြောင်းအသေးစိတ်!!!!!!
Flowerhorn. ငါးမျိုးတွေ ထဲမှာ သိပ်ခေတ်စားတဲ့ .... ငါးမျိုးစိတ် လို့ပြောလို့ ရပါတယ် ..
သူက စာတန်းငါး အစစ်မဟုတ်ပါဘူး .. ။
( ဒီနေရာမှာ ကြိုက်သလို သဘောထား ကွဲလွဲခွင့် ရှိပါသည် ... ကျွန်တော် ခံယူချက်ကို ပြောပြနေရသည် ဖြစ်ပါသဖြင့် ခံယူချက် မတူ သူများလည်း ဒုနဲ့ဒေး ရှိနိုင်ပါသည် ။ ) ဒါကြောင့် မို့လို့ Kamfa မွေးထားတဲ့ သူအိမ် သွားပြီး ခင်ဗျား မွေးထားတဲ့ စာတန်းငါး ကြီးက လှလိုက်တာ ဗျာ ... လို ပြောရင် တစ်ချို့က စိတ်ဆိုးကြပါတယ် ....
ကန်ဖာ .... တွေက စျေးလည်း ကြီးကြပါတယ် ... လှတဲ့ အကောင် ဆိုရင်ပေါ့ ။ ဘာဖြစ်လို့လည်း ဆိုတော့ .... သူက ရှားလို့ ပါ ။ ဖောက်ရလည်း ခက်ပါတယ် ။ ဒီမှာ ၂ ပိုင်း ရှိပါတယ် ။ နံပတ် (1) ကန်ဖာ form အပြည့်အစုံနဲ့ ငါး ရှားပါတယ် ။ နံပတ် (2) ဖောက်ရ ခက်ပါတယ် .... ။ ဒီ ၂ ခု ကို ပြောရာမှ ကန်ဖာ ဖောက်တဲ့နေရာက စပြောရပါလိမ့်မယ် ......
ကန်ဖာ ... ဆိုတာကိုက .. Flowerhorn နဲ့ တခြားမျိုးမတူတဲ့ စီးစလစ် တစ်မျိုးနဲ့ စပ်ပြီး ဖောက်ထားတဲ့ ကပြား ငါးတစ်ကောင်ပါ ။ ဒါဆို လွယ်သားပဲ ... ခုပဲ Flowerhorn တစ်ကောင်နဲ့ ဗီဂျေး ( ဒါမှ မဟုတ် ) တက်ဆက် .. တစ်ကောင်နဲ့ ဖောက် ထည့်လိုက်မယ် .. ခုပဲ ကန်ဖာ တွေ ထွက်ရော့ လဟယ် .... ။ ဟဲဟဲ ... အဖြေက ... ကန်ဖာ မထွက်ပါဘူးတဲ့ .... ။ ထွက်တောင် ... အန်မတန် ကြက်ကန်းတိုးကာ မှ တစ်ကောင်တစ်လေပါတဲ့ ။ ဟာ .. ဝူပေါက် .. ခင်ဗျား စောဏ ကပြောတော့ Flowerhorn နဲ့ တခြား စီးစလစ် တစ်မျိုး ရောလိုက်ရင် ကန်ဖာ ဖြစ်တယ်ဆို ... ခုကြမှ မဖြစ်ဖူး ဆိုတော့ ဘာလား ....???? ။ ဟုတ်ကဲ့ မဖြစ်ပါဘူး ... လွယ်လွယ်နဲ့ စံပယ်ပွင့်ရင် မယ်သီလ ခေါင်းမှာ ပန်းတွေ ဖွေးကုန်မှာပေါ့ဗျာ ..။ အဲ့လို ပေါက်လာတဲ့ ကပြား ငါးတွေဟာ .. များသော အားဖြင့် အဖေ တစ် ဝက် အမေတစ်ဝက် ဗီဇ တွေကို ယူထားပြီး ... ပုလဲ နည်းမယ် အမြီးအတောင် လှမယ် .... ဒီလောက်ပါပဲတဲ့ ။ ဒါကို ခေါ်ကြတာက .... f1 လို့ ခေါ်ကြသဗျ .. ။ f1 ဆိုနာလည်း နားမရှုပ်ပါနဲ့ ... ။ ပထမ မျိုးဆက်လို့ ဆိုလိုတာပါ ။ ကန်ဖာ ဆိုတာကြီး ဖြစ်အောင် နောက်ထပ် ပုလဲသား( or ) ဘု ကောင်းတဲ့ flowerhorn တစ်ကောင် နဲ့ ထပ်ပြီး ဖောက်ရပါသေးတယ် ... ။ အဲ့ ဒီတော့ မှသူတို့ရဲ့ ကပြားသွေးက ငြိမ်ပြီး ငါးမျိုးစိပ် ၂မျိုးလုံးရဲ့ ကောင်းမွန်လှပတဲ့ ဗီဇ တွေကို ရရှိ သွားပါသတဲ့။
ထူးခြားတာ တစ်ခု ပြောပြပါမယ် ။ f1 အဆင့်မှာ ... f1 ကို ထုပ်လုပ်ထားတဲ့ အဖေနဲ့ အမေ ရဲ့ အရေးပါမူ့ကို ထင်ထင်ခြားခြား သိပ်မတွေ့ရပေမဲ့ ။ အဲ့ ဒီ f1 တွေကို ကန်ဖာ ဖြစ်အောင် ပြန်ဖောက်တဲ့ အခါ မှာတော့ အထက်က ရွေးချယ် ခဲ့တဲ့ ငါးအဖေအမေ က အတော် စကားပြောတော့မှာပါ ။ ဆိုလိုတာက မျိုးဆက်ခုန်တယ်ပေါ့ဗျာ ။ f1 တွေကို မွေးဖွားခဲ့တဲ့ အထီး ဘုပါရင် ပါသလောက် ။ အမက အမြီး အတောင် လှရင် လှသလောက် ။ သူတို့ရဲ့ မြေးတွေမှာ ပြန်ပြီး လာပေါ်သတဲ့ဗျ ။ ( ဒါက ... ဖောက်ဖူးတဲ့ သူတွေ ရဲ့ အတွေ အကြုံ အရ ပြောရတာပါ ... ဆရာများ ဝင်ရောက် ဖြည့်စွက်ပါဗျာ ... ထိုင်းက ငတိတွေက လည်တယ် ဗျ .. သူတို့ ဆီက ကန်ဖာ ဖောက်စုံတွေ ကြည့်လိုက်ရင် ဘာရုပ်မှ မပေါက်ဖူးရယ် ။ ဒါပေသိ ငါးကြတော့ ရှယ်တွေ ထွက်တယ် ။ အဓိက မြုတ်ကွက်က ... f1 ကို ခိုင်ခိုင်မာမာ လိုချင်တဲ့ အထီး အမ နဲ့ သေချာ ဖောက်ပြီး .. ကန်ဖာ အဖြစ် အဆင့်မြှင့်တဲ့ အခါ... အထီးကို ပုလဲ ပါတာလေးနဲ့ ဖြည့်စွက် လောက်ပဲ သုံးသွားတာပါ ။ မြန်မာ ဖောက်ဆရာများ သတိပြုသင့်ပါတယ် ။ )
ကဲ .. ဒီလောက်ဆိုရင် ကန်ဖာ ဖောက်ရတာ ဘယ်လောက် လက်ဝင်လဲ သိလောက်ပြီပေါ့ ။ အစကထဲက f1 လုပ်တဲ့နေရာမှာ ... flowerhorn ဖြစ်ပြီးရော ၊ ဗီဂျေး ဖြစ်ပြီးရော ဆိုပြီး များ ဖောက်ခဲရင် ......... ကန်ဖာ အဖြစ် အဆင့်မြှင့် တဲ့ အခါမှာ .... မောရပြီပေါ့လေ .... ဒါကြောင့် ထိုင်းကကောင်တွေက f1 ကို ကိုယ်တိုင်ပဲဖောက်တာပါ ဝယ်ပြီး ကန်ဖာဖောက်ရင်တောင် ဓာတ်သ်ိတဲ့လူ ... ဆီက ငါးဇစ်မြစ် သိမှ ဝယ်ကြပါလိမ့်မယ် ...
ဟုတ်ပြီဗျာ ... ကန်ဖာ ထွက်လာပါပြီ ... ဒါဆိုရင် အေးဆေး ဖြစ်ပြီ နောက်ထပ်ကန်ဖာတွေ ထွက်ချင်ရင် ကန်ဖာ အထီးနဲ့ ကန်ဖာအမ ဖောက်လိုက်ယုံပေါ့ ဟုတ်ဖူးလား ..... ။ ဟုတ်ကဲ့ .. မရပါဘူးတဲ့ ... ကန်ဖာ အထီးအမ ဖောက်ပြန်ရင်လဲ .... ကန်ဖာထွက်ဖို့ ငါးလှဖို့ အတော်နည်းသွားပြန်သတဲ့ .... ။ ဘယ်လို ... ဘယ်လို ကန်ဖာ ၂ကောင်ဖောက်တာ ကန်ဖာ မထွက်ဖူးဆိုတော့ ... ခင်ဗျား လိမ်တာပဲ ဝူပေါက်ရာ ။ ဟုတ်ကဲ့.. မလိမ်ပါဘူး မိတ်ဆွေတို့ နားလည်အောင် မျိုးရိုးဗီဇ သဘောတရား ရှင်းပြပါမယ်
ကန်ဖာဆိုတာ မျိုးမတူတဲ့ စီးစလစ် ကိုဖောက်ရာမှ ဖြစ်လာတဲ့ ဟိုက်ဘရစ် ကပြားငါးဆိုတာ ပြောပြီးပါပြီနော်... ။ အဲ့ဒီတော့ ... ကပြားအကြောင်းကို ရှင်းပြပါမယ် ။ ကပြားတွေက ထူးခြားတယ်ဗျ ။ ကပြားတွေက သူတို့အဖေအမေတွေ ဆီကနေ ကောင်းကွက်တွေကို ... ပဲ ဆက်ခံကြတယ် တဲ့ .. (ဒါ့ကြောင့် ကန်ဖာတွေက ငါးသက်ပိုရှည်တာဖြစ်နိုင်ပါသည် ) ဥပမာ ခြင်္သေ့ နဲ ကျား စပ်ပြီးကျတဲ့ ကျားခြင်္သေ ဆိုတာ ရှိပါတယ် ... ကျားထက်ရော ခြင်္သေ့ ထက်ပါ အကောင်ပိုကြီးပါတယ် ... ပိုသန်မာပါတယ် ... ။ ကဲ ထားပါတော့ဗျာ ...
Flowerhorn. ကို ... AA
ဗီဂျေး သို့မဟုတ် တက်ဆက်စ် ကို ... BB
လို ပေးလိုက်မယ်ဗျာ ... သူတို့ကို ဖောက်လိုက်ရင်..
AA+BB
AB ,+AB , +BA ဆိုပြီး ဗီဇ ဆက်ခံတဲ့ ငါးတွေ ထွက်လာတယ် ဗျ ... ။ AB ကတော့ ၂မျိုး လုံးရဲ့ ဗီဇ အညီအမျှ နီးပါး ပါတာပေါ့ ... ။ +AB ဆိုတာက A ဗီဇ များနေတာပေါ့ ။ B ဗီဇ က ပါပေမယ့် ငုတ်နေတာပေါ့လေ ။ +BA ဆိုတာကလည်း ။ B ဗီဇ များနေတာပေါ့ ။ ဒီထဲမှာ မှ ကိုကြိုက်ရာ အားသန်ရာကို ရွှေးယူကြတယ် ။ တစ်ချို့ ဘရီတာက ... FH ဗီဖ သန်တဲ့ အကောင်ကို ယူတယ် တစ်ချို့ကလည်း မျှခြေ ရှိတာကို ယူတယ်ပေါ့ ။ ပြီးရင် ကန်ဖာဖြစ်ဖို့. နောက်ထပ် Flowerhorn နဲ့ပဲ ဆက်ဖောက်ကြသဗျ ... ။ ဒီနေရာမှာ ... အထက်က ... သုံးခဲ့တဲ့ Flowerhorn ..... AA ကိုပဲ သုံးသူရှိသလို .... တခြား Flowerhorn ... တစ်ကောင်ကို သုံးတာလဲ ရှိပါတယ် ... တစ်ခြား Flowerhorn ဆိုရင်တော့ Other Flowerhorn... . oA oA လို့ ထားလိုက်ပေါ့ဗျာ ... အဲ့ဒီတော့ AB +oA oA ပေါ့
AB.oA / BB . oA / AA . oA. ဆိုပြီး ထွက်လာ သဗျ .. AB.oA ဆိုတာကတော့ ကျွန်တော် တို့ပြောပြောနေတဲ့ KF ပေါ့ဗျာ ... ။ AA.oA ဆိုတာကတော့ Flowerhorn ပြန်ဖြစ်ကုန်တာပေါ့ ... BB.oA ဆိုတာကတော့ ဗီဂျေး သွေး လွှမ်းမိုးခံရတာပေါ့ .... အဲ့ဒီတော့ ကန်ဖာ၂ကောင်ဖောက်ကြည့်လိုက်ပါ ...
AB.oA. + AB.oA
ဒီလိုတွေ ထွက်ကုန်ပါရောလား ....
AB.AB / oA.oA / oA.AB / AB.Ao
ဆိုပြီး ... ကန်ဖာ ပြန်ထွက်နိုင်ချေ အတော်နည်း သွားပြန်ရော .... ထွက်လာလည်း သိပ်ပြီး strong မဖြစ်တော့ဘူး ... ။ ဒါက ကပြားတွေရဲ့ ထူးခြားချက် ... မျိုးတူ ကပြား နှစ်ကောင်ပေါင်းရင် ... မကောင်းတာတွေလည်း သပ်သပ်စုတယ် ၊ ကောင်းတာတွေလည်း သပ်သပ်စုတယ် အဲ့လိုဖြစ်ကုန်ရော ... ဒါ့ကြောင် ကန်ဖာ အထီးအမကို မဖောက်ကြတာပါ ... အဲ.. တစ်ခုတော့ရှိတယ် ... ကန်ဖာ နှစ်ကောင်ဖောက်ရာမှာ ... တစ်ကောင်က ... ပထမဆုံး.. F1 ဘက်ကို မျိုးသန်နေတဲ့ ငါးဆိုရင် ... ငါးလှတာတွေ ပြန်ထွက်ပြန်ရော ....
ဘယ်လိုလဲ ... ဖတ်ရတာနဲ့တင် ခေါင်းမူးသွားပြီလား ....
ဒါဆို ရင် ... ဘာကြောင့် Form အပြည့်နဲ့ ကန်ဖာတစ်ကောင် က ရှားသလဲဆိုတာ အလိုလို နားလည် လောက်ပါပြီ ....
ိုဝူပေါက်