Thet Thet Online Business

Thet Thet Online Business မြန်မာနိုင်ငံမှလူတိုင်းအသာရည်လှအောင်skin careနိုင်ဖို့ရောင်းပေးရခြင်းဖြစ်ပါတယ်ရှင့်

🌱ရှင်သန်ခြင်း၏အဓိပ္ပါယ် 🌱 အခုနောက်ပိုင်းမှာကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကိုပဲဖြောင့်ဖြောင့်တန်းတန်းလျှောက်လှမ်းဖြစ်တယ်။ အောင်မ...
24/01/2022

🌱ရှင်သန်ခြင်း၏အဓိပ္ပါယ် 🌱

အခုနောက်ပိုင်းမှာ
ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကိုပဲ
ဖြောင့်ဖြောင့်တန်းတန်းလျှောက်လှမ်းဖြစ်တယ်။

အောင်မြင်ချင်တဲ့ဆန္ဒထက်
ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရတဲ့
ဘဝမျိုးကိုပဲ ကိုယ်ဟာ ပိုပြီးတော့ခုံမင်လာပါတယ်။

ငွေကြေးချမ်းသာတာထက်
စိတ်အေးချမ်းသာစွာနေထိုင်ရတဲ့
ဘဝမျိုးကိုပဲ ကိုယ်ဟာမက်မောမိတော့တယ်လေ။

လူရာဝင်မှ
မိတ်ဆွေသင်္ဂဟပေါများတာထက်စာရင်
ကိုယ်က လူကိုလူလိုဆက်ဆံတဲ့သူတွေကိုပဲလေးစားတော့တယ်။

နားလည်မှုတွေ
ထားတတ်လာတော့
အရင်ကထက် စကားတွေကနည်းလာပါတယ်။

စိတ်အပူမတက်စေဖို့နှင့်
အေးချမ်းခြင်းကိုပိုင်ဆိုင်လိုတဲ့အခါမှာ
တဖြည်းဖြည်းနဲ့လူတွေအပေါ် ခွင့်လွှတ်ပေးတတ်လာပါပြီ။

ကိုယ်ချစ်ရတာကလည်း ပင်ပန်းသလို
သူချစ်ကိုမျှော်ကိုးရတာလည်း ဆင်းရဲတာမို့
အထီးကျန်ပေမယ့်လည်း ကိုယ့်ကိုယ်ကိုပဲပိုချစ်ပါတော့မယ်။

အရင်ကထက်
ရင့်ကျက်တည်ငြိမ်လာတဲ့အခါ
အရာရာကို မြိုသိပ်နိုင်စွမ်းအားတွေရှိလာတယ်လေ။

ဘယ်သူ့ခံစားချက်တွေအပေါ်မှ
အရင်ကလိုမျိုးရှေ့တန်းမတင်တော့တဲ့အခါ
ဘဝက နေရထိုင်ရတာပေါ့ပါးပြီးလွတ်လပ်လာပါတယ်။

မုန်းရတာလည်းပင်ပန်းသလို
ချစ်ရတာလည်း ပင်ပန်းတာပဲမို့
လူတိုင်းအပေါ် မေတ္တာထားနိုင်သလောက်ထားရမှာပေါ့။

ကိုယ်နှင့်ကိုယ့်ပတ်ဝန်းကျင်မှာ
ဖြစ်ခြင်းပျက်ခြင်း နိယာမတရားတွေကို
မျက်ဝါးထင်ထင် မြင်ရပါများလာတဲ့အခါ
မမြဲခြင်းဆိုတဲ့တရားကို အခုတော့ပိုသတိထားနေမိပါပြီ။

သံသရာတလျှောက်
ကိုယ့်အနောက်ကိုပါလာမှာက
ကိုယ်ပြုသည့် ကံတရားသာပဲပေမို့
မသေသေးခင်အချိန်ပေးပြီးတရားအားထုတ်နေပါတယ်။

နေ့ရက်တိုင်းကတော့
အမြဲတမ်းမသာယာနိုင်မှန်းသိတဲ့နောက်
ကိုယ့်ကျန်းမာရေးကို အရင်ထက်ပိုပြီးဦးစားပေးနေရသေးတယ်လေ။



20/01/2022

အမေးများတဲ့ မေးခွန်းလေး🌻🌻
ဝက်ခြံထွက်ရင်သနပ်ခါးလူးလို့ရလား ❓❓
တော်တော်များများမေးကြတဲ့မေးခွန်းမို့သိသလောက်လေးဖြေပေးမယ်နော်🌻🌻
❇သနပ်ခါးက ချွေးပေါက်ပိတ်စေတာမို့ မလိမ်းစေချင်ပါဘူး 😑
❇တချို့ဆို ညဘက်သနပ်ခါးအထူကြီးလိမ်းအိပ်တဲ့သူတွေတွေ့ဖူးပါတယ် သဲဆိုလဲ ဟိုးအရင်က လိမ်းပြီးအိပ်ပါတယ်
အဆီဖု ဝက်ခြံ ဆို တော်တော်များများထွက်လာလို့ ရပ်လိုက်တာ ခုထိမှတ်မိတုန်း😂

❇ သနပ်ခါးလိမ်းတဲ့အတွက် ညဘက်ညက်မှာ Cleasing (facial Foam တစ်ခုထဲနဲ့သစ်တာမဟုတ်ဘဲ Double Cleaning လုပ်တာကိုပြောတာပါ)သေချာမလုပ်ဘဲ ဒီတိုင်းမျက်နှာ သစ်ရင်အဆင်မပြေပါဘူး
❇တကယ်လို့ကိုယ်က သနပ်ခါးအရမ်းကြိုက်တဲ့သူဆိုရင် နေ့ဘက်မှာ Skincare stepပြီးရင် BB cream ဖြစ်ဖြစ် CC cream ဖြစ်ဖြစ် လိမ်းပြီးရင် သနပ်ခါးလေးပါးပါးလေးလိမ်းပေးပါ 😗
ညဘက်ရောက်ရင်တော့ remover(liquid„Cleasing oil, Cleanding balm)လုပ်ပါ
ပြီးရင်မျက်နှာသစ်ပေးမှသာအဆင်ပြေမယ်နော် အချစ်တို့ရေ 💖💖
copy
လို့တော့ရတယ်နော်💖💖




ကိုယ့်ကိုယ်ကို အတွက် ဆုံးမစာဘယ်လို အကြောင့်ကြောင်းနဲ့မှကိုယ့်ရဲ့အပြုံးကို မပျက်စီးလိုက်ပါနဲ့ဘယ်လိုခက်ခဲမူကြောင့် နဲ့မှကိ...
18/01/2022

ကိုယ့်ကိုယ်ကို အတွက် ဆုံးမစာ

ဘယ်လို အကြောင့်ကြောင်းနဲ့မှ
ကိုယ့်ရဲ့အပြုံးကို မပျက်စီးလိုက်ပါနဲ့

ဘယ်လိုခက်ခဲမူကြောင့် နဲ့မှ
ကိုယ့် ရည်မှန်းချက်ကို မဖျတ်စီးလိုက်ပါနဲ့

ဘယ်လို ကြမ်းတမ်းတဲ့ ဒဏ်ရာကြောင့် နဲ့မှ
မပြိုလဲလိုက်ပါနဲ့

ဘယ်လိုအမှားကြောင့်နဲ့မှ
တောင်တမရပါနဲ့ သင်ခန်းစာဘဲယူပါ

ဘယ်လိုအတားစီး ကြောင့် နဲ့မှ
ကိုယ်လျှောက်တဲ့လမ်းကို မရပ်တန့်လိုက်ပါနဲ့

ဘယ်လိုတွန်းချ နိပ့်ချ မူနဲ့မှ
မလဲကျလိုက်ပါနဲ့

အရေးမပါတဲ့ အရာနဲ့
ကိုယ့်အချိန်ကို မဖြုန်းပစ်လိုက်ပါနဲ့

ကိုယ်ပြောင်းလဲလို့ မရတဲ့အရာနဲ့
လိုက်မခံစားပါနဲ့

သူ့လောက်မတော်ပေမယ့်
ကိုယ့်လောက်တော့ ကိုယ်တော်တယ်

သူ့လောက် မလှပေမယ့်
ကိုယ့်လောက်တော့
ကိုယ်လှတယ်မဟုတ်လား

ဘဝဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားမှာ
ရှင်သန်ရတဲ့ ခဏ အတွင်းလေးပါ
ခဏဆိုပေမယ့် နောင်တ ဆိုတာ မရှိအောင်

ခက်ခဲမူဘဲ ကြုံကြုံ
ကြမ်းတဲ့လမ်းပေါ်ကို လျှောက်ရရ
ပြန်ပြင်လို့မရတဲ့အမှားနဲ့ ရှိနေရပါစေ
ဖျတ်ပျောက်လို့မရတော့တဲ့ အမာရွတ်နဲ့ ရှေ့ဆက်နေရပါစေ ဘယ်သူတွေဘယ်လို
ကိုယ့်ကိုထင်မြင်နေပါစေ

အဓိကနဲ့ သာမည ခွဲထားပြီး
အရှုံးမပေး အပြုံးမပျက် ကိုယ်လုပ်စရာ
ရှိတာကို လုပ်ပြီး လိပ်ပြာလုံလုံနဲ့ အမြဲ
ရှေ့ဆက်နေနိုင်ဖို့ဘဲ လိုတယ် မဟုတ်လား ။

" ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာတဲ့အခါ " ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာတဲ့အခါကိုယ့်ကိုယ် ပူလောင်စေမဲ့အရာ မှန်သမျှလျှစ်လျှူရှုတတ်...
18/01/2022

" ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာတဲ့အခါ "

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာတဲ့အခါ
ကိုယ့်ကိုယ် ပူလောင်စေမဲ့အရာ မှန်သမျှ
လျှစ်လျှူရှုတတ်လာတယ် ။

အဆုံးမှာ နာကျင်စေတတ်တဲ့ အရာမှန်သမျှ
လက်ကာပြတတ်လာတယ် ။

တစ်စုံတစ်ယောက်ကြောင့် ရလာတဲ့
ပျော်ရွှင်မှု ဆိုတာထက်
ကိုယ်မှားသွားတဲ့ အမှားတစ်ခုကိုပဲ
ပို စိတ်ဝင်စားလာတယ်
အမှားထဲက အမှန်ကို ပြန်ရှာမယ်
ပြန်ပြီး ပြုပြင်မယ်။

ဒီနေ့အမှားအတွက် မျက်ရည်ကျချင် ကျမယ်
အော်ငိုရင် ငိုမယ်
နောက်နေ့မှာ...
မနေ့ကနေ့အစား နှစ်ဆပျော်ရွှင်မယ် ။

နောက်ပြီး
ဘဝမှာ မပျော်ရွှင်ခဲ့တဲ့ နေ့ရက်တွေအစား
မနက်ဖြန်တိုင်းမှာ နှစ်ဆပိုပျော်မယ်။

ကိုယ့်ကိုယ်မလိုအပ်တဲ့သူတွေနဲ့ ကင်းနိုင်သမျှ ကင်းအောင်နေမယ်
ကိုယ့်ကိုယ်ချစ်တဲ့သူတွေအတွက်ပဲ အချိန်ပေးမယ် ။

အမှားတွေနဲ့ မကင်းတဲ့ လူ့ဘဝထဲ
ဒီနေ့ကစ အမှားနည်းနိုင်သမျှ နည်းအောင်
ဘဝကို အကျဥ်းချုံ့ နေထိုင်မယ်။

#သွေးသစ်မာန်

မြင့်မြတ်စွာပဲ ရှင်သန်တယ်...❣️🍂ရိုင်းစရာ တွေ့လို့ ရိုင်းမယ် ဆိုရင်…ကျမ ရိုင်းလို့ကုန်မှာ မဟုတ်ဘူး။လောကမှာ…ရိုင်းစရာတွေက ...
16/01/2022

မြင့်မြတ်စွာပဲ ရှင်သန်တယ်...❣️

🍂ရိုင်းစရာ တွေ့လို့ ရိုင်းမယ် ဆိုရင်…
ကျမ ရိုင်းလို့ကုန်မှာ မဟုတ်ဘူး။
လောကမှာ…
ရိုင်းစရာတွေက တစ်ပုံကြီး။

🍂ဆဲစရာ တွေ့လို့ ဆဲမယ် ဆိုရင်…
က်မ ဆဲလို့ကုန္မွာ မဟုတ္ဘူး။
လောကမှာ…
ဆဲစရာတွေက တစ်ပုံကြီး။

🍂မုန်းစရာ တွေ့လို့ မုန်းမယ် ဆိုရင်…
ကျမ မုန်းလို့ကုန်မှာ မဟုတ်ဘူး။
လောကမှာ…
မုန်းစရာတွေက တစ်ပုံကြီး။

🍂ကျမအပေါ် သူတို့ ကောင်းခြင်း မကောင်းခြင်းက ကျမမှာ ရွေးချယ်ပိုင်ခွင့် မရှိဘူး။

🍂ဒါပေမဲ့…
သူတို့အပေါ် ကောင်းခြင်း မကောင်းခြင်းကိုတော့ ကျမမှာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။

🍂ဒါကြောင့်...
မုန်းစရာတွေ တွေ့တဲ့အခါ ကျမ မုန်းလို့ရတာပေါ့။
ဒါပေမဲ့…
မမုန်းခဲ့ဘူးလေ။ ဒါ ကျမရဲ့ ရွေးချယ်မှုပဲ။

🍂က်မက...
ခပ်ညံ့ညံ့လူတွေလို မုန်းတတ်တဲ့သူမှ မဟုတ်တာ။

🍂ဆဲစရာတွေ တွေ့တဲ့အခါ ကျမ ဆဲလို့ရတာပေါ့။
ဒါပေမဲ့…
မဆဲခဲ့ဘူးလေ။ ဒါ ကျမရဲ့ ရွေးချယ်မှုပဲ။

🍂က်မက…
ခပ်ညံ့ညံ့လူတွေလို ဆဲတတ်တဲ့သူမှ မဟုတ်တာ။

🍂ရိုင်းစရာတွေ တွေ့တဲ့အခါ ကျမ ရိုင်းလို့ရတာပေါ့။
ဒါပေမဲ့…
မရိုင်းခဲ့ဘူးလေ။ဒါ ကျမရဲ့ ရွေးချယ်မှုပဲ။

🍂က်မက…
ခပ်ညံ့ညံ့လူတွေလို ရိုင်းတတ်တဲ့သူမှ မဟုတ်တာ။

🍂ကျမ လောကကြီးထဲကို ရောက်လာတာ ခပ်ညံ့ညံ့ နေထိုင်မှုတွေနဲ့ ရှင်သန်ဖို့ မဟုတ်ဘူး။

🌸🌸🌸🌸🌸

#ဂျူး

ခွင့်လွှတ်တတ်ပြီလား?တကယ်တော့ခွင့်လွှတ်ခြင်းဆိုတာ ရှေ့ဆက်မတိုးတော့တဲ့ အကြောင်းအရာတစ်ခုငြိမ်းချမ်းခြင်းသဘော ပြဿနာတစ်ခုရဲ့အ...
13/01/2022

ခွင့်လွှတ်တတ်ပြီလား?

တကယ်တော့
ခွင့်လွှတ်ခြင်းဆိုတာ ရှေ့ဆက်မတိုးတော့တဲ့ အကြောင်းအရာတစ်ခု

ငြိမ်းချမ်းခြင်းသဘော
ပြဿနာတစ်ခုရဲ့အဆုံးသတ်

စိတ်ချမ်းသာချင်ရင်တော့ ခွင့်လွတ်တက်ရမယ်

အရင်က ပြသနာတစ်ခု ဖြစ်ခဲ့ရင် မဟုတ်မခံစိတ်နဲ့ တုန်ပြန်လေ့ရှိတယ်

ခုတော့ သေချာပြန်စဉ်းစားမိတယ်
ပြသနာတစ်ခု ဖြစ်ရင်ပြသနာကို ဖြေရှင်းမှာလား ပြသနာကို ကြီးအောင်လုပ်မှာလားလို့ပေါ့

ဘယ်သူ့ကြောင့်လဲ ဆိုပြီး အပြစ်တင်မိတယ်
တကယ်တော့ အပြစ်တင်တယ်ဆိုတာ ပြသနာကို ထပ်ချဲ့နေတာနဲ့အတူတူပဲ

နောက်တော့ ဘယ်သူ့ကြောင့်လဲ ဆိုတာထက်
ဘာကြောင့်လဲဆိုပြီး အဖြေရှာကြည့်မိလာတယ်

အပြစ်မြင်နေရင်တော့ အမုန်းတွေ ထပ်ပွားနေဦးမှာပဲ ခွင့်မလွှတ် နိင်ရင်တော့ ဥပေက္ခာ ပြုရုံလေးပါပဲ

ဒါပေမဲ့
ဥပေက္ခာပြုလဲပြောသေးတယ်လူမြင်ရင်ဒေါသဖြစ်နေရင်တော့ ဥပေက္ခာ အစစ်အမှန်မဟုတ်ပါသေးဘူး
စစ်မှန်တဲ့ဥပေက္ခာဆိုရင်ဘာမှမခံစားရတော့တာပါ

ခွင့်လွှတ်ခြင်းဆိုတာ အရမ်းမွန်မြတ်တယ်
လူတိုင်းတော့မလုပ်နိင်ဘူးဆိုတာသေချာတယ်
ကျမအပါအဝင်ပေါ့

အရင်ကဆို ကိုယ့်အပေါ်အမှားလုပ်သွားတဲ့ လူကို ခွင့်လွှတ်ဖို့နေနေသာသာပြန်တုန့်ပြန်လိုက်ရမှကျေနပ်
ကိုယ်မှန်နေရင် တော့ ပြန်တုန့်တယ်
ငါဆိုတဲ့ အတ္တနဲ့ ကိုယ့်ကိုယ်ကို ဂုဏ်ယူခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့တယ်

အဲဒီလူကို နောက်တစ်ခါ ပြန်တွေ့တော့ စိတ်တွေက အလိုလိုနေရင်းနဲ့ ဒေါသတွေ ထွက်လာတယ်
မျက်နှာချင်းမဆိုင်ချင်လောက်တဲ့ထိဖြစ်ခဲ့တယ်

ဒါမဲ့ သူ့ဘက်ကတော့ အေးဆေးနေတာပဲ
နောက်မှပဲ ပြန်စဉ်စားမိတယ်
ဘာကြောင့် ဒေါသထွက်ရတာလဲ စိတ်တွေက မလုံမလဲဖြစ်ရတာလဲလို့

နောက်ဆုံးတော့မပြုံးပြနိင်တဲ့သူကအရှုံးလို့သိခဲ့တယ်
ခွင့်လွှတ်တတ်အောင် ကြိုးစားခဲ့တယ်
ခွင့်လွှတ်နိင်တဲ့လူကစိတ်စွမ်းအားကောင်းတဲ့လူတွေလို့ စာတွေမှာ ဖတ်ဖူးတယ်

ခွင့်လွှတ်တတ်ဖို့ စိတ်စွမ်းအားကောင်းဖို့လိုတယ် စိတ်စွမ်းအားကောင်းချင်ရင်မေတ္တာများများပို့ရမယ်
ဘယ်သူတွေကိုလဲဆိုတော့ကိုယ်မနှစ်သက်တဲ့သူတွေ

ကိုယ်မုန်းတဲ့ လူကို မေတ္တာပိုနိင်ရင်တော့ စိတ်စွမ်းအားတွေ ကောင်းလာတယ် စိတ်စွမ်းအားကောင်းလာတဲ့ အခါ ဒေါသလွယ်လွယ်မထွက်နိင်တော့ဘူး

လူတွေကို ခွင့်လွှတ်နိင်လာတယ်
ခွင့်လွှတ်တတ်ရင်တော့စိတ်ငြိမ်းချမ်းလာတယ်
စိတ်ချမ်းသာအောင်နေချင်ရင်တော့ခွင့်လွှတ်ဖို့လို
လိမ့်မယ်။

လူတွေကို စိတ်မချမ်းသာစေတဲ့ အရာတွေက လောဘ၊ ဒေါသ ၊မောဟ ၊အတ္တ ၊မာန္မာနေတြပါ

စိတ်ချမ်းသာစေချင်ရင်ဒီနေ့ကစပြီ ခွင့်လွတ်တက်အောင် လေ့ကျင့်ဖို့ပဲလိုပါတယ်..။

နန်း ဆု မော် (ခမီသူလေး)


#နန်းဆုမော် #ခမီသူလေး

မိမိကိုယ်တိုင် စိတ်ချမ်းသာအောင်နေနည်း၁။ သူများပြောတိုင်းလိုက်ပြီးမခံစားနဲ့။(ပိန်တယ်၊ဝတယ်၊ပုတယ်၊ရှည်တယ်၊ဖြူတယ်၊မဲတယ်၊နှိမ...
10/01/2022

မိမိကိုယ်တိုင် စိတ်ချမ်းသာအောင်နေနည်း

၁။ သူများပြောတိုင်း
လိုက်ပြီးမခံစားနဲ့။
(ပိန်တယ်၊ဝတယ်၊ပုတယ်၊ရှည်တယ်၊ဖြူတယ်၊မဲတယ်၊နှိမ်တယ်၊ကဲ့ရဲ့တယ် စသည်ဖြင့်)

၂။ ပြီးခဲ့တဲ့
ဒေါသထွက်စရာတွေ
စိတ်မချမ်းသာစရာတွေ ပြန်မတွေးနဲ့။

၃။ မဖြစ်သေးတဲ့
အကြောင်းအရာတွေကို
စိုးရိမ်သောကစိတ်နဲ့ ကြိုတွေးမနေပါနဲ့။

၄။ ကိုယ်ဝါသနာပါတဲ့အလုပ်ကို
စူးစူးစိုက်စိုက် လုပ်ကြည့်ပါ။

၅။ ကိုယ့်အကြောင်းကို
ကိုယ့်ကွယ်ရာမှာ အတင်းပြောနေတဲ့အကြောင်း
ကိုယ်ပြန်ကြားတဲ့အခါ ခံစားမနေပါနဲ့။
(ကိုယ့်ကို ဒဲ့ပြောတာမှ မဟုတ်တာ၊ ကိုယ်လဲ တိုက်ရိုက်ကြားရတာ မဟုတ်ဘူး)

၆။ ဆုံးရှုံးသွားတဲ့အရာတွေအတွက်
နမြောတဲ့စိတ်နဲ့ ခဏခဏ ပြန်မစဉ်းပါနဲ့။
(ဘာမှပြန်မရတော့ဘူး ပြီးသွားပြီ၊ သင်ခန်းစာပဲယူပါ)

၇။ ကိုယ့်ချစ်သူက
သစ္စာဖောက်သွားတဲ့ခါ ဝမ်းသာလိုက်ပါ
သူ့အကြောင်းကို စောစောစီးစီး
သိလိုက်ရလို့.........

အသဲကွဲချင်လဲ
ယာယီတော့ အသဲကွဲ
မစားနိုင်မသောက်နိုင်
တစ်မှိုင်မှိုင်တစ်တွေတွေ လုပ်မနေနဲ့။
(ကမ္ဘာမှာ လူပေါင်း သန်း၇ထောင်ကျော်ရှိတယ်၊ ကိုယ်နဲ့ထိုက်တန်ရာတစ်ယောက်တော့ရတယ်၊ရောက်လာလိမ့်မယ်)

၈။ များများ ယူဖို့ထက်
များများပေးနိုင်အောင် ကြိုးစား။
(သူများကို များများပေးနိုင်လေ စိတ်ချမ်းသာရလေပဲ)

၉။ ပတ်ဝန်းကျင်ကို
လိုအပ်တာထက်ပိုပြီး
ဂရုမစိုက်မိစေနဲ့။

📌📌2022မှာ 29 Shampooကိုယ်စားလှယ် စလုပ်ဖို့ စိတ်၀င်စားသူများအတွက် အခွင်းရေးကောင်း👉 1️⃣0️⃣ဗူး 5️⃣0️⃣0️⃣0️⃣0️⃣ကစယူလို့ရပီး ...
10/01/2022

📌📌2022မှာ 29 Shampoo
ကိုယ်စားလှယ် စလုပ်ဖို့ စိတ်၀င်စားသူများအတွက် အခွင်းရေးကောင်း

👉 1️⃣0️⃣ဗူး 5️⃣0️⃣0️⃣0️⃣0️⃣ကစယူလို့ရပီး 1️⃣လတစ်ခါ ဈေးပေါင်းပေးခြင်း

👉 3️⃣0️⃣ဆိုဘောနပ်1️⃣5️⃣0️⃣0️⃣0️⃣
ချက်ချင်းရခြင်း

👉 5️⃣0️⃣မှ စယူသူများ မိမိမြို့နယ်မှာ အကြီးဆုံးကိုယ်စားလှယ်အဖြစ်ထားရှိ‌ပေးခြင်း

👉 3️⃣လတစ်ခါCash backထပ်ပေးခြင်းအပြင် ထပ်ဆောင်းဘောနပ် အစီစဉ်ရှိခြင်း

🙆Online Businessစလုပ်သူများအတွက် freeသင်တန်းပေးခြင်း

💁 တစ်နှစ်တာ ၀င်ငွေ လိုချင်သူများသာ
crd
#09986473641
#ရေဦးမြို့အတွင်းdelivery free

💝Twenty 9 shampooဟာ ဘာလို့ နာမည်ကြီး shampooတွေကိုကျော်ပြီးရောင်းအားကောင်းနေရတာလဲ🥰☘️☘️အခု online shampooလောကမှာ 🍀🍀 ရောင်...
08/01/2022

💝Twenty 9 shampooဟာ
ဘာလို့ နာမည်ကြီး shampooတွေကိုကျော်ပြီး
ရောင်းအားကောင်းနေရတာလဲ🥰

☘️☘️အခု online shampooလောကမှာ 🍀🍀
ရောင်းအားအကောင်းဆုံး
စံချိန်တင်ထားတာက Twenty 9 shampooပါ💓💓💓

(၁) တရော်ကင်ပွန်းဟာ
မြန်မာ့နည်းမြန်မာ့ဟန်ဖြစ်သောကြောင့်
လူတိုင်းရင်းနှီးပြီးခြင်း။☘️

(၂) တစ်ခြားခေါင်းလျှော်ရည်ဈေး၁၅၀၀၀
၂၀၀၀၀တင်ရောင်းနေချိန်မှာ
twenty9 Shampooက ၆၅၀၀ကျပ်ထဲနှင့်
ဈေးနှုန်းချိုသာစွာ ရောင်းခြင်း☘️

(၃) သဘာဝဆေးဖက်ဝင် ၁၅မျိုးကို
အချိုးကျကျရောစပ်ထား၍လူတိုင်း
အတွက်တည့်ပြီး ဘေးထွက်ဆိုးကျိုးမရှိခြင်း။☘️

(၄) လျှော်ပြီးတဲ့အခါ ပေါင်းဆေးသုံးစရာ
မလိုလောက်အောင် ဆံသားကို
ပျော့ပြောင်းစေခြင်း။☘️☘️

(၅) ဆံပင်ကျွတ်ခြင်း ဆံသားနှစ်ခွဖြစ်ခြင်းနှင့်
ဆံပင်ဗောက်ထခြင်းစသော ဆံပင်ပြဿနာများ
အားလုံးကိုအမှန်တကယ်ဖြေရှင်းပေးခြင်း
တို့‌ကြောင့်ပဲဖြစ်ပါတယ်🍀

(၆) ကလေးတွေက အစ သုံးလို့ရခြင်း

တစ်ဘူး 6500 ကျပ်(ပေါင်းဆေး မလို)

💰 Kbz pay ဖြင့်လဲဝယ်ယူနိုင်ပါတယ်ရှင်
crd
👉 #ရေဦးမြို့အတွင်း delivery free

👉 #09986473641

👉 #၁၀ဗူးကစလက်ကားစျေးရပါတယ်ရှင့်

 #မိန်းမတွေထက်မြက်ဖို့လိုပါတယ်ပျော့ညံ့နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့..စိတ်ဓာတ်မာကျော့တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ....
08/01/2022

#မိန်းမတွေထက်မြက်ဖို့လိုပါတယ်

ပျော့ညံ့နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့..
စိတ်ဓာတ်မာကျော့တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ..

မပြတ်သားတဲ့မိန်းမ ဖြစ်အောင်မနေပါနဲ့
ဆုံးဖြတ်ချက်ချပြီးနောက်လှည့်မကြည့်တတ်တဲ့မိန်းမဖြစ်အောင်ကြိုးစားပါ..

အရာရာအရှုံးပေးတတ်တဲ့မိန်းမဖြစ်အောင်မနေပါနဲ့အရှုံးတွေထဲ့ကသင်ခန်းစာယူပြီးဘဝခရီးဆက်နိုင်တဲ့မိန်းဖြစ်အောင်နေထိုင်ပါ..

မျက်ရည်လွယ်တဲ့ မိန်းမတစ်ယောက်ဖြစ်အောင်မနေပါနဲ့..မျက်ရည်ကျတိုင်းကိုယ်မျက်ရည်ကိုယ်သုတ်ပြီးပြုံးနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ

အချစ်တွေအလွမ်းတွေနဲ့အချိန်ကုန်နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့..အချစ်ဆိုတာမရှိမဖြစ်မဟုတ်ဘူးဆိုတဲ့စိတ်ဓာတ်နေထိုင်အောင်ကြိုးစားပါ..

အိမ်နောက်ဖေးမှာဘဝကုန်ဆုံးတော့မယ်မိန်းမတစ်ယောက်ဖြစ်အောင်မနေပါနဲ့နဲ့အိမ်ဦးခန်းမှာအိမ်ထောင်ဦးစီးကိုလမ်းပြနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ..

အသိဥာဏ်မဲ့တဲ့မိန်းမတစ်ယောက်
ဖြစ်အောင်မနေထိုင်ပါနဲ့..အသိဥာဏ်ကြွယ်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ...

တန်ဖိုးမဲ့မိန်းမတစ်ယောက်
ဖြစ်အောင်မနေထိုင်ပါနဲ့တန်ဖိုးကြီးတဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ

အနာဂတ်အမေတွေဖြစ်လာမယ့်
မိန်းမတွေ ထက်မြက်ဖို့လိုပါတယ်...!!
Credit
#သမီးလေးဖတ်ဖို့စာစုများ

😪 ဝက်ခြံအရမ်းပေါက်နေတဲ့သူတွေ သတိထားရမဲ့အချက်😪တစ်ကိုယ်ရေသန့်ရှင်းရေး 🙉▪▪▪▪▪▪▪▪▪၁။တစ်နေ့မျက်နှာ ၂ကြိမ်ပုံမှန်သစ်ပါ၂။ခေါင်း...
06/01/2022

😪 ဝက်ခြံအရမ်းပေါက်နေတဲ့သူတွေ သတိထားရမဲ့အချက်😪

တစ်ကိုယ်ရေသန့်ရှင်းရေး 🙉
▪▪▪▪▪▪▪▪▪
၁။တစ်နေ့မျက်နှာ ၂ကြိမ်ပုံမှန်သစ်ပါ
၂။ခေါင်းအုန်းအဖုံးကို ၂ရက်ခြားတစ်ခါလဲပါ။ခေါင်းအုန်းအစွပ် မလဲနိုင်ရင် အပေါ်က မျက်နှာသုတ်ပုဝါခံအိပ်ပါ။
၃။ခေါင်းကို ၁ပါတ် ၂ကြိမ်အနဲဆုံးလျှော်ပါ။
၄။မသန့်ရှင်းသောလက်နှင့်ဝက်ခြံ ကုတ်၊ညစ် ရှောင်ပါ။
၅။အဆီပြန်တဲ့မျက်နှာဆို လက်နှင့်တိုက်ရိုက်မသုတ်ပါနှင့် သစ်ရှုးအသန့်သုံးပါ။

အစားအသောက်နှင့်အိပ်ဆက်ခြင်း😴
▪▪▪▪▪▪▪▪▪▪▪▪
၁။အသင့်စား စားသောက်ကုန်တွေကို သတ်နိုင်သမျှရှောင်ပါ။
၂။အိပ်ရေးဝအောင်အိပ်ပါ။တစ်ရက် ၈ နာရီအိပ်ချိန်ရှိပါစေ။
၃။အငံ၊အစပ် လွန်ကဲသော ၊အချို လွန်ကဲသော အစားအစာ များကိုသတ်နိုင်သမျှရှောင်ပါ။
၄။နို့ထွက်ပစ္စည်းများ သတ်နိုင်သလောက်လျော့စားပါ။

အထောက်အကူပြုပစ္စည်းများ🛍
▪▪▪▪▪▪▪▪▪▪
၁။Chemial များသောမျက်နှာသစ်ရွေးချယ်ခြင်းရှောင်ပါ။
၂။Alcohol အများအပြားပါဝင်တဲ့ Toner သုံးတာမျိုးရှောင်ပါ။
၃။ Whitening ပါတဲ့Suncream မျိုးကိုရှောင်ပါ။
၄။နေရောင်တိုက်ရိုက် ထိတွေ့ခြင်းမရှိအောင် ကာကွယ်ပါ

ဘဝ ဆိုတာ •••ကိုယ်ပြုတဲ့ ကံအတိုင်းကိုယ်ပြန် အစီရင် ခံရပါတယ် တချို့လူတွေ ကံကောင်းနေတာမဟုတ်ဘူးအမှန်က  စိတ်ကောင်းနေတာတချို့လ...
06/01/2022

ဘဝ ဆိုတာ •••
ကိုယ်ပြုတဲ့ ကံအတိုင်း
ကိုယ်ပြန် အစီရင် ခံရပါတယ်

တချို့လူတွေ ကံကောင်းနေတာမဟုတ်ဘူး
အမှန်က စိတ်ကောင်းနေတာ

တချို့လူတွေ ကံဆိုးနေတာမဟုတ်ဘူး
အမှန်က စိတ်ဆိုးနေ တာ

လောကမှာ •••
အဆင်ပြေတာလဲ အကြောင်းရှိတယ်
အဆင်မပြေတာလဲ အကြောင်းရှိတယ်

ဆင်းရဲတာလဲ အကြောင်းရှိတယ်
ချမ်းသာတာလဲ အကြောင်းရှိတယ်

ပျော်ရွှင်ရတာလဲ အကြောင်းရှိပြီး
နာကျင်ရတာမှာလဲ အကြောင်းရှိပါတယ်

ကိုယ့်ရဲ့အတွေး
ကိုယ်ပြောတဲ့စကား
ကိုယ်လုပ်တဲ့ အလုပ်
ကိုယ်ထားတဲ့ စိတ်ထား
ကိုယ့်ကျင့်တဲ့ သိက္ခာတရားတွေဟာ
ကိုယ့်ရဲ့အနာဂတ်နဲ့ ဘဝဖြစ်လာတာပါဘဲ

ဘယ်သူကြောင့်မှ မဟုတ်သလို
ဘယ်သူမကောင်းလို့မှလဲ မဟုတ်ပါဘူး

ကောင်းသည်ဖြစ်စေ
မကောင်းသည်းဖြစ်စေ
ဒါတွေဟာ ကိုယ့်ပြုခဲ့တဲ့အကြောင်းရဲ့
နောက်ဆက်တွဲ အကျိုးတွေပါဘဲ

ဒါကို နားလည်ထားရင်
ဘယ်သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကောင်းဖို့သာ အရေးကြီးပါတယ်

စေတနာဆိုးရင် ကံဆိုးမှာဖြစ်ပြီး
စေတနာကောင်းရင် ကံကောင်းပါလိမ့်မယ်

စိတ်ထားလှရင် ဘဝလှပြီး
စိတ်ထားဆိုးရင် ဘဝလဲ ဆိုးသွားပါလိမ့်မယ်

ဘဝဆိုတာ
စက်ဝိုင်းတစ်ခု ရေးဆွဲတဲ့အခါ
စဆွဲတဲ့နေရာမှာ ပြန်အဆုံးသတ်ရသလို
ကိုယ်ပြုလုပ်တဲ့အရာမှန်သမျှဟာ
ကိုယ့်ဆီမှာ ပြန်လာပြီး အဆုံးသတ်တာပါပဲ

ဒီတော့
ကောင်းတာတွေနဲ့
ဘဝတစ်ခု ဆုံးဖို့အတွက်
အခုကတည်းက
ကောင်းတာတွေနဲ့ဘဲ
ဘဝကို အစပျိုးလိုက်ပါတော့

ဘဝ မှာ
ကိုယ့်ကို သူများက
လာမလုပ်စေချင်တဲ့ အရာကို
ကိုယ်က အရင်သွားပြီး မလုပ်ရပါဘူး

တကယ်လို့
ကိုယ်လိုချင်တဲ့ အရာတွေရှိရင်တော့
အဲ့အရာကို ကိုယ်က အရင်ပေးရပါတယ်

ဘဝ ဆိုတာ •••
ကိုယ်ပြုတဲ့ ကံအတိုင်း
ကိုယ်ပြန်အစီရင် ခံရပါတယ် ။

ဆရာတော် အရှင်ဆန္ဒာဓိက
(ရွှေပါရမီ တောရ)

မျှဝေ ပူဇော်ပါသည်ဘုရား 🙏🙏🙏

Address

Monywa

Telephone

+959662362683

Website

Alerts

Be the first to know and let us send you an email when Thet Thet Online Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thet Thet Online Business:

Shortcuts

Share