05/10/2025
NSE Solar Design and Installation Monywa
ဘက်ထရီသက်တမ်း ကြာကြာခံချင်ရင် ဒီအချက်တွေ သိထားဖို့လိုပါတယ်! 🔋
ဘက်ထရီသက်တမ်းကို အများဆုံးကြာရှည်စေဖို့ မှန်ကန်စွာအသုံးပြုနည်းနဲ့ ထိန်းသိမ်းနည်းလေးတွေကို မျှဝေပေးချင်ပါတယ်။
⚠️ ဒါလေးတွေ ရှောင်ပါ!
❌ ဘက်ထရီအားကို လုံးဝကုန်အောင် အပြီးသုံးတာ (အပျက်မြန်စေပါတယ်!)
❌ မသင့်တော်တဲ့ Charger သုံးတာ
❌ အားကို တစ်ဝက်တစ်ပျက်ပဲ သွင်းပြီးသုံးတာ (အဓိက အသစ်တွေမှာ)
✅ ဒါလေးတွေ လုပ်ပေးပါ!
✔️ ဘက်ထရီအား ၂၀-၃၀% ရောက်တာနဲ့ ပြန်သွင်းပါ (သက်တမ်းရှည်စေတဲ့အချက်!)
✔️ MPPT Charger လိုမျိုး ထိရောက်တဲ့ Charger ကိုရွေးပါ (ဆိုလာနဲ့ Battery တိုက်ရိုက်မသုံးပါနဲ့)
✔️ ဘက်ထရီအမျိုးအစားနဲ့ ကိုက်ညီတဲ့ Voltage Setting ချပေးပါ
✔️ အားကို အပြည့်သွင်းပြီးမှသာ ပြန်သုံးပါ
✔️ ဘက်ထရီ Voltage နဲ့ Health ကို ပုံမှန်စစ်ဆေးပါ
💡 သိထားသင့်တာလေး
Lithium ဘက်ထရီတွေက Lead-Acid တွေထက် စွမ်းဆောင်ရည်ပိုမြင့်ပေမယ့် ဂရုစိုက်ဖို့တော့လိုပါတယ်။
နည်းနည်းပါးပါး ဂရုစိုက်ပေးလိုက်ရတာနဲ့ ဘက်ထရီသက်တမ်း ကြာကြာခံအောင် ထိန်းသိမ်းလို့ရပါတယ်!
လုပ်ကြည့်ပြီးရင်ရော ဘယ်လိုတွေ့ရလဲ? Comment မှာမျှဝေပေးပါဦး! 👇
အခြားသူငယ်ချင်းတွေလဲသိအောင် Share ပေးထားပါနော်!
(ပထမဆုံး တက်ရောက်ခဲ့တဲ့ ဆိုလာသင်တန်း neo X energy မှ အချက်အလက်များကို မှီငြမ်းပြီး ရေးသားခြင်း ဖြစ်ပါတယ်။ ပုံထဲက လက်လေးကတော့ မန်းလေးသား ကိုမြေကြီးလက်လေးပါဗျ...)
အားလုံး ဘေးကင်း ရန်ကွာ ကျန်းမာပါစေ
ကိုလင်း (NSE Solar)
#ဘက်ထရီထိန်းသိမ်းနည်း #ဘက်ထရီသက်တမ်း