Healthy & Happy Lifestyle

Healthy & Happy Lifestyle ယုံကြည်စိတ်ချရပြီး အရည်အသွေးကောင်း

🇲🇲 ကျဆုံးလေပြီးသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် ကြီးများအား လွမ်းဆွတ်သတိရခြင်းများစွာဖ...
19/07/2020

🇲🇲 ကျဆုံးလေပြီးသော လွတ်လပ်ရေးဖခင်ကြီး

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်

ကြီးများအား လွမ်းဆွတ်သတိရခြင်းများစွာဖြင့်

ယနေ့(၁၉)ဇူလိုင်တွင်ကျရောက်သော

(၇၃)နှစ်မြောက် အာဇာနည်နေ့အားလေးစားစွာ

ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

“အာဇာနည်နေ့တို့မမေ့”

#အာဇာနည်နေ့

"ဘဝနောက်ကွယ်" #တိကျပြတ်သားလွန်းလို့ ဇီဇာကြောင်တယ်လို့သင်ပြောနေတဲ့လူတစ်ယောက်ရဲ့ ဘဝနောက်ကွယ်မှာသူ့နောက်ကျောကိုထိုးခဲ့တဲ့ ဓ...
13/06/2020

"ဘဝနောက်ကွယ်"

#တိကျပြတ်သားလွန်းလို့ ဇီဇာကြောင်တယ်လို့
သင်ပြောနေတဲ့
လူတစ်ယောက်ရဲ့ ဘဝနောက်ကွယ်မှာ
သူ့နောက်ကျောကိုထိုးခဲ့တဲ့
ဓားချက်ပေါင်းများစွာရှိနေနိုင်တယ်......

#နေရာတကာ လိုက်ပြောလို့
ပေါင်းသင်းမယ့်သူမရှိဘူးလို့
သင်ပြောနေတဲ့
လူတစ်ယောက်ရဲ့ ဘဝနောက်ကွယ်မှာ
အဆိုးအကောင်းမခွဲခြားတတ်ဘဲ
ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တဲ့
အပေါင်းအသင်းတွေရှိနေနိုင်တယ်....

#အပြင်အဆင်အခြယ်အလှတွေနဲ့
ဘယ်အချိန်ကြည့်ကြည့်သိပ်လှတာပဲလို့
သင်မြင်နေတဲ့
လူတစ်ယောက်ရဲ့ ဘဝနောက်ကွယ်မှာ
သူရှာကျွေးတဲ့ထမင်း
မစားဖူးတဲ့မိသားစုတွေ ရှိနေနိုင်တယ်.....

#ဘယ်တော့ကြည့်ကြည့် ဒါပဲဝတ်နေတာပဲလို့
သင်ကဲ့ရဲ့နေတဲ့
လူတစ်ယောက်ရဲ့ ဘဝနောက်ကွယ်မှာ
သူ့လုပ်စာလေးနဲ့
ရပ်တည်နေရတဲ့ မိသားစုတွေရှိနေနိုင်တယ်.....

#အလုပ်လုပ်တာတော်လို့
လူတွေချီးကျူးသံကိုကြားရတဲ့အခါ
သူကဘာမို့လို့လဲလို့
သင်မျက်စောင်းထိုးနေတဲ့
လူတစ်ယောက်ရဲ့ ဘဝနောက်ကွယ်မှာ
သူအမှားလုပ်တိုင်း အမှန်မပြင်ပေးဘဲ
လက်ညှိုးဝိုင်းထိုးကျတဲ့ လူတွေရှိနေနိုင်တယ်......

#အောင်မြင်တဲ့လူတစ်ယောက်မို့
ဘယ်အချိန်ကြည့်ကြည့် ကြည့်မရဘဲ
သင်မနာလိုဖြစ်နေတဲ့
လူတစ်ယောက်ရဲ့ ဘဝနောက်ကွယ်မှာ
ထမင်းငတ်ခဲ့ဖူးတဲ့ အတိတ်တွေရှိနေနိုင်တယ်......

#ဘာပဲလုပ်လုပ် အောင်မြင်တာလဲ မဟုတ်ဘူးလို့
သင်အထင်သေးနေတဲ့
လူတစ်ယောက်ရဲ့ ဘဝနောက်ကွယ်မှာ
ပံ့ပိုးပေးမယ့်သူမရှိလို့ တတ်နိုင်တဲ့အားနဲ့
ကိုယ့်အားကိုယ်ကိုးပြီး ရှေ့ဆက်နေရတာတွေ
ရှိနေနိုင်တယ်.....

#သူဘာလုပ်အောင်မြင်နေတယ်
သူဘယ်လိုနေနေလှနေတယ်လို့မြင်ပြီး
သင်ချောက်ချလိုက်ရင် အားလုံးပြီးပြီဘာမှရှိမှမဟုတ်ဘူးလို့ သင်ကြံစည်နေတဲ့
လူတစ်ယောက်ရဲ့ ဘဝနောက်ကွယ်မှာ
သူနေ့မအိပ် ညမအိပ် အချိန်ပေးပြီး
ကြိုးစားပေးဆပ်ခဲ့ရတဲ့ အရာတွေရှိနေနိုင်တယ်.....

#အိမ်ပိုင်တဲ့ချစ်သူမို့
ညနက်သန်းခေါင်ခေါ်လဲရနေလို့
သင်သဘောတွေကျနေတဲ့
လူတစ်ယောက်ရဲ့ ဘဝနောက်ကွယ်မှာ
မိမနိုင် ဖမနိုင် စရိုက်ဆိုးတွေရှိနေနိုင်တယ်.....

#မာနကြီးပြီး အသဲမာလို့ အိမ်ထောင်မကျတာလို့
သင်မေးငေါ့နေတဲ့
လူတစ်ယောက်ရဲ့ ဘဝနောက်ကွယ်မှာ
အချစ်အတွက် ပေးဆပ်နေရင်းနဲ့ အရှုံးတွေပဲရခဲ့လို့
တစ်ယောက်တည်း ကမ္ဘာပြတ်ခဲ့ရတဲ့ညတွေ
ရှိနေနိုင်တယ်.....

#အိမ်ထောင်ကွဲနေလို့ ကိုယ့်အိမ်ထောင်တောင်
ကိုယ်နိုင်အောင်မထိန်းတတ်တဲ့သူရယ်လို့
သင်ကဲ့ရဲ့နေတဲ့
လူတစ်ယောက်ရဲ့ ဘဝနောက်ကွယ်မှာ
ခွင့်လွှတ်ဖို့ ကြိုးစားရင်းနဲ့
ဒူးနဲ့မျက်ရည်သုတ်ခဲ့ရတဲ့ နေ့တွေ ညတွေ
ရှိနေနိုင်တယ်......

#အသုံးမကျလို့ ဖောက်ပြန်ပြီး ထားခဲ့တာနေမှာပေါ့လို့
သင်မြင်နေတဲ့
လူတစ်ယောက်ရဲ့ ဘဝနောက်ကွယ်မှာ
သူပေးဆပ်ခဲ့တဲ့ တန်ဖိုးကို မျက်နှာပြောင်တိုက်ပြီး
နင်းချေသွားတဲ့လူတွေ ရှိနေနိုင်တယ်.....

#သူ့အလုပ်ပဲသူလုပ်နေတယ်
သူ့အိမ်ကလူတွေကိုနဲနဲလေးမှ
ဂရုစိုက်နိုင်တာမဟုတ်ဘူးလို့
သင်ကဲ့ရဲ့နေတဲ့
လူတစ်ယောက်ရဲ့ ဘဝနောက်ကွယ်မှာ
သူမနားမနေ အလုပ်လုပ်မှ
တစ်မိသားစုလုံးစားရသောက်ရမယ့်
အခြေအနေတွေ ရှိနေနိုင်တယ်.....

#စကားပြော ချိုသာပြီး
အလိုက်အထိုက်သိလွန်းလို့ လူချစ်လူခင်ပေါတာလို့
သင်ချီးကျူးနေတဲ့
လူတစ်ယောက်ရဲ့ ဘဝနောက်ကွယ်မှာ
ဘာပေးရင် ဘာရနိုင်တယ်ဆိုတာသိလို့
လှည့်ဖျားနေတဲ့ မဲ့ပြုံးတွေရှိနေနိုင်တယ်......

တစ်ယောက်နဲ့တစ်ယောက်
အတွေးအခေါ် အယူအဆတွေမတူဘူး
စရိုက်တွေမတူဘူး
ဗီဇတွေမတူဘူး
ဘဝဖြစ်သန်းလာရတဲ့ပုံချင်းမတူညီကြဘူးဆိုပေမယ့်
လောကဓံတရားရဲ့ ရိုက်ပုတ်စမ်းသပ်မှုကို
ခံနေကြရတာကတော့
လူတိုင်း လူတိုင်း အတူတူချည်းပါပဲ....

#မိအေးအော်တာကိုပဲ မကြားကြပါနဲ့
ဂဏန်းညှပ်နေတာကို မြင်အောင်ကြည့်ပြီး
ကူဖြုတ်ပေးဖို့လည်း ကြိုးစားကြပါ.....

#ကိုယ့်ဘဝနဲ့ကိုယ်နေပြီး
ကိုယ်နိုင်သလောက်ဝန်ကိုထမ်းပြီး ရှေ့ဆက်ပါ......

#သူများဘဝကိုကြည့်ပြီး
အတွေးတွေများနေမယ့်အစား
ကိုယ့်ဘဝကို ပျော်ရွှင်အောင်တည်ဆောက်ပါ.....

#သူများကို မနာလိုစိတ်နဲ့ ချောက်ချပြီး
သံသရာတစ်လျှောက် ပူလောင်နေမယ့်အစား
လိပ်ပြာသန့်သန့်နဲ့ ပြုံးပြီး ဖြတ်သန်းပါ.....

#အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုတွေကြားထဲမှာ
ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ
ရောင့်ရဲတတ်တဲ့ စိတ်လေးထားပါ.....

သင့်ရဲ့ဘဝနောက်ကွယ်က အဖြစ်အပျက်တွေကို
သင့်ကိုကြည့်ပြီး မသိနိုင်သလို
တပါးသူဘဝရဲ့ နောက်ကွယ်က
အကြောင်းအရာတွေကိုလည်း
တပါးသူကိုကြည့်ယုံနဲ့ မသိနိုင်ပါဘူး....

ဒါ့ကြောင့်မို့
ဘယ်အရာကိုမှ အပေါ်ယံကြည့်ပြီး
#မဆုံးဖြတ်ပါနဲ့
#မချီးကျူးပါနဲ့
#မဝေဖန်ပါနဲ့
#မနာလိုမဖြစ်ပါနဲ့
#မကဲ့ရဲ့ပါနဲ့
#မတိုက်ခိုက်ပါနဲ့
#ချောက်မတွန်းပါနဲ့

ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ်သာ
ကျေနပ်စွာလက်ခံလို့ရှေ့ဆက်ကြရမှာပါ.....။

အားလုံးပျော်ရွှင်ကြပါစေနော်.....

Credit : #မနောသီရိ(အတွေးနဲ့အမြင်စာစုလေးများ)

ဆေးရုံ ရှေ့မှာ ရောင်းတဲ့ အသုပ်ဆိုင်ကိုဆေးရုံအုပ်ကြီးက သန့်ရှင်းမှု ရှိမရှိ သွားရောက် စစ်ဆေးတယ်အဲ့မှာအသုပ် သုပ်တဲ့ အမျိုး...
12/06/2020

ဆေးရုံ ရှေ့မှာ ရောင်းတဲ့ အသုပ်ဆိုင်ကို
ဆေးရုံအုပ်ကြီးက
သန့်ရှင်းမှု ရှိမရှိ သွားရောက် စစ်ဆေးတယ်

အဲ့မှာ
အသုပ် သုပ်တဲ့ အမျိုးသမီးက
အသုပ်ကို နယ်တဲ့အခါ
လက်အိတ် မစွပ်ပဲ နယ်တာ တွေ့တော့

" ခင်ဗျားတို့ ဒီပုံစံအတိုင်း -ရောင်းမယ် ဆိုရင် -ဒီမှာ
ရောင်းချခွင့် မပြုနိုင်ဘူး "

" ဘာ ဖြစ်လို့လဲ ရှင် "

" ဘာ ဖြစ်ရမှာလဲ !-
ခင်ဗျားတို့ အသုပ် နယ်တာ လက်အိတ်လည်း မစွပ်ဘူး -ဒီလိုမျိုးတာ လူနာတွေ စားမိရင် ရောဂါတွေ
ပိုဆိုးတော့မှာပေါ့ -"

" အဲ့တော့ ကျမတို့ ဘာလုပ်ရမလဲရှင် "

" အသုပ် သုပ်ရင် လက်အိတ်စွပ်ပြီးမှ သုပ်ပါ -ဒါမှ
ဒီမှာ ဆက်ရောင်းခွင့် ပြုနိုင်မယ် "

" ဟုတ်ကဲ့ပါ ဆရာ -ကျမတို့ လိုက်နာပါ့မယ် "

" ပြီးရော -"

ဒီလိုနဲ့ နောက်နေ့ကြတော့

ဆေးရုံအုပ်ကြီးက သူ့စကားကို လိုက်နာမှု
ရှိမရှိ -အသုပ်ဆိုင်ကို တဖန် သွားကြည့်တော့-
အသုပ် နယ်တဲ့ အမျိုးသမီးက လက်အိတ်စွပ်ပြီး
အသုပ် နယ်နေတာကို တွေ့လိုက်တယ်

ဒါ့ကြောင့်
ဆေးရုံအုပ်ကြီးလည်း သဘောကျ သွားပြီး

" အေး ဒီလိုမှ ပေါ့ကွာ -
ကောင်းတယ် ကောင်းတယ်"

" ဟုတ်ကဲ့ဆရာ -ကျမ ဆရာမှာတဲ့အတိုင်း
လက်အိတ် စွပ်ပြီးပဲ နယ်ပါတယ် ဆရာ "

" အေးအေး -ကောင်းတယ် ကောင်းတယ်"

" ဒါနဲ့ဆရာ အသုပ် တစ်ပွဲလောက် ကျမတို့
ဧည့်ခံပါရစေ -သုံးဆောင်ပါနော် "

" အေး -မြည်းကြည့်တာပေါ့ကွာ "

ဆေးရုံအုပ်ကြီးက
ထိုင်ခုံမှာ ဝင်ထိုင်ပြီး -ဆိုင်ရှင် သုပ်ပေးတဲ့ အသုပ်ကို စားကြည့်လိုက်ပါတယ်

" အံမယ် -လက်ရာက တယ်ကောင်းပါလား ဟ"

" ကျေးဇူးပါ ဆရာ "

ထိုစဉ်
ကလေးငယ် တစ်ယောက်က
ရောက်လာပြီး ဆိုင်ရှင် အမျိုးသမီးကို ဒီလို
ပြောလိုက်ပါတယ်

" အမေရေ -
ဒီနေ့ ဆေးရုံ အမှိုက်ပုံးထဲက-လက်အိတ် ၅ ခုပဲ ရခဲ့တယ် -ရော့ --"

" တိန် "

😢😢😢

11/06/2020

အနေဖြောင့်ချင်ရင် 'မကွေး' မှာ နေပါ ။

ရောင့်ရဲတတ်ရင် 'ဘိတ်' မှာ နေပါ ။

အပေါ်ယံ သမားဆို 'ဖြူး' မှာ နေပါ ။

လမ်းဆုံကြိုက်ရင် 'ဂွ' မှာ နေပါ ။

မနှေးချင်ရင် 'မြန်အောင်'မှာ နေပါ ။

သူများ ပုခုံးထက်က လိုက်ချင်ရင် 'ဝေါ' မှာ နေပါ ။

ရေပေါပေါ သုံးချင်ရင် 'မြစ်ကြီးနား' မှာ နေပါ ။

ပျင်းနေရင် 'ပျော်ဘွယ်' မှာနေပါ ။

အမြင့် မတက်ချင်ရင် 'ချောက်' မှာ နေပါ ။

အမြင့် တက်ချင်ရင် 'ထန်းတပင်' မှာ နေပါ ။

စွပ်ပြုတ် သောက်ချင်ရင် 'ဝက်လက်' မှာ နေပါ ။

မသောက်ဘဲ မူးချင်ရင် 'တမူး' မှာ နေပါ ။

ရေသောက်များရင် 'ပေါက်' မှာ နေပါ ။

အသက် မကြီးချင်ရင် 'ကလေး' မှာ နေပါ ။

အပျိုကြီး မဖြစ်ချင်ရင် 'ရွှေပန်းတော' မှာ နေပါ ။

သားသမီး လိုချင်ရင် 'ပူတာအို' မှာနေပါ ။

စာမသင်ချင်ရင် 'ဝမ်းတွင်း' မှာ နေပါ ။

မင်းမရှိတဲ့ အရပ်မှာ နေချင်ရင် 'မင်းကင်း'မှာ နေပါ ။

ရန်မများချင်ရင် 'ရန်ကုန်' မှာနေပါ ။

ရုန်းကန်ချင်ရင် 'သဲတော' မှာ နေပါ ။

စကားကြောမပြတ်ရင် 'လေရှီး' မှာ နေပါ ။

မကြောက်တတ်ရင် 'တောင်စွန်း' မှာ နေပါ ။

ဆေးမသုတ်ချင်ရင် 'အိမ်မဲ' မှာ နေပါ ။

မိုးရေချိုးချင်ရင် 'မိုးကောင်း' မှာ နေပါ။

လုံလုံခြုံခြုံနေချင်ရင်တော့ 'တပ်ကုန်း' မှာ နေပါ။

မင်မင်ကတော့ လို့ မူဆယ်မှာပဲနေတယ်



😅 သဘောကျ လွန်းလို့ မ လာတာ😅

အရှေ့အာရှနိုင်ငံများဖြစ်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှနဲ့ ပါကစ္စတန်နိုင်ငံများတွင် ယခုအခါ COVID ရောဂါ ပြင်းထန်စွာ ကူးစက်ပျံ...
10/06/2020

အရှေ့အာရှနိုင်ငံများဖြစ်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှနဲ့ ပါကစ္စတန်နိုင်ငံများတွင် ယခုအခါ COVID ရောဂါ ပြင်းထန်စွာ ကူးစက်ပျံ့နှံ့နေပါသည်။ ထို့အတူ ဘင်္ဂလားဒေ့ရ်ှမှ ဒုက္ခသည်စခန်းများတွင်လဲ ကူးစက်မှုများ ဖြစ်ပွားနေပါသည်။ ထို့ကြောင့် ထိုဒေသမှ ရခိုင်ပြည်သို့ တရားမဝင် ခိုးဝင်ရန် ကြိုးစားမှုများလဲ ရှိနေပါသည်။ ထိုအရေးသည် မြန်မာ့ COVID ရောဂါတိုက်ဖျက်ရေးအတွက် အရေးပါသည့် အနေအထားဖြစ်လာနိုင်ပါသည်။ လက်ရှိမောင်တောမြို့တွင် နေ့စဉ်ပိုးတွေ့လူနာများ တွေ့ရှိလာရပါသည်။

ထို့ကြောင့် COVID ထိန်းချုပ်ရေးဗဟိုကော်မတီမှ တရားမဝင် ခိုးဝင်လာသူများနှင့် ထိုသူများကို လက်ခံထားသူများကို တည်ဆဲတရားဥပဒေများအရ ထိရောက်စွာ အရေးယူမည်ဟု ယနေ့ညတွင် ထုတ်ပြန်ကြေညာလိုက်သည်။

🇷🇺 ရုရှားနိုင်ငံ Kazan city မှာ စားဖိုမှုးတွေ၊ စားသောက်ဆိုင်ပိုင်ရှင်တွေဟာ Lockdown ကြောင့် ဆိုင်တွေပိတ်ထားရတဲ့အတွက် ငွေ...
10/06/2020

🇷🇺 ရုရှားနိုင်ငံ Kazan city မှာ စားဖိုမှုးတွေ၊ စားသောက်ဆိုင်ပိုင်ရှင်တွေဟာ Lockdown ကြောင့် ဆိုင်တွေပိတ်ထားရတဲ့အတွက် ငွေကြေးပြတ်လပ်နေပါသတဲ့။

👨‍🍳👩‍🍳 အဲ့ဒါသူတို့မှာ ဘာမှမကျန်ပဲ ပြောင်တလင်းခါနေပြီဆိုတာ ပြချင်လို့ အဝတ်အစားအကုန်ချွတ်ပြီး ဆန္ဒပြကြပါသတဲ့။

သူတို့ရဲ့တောင်းဆိုချက်က lockdown ကို မြန်မြန်ရပ်ပြီး ဆိုင်တွေပြန်ဖွင့်ခွင့်ပေးပါတဲ့။

ချွတ်ခြုံကျတယ်ဆိုတာ ဒါမျိုးပဲနေမှာ။

ကမ္ဘာကြီးမှာလည်း ထင့်ကနဲဆိုချွတ်ချပြီး ဆန္ဒပြတာခေတ်စားနေပုံရပါတယ်။ ဘာပဲပြောပြော အတန်းရှင်းတော့အတော်ရသွားတာအမှန်ပဲ။

ဆိုင်တွေလည်းကြေညာပြီးသားဖြစ်သွားတာပေါ့။

မြန်မာပြည်မှာလည်း လိုက်မလုပ်ကြနဲ့နော်။ 🙈

Richard Myo Thant
10-June-2020

ကိုဗစ် နဲ့ အလွဲများကိုဗစ် မြန်မာနိုင်ငံရောက်တာ အတော်ကြာလာတော့ လူတွေလည်းသွေးအေးလာကြပါပြီ Mask မတပ်ကြတော့ လက်မှန်မှန်မဆေးက...
10/06/2020

ကိုဗစ် နဲ့ အလွဲများ

ကိုဗစ် မြန်မာနိုင်ငံရောက်တာ
အတော်ကြာလာတော့ လူတွေလည်း
သွေးအေးလာကြပါပြီ
Mask မတပ်ကြတော့
လက်မှန်မှန်မဆေးကြတော့ပါ
social distance ခပ်ခွာခွာနေဖို့
မေ့နေကြပါပြီ။

Covid ဟာ လှိုင်း 3လှိုင်း နဲ့ လာတာပါ
First wave လူနာ စတွေ့တယ်
stay home ခိုင်းတယ်
လူတွေသိပ်ကြောက်ကြတယ်။
လက်တွေဆေး mask တွေတပ်
အိမ်တွေပိတ်ထား
အလုပ်တွေပိတ်။

သိပ်မကြာခင်ပဲ အလုပ်ကနား
အိမ်မှာ စာဖတ် TV ကြည့်
online က စားစရာ မှာစား
honeymoon လို stayhome ရတာကို
ပျော်မွေ့လာကြတယ်။

ဘယ်လောက်ကြာမှာလည်း
ဘာတွေဖြစ်လာမှာလည်းမတွေးတော့ဘူး
သွေးအေးသွားကြတယ်။

လက်ဖက်ရည်ဆိုင် ခိုးထိုင်ကြတယ်
လမ်းပေါ်ထွက်ချိန်ကလွှဲလို့
mask ချွတ်လာကြတယ်။

ကိုယ်တွေ mask တပ် လက်ဆေး ပြီး
ဆိုင်ပါဆယ်လာဝယ်ရင်တောင်
လူထူးလူဆန်းလိုကြည့်လာတယ်။

First wave control ရပြီ
ပြည်တွင်းကူးစက်လူနာ
မတွေ့ရသလောက်ဖြစ်လာချိန်မှာ
လမ်းပေါ် လူတော်တော်စည်နေပါပြီ

Ok second wave
ပြည်တော်ပြန်တွေ ပြန်လာတယ်
အစိုးရက အတွေ့အကြုံရပြီဆိုတော့
Plan ကတော်တော် စနစ်ကျသွားပြီ။
ကူးစက်မှု့ မရှိ ပိုးတွေ့သူများပေမဲ့
Q ထားသူတွေပဲမို့ ပြည်သူ အားလုံးက
ငါတို့ နိုင်ငံ control ရပြီလို့
တထစ်ချတွေးသူတွေများလာပြီ။

အခု Third wave စနေပါပြီ။
စားသောက်ဆိုင်တွေ
ရုံးတွေ ကားတွေ
ကျောင်းတွေ ပြန်ဖွင့်ကြပြီ။

ဒီအချိန်က ကြောက်ဖို့
သတိထားဖို့ ပိုလိုတဲ့အချိန်ပါ။

လူတွေမှာ ကျပ်တည်းမှု့က
သိသိသာသာ ဖြစ်လာပြီ
လမ်းပေါ်ထွက်မှ အလုပ်လုပ်ကို
လုပ်မှရတော့မယ် ဒီဖိအားက တစ်ခု

ကျွန်တော်တို့ ကျန်းမာရေး
ရှု့ထောင့်က စိုးရိမ်တာက
လုံခြုံ စိတ်ချဖို့ plan တွေ ချပြီး
ဖွင့်ခွင့်ပေးတယ်

Planတွေ လိုက်လုပ်ကြပေမဲ့
လိုက်နာဖို့ တွန်းအားသူတို့မှာ ရောဂါကို
ကြောက်စိတ်တော်တော်နည်းနေပါပြီ။

ဥပမာ စားသောက်ဆိုင်တွေမှာ
အကာအရံခြားပြီး မျက်နှာ ချင်းဆိုင်
ထိုင်ခိုင်းပေမဲ့ တဖက်ထဲ စုထိုင်ကြတယ်။

Mask ကို စစ်တဲ့နေရာကလွဲရင်
ကျန်အချိန်မှာ မေးမှာပဲချိတ်ပါတယ်။

Bank သွားတယ် mask တပ်တယ်
လက်ဆေးတယ် အဖျားတိုင်းတယ်
bank ထဲရောက်တာနဲ့ mask ကို
မေးချိတ်ပြီး စကားပြောတယ်
စတဲ့ အလွဲတွေ သိပ်များတယ်။

Covid ဟာ ဘယ်တော့မှ
ပျောက်ကွယ်သွားဖို့ မရှိနိုင်ဖူးလို့
WHO ကခန့်မှန်းပြီးသားပါ။

ကာကွယ်ဆေး ပေါ်ရင်ပေါ်
ဒါမှမဟုတ် လူတွေက ခံနိုင်ရည်
immune ရမှသာ ရပ်တန့်နိုင်မှာပါ။

ဒါဆို လမ်းပေါ်
ထွက်လို့မရတော့ဘူးလား
အလုပ်မလုပ်ရတော့ဘူးလား
ရပါတယ် ချမှတ်ထားတဲ့
စည်းကမ်းတွေကိုသာ
အတိအကျ လိုက်နာပါ။

Covid ဟာ airborne လေထဲက
ကူးစက်မှု့မဖြစ်နိုင်ဖူး virus ဟာ
လေးတဲ့အတွက်လေထဲမှာ
ကြာရှည်မနေဖူးလို့ ယူဆကြတယ်။

Droplet form တံတွေးလို
စကားပြောရာက စင်တဲ့ အခါက
ကူးတယ်လို့ ယူဆတယ်။

ဒီစဉ်ထားတဲ့ အရာတွေကို ကိုင်ပြီး
မိမိ မျက်နှာ ပါးစပ်ကို ကိုင်မိတာ
မျက်နှာချင်းဆိုင်စကားပြောရင်း
တံတွေးစင်တာကနေ
ကူးနိုင်ခြေသိပ်များတယ်
စကားပြောရင် တံတွေး မစင်ဘူး
ထင်ကြရင်mask တပ်ပြီး
စကား​ပြောကြည့်ပါ။

mask မှာ သားရည်နံ့
ရလာပါလိမ့်မယ် ဒါကျွန်တော်တို့
မမြင်ရတဲ့ droplet အမှုန်တွေပါပဲ။

ဒါကြောင့်
တစ်ယောက်နဲ့တစ်ယောက်
ခပ်ခွာခွာနေပါ။
Maskတပ်ပါ
လက်မကြာခဏဆေးပါ
ချမှတ်ထားတာတွေကို
အတိအကျ လိုက်နာပါ

ကင်းစင်ပြီး နိုင်ငံတွေတောင်
ပြန်တွေ့တာပြန်ဖြစ်တာရှိနေဆဲပါ

Third waveကအရေး
အကြီးဆုံးပါ ဒီအချိန်မှာ
တယောက်ပြန်တွေ့ရင်
အလုပ်တွေ ဆိုင်တွေ ကျောင်းတွေ
အားလုံးဟာ အစုအဝေးလိုက်
ကူးစက်မဲ့နေရာချည်းပါပဲ။

ဒါဆို အလုပ်တွေ ပြန်ရပ်မယ်
ကုသမှု့ မနိုင်နင်းဘဲ Outbreak
အလွန်အမင်းကူးစက်မယ်။

First wave second wave
ကြိုးစားခဲ့သမျှ
အလဟဿဖြစ်သွားပါလိမ့်မယ်

အချူ ပ်ဆိုရရင်
ကျွန်တော်တို့ဟာ မုန်တိုင်းကြုံပြီးပြီ
ပြီးတော့မပြီးသေးဘူး။
မုန်တိုင်းရဲ့ အလယ်ဗဟို
မုန်တိုင်းမျက်စိကိုရောက်နေတာပါ။

မုန်တိုင်းဗဟိုမှာ လေငြိမ်တယ်
ရာသီဉတု သာယာတယ်
ဒါဟာ ပြင်ဆင်ချိန်ပေးတာပါ
စက်ဝိုင်းတခုကို 360 ဒီဂရီ လုံး
အပြည့်ဖြတ်ပြီးတာ မဟုတ်ပါ ယစက်ဝိုင်းခြမ်း 180ပဲဖြတ်ရသေးတာပါ

ဒါကြောင့်
နောက်တခြမ်းအတွက်သတိထားပါ
မိမိကိုယ်တိုင်ရော မိမိ ပတ်ဝန်းကျင်ကိုပါ
စည်းကမ်းတွေကို လိုက်နာဖို့ သတိပေးပါ
ဒါဟာ နိုင်ငံအတွက် လူမျိုးအတွက်
ကိုယ်ဒေသအတွက် ကိုယ့်မိသားစု
အတွက် သင်နိုင်တဲ့တာဝန်ပါပဲ။

မလိုအပ်ပဲ အိမ်ပြင်မထွက်ပါနဲ့
ထွက်ဖို့လိုတိုင်းလည်း mask ကို
ပါးစပ်နဲ့ နှာခေါင်းမှာတပ်ပါ
ပြန်လာတိုင်း လက်ဆေးပါ

ဒါတွေ ဘယ့်အချိန်ထိ လုပ်မလဲ
သင် ကာကွယ်ဆေး
မထိုးရသေးခင်အချိန်ထိ လုပ်ရမှာပါ။

မည်သူ ကိုမှ မထိခိုက်လိုပါ
မည်သည့်လုပ်ငန်းကိုမှ
မတိုက်ခိုက်လိုပါ

ကိုယ့်မြို့ ကိုယ့်ဒေသမှာ
စည်းကမ်း မလိုက်နာလို့
ကူးစက်သွားမှာ
ဖွင့်ခွင့်ရတဲ့ လုပ်ငန်းလေးတွေ
ပြန်ပိတ်ရမှာ စိုးတာပါ
လူတွေ ကြပ်တည်းနေတာ
ထပ်မမြင်ချင်လို့ပါ

သင့်တယ်ထင်လို့
share လိုက်ပါတယ်ခင်ဗျာ။
ရေးသားသူကိုလည်း
credit ပေးပါတယ်ခင်ဗျာ။

🌏ကမ္ဘာမြေကြီး ကျန်းမာဖို့ ပါဝင်ကူညီကြပါစို့🌏🍃🎋🎍🌴☘️🌱🍀🌿🌳🌲🌼🌺🌸🌷🏡
05/06/2020

🌏ကမ္ဘာမြေကြီး ကျန်းမာဖို့ ပါဝင်ကူညီကြပါစို့🌏

🍃🎋🎍🌴☘️🌱🍀🌿🌳🌲🌼🌺🌸🌷🏡

ထိုင်းမှာအလုပ်ပြန်လုပ်ဖို့ခွင့်ပြုကာလကြေငြာ@@@@@@@@@@@@@@@@ထိုင်း၀န် ကြီးချုပ်ရုံး ပြောရေးဆိုခွင့် ရှိသူ Ms Narumon Piny...
03/06/2020

ထိုင်းမှာအလုပ်ပြန်လုပ်ဖို့ခွင့်ပြုကာလကြေငြာ
@@@@@@@@@@@@@@@@

ထိုင်း၀န် ကြီးချုပ်ရုံး ပြောရေးဆိုခွင့် ရှိသူ Ms Narumon Pinyo Sinwat က ဇွန်လ ၂ရက်နေ့တရား၀င်ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုး
အရေးပေါ်ကာလ အတွင်း မြန်မာ-ကမ္ဘောဒီယား လာအို အလုပ်သမား
တွေအနေနဲ့ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ကို ဇွန်လ ၁ရက်နေ့ကနေ ဇူလိုင်လ ၃၁ရက်နေ့အထိ ပြန်၀င်နိုင်ဖို့ခွင့်ပြုပေးထားပါတယ်

ထိုင်း လွတ်တော် ရဲ့ ဆုံးဖြတ်ချက်ရ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကို ထိမ်းချုပ် နိုင်ပြီဖြစ်လို့ စီးပွားရေး ပြန်လည် ထူထောင်ရေး ကာလမှာ နိုင်ငံခြားသား အလုပ်သမားတွေကို ပြန်လည် နေထိုင် အလုပ်လုပ်
ခွင့် အတွက် ၀င်ခွင့်ပြုတဲ့ကာလကို ၂လအဖြစ်သတ်မှတ်ပြီး စတင် ပေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ပြန်လည်အလုပ်လုပ်လိုတဲံ နိုင်ငံခြားသားများအနေနဲ့ သက်ဆိုင်ရာနိုင်ငံက MOU နှစ်နိုင်ငံသဘောတူစာချုပ်တွေနဲ့ နိုင်ငံကူးလက်မှတ်ပါအ၀င်
အလုပ်သမားရေးဌာနကနေ စာရွက်စာတမ်း အထောက်အထားတွေနဲ့ ပြန်လည် ၀င်ရောက်လာနိုင်ကြောင်း ထိုင်းပြည်ထဲရေးနဲ့ အလုပ်သမား ဌာနက အသိပေးဖော်ပြထားပါတယ်။
SAW

ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့မင်းလဲကျတာ မင်းနဲ့ပဲဆိုင်တယ်။မင်းပြန်မထတာလည်း မင်းနဲ့ပဲဆိုင်တယ်။မင်းကို ဆွဲထူပေးဖို့ ဘယ်သူ့မှာ...
03/06/2020

ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့

မင်းလဲကျတာ မင်းနဲ့ပဲဆိုင်တယ်။
မင်းပြန်မထတာလည်း မင်းနဲ့ပဲဆိုင်တယ်။
မင်းကို ဆွဲထူပေးဖို့ ဘယ်သူ့မှာမှ တာ၀န်ရှိမနေဘူး။

တစ်ခါတစ်လေ မလိုချင်တာတွေ မင်းဆီရောက်လာတတ်သလို
မင်းလိုချင်တဲ့ အရာတွေလည်း မင်းနဲ့အဝေးဆုံးကိုရောက်နေတတ်တယ်။

တစ်ခါတစ်လေ ၀မ်းနည်းစရာတွေက
ငါ့ဆီကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတတ်သလားလို့
မင်းထင်ကောင်းထင်ရလိမ့်မယ်။

ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့
ဒါလောကဓံရဲ့ ပုံမှန်ပြကွက်တွေပါပဲ။
အရှုပ်ထဲမှာ ရှင်းအောင်နေ
အမှောင်ထဲမှာ လင်းအောင်နေတတ်ဖို့က
မင်းတာ၀န်ပဲ။

စိတ်မညစ်နဲ့
သိပ်ချစ်တဲ့လူတွေဝေးနေရတာ မင်းတစ်ယောက်တည်းမဟုတ်ဘူး။

လောကမှာ မင်းမလုပ်နိုင်ဘူးလို့
ထင်တဲ့အရာတွေက
မင်းရဲ့ ကြောက်ရွံစိတ်ကြောက်ဖြစ်နေတာ။

မင်းကို ပါရမီလိုက်ဖြည့်ပေးနေဖို့
ဘယ်သူမှာမှ
တာ၀န်ရှိမနေဘူး။
မင်းတစ်ယောက်တည်းပြန်ထနိုင်အောင်ပဲကြိုးစားပါ။

လေးစားစွာဖြင့်
သျှီ(တမာမြေ)

Credit

Mobile bankingတွေပေါ်လာပြီး ကိုယ့်ရဲ့ဘဏ်စာရင်းကို ဖုန်းထဲကနေစစ်ကြည့်လို့‌ရနေတော့ ဘဏ်စာအုပ်ကိုဘယ်နားထားမိမှန်းတောင်မသိတော...
29/05/2020

Mobile bankingတွေပေါ်လာပြီး ကိုယ့်ရဲ့ဘဏ်စာရင်းကို ဖုန်းထဲကနေစစ်ကြည့်လို့‌ရနေတော့ ဘဏ်စာအုပ်ကိုဘယ်နားထားမိမှန်းတောင်မသိတော့ဘူး။ ဘာပဲဖြစ်ဖြစ်ပျောက်သွားရင် ဘာတွေလုပ်ရမလဲလေ့လာထားနော်

ဘဏ်စာအုပ်ပျောက်ဆုံး ပျက်စီးသွားတာနဲ့ အရင်ဆုံး လုပ်ရမယ့်အရာများ
--------------------------------------------------------

တခါတလေမှာ ကိုယ့်ရဲ့ပစ္စည်း‌တွေပျောက်တာက တော်တော်လေး🤧 စိတ်ညစ်စရာကောင်းပါတယ်။ အထူးသဖြင့် ပိုက်ဆံအိတ်တို့ ဘဏ်စာအုပ် (Passbook) လိုမျိုး အရာတွေပျောက်သွားရင် ပိုလို့တောင် စိတ်ညစ်ရ‌ပါသေးတယ်။

အခိုးခံရတာ၊ အထားမှားတာ၊ အမှိုက်တွေနဲ့ရောပစ်မိတာ စသဖြင့်🙁 အကြောင်းမျိုးမျိုးကြောင့် ဘဏ်စာအုပ်ပျောက်သွားနိုင်ပါတယ်။

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပျောက်သွားပြီ‌ဆိုတာနဲ့ တခြားတစ်ယောက်ကရှာတွေပြီး သင့်ရဲ့ဘဏ်စာရင်းထဲကပိုက်ဆံတွေကို 🧐ခိုးယူမသွားနိုင်အောင် လုပ်ရပါမယ်။

ဘဏ်စာရင်းထဲက ပိုက်ဆံကို​ လိမ်ယူခိုးထုတ်တာတွေ မရှိအောင် ဘဏ်တွေတွေအနေနဲ့ ကာကွယ်တဲ့လုပ်ငန်းစဉ်တွေ ရှိနေတာတောင်မှ 🤢 ဘဏ်စာရင်းထဲက ပိုက်ဆံတွေ အခိုးခံရတယ်ဆိုတဲ့ သတင်းတွေလည်း တစ်ခါတစ်လေ ကြားရတတ်ပါတယ်။

ကဲဒီတော့ ဘဏ်စာအုပ် ပျောက်သွားပြီဆိုတာနဲ့ 💁‍♀️ဘာတွေလုပ်ဖို့လိုလဲဆိုတဲ့ အကြောင်းကို ကြိုပြီး‌လေ့လာထားလို့ရအောင် အောက်ကလင့်ခ် (Link) ထဲမှာ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။

ဖတ်ရန်နှိပ်ပါ👇
https://shwedingar.com/banks-and-bank-accounts-when-you-lost-your-passbook/
---------------------------------------------------




#ငွေစုစာအုပ်ပျောက်
#ဘဏ်စာအုပ်ပျောက်
#ဘဏ်စာရင်း

♥ရိုးရိုးလေးပဲ အသက်ရှင်မယ် ။ ❤️❤️ # # # # # # # # # # # # # # # # # # # # #သူတို့နှစ်ယောက်ရဲ့ဝတ်စားပုံနဲ့နေထိုင်ပုံက ရို...
29/05/2020

♥ရိုးရိုးလေးပဲ အသက်ရှင်မယ် ။ ❤️❤️
# # # # # # # # # # # # # # # # # # # # #

သူတို့နှစ်ယောက်ရဲ့
ဝတ်စားပုံနဲ့နေထိုင်ပုံက ရိုးရိုးလေးပဲ။

ကောင်မလေးက အမေရိကန်ကို
နိုင်ငံရေး ခိုလှုံဖို့ ပြေးလာတဲ့
တရုတ်-ဗီယက်နမ်
မျိုးဆက်ကမွေးတယ်။

နာမည်က ပရင်စလာချန်။

ကောင်လေး နာမည်က
မက်ခ် ဇက်ကာဘက်။

သူက အမေရိကန်ဖွား ဂျူးလူမျိုး
ဘာသာမဲ့ တစ်ယောက်။

ဟားဗတ်တက္ကသိုလ်ဒုတိယနှစ်
ကျောင်းပါတီမှာ သူတို့စတွေ့တယ်။

၂၀၀၃ မှာ စကြိုက်ကြတယ်။

၂၀၀၄ မှာကောင်လေးက
သူ့အိမ်မက်တွေအကောင်အထည်
ဖော်ဖို့ ကျောင်းထွက် သွားတယ်။

နောင်သုံးနှစ် အကြာ ၂၀၀၇ မှာ
သူ့ အိမ်မက်က ကမ္ဘာကျော်
သွားပြီး အသက် ၂၃ နှစ်နဲ့
ကမ္ဘာ အငယ်ဆုံး ဘီလီယံနာ
ဖြစ်လာတယ်။

၂၀၁၂ မေ ၁၉ မှာ ငယ်ချစ်
နှစ်ယောက် လက်ထပ် ကြတယ်။

ကောင်လေးရဲ့အိမ် နောက်ဘက်က
မြေကွက်မှာပဲ လက်ထပ်ပွဲ
ရိုးရိုးလေး ကျင်းပတယ်။

မီဒီယာတွေမှာ ဘီလီနာစုံတွဲရဲ့
အိမ်နောက်ဖေးကမင်္ဂလာပွဲလို့
သတင်းရေး ကြတယ်။

၂၀၁၅ ဒီဇင်ဘာမှာ ကောင်လေး
ပိုင်တဲ့ Facebook လုပ်ငန်းစု
ဟာ ကမ္ဘာတန်ဖိုး အကြီးဆုံး
အမှတ် တံဆိပ် ၁၀ ခု ထဲမှာ ပါလာပြီး
သူရဲ့ကြွယ်ဝမှု က
ဒေါ်လာ ၄၅ ဘီလီယံ ဖြစ်လာတယ်။

၂၀၁၅ ဒီဇင်ဘာ ၁ မှာ
သမီးဦးလေး မွေးတယ်။
သမီးလေး မွေးပြီးတော့ ပိုင်ဆိုင်မှုရဲ့
၉၉ ရာခိုင်နှုန်း လှူမယ် ဆုံးဖြတ်တယ်။

သူ့ငွေတွေနဲ့ ကမ္ဘာနေရာ အနှံ့က
လူသားတွေ အတွက်
ကျန်းမာရေး၊ ပညာရေး၊ သိပ္ပံ
သုတေသန နဲ့ စွမ်းအင် တို့ကို
ညီမျှစွာ ရရှိအောင် ပံ့ပိုးမယ်လို့
ဆုံးဖြတ်ထားတယ်။

ဒါက ကျွန်တော်တို့ အခု သုံးနေတဲ့
Facebook ဆိုတဲ့
လူမှုကွန်ယက် ကို တည်ထောင်ခဲ့တဲ့
ကမ္ဘာ အကြွယ်ဝဆုံး
ဘီလီယံနာ တစ်ယောက် ရဲ့
ဘဝကို ဖြတ်သန်းနေပုံပေါ့။

သူနဲ့ဆန့်ကျင်ဘက်ပုံစံ ဘဝကို
ဖြတ်သန်းနေတဲ့ ဘီလီယံနာ
တွေလည်း ရှိတယ်။

ဥပမာ - တရုတ် နံပါတ် ၁
ဘီလီယံနာ ဝမ်ကျန်လင်။

သူဟာ ဒေါ်လာ ၂၅ ဘီလီယံ ပိုင်မယ်
ခန့်မှန်းရတယ်။

ဒီကောင်လေး ပိုင်ဆိုင်မှုရဲ့
တဝက်လောက် ရှိတယ်။

ဘဝကို ဖြတ်သန်းပုံတော့ မတူဘူး။

သူတို့ ကြွယ်ဝမှုကို ပြဖို့တန်ဖိုးကြီး
ကျောက်စိမ်းနဲ့ လုပ်တဲ့
ပရိဘောဂ တွေ ဝယ်ရတယ်။

အခမ်းနားဆုံး အိမ်ကို ဆောက်ရတယ်။

လွန်ခဲ့တဲ့ နှစ်တွေက သူရဲ့သားကနေ
အိမ်မွေးခွေးကို စျေးကြီးတဲ့
Apple နာရီ နှစ်လုံးပတ်ပြီး
လူမှုကွန်ယက်မှာ ဓာတ်ပုံ ရိုက်တင်
ကြွားခဲ့တယ်။

အာရပ်ကမ္ဘာက စော်ဘွားတွေလည်း
ဒီကောင်လေး တဝက်
လောက်တော့ ချမ်းသာတယ်။

သူတို့ လည်း ပင်ပန်းရှာတယ်။

နေ့တိုင်းအဖိုးတန်သစ်မွှေးအဆီ နဲ့
ထုတ်တဲ့ပစ္စည်းတွေသုံးရတယ်။

ရွှေချထားတဲ့ မာစီးဒီးကားတွေ၊
ရွှေတုံး ထုတ်ပေးတဲ့ အေတီအမ်
စက်တွေ၊ တန်ဖိုးကြီး ပြိုင်ကား၊
နာရီတွေ နဲ့ရွှေအတိပြီးတဲ့
ပရိဘောဂ ပစ္စည်း တွေ သုံးပြီး
ကြွယ်ဝမှုကို ပြိုင်ရရှာတယ်။

တပွဲကို မြန်မာငွေ
သိန်း သုံးဆယ်လောက် တန်တဲ့
ရေခဲမုန့်ကို စားပြရတယ်။

ပြီးရင် ခုန ကောင်လေး ပိုင်တဲ့
Facebook လူမှု ကွန်ယက် မှာ
တင်ကြွားရတယ်။

မက္ကဆီကို မူးယစ်ရာဇာ
အယ်ချာပိုရဲ့ သား တွေလည်း သူတို့
ကြွယ်ဝမှု နဲ့သြဇာ ရှိမှုကို လူမသိမှာ
ကြောက်နေတယ်။

ဒါကြောင့် စျေး အကြီးဆုံးကားတွေ
အများကြီး ဝယ်ထားရတယ်။

မလိုဘဲနဲ့အိုင်ဖုန်း အများကြီး
ဝယ်ပြီး ရေထဲ စိမ်ပြရတယ်။

သိန်း ထောင်ချီပေးရတဲ့
သားရဲ တိရစ္ဆာန်တွေ မွေးပြတယ်။

သေနတ်တွေ ကိုင်ပြတယ်။
မိန်းမချောလေးတွေကို အနားမှာ
အများကြီး ခေါ်ထားရတယ်။

ပြီးမှ ဒါတွေ အကုန် ဓာတ်ပုံရိုက်
ခုနက ကောင်လေး ပိုင်တဲ့
Facebook ရဲ့ လုပ်ငန်းစု
တစ်ခု ဖြစ်တဲ့ Instragram
လူမှု ကွန်ယက်မှာ တင်ရတယ်။

သူတို့လည်း မသက်သာပါဘူး။

မြန်မာပြည် သူဌေးသားတွေလည်း
ပင်ပန်းတာပဲ။

သိန်းထောင်ဂဏန်း နာရီတွေ နဲ့
အဖိုးတန် ပြိုင်ကားတွေ ဝယ်ပြီး
ဓာတ်ပုံ ရိုက်တင်ရတယ်။

ပန်းသီး တခြမ်းပဲ့ပုံ တံဆိပ် နဲ့
အခြား တန်ဖိုးကြီး တံဆိပ် တွေကို
သူများမြင်အောင် အမျိုးမျိုး
စဉ်းစားပြီး ဓာတ်ပုံ ရိုက်ရတယ်။

ပြီးရင် ခုနက ကောင်လေးရဲ့
လူမှုကွန်ယက် မှာ တင်ရတယ်။

သူတို့မိဘ သူဌေးတွေလည်း
သိပ် မသက်သာ ပါဘူး။

သိန်းပေါင်း များစွာ အကုန်ခံပြီး
ဘုရား တွေတည်၊ သူတို့နာမည်
ကမ္ဗည်းထိုး၊ ရွှေအတိပြီးတဲ့
အင်္ကျီ အလေးကြီးဝတ်ပြီး ရေစက်ချ
ရတယ်။

ဒါမှဘာသာတရား ကိုင်းရှိုင်းတာရယ်၊
ချမ်းသာတာရယ်လူသိမယ်။

ဘဝမှာ ငွေကြေး ချမ်းသာမှု ဆိုတာ
အကြောင်းကြောင်း ကြောင့်
ရရှိနိုင်တယ်။

ဒီ ချမ်းသာမှုကို
ဘယ်လို အသုံးချနေလဲ က
ပို အရေးကြီးတယ်။

ကိုယ် လုပ်နေတဲ့ လုပ်ငန်း
ပိုအောင်မြင်အောင် လုပ်မယ်။

လူတွေ အများကြီး အလုပ်အကိုင်
ရရှိအောင် ဖန်တီးမယ်။

လူပတ်ဝန်းကျင်နဲ့
ကမ္ဘာမြေကြီး ကို အကျိုးပြုမယ်။

ဝါသနာပါရာတွေကို
စိတ်ကြိုက် ဖန်တီးမယ်။

ဘဝကို အကျေနပ်ဆုံး ဖြတ်သန်းမယ်။

ဒါဆို သိပ် အေးချမ်း
ကျေနပ်စရာ ကောင်းပါတယ်။

ကိုယ့်ကို သူများတွေက
အထင်ကြီးလာဖို့သို့ ကိုယ် ချမ်းသာတာ
ပတ်ဝန်းကျင်က သိဖို့နေထိုင်ရ၊
ကြိုးစား ဓာတ်ပုံရိုက်ပြ နေရင်း
အချိန်ကုန် သွားရတာ
ပင်ပန်းလွန်းပါတယ်။

တခြားလူတွေနဲ့ပါ ပြိုင်နေရတော့
ပူလောင်တယ်။

ငွေတွေလည်း အလကား ကုန်တယ်။

ဒါတွေ လုပ်ပြနေမှ
လူ အထင်ကြီးမှာ မဟုတ်ပါဘူး။

ဘဝရဲ့ အမွန်အမြတ် ဆိုတာ
ရိုးရိုးလေး ရှင်သန်ရတာပါ။

၂၀၀၄ တုန်းက ဇက်ကာဘက်ဆိုတဲ့
ကောင်လေး က Facebook
ဆိုတဲ့ လူမှုကွန်ယက် ကို
စတည်ထောင် ခဲ့တယ်။

အခု သူ ၃၂ နှစ်ရှိပြီ။
ကမ္ဘာ အချမ်းသာဆုံး
ဘီလီယံနာ တစ်ယောက် ဖြစ်တယ်။

သူတို့ နှစ်ယောက် ထက်တော့
ကျွန်တော်တို့ ပို မချမ်းသာနိုင်ပါဘူး။

သူတို့တောင် ဘဝကို ရိုးရိုးလေးပဲ
ဖြတ်သန်းနေပါတယ်။

Facebook ကိုလည်း
ရိုးရိုးလေးပဲ သုံးနေပါတယ်။

Phyo Ko Ko Naing
-myanmarnewsplus

Address

Mu-Se
05063

Website

Alerts

Be the first to know and let us send you an email when Healthy & Happy Lifestyle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share