29/12/2022
ကိုယ့်ဆီ BB Glow Treatment နဲ့
PRP (Plalets rich plasma)Treatment ယူတဲ့ချိန်မှာ Pen စက်လေးနဲ့မျက်နှာအနှံ့ဂရုစိုက်ပြီး လှိမ့်ပေးနေတာဟာ Microneedling ပါ
Microneedling Treatment ယူခြင်းအားဖြင့်
မျက်နှာ ပေါ်ရှိ အရေးအကြောင်းများလျော့ပါးလာခြင်း
Scar (အမာရွတ်) များကိုကုသပေးနိုင်ခြင်း
နေလောင်ထားသောအသားအရေကိုပြန်လည်ပြုပြင်ပေးခြင်း
အိုမင်းရင့်ရော်မှုနှေးကွေးပြီးအရွယ်တင်နုပျိုစေခြင်း
ချွေးပေါက်ကျဥ်းစေခြင်း
မျက်နှာလိမ်း Skincare များကိုပိုမိုစုပ်ယူနိုင်ကာ ပိုမိုအစွမ်းထက်စေခြင်း
အကြောပြတ်ရာများပါလျော့ပါးသက်သာလာခြင်း
Rosacea ကိုသက်သာစေခြင်း
(Resacea ကို မသိလို့ပုံပါအတိုင်းကြည့်ပေးကြပါရှင် 😁)
ဝက်ခြံကုထုံးအတွက်သုံးနေသော လိမ်းဆေးများကိုပိုမိုထိရောက်စေသောကြောင့် ဝက်ခြံသက်သာမှုနှုန်းမြန်ဆန်လာခြင်း
အခြားသော Laser နှင့် peeling treatment ထက် ဘေးထွက်ဆိုးဆိုးနည်းပါးခြင်း
Microneedling Treatment ယူပြီး
🙆4-6 weeks အကြာမှာ အထက်ပါbenefits ကိုစတင်ခံစားရမှာဖြစ်ပါတယ်
🙆 အဲ့ဒီ results တွေဟာ ပုံမှန်အားဖြင့် 3-5 months အထိ တာရှည်ခံပါတယ် တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး
မိမိskin ရဲ့ Collangen ထိန်းသိမ်းနိုင်စွမ်းနဲ့
skin typeပေါ်မူတည်နေပါသေးတယ်
ပိုမိုပြည့်ဝတဲ့ Full benefits ကိုလိုချင်ရင်တော့အနည်းဆုံး 4-6 Sessions လောက် treatmentယူထားနိုင်ရင်အကောင်းဆုံးပါပဲ
အရေပြားအောက်ဆုံးလွှာထိ ပြုပြင်ထားချင်ရင်တော့ 8 sessions ထိလုပ်ဖို့တိုက်တွန်းလိုပါတယ်ရှင်
Microneedling Treatment ယူပြီး Results ပိုမိုမြန်ဆန်၍တာရှည်ခံစေရန်လျှားစောင်းကိုအခြေခံ၍ထုတ်လုပ်ထားသော Sheet mask, Moisturizing Gel
တို့ကိုသုံးပေးသင့်ပါတယ် Collagen လှုံ့ဆော်မှုအားကောင်းတဲ့ Ampoule, Serum စသည့် Skincares မျိုးကိုထည့်သုံးပေးပါHyaluronic Acid ပါတဲ့ Skincare တစ်ခုခုထည့်သုံးပေးပါ
Microneedling Treatment ယူပြီးလျှင်
🙅. တစ်ပတ်အတွင်း အရက်မသောက်ပေးပါနဲ့
🙅.အလွန်အကျွံချွေးထွက်စေမယ့်လှုပ်ရှားမှာမျိုးရှောင်ပေးပါ
🙅.၂ရက်မှ၃ရက်အတွင်း မိတ်ကပ်မလိမ်းပေးပါနဲ့
🙅.မိမိသုံးလက်စ Skincare Routine မှာ
Retinol
Vitamin C စတဲ့ ingredients မျိုးပါနေလျှင်တစ်ပတ်ရှောင်ပေးပါ
🙅.တစ်ပတ်အတွင်း နေရောင်နဲ့တိုက်ရိုက်ထိတွေ့ခြင်းမပြုပါနဲ့
(မလွှဲရှောင်သာလျှင် ဦးထုပ်,Mask အသုံးပြုပါ)