Nyo Nyo Zin

Nyo Nyo Zin အကျိုးပြုတဲ့သူပဲ ဖြစ်ပါရစေ။
ပေးတဲ့?

21/04/2023

ရည်ရွယ်ချက်ရှိတဲ့သူနဲ့ ရည်ရွယ်ချက်မရှိတဲ့သူ ကွာခြားချက် (၅) ချက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ရည်ရွယ်ချက်ဆိုတာ လူတစ်ယောက် ဖွံဖြိုးတိုးတက်ဖို့အတွက်ပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းတွေ ဖွံဖြိုးတိုးတက်ဖို့အတွက်ပဲဖြစ်ဖြစ် အများကြီးအရေးပါတယ်။

(၁) ရည်ရွယ်ချက်မရှိတဲ့သူက တုံ့ပြန်တယ်။ ရည်ရွယ်ချက်ရှိတဲ့သူက ကြိုတင်ပြင်ဆင်တယ်။

အခြေနေတစ်ခုခု ဖြစ်လာတဲ့အခါမှာ ရည်ရွယ်ချက်မရှိတဲ့သူက တုံ့ပြန်တယ်။ ရည်ရွယ်ချက်ရှိတဲ့သူက ဖြစ်လာနိုင်ခြေရှိတဲ့ အရာတွေကို သူ့အနေနဲ့ ကြိုတင်မျှော်မှန်းထားပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေလုပ်တယ်။ ဖြစ်လာတော့မှ တုံ့ပြန်တဲ့သူနဲ့ ကြိုတင်ပြင်ဆင်ထားတဲ့သူနဲ့ ဘယ်သူကသာမလဲဆိုရင် ကြိုတင်ပြင်ဆင်ထားတဲ့သူက သာတယ်။ ဒါကြောင့် ဒီစာဖတ်နေတဲ့ မိတ်ဆွေတွေလည်း ကိုယ်က ကြိုတင်ပြင်ဆင်တဲ့ဘက်မှာရှိလား၊ တစ်ခုခုဖြစ်လာတော့မှ တုံ့ပြန်တဲ့ဘက်မှာရှိလား။ ဒါလေးကို ပြန်ပြီးတော့ ဆင်ခြင်ဖို့အတွက် တိုက်တွန်းချင်ပါတယ်။


(၂) ရည်ရွယ်ချက်မရှိတဲ့သူက စောင့်တယ်။ ရည်ရွယ်ချက်ရှိတဲ့သူက သွားတယ်။

သူ့ဆီကို တစ်ခုခုလာကူပေးမှာကို စောင့်တယ်၊ တစ်ယောက်ယောက် ဖုန်းခေါ်လာမှာကို စောင့်တယ်။ အခွင့်အလမ်းတွေ သူ့ဆီကို လာမှာကို စောင့်တယ်။ ရည်ရွယ်ချက်ရှိတဲ့သူက သွားတယ်။ အခွင့်အလမ်းရှိတဲ့နေရာကို သွားတယ်။ သူကစပြီးတော့ ဖုန်းခေါ်တယ်၊ သူကစပြီးတော့ သွားတွေ့တယ်၊ သူကစပြီးတော့ ခွင့်လွှတ်တယ်၊ သူကစပြီးတော့ တောင်းပန်တယ်။ အဲဒါကြောင့် အခြေအနေတစ်ခုမှာ ဘယ်သူက တိုးတက်နိုင်ခြေများလဲဆိုရင် ရည်ရွယ်ချက်ရှိတဲ့သူက ပိုပြီးတော့များတယ်။


(၃) ရည်ရွယ်ချက်မရှိတဲ့သူက အပြစ်တင်တယ်။ ရည်ရွယ်ချက်ရှိတဲ့သူက တာဝန်ယူတယ်။

ရည်ရွယ်ချက်မရှိတဲ့သူက ဘာလုပ်လဲဆိုရင် သူက ပတ်ဝန်းကျင်ကလူတွေနဲ့ အခြေအနေတစ်ခုကို အပြစ်တင်တယ်။ သူ့ဘဝမှာ အဆင်မပြေတာတွေကို အပြစ်တင်တဲ့ဘက်ကိုသွားပြီးတော့ ရည်ရွယ်ချက်ရှိတဲ့သူက ဘာလုပ်သလဲဆိုရင် တာဝန်ယူတယ်။ အခုဖြစ်ပျက်နေတဲ့ကိစ္စတွေက ကိုယ့်တာဝန်ဖြစ်တယ်။ ကိုယ့်အနေနဲ့ ကြိုပြီးတော့ တိုးတက်အောင်လုပ်လို့ရတယ်။ ခုဖြစ်နေတဲ့အရာတွေက ကိုယ်အရင်တုန်းက ပြုပြင်သင့်တဲ့ အရာတွေကို မပြုပြင်လို့ဖြစ်တယ်။ ထိုအရာတွေကို ပြုပြင်ချင်ရင် ကိုယ်ကိုယ်တိုင်က စပြီးတော့လုပ်ရမယ်လို့ တာဝန်ယူချင်စိတ်ရှိတယ်။

(၄) ရည်ရွယ်ချက်မရှိတဲ့သူက သင်ယူမှုမရှိတော့ဘူး။ ရည်ရွယ်ချက်ရှိတဲ့သူက လေ့လာသင်ယူမှုကို ဘယ်တော့မှမရပ်ဘူး။

ရည်ရွယ်ချက်မရှိတဲ့သူက ပုံမှန်ကျောင်းပညာရေးပြီးသွားရင် ဆက်ပြီးတော့လေ့လာ သင်ယူမှု မရှိတော့ဘူး။ ရည်ရွယ်ချက်ရှိတဲ့လူက သူ့ဘဝမှာ လေ့လာသင်ယူမှုကို ရပ်တယ်ဆိုတာ မရှိဘူး။ ဒီစာဖတ်နေတဲ့ မိတ်ဆွေတွေရော ကိုယ်က လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်လိုက်တဲ့လူမျိုးလား။ ဒါမှမဟုတ် ဆယ်တန်းပြီးပြီ ဘွဲ့ရပြီးပြီ လေ့လာသင်ယူတာတော်ပြီဆိုပြီး ရပ်လိုက်တဲ့သူမျိုးလား။ ကိုယ်က Master ဘွဲ့လိုမျိုး ရထားရင်တောင် လေ့လာသင်ယူမှုကို ရပ်လိုက်ရင် သိထားတဲ့ အသိပညာတွေက Update မဖြစ်တော့ဘူး။ ဒါကြောင့် လေ့လာသင်ယူမှုဆိုတာ ဘယ်တော့မှ ရပ်လို့မရနိုင်ဘူး။

(၅) ရည်ရွယ်ချက်မရှိတဲ့သူက လွယ်လွယ်နဲ့ မကြာခဏ ထွက်ပြေးတယ်။ ရည်ရွယ်ချက်ရှိတဲ့သူက ကြံ့ကြံ့ခံပြီးတော့ကြိုးစားတယ်။

လွယ်လွယ်နဲ့ မကြာခဏ ထွက်ပြေးတယ်ဆိုတာ ဘယ်လိုအခြေအနေမျိုးတွေမှာလဲဆိုရင် အခက်အခဲတွေကြုံလာရပြီ သူလိုချင်တဲ့ရည်မှန်းချက်ကိုသွားတယ်။ သို့ပေမယ့်လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရရင် လွယ်လွယ်နဲ့မကြာခဏ ထွက်ပြေးတတ်တယ်၊ လက်လျှော့တတ်တယ်။ ရည်ရွယ်ချက်ရှိတဲ့သူကတော့ သူလိုချင်တဲ့ ရည်ရွယ်ချက်ကို မဖြစ်မနေ ရချင်တဲ့အတွက်ကြောင့် ကြံ့ကြံ့ခံပြီးတော့ ကြိုးစားတယ်။ အဲဒီလို လူမျိုးနှစ်ယောက်မှာ ဘယ်သူက ပိုပြီးတော့ အောင်မြင်နိုင်ခြေများလဲ။ ဘယ်သူက ပိုပြီးတော့ ပျော်ရွှင်နိုင်ခြေများလဲ ဘယ်သူကပိုပြီးတော့ စိတ်ချမ်းသာနိုင်ခြေများလဲဆိုရင် ရည်ရွယ်ချက်ရှိတဲ့သူက ပိုပြီးတော့ စိတ်ချမ်းသာနိုင်တယ်။ ပိုပြီးတော့ ဘဝအဓိပ္ပာယ်ရှိနိုင်တယ်။


ဒါကြောင့် မိတ်ဆွေတွေလည်း အပေါ်ကအချက်တွေကို ပြန်လည်သုံးသပ်ကြည့်ပါ။ သင်က ဖြစ်လာတော့မှ တုံ့ပြန်တဲ့သူလား၊ ပြင်ဆင်တဲ့သူလား၊ စောင့်တဲ့သူလား၊ သွားတဲ့သူလား၊ အပြစ်တင်တဲ့သူလား၊ တာဝန်ယူတဲ့သူလား၊ ကျောင်းပညာရေးပြီးတဲ့ခါ မလေ့လာတော့တဲ့သူလား၊ စဉ်ဆက်မပြတ် လေ့လာသင်ယူတဲ့သူလား၊ လွယ်လွယ်နဲ့မကြာခဏ ထွက်ပြေးတတ်တဲ့သူလား၊ ကြံ့ကြံ့ခံပြီးတော့ ကြိုးစားတတ်တဲ့သူလား ပြန်ပြီးတော့ သုံးသပ်ကြည့်ပါ။ ပြုပြင်သင့်တဲ့ အရာလေးတွေကို ပြုပြင်ဖို့ အကြံပြုချင်ပါတယ်။



Naing Win Aung
CEO Coach & NLP Master Trainer


ဒီဇိုင်းအလန်းလေးမှကြိုက်သူအတွက် #ပစ္စည်းအသင့်ရှိလက်လီ/လက်ကားရမူဆယ်အိမ်ရောက်ငွေချေဆိုင်လာယူလဲရ09455372369
15/12/2022

ဒီဇိုင်းအလန်းလေးမှကြိုက်သူအတွက်

#ပစ္စည်းအသင့်ရှိ
လက်လီ/လက်ကားရ
မူဆယ်အိမ်ရောက်ငွေချေ
ဆိုင်လာယူလဲရ
09455372369

အတွင်းအမွှေးထူထူနဲ့လောင်းကုတ်လှလှလေး နည်းနည်းပဲရှိတော့တယ်နော် #ပစ္စည်းအသင့်ရှိလက်လီ/လက်ကားရမူဆယ်အိမ်ရောက်ငွေချေဆိုင်လာယူ...
15/12/2022

အတွင်းအမွှေးထူထူနဲ့လောင်းကုတ်လှလှလေး နည်းနည်းပဲရှိတော့တယ်နော်

#ပစ္စည်းအသင့်ရှိ
လက်လီ/လက်ကားရ
မူဆယ်အိမ်ရောက်ငွေချေ
ဆိုင်လာယူလဲရ
09455372369

စကတ်ဝမ်းဆက်လေးနဲ့လှချင်သူ အတွက် #ပစ္စည်းအသင့်ရှိလက်လီ/လက်ကားရမူဆယ်အိမ်ရောက်ငွေချေဆိုင်လာယူလဲရ09455372369
15/12/2022

စကတ်ဝမ်းဆက်လေးနဲ့လှချင်သူ အတွက်

#ပစ္စည်းအသင့်ရှိ
လက်လီ/လက်ကားရ
မူဆယ်အိမ်ရောက်ငွေချေ
ဆိုင်လာယူလဲရ
09455372369

လက်ကိုင်အိတ်လှလှလေး အသင့်ရှိ09455372369မူဆယ်‌အိမ်ရောက်ငွေချေ
15/12/2022

လက်ကိုင်အိတ်လှလှလေး
အသင့်ရှိ
09455372369
မူဆယ်‌အိမ်ရောက်ငွေချေ

လယ်သာစကပ်အတိုအပြတ်လေးတွေဝတ်ပြီးလန်းချင်တိုင်းလန်းလို့ရပြီ၊ဆိုဒ်SMLXL. #ပစ္စည်းအသင့်ရှိလက်လီ/လက်ကားရမူဆယ်အိမ်ရောက်ငွေချေဆ...
13/12/2022

လယ်သာစကပ်အတိုအပြတ်လေးတွေဝတ်ပြီးလန်းချင်တိုင်းလန်းလို့ရပြီ၊ဆိုဒ်SMLXL.

#ပစ္စည်းအသင့်ရှိ
လက်လီ/လက်ကားရ
မူဆယ်အိမ်ရောက်ငွေချေ
ဆိုင်လာယူလဲရ
09455372369

အတိုအပြတ်လေးတွေဝတ်ပြီးလန်းချင်လို့ဆို မေးမေးနေတာနဲ့တင်ပေးလိုက်ပြီနော်၊၊ #ပစ္စည်းအသင့်ရှိလက်လီ/လက်ကားရမူဆယ်အိမ်ရောက်ငွေချ...
13/12/2022

အတိုအပြတ်လေးတွေဝတ်ပြီးလန်းချင်လို့ဆို မေးမေးနေတာနဲ့တင်ပေးလိုက်ပြီနော်၊၊

#ပစ္စည်းအသင့်ရှိ
လက်လီ/လက်ကားရ
မူဆယ်အိမ်ရောက်ငွေချေ
ဆိုင်လာယူလဲရ
09455372369

ဆွယ်တာခါတိုလေးချစ်ဖို့ကောင်းတယ်၊အသားကလဲကောင်းမှကောင်း၊သုံးရောင်ရှိစကတ်လဲသုံးရောင်ရှိ အကောင်းစား ဒီဇိုင်းအလန်းလေးမှကြိုက်...
13/12/2022

ဆွယ်တာခါတိုလေးချစ်ဖို့ကောင်းတယ်၊အသားကလဲကောင်းမှကောင်း၊သုံးရောင်ရှိစကတ်လဲသုံးရောင်ရှိ အကောင်းစား ဒီဇိုင်းအလန်းလေးမှကြိုက်သူအတွက် လှတာထက်ကို ပိုလှတယ်နော်

#ပစ္စည်းအသင့်ရှိ
လက်လီ/လက်ကားရ
မူဆယ်အိမ်ရောက်ငွေချေ
ဆိုင်လာယူလဲရ
09455372369

နှစ်ထပ်ဒီဇိုင်းလေး ချစ်ဖို့ကောင်းတယ်၊အသားကလဲကောင်းမှကောင်း၊သုံးရောင်ရှိအကောင်းစား ဒီဇိုင်းအလန်းလေးမှကြိုက်သူအတွက် လှတာထက...
13/12/2022

နှစ်ထပ်ဒီဇိုင်းလေး ချစ်ဖို့ကောင်းတယ်၊အသားကလဲကောင်းမှကောင်း၊သုံးရောင်ရှိအကောင်းစား ဒီဇိုင်းအလန်းလေးမှကြိုက်သူအတွက် လှတာထက်ကို ပိုလှတယ်နော်

#ပစ္စည်းအသင့်ရှိ
လက်လီ/လက်ကားရ
မူဆယ်အိမ်ရောက်ငွေချေ
ဆိုင်လာယူလဲရ
09455372369

စတိုင်ကျ လှပပြီး နွေးထွေးစေမယ့် သားမွှေးအကောင်းစား ဒီဇိုင်းအလန်းလေးမှကြိုက်သူအတွက် လှတာထက်ကို ပိုလှတယ်နော် #ပစ္စည်းအသင့်...
03/12/2022

စတိုင်ကျ လှပပြီး နွေးထွေးစေမယ့် သားမွှေးအကောင်းစား ဒီဇိုင်းအလန်းလေးမှကြိုက်သူအတွက် လှတာထက်ကို ပိုလှတယ်နော်

#ပစ္စည်းအသင့်ရှိ
လက်လီ/လက်ကားရ
မူဆယ်အိမ်ရောက်ငွေချေ
ဆိုင်လာယူလဲရ
09455372369

စတိုင်ကျ လှပပြီး နွေးထွေးစေမယ့် သိုးမွှေးအဖုဖုအကောင်းစား ဒီဇိုင်းအလန်းလေးမှကြိုက်သူအတွက် #ပစ္စည်းအသင့်ရှိလက်လီ/လက်ကားရမူ...
03/12/2022

စတိုင်ကျ လှပပြီး နွေးထွေးစေမယ့် သိုးမွှေးအဖုဖုအကောင်းစား ဒီဇိုင်းအလန်းလေးမှကြိုက်သူအတွက်

#ပစ္စည်းအသင့်ရှိ
လက်လီ/လက်ကားရ
မူဆယ်အိမ်ရောက်ငွေချေ
ဆိုင်လာယူလဲရ
09455372369

စတိုင်ကျ လှပပြီး နွေးထွေးစေမယ့် ယုန်မွှေးအကောင်းစား ဒီဇိုင်းအလန်းလေးမှကြိုက်သူအတွက် #ပစ္စည်းအသင့်ရှိလက်လီ/လက်ကားရမူဆယ်အိ...
03/12/2022

စတိုင်ကျ လှပပြီး နွေးထွေးစေမယ့် ယုန်မွှေးအကောင်းစား ဒီဇိုင်းအလန်းလေးမှကြိုက်သူအတွက်

#ပစ္စည်းအသင့်ရှိ
လက်လီ/လက်ကားရ
မူဆယ်အိမ်ရောက်ငွေချေ
ဆိုင်လာယူလဲရ
09455372369

Address

HaNa/600, Honar Ward, Myanmar, Mu-se, Shan State
Mu-Se
06401

Opening Hours

Monday 09:00 - 18:30
Tuesday 09:00 - 18:30
Wednesday 09:00 - 18:30
Thursday 09:00 - 18:30
Friday 09:00 - 18:30
Saturday 09:00 - 18:30
Sunday 09:00 - 18:30

Website

Alerts

Be the first to know and let us send you an email when Nyo Nyo Zin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share