Here We Shine

Here We Shine Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Here We Shine, Shopping Service, Monywa.

💗Buy 5! Get 1 Free!💗✨Bling Blingကလစ်လေးတွေနဲ့ နားကပ်လှလှလေးတွေ✨ကလစ်လေးတွေရော နားကပ်(အစုံလိုက်)လေးတွေရော ဘယ်ဟာယူယူ 4000ကျ...
28/06/2022

💗Buy 5! Get 1 Free!💗

✨Bling Blingကလစ်လေးတွေနဲ့ နားကပ်လှလှလေးတွေ✨

ကလစ်လေးတွေရော နားကပ်(အစုံလိုက်)လေးတွေရော ဘယ်ဟာယူယူ
4000ကျပ်ပါရှင်💗

ပြီးတော့ 20000ကျပ်ဖိုး ဝယ်ယူရုံနဲ့ တစ်ခု လက်ဆောင် ရဦးမှာပါ🥳

BKKကနေ တိုက်ရိုက်ဝယ်လာပေးမှာမို့ ဒီလို ချိုသာတဲ့ဈေးလေးနဲ့ရတုန်း ဝယ်ယူထားကြရင် မမှားပါဘူးလို့💗

09 977 527 367

✨ဒါလေးတွေ မှာရင် မုံရွာမြို့တွင်း အိမ်အရောက် Deli freeနဲ့ ပို့ပေးမယ်နော်✨Trendဖြစ်နေတဲ့ hlaf moon bagလေးတွေ🤍13500ksပါ☎️0...
08/06/2022

✨ဒါလေးတွေ မှာရင် မုံရွာမြို့တွင်း အိမ်အရောက် Deli freeနဲ့ ပို့ပေးမယ်နော်✨

Trendဖြစ်နေတဲ့ hlaf moon bagလေးတွေ🤍

13500ksပါ

☎️09 977 527 367

♥️အထူးလျှော့ဈေး 8500ကျပ်♥️Raip argan hair oil 100ml 8500ksဆံပင်2ခွဖြစ်တာ၊ ဆံသားခြောက်တာ၊ ဆံသားပြတ်တောက်တာ စတဲ့ ဆံသားပြဿန...
04/06/2022

♥️အထူးလျှော့ဈေး 8500ကျပ်♥️

Raip argan hair oil 100ml 8500ks

ဆံပင်2ခွဖြစ်တာ၊ ဆံသားခြောက်တာ၊ ဆံသားပြတ်တောက်တာ စတဲ့ ဆံသားပြဿနာတွေရှိရင် ဒီhair oilလေး သုံးကြည့်ပါရှင်✨

ဆံပင်တွေ စီးကပ်ပြားချပ်မနေစေဘဲ အစိုဓာတ်ဖြည့်ပေးတဲ့ hair oilလေးတွေကို ကြိုက်တတ်ရင် sale priceနဲ့ တန်တန်လေး သုံးဖို့ Here we Shineမှာ မှာယူနိုင်ပါပြီနော်❣️

အိမ်အရောက်ပို့ ဝန်ဆောင်မှုလေးလည်း ရှိတာမို့ နေလောင်မခံ၊ အပူမခံရဘဲ ဝယ်ယူနိုင်ပါတယ်ရှင်✨

ဝက်ခြံအမာရွတ်၊ အမဲစက် ပျောက်ချင်သူလေးတွေအတွက်Axis-Y dark spot correcting serum 24000ks ❣️ဒါလေးက မင်မင်ကိုယ်တိုင် သုံးနေတ...
03/06/2022

ဝက်ခြံအမာရွတ်၊ အမဲစက် ပျောက်ချင်သူလေးတွေအတွက်
Axis-Y dark spot correcting serum 24000ks ❣️

ဒါလေးက မင်မင်ကိုယ်တိုင် သုံးနေတာ
4လရှိပါပြီ။
လတ်တလောဖြစ်ထားတဲ့ အမာရွတ်ဆိုရင် မြန်မြန်ပျောက်ပါတယ်။
ကြာနေတဲ့ အမာရွတ်ဆိုရင်တော့ အချိန်ယူရတယ်ပေါ့နော်

Niacinamide ပါလို့

⚡အမဲစက်ပျောက်လွယ်တယ်။
⚡နီရဲတာတွေ လျှော့ချပေးပြီး Skin Tone ညီစေတယ်။
⚡အသားအရေက ပင်ပန်းညစ်နွမ်းနေတယ်ဆိုရင်လည်း သက်သာစေတယ်။
⚡Skin Barriers ကို ကောင်းမွန်စေလို့ ဆေးစွမ်းတစ်လက်ပဲ။
⚡Anti - aging ပါလို့ အခု သုံး၊ နောက်ကာကွယ်ပဲနော်။
⚡Plant extractsတွေမို့ အရမ်းမပြင်းဘူး။
🐇Cruelty Free ဖြစ်တယ်။

ကဲ.... ဘာလိုသေးလဲ ? ALL IN ONE နော်

🌞နွေနေပူမှာ အလိုအပ်ဆုံးက Sunscreenပါ🌞ခရမ်းရောင်လုံချည်ကြောင့် ဖြစ်တဲ့ အရေပြားပြဿနာ သောင်းခြောက်ထောင်ကို Beautyလေးတွေ သိပ...
02/06/2022

🌞နွေနေပူမှာ အလိုအပ်ဆုံးက Sunscreenပါ🌞

ခရမ်းရောင်လုံချည်ကြောင့် ဖြစ်တဲ့ အရေပြားပြဿနာ သောင်းခြောက်ထောင်ကို Beautyလေးတွေ သိပြီးသားဖြစ်မှာမို့ မင်မင် မပြောတော့ဘူးနော်

အပြင်မထွက်ဘူး အိမ်ထဲမှာပဲ နေရတယ်ဆိုတဲ့ မင်မင်နဲ့ ဘဝတူလေးတွေလည်း
အိမ်ထဲမှာတင် sunscreenလိမ်းသင့်ပါတယ် အပူချိန် အရမ်းမြင့်လို့ပါနော်❣️

📩စာပို့ပြီး မှာလို့ရသလို
☎️09 977 527 367ကို ဆက်ပြီး မှာလို့လည်း ရပါတယ်ရှင်

အိမ်အရောက်ပို့ ဝန်ဆောင်မှုလေးလည်း ရှိပါတယ်❣️

စိတ်အနှောက်အယှက် ဖြစ်စရာကောင်းလွန်းတဲ့ ဝက်ခြံနဲ့ အဆီဖုတွေကို တိုက်ထုတ်ကြဖို့Mediheal tea tree maskလေး သုံးလိုက်ပါ❣️1ချပ်...
28/05/2022

စိတ်အနှောက်အယှက် ဖြစ်စရာကောင်းလွန်းတဲ့ ဝက်ခြံနဲ့ အဆီဖုတွေကို တိုက်ထုတ်ကြဖို့

Mediheal tea tree maskလေး သုံးလိုက်ပါ❣️

1ချပ်ကို 1900ကျပ်ဆိုတဲ့ ချိုသာလွန်းတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်ဖို့ စာပို့ပြီး Orderတင်လိုက်ပါနော်

အောက်က Linkလေးတွေကတော့
Mediheal tea tree maskရဲ့ Reviewလေးတေ‌ွပါရှင်❣️

https://m.facebook.com/groups/487748755386722/permalink/960699901424936/

https://m.facebook.com/story.php?story_fbid=102176248867503&id=102091832209278

https://m.facebook.com/story.php?story_fbid=119371706435750&id=113056703733917

https://www.facebook.com/102091832209278/posts/102176248867503/

Glow ပြီး အဖုကင်းချင်ရင် Mask ကပ်ကြ🙄
24/05/2022

Glow ပြီး အဖုကင်းချင်ရင် Mask ကပ်ကြ🙄

ဟိတ် ဒါမျိုး ဖြစ်ဖူးကြတယ်မို့လား 🥲

ဝက်ခြံတွေပေါက်လို့ မိတ်ကပ်တွေနှင့် ဇွတ်ဖုံးရင်တော့ ဒီလို ဖြစ်နေပါလိမ့်မယ် 🙄

ဒီလိုမဖြစ်ချင်ရင်

🪄 Skincare သေချာလုပ်ပါ
🪄 ဝက်ခြံတအားထွက်နေရင် မိတ်ကပ်အထူကြီးတွေ လိမ်းတာထက် ဘာမှမလိမ်းဘဲ နေတာက ပိုသက်သာလွယ်ပါတယ်။
🪄 နည်းနည်းဆိုရင်တော့ Sunscreen ပဲ ပုံမှန်လိမ်းတာက
ပိုကောင်းပါတယ်။



If you don't love yourself, nobody will.
09/05/2022

If you don't love yourself, nobody will.

ဝလို့ စိတ်ဆင်းရဲတယ်၊ ပိန်လို့ စိတ်ညစ်တယ်၊ အသားမဖြူလို့
ငိုချင်တယ်တွေ မဖြစ်ပါနဲ့လား ?

လောကကြီးမှာ စိတ်ညစ်စရာတွေ အများကြီးရှိတာမို့
ကိုယ်ပြင်လို့မရတဲ့ ကိုယ့် Appearance တွေကြောင့်တော့
စိတ်မညစ်လိုက်ပါနဲ့။ Appearance ထက် အရေးပါတာတွေ ရှိပါသေးတယ်။

ဘယ်အရာမဆို ကောင်းကွက်ရှိတာမို့ ခု ကျွန်မတွေးသလို
တစ်ခုမဟုတ် တစ်ခုတွေးပြီး ကောင်းတဲ့ဘက်ကနေ ပြောင်းပြီး မြင်ကြည့်ပါ။ မလှတာ ဘာတစ်ခုမှ မရှိပါဘူး ✨

🍭 ပိန်တာရိုး ကျွန်မလည်း ဝဝလေး ဖြစ်ချင်ခဲ့ဖူးတယ်။
အသက် ၄နှစ်ကနေ ၁၀ တန်းထိ ချူခြာခဲ့သူမို့ ခုထိ ပေါင်ချိန် ၁၀၀ မပြည့်ဖူးဘူး။ ဒါပေမဲ့ ပိန်ပိန်ပြားပြား ဘယ်လောက်စားစား
ဝမလာတဲ့ ကျွန်မ ခန္ဓာကိုယ်ကို ကျွန်မ ကျေနပ်တယ်။

🍭 ကျွန်မအရပ်က 5 ပေ 4 လက်မဆိုပေမဲ့ ဖြစ်နိုင်ရင် 5 ပေ 6 လောက်ထိတော့ ရှည်ချင်တယ်။ ထပ်မရှည်တော့ပေမဲ့ ဒေါက်စီးရင် 5 ပေ 6 လောက်မို့ ကျေနပ်ပါတယ်။

🍭 ကျွန်မ Facial Foam မှားသုံးရာကစပြီး ဝက်ခြံတွေ၊ Breakouts တွေထွက်တယ်။ ဖြစ်နိုင်ရင် ကျွန်မလည်း အဖုတွေ၊အမာရွတ်တွေ ဘယ်လိုချင်မလဲနော် ? ဒါပေမဲ့ ကျွန်မအသက် ၁၈ နှစ်မှာ Skincare ဖို့ အစပြုစေခဲ့တဲ့ အဖုလေးတွေမို့ ကျွန်မချစ်တယ်။

🍭 ကျွန်မကလေ မျက်ဝန်း၊မျက်ဆံနက်နက်ဝိုင်းဝိုင်းလေးတွေဆို တအားသဘောကျတာ။ ကျွန်မ မျက်လုံးအရောင်ကကျ အညို။
ဒါပေမဲ့ ကျွန်မ အဲဒီမျက်ဝန်းတွေကို ချစ်တယ်။

🍭 ဆံပင်အရှည်ကိုမှ နက်မှောင်ပြောင်လက်နေရင်လည်း အရမ်းအားကျတာ။ ကျွန်မပင်ကိုယ်ဆံပင်အရောင်ကတော့
မွေးကတည်းက အညိုဘက်ပြေးနေတာ။ ငယ်ငယ်က
အုန်းဆီမလိမ်းခဲ့တော့ ပိုဆိုးပေါ့..... ဒါပေမဲ့ ကျွန်မ ဆံပင်တွေကို ကျွန်မချစ်တယ်။ တမျိုးလှတယ်မို့လား ? တကူးတက ဆေးဆိုးစရာတောင် မလိုဘူး...

🍭ပေါင်တံဖြူဖြူစင်းစင်းလေးတွေ သဘောကျတယ်။
အသားကတော့ ဖြူတယ်ပြောလို့ရတယ်။ သို့သော် ငယ်ငယ်က
ကျွန်မသောက်ဖူးတဲ့ ဆေးတွေကြောင့် ပိန်ပေမဲ့ ပေါင်ကြောတွေ ပြတ်တယ်။ ဒါပေမဲ့ အဲဒါတွေကြောင့် ကျွန်မ မရှက်ဖူးဘူး။

🍭လက်ချောင်းရှည်ရှည်သွယ်သွယ်၊ လက်သည်းရှည်ထားလို့ရတဲ့
လက်လေးတွေ သဘောကျတယ်။ ဒါပေမဲ့ အဖိုးနှင့်တူတဲ့
ယောကျ်ားဆန်တဲ့ လက်တွေကို ကျွန်မချစ်တယ်။ အဲဒီလက်တွေနှင့် စာရေးလို့ရတယ်၊ ပန်းချီဆွဲလို့ ရတယ်။

🍭 သွားစီစီညီညီလေး ဖြစ်ချင်တယ်။ ဒါပေမဲ့ ကျွန်မမှာပါတဲ့ သွားတက်လေးကိုလည်း ချစ်ပါတယ်။ သူ့ကြောင့် ကျွန်မပြုံးရင်
ချစ်စရာပိုကောင်းတာမို့ 🤭

ဆိုတော့ ကျွန်မမှာရှိတဲ့အရာတွေကို လက်ခံပါတယ်။ ချစ်ပါတယ်။
ပျော်ပါတယ်။ သူများတွေဝေဘင်ရင်လည်း အခု ဂရုမစိုက်တော့ပါဘူး။

အပေါ်က ကျွန်မပြောခဲ့တာတွေလည်း တကယ်တမ်းကျ အချိန်ကုန်ခံ၊ ငွေကုန်ခံ effort သေချာစိုက်ပြင်ရင် ကျွန်မလိုချင်သလို ရနိုင်ပါတယ်။

ဒါပေမဲ့ အဲဒီလိုပြင်လိုက်တာလည်း ကိုယ်ပါပဲ။
မပြင်ဘဲ နေနေတဲ့ ခုလက်ရှိကိုယ်ကလည်း ကိုယ်ပါပဲ။
တခြားသူတွေ Judgeလုပ်တာနဲ့တော့ ကိုယ့်ကိုယ်ကို မမုန်းလိုက်ပါနဲ့လား ?

ဒါကြောင့် ကျွန်မ လက်ခံထားတဲ့ Self Love ဆိုတာ

✨ Be You (မင်းကိုယ်မင်း လက်ခံပါ)
✨ Do you ( Better you ဖြစ်ဖို့ နေ့တိုင်း ပြုပြင်ပြောင်းလဲပါ)
✨ For you ( Better you ဖြစ်ဖို့ ပြောင်းလဲရင်လည်း
မင်းအတွက် မင်းပျော်ဖို့ ပြောင်းလဲတာ ဖြစ်ပါစေ...
တခြားသူတွေအတွက် ပြောင်းလဲပေးဖို့ တာဝန်မရှိတာမို့လေ...)

Nobody can't stop me loving myself 🤍

ဒီစာလေးကနေ အတွေးတစ်ခုခုရရင် ကျေနပ်ပါပြီနော် ...

💌 နှင်းပွင့်


Try this skincare bingo and check if you're doing a good job for your skincare routine or not.
12/03/2022

Try this skincare bingo and check if you're doing a good job for your skincare routine or not.



နွေနေပူပူမှာ စိတ်မပူရဖို့ ✨ဒီလို ဆောင်းအကုန် နွေ​အကူး အင်မတန်ပူအိုက်လှောင်ပိတ်နေတဲ့ ကာလမှာ  အပြင်က ပြန်လာလို့ မှန်ထဲကြည်...
11/03/2022

နွေနေပူပူမှာ စိတ်မပူရဖို့ ✨

ဒီလို ဆောင်းအကုန် နွေ​အကူး အင်မတန်ပူအိုက်လှောင်ပိတ်နေတဲ့ ကာလမှာ အပြင်က ပြန်လာလို့ မှန်ထဲကြည့်လိုက်ရင်

❗မျက်နှာကြီးက ချေးညှော်တွေနဲ့ ညစ်နွမ်းပြီး ပူထူနေရော...
❗ပူပါတယ်ဆိုမှ လူတွေထဲ သွားရလာရရင် ဥမ္မာခင်ရန်ကြောက်ရလို့ Mask က မချွတ်ရဲတော့ ပိုလှောင်ပိတ်သေး..
❗Oliy သမား, Sensitive သမားတွေဆို ဝက်ခြံတွေ၊ Breakouts တွေပါ ပိုထွက်လာတယ်။
❗ချွေးတွေ၊ Makeup တွေနဲ့ ဥမ္မာခင်ရန်ကြောက်လို့ အုပ်ထားရတဲ့ Mask တွေနဲ့ ပွတ်တိုက်မိပြီး ကုရခက်တဲ့ “Maskne” (Mask Acne) ဖြစ်သွားရင် အသားပွန်းမယ်၊ပြည်ဖုသေးသေးလေးတွေ ပေါက်လာတယ်။
❗ Dry Skin သမားတွေခမျာလည်း နေပူလေပူတွေကြောင့်
ရေဓါတ်ပိုခမ်းခြောက်ပြီး အက်ကွဲလာရော။

❓ ဒါဆို ဘာကြောင့် ဒီလိုတွေ ဖြစ်ရသလဲ ?

☀️ နွေရာသီရောက်လာတဲ့အခါ အပူချိန်တွေမြင့်လာတဲ့အတွက်
ခန္ဓာကိုယ်က အေးအောင် ချွေးတွေထွက်ပေးတယ်။
မျက်နှာပေါ်က အဆီထွက်တဲ့ ဂလင်းတွေကနေ အစိုဓါတ်ရအောင် သဘာဝ Sebum တွေ ထုတ်ပေးတာ ပိုများလာတယ်။
အဲဒီမှာ နွေရဲ့ ဖုန်မှုန့်တွေ၊ တခြားအမှုန်အမွှားတွေနဲ့ အဲဒီအဆီတွေပေါင်းပြီး Breakouts တွေ ပိုထွက်လာတယ်။ အပေါ်မှာ ပြောခဲ့တဲ့ ပြဿနာတွေ ကြုံရတော့တာပါပဲ။

ဒါဆို ဘယ်လိုကာကွယ်နိုင်မလဲ ?

🌞 မနက်ပိုင်းဆို Facial Foam တွေကို AHA, BHA လို Acid ပါတာမျိုးတွေထက် pH Balanced ဖြစ်တဲ့ Mild Cleanser တွေကိုပဲ သုံးပေးပါ။

🌞 Toner ကို သေချာကောင်းကောင်းထိရောက်မဲ့ဟာ ရွေးသုံးပါ။ နှာခေါင်းတစ်ဝိုက်မှာ အဆီပိုထုတ်ပေးတဲ့အတွက် နှာခေါင်းနားကိုလည်း ဂရုစိုက်သုံးပါ။

🌞 Moisturizer ကိုလည်း Water based, Gel based Type တွေပဲ သုံးပါ။ Vit A , Vit C ပါတာမျိုးဆို ပိုကောင်းပါတယ်။

🌞 Antioxidant Serum တွေက ရေဓါတ်ပိုဖြည့်ပေးနိုင်ပါတယ်။ ဒါ့အပြင် အသားအရေပျက်စီးတာကို လျှော့ချပေးတယ်။ Collagen ကိုလည်း မြှင့်ပေးတယ်။ တကယ်လို့ မသုံးချင်ဘူးဆိုရင်လည်း Green Tea သောက်လို့ရတယ်။ ချဥ်တဲ့အသီးတွေနဲ့ အသီးအရွက်တွေ စားပေးလည်း ရတယ်နော်။

🌞 Hydrosol ,Mist ဆောင်ပါ။
ပူလာရင် ရေဓါတ်ပြန်ဖြည့်ဖို့ တရွှီးရွှီးသာ ထိုင်ဖျန်းနေပါ။
The Mix By Su က Rose Hydrosol ဆို နွေနဲ့ ကွက်တိ။

🌞 ပူလို့ဆိုပြီး မျက်နှာခဏခဏသစ်တာမျိုးရှောင်ပါ။
အပေါ်ယံအသားအရေအလွှာလေး ပါးပြီး ပျက်သွားရင် သဘာဝအဆီတွေရော အစိုဓါတ်တွေကုန်သွားမှာပါ။

🌞 Exfoliation ကို အလွန်အကျွံမလုပ်ပါနဲ့။
တစ်ပတ် ၂ ခါထက် ပို Exfoliate လုပ်မိရင် Sebum ထွက်နှုန်း
ပိုများလာပါတယ်။ ဒါကြောင့် Peeling, Scrub , Clay Mask , Wash off Mask တွေကို တမျိုးလောက်ပဲ လုပ်ပါ။
ပြီးတော့ Exfoliation လုပ်ပြီးရင် မျက်နှာကို ရေဓါတ်ဖြည့်မဲ့ Skincare တွေ သုံးတာ အကောင်းဆုံးပါ။

🌞 Water Based Sheet Mask တွေ သုံးပြီး ဇိမ်ခံပါ။

🌞 Sunscreen, Sun Block တွေ လိမ်းဖို့ မမေ့ပါနဲ့။
⚠️ အိမ်ထဲပဲဆိုပြီး မလိမ်းဘဲ မနေပါနဲ့။

🌞 အသားအရေဆိုတာ ပြင်ပကတင် မဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းပိုင်းကပါ ကျန်းမာမှ Glow တာမို့
💧 ရေ ဝဝသောက်ပါ။ (2 Litres- 3 Litres)
🧃ရာသီပေါ် အသီးအနှံတွေ၊ မန်ကျည်းသီးတွေကို ဖျော်ရည်လုပ်သောက်ပါ။

🌞 အပြင်သွားရင် Mask ကို ပေါ့ပါးတာမျိုး၊အသားအရေကို မထိခိုက်စေတာမျိုးပဲ တပ်ပါ။( လျှော်သုံးလို့ရတာမျိုးဆို ပုံမှန်လျှော်ပါ။(COVID ကိုလည်း ကာကွယ်ပါစေ)

ဒီလောက်ဆိုရင်တော့ အားလုံးအတွက် အဆင်ပြေမယ်ထင်ပါတယ်။
အားလုံးပဲ နွေရာသီကို Glow ရင်း ဖြတ်သန်းနိုင်ပါစေရှင်
✨




There is no limit to what we as women can accomplish.-Michelle Obama
08/03/2022

There is no limit to what we as women can accomplish.
-Michelle Obama




𝙃𝙖𝙥𝙥𝙮 𝙑𝙖𝙡𝙚𝙣𝙩𝙞𝙣𝙚'𝙨 𝘿𝙖𝙮  💟ကိုယ့်ကိုယ်ကိုယ် အရင်ချစ်တတ်ပါစေ...ကိုယ့်အနီးဆုံးက လူတွေကို အေးမြခြင်းနဲ့ ချစ်တတ်ပါစေ...စစ်မှန်တ...
14/02/2022

𝙃𝙖𝙥𝙥𝙮 𝙑𝙖𝙡𝙚𝙣𝙩𝙞𝙣𝙚'𝙨 𝘿𝙖𝙮 💟
ကိုယ့်ကိုယ်ကိုယ် အရင်ချစ်တတ်ပါစေ...
ကိုယ့်အနီးဆုံးက လူတွေကို အေးမြခြင်းနဲ့ ချစ်တတ်ပါစေ...
စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာရခြင်းဆိုတာကလည်း ဒီကာလကြီးမှာ
ရှင်သန်ရဖို့ အကြောင်းပြချက်ဖြစ်နေလို့ တန်ဖိုးထားတတ်ကြပါစေ.....
ချစ်တဲ့သူတွေနှင့် ပျော်ပျော်ရွှင်ရွှင်နေနိုင်တဲ့ ကာလ​တစ်ခုကို
မြန်မြန်ရောက်ပါစေ....


Address

Monywa

Website

Alerts

Be the first to know and let us send you an email when Here We Shine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share