Mudon Market Garden

Mudon Market Garden နှစ်ရှည်သီးနှံအမျိုးမျိုး၊ကိုင်းဆက်ပျိုးပင်လက်လီလက်ကား ဖြန့်ချီရေး

ကြီးပြင်းလာရခြင်းရဲ့ နာကျင်စရာအကောင်းဆုံးအပိုင်းကတော့ 👇ကိုယ့်ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ အမေကတဖြည်းဖြည်း အသက်ကြီးလာတာကိ...
28/09/2026

ကြီးပြင်းလာရခြင်းရဲ့ နာကျင်စရာ
အကောင်းဆုံးအပိုင်းကတော့ 👇
ကိုယ့်ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ အမေက
တဖြည်းဖြည်း အသက်ကြီးလာတာကို 👵
ကိုယ့်မျက်စိရှေ့မှာ မြင်နေရခြင်းပါပဲ..🥺

ငယ်ငယ်တုန်းက သူတို့ဟာ
အမြဲတမ်း ဒီအတိုင်းပဲ ရှိနေမယ်လို့ ထင်ခဲ့ကြတယ်..
အမေ့ ရဲ့ ခွန်အားက 💪
ဘယ်တော့မှ လျော့ပါးသွားမှာမဟုတ်ဘူး. ❌
လက်တွေက အမြဲခိုင်မာနေမယ်..💪
အသံတွေကလည်း အမြဲအားကောင်းနေမယ်လို့
ယုံကြည်ခဲ့တယ်..🥺

ဒါပေမယ့် တစ်နေ့မှာတော့
အမေ့ မျက်နှာပေါ်က အရေးအကြောင်းတွေ၊
နှေးကွေးလာတဲ့ ခြေလှမ်းတွေ၊
ပင်ပန်းနွမ်းနယ်နေတဲ့ မျက်လုံးတွေကို သတိထားမိလာတယ်..🥺
အဲဒီအချိန်မှာ ကိုယ်တစ်ခါမှ မခံစားဖူးတဲ့
နာကျင်မှုမျိုးက ရင်ထဲကို
တိတ်တဆိတ် ဝင်ရောက်လာတယ်..🥺

တစ်ချိန်က ကိုယ့်ကို ပွေ့ချီပေးခဲ့သူဟာ
အခုတော့ ကိုယ်က ပိုနူးညံ့စွာ၊ ပိုဂရုတစိုက်
ပြုစုစောင့်ရှောက်ပေးရမယ့်သူ
ဖြစ်လာပြီဆိုတာ သိလာရတာဟာ တကယ်နာကျင်စရာပါပဲ..🥺

ကိုယ့်အတွက် ညနက်တဲ့အထိ မအိပ်ဘဲ
စောင့်ပေးခဲ့သူတွေက အခုတော့
အစောကြီး အိပ်ပျော်သွားကြတယ်..
တစ်ချိန်က လောကကြီးရဲ့
အန္တရာယ်တွေကနေ ကိုယ့်ကို
ကာကွယ်ပေးခဲ့သူတွေကို ❗
အခုတော့ လောကကြီးနဲ့ ရင်ဆိုင်ဖြတ်သန်းနိုင်အောင်
ကိုယ်က ပြန်ကူညီပေးရတော့တယ်..💪

အချိန်ကို ဘယ်လောက်ပဲ
ရပ်တန့်ထားချင်ပါစေ၊ ရပ်တန့်လို့တော့ မရပါဘူး..❗

ကြီးပြင်းလာခြင်းက
တာဝန်ယူတတ်ဖို့၊ ✅
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တတ်ဖို့နဲ့ ✅
ကိုယ့်အိပ်မက်တွေနောက်
လိုက်လျှောက်တတ်ဖို့ သင်ပေးတယ်..✅
ဒါပေမယ့်
ဆုံးရှုံးခြင်းကိုလည်း အနူးညံ့ဆုံးနဲ့
အနှေးကွေးဆုံးနည်းလမ်းနဲ့ သင်ပေးတယ်..❗

ရုတ်တရက် ဆုံးရှုံးလိုက်ရတာမျိုး မဟုတ်ဘူး..
တဖြည်းဖြည်းနဲ့ ခံစားလာရတဲ့ ဆုံးရှုံးခြင်းမျိုးပါ..❗

သူတို့နားမကြားတော့လို့
“ထပ်ပြောပါဦး” လို့ တောင်းဆိုလာတဲ့အခါတိုင်း၊ ❗
တစ်ချိန်က
အလွယ်တကူ လုပ်နိုင်ခဲ့တဲ့အရာတွေကို
အခုတော့
အားစိုက်ပြီး ရုန်းကန်လုပ်နေရတာ
မြင်ရတဲ့အခါတိုင်း
အဲဒီဆုံးရှုံးခြင်းကို
ကိုယ်က ထပ်ပြီး ခံစားရတယ်..🥺

အမှန်တရားကတော့
ကိုယ့်အတွက် “အိမ်” လို
လုံခြုံခိုလှုံရာဖြစ်ခဲ့သူတွေဟာ
"ဒီလောကမှာ ထာဝရရှိနေမှာ မဟုတ်ဘူး''
ဆိုတာ သိလာရတဲ့အချိန်အတွက် ဘာအရာကမှ
ကိုယ့်ကို ကြိုတင်ပြင်ဆင်ပေးထားနိုင်မှာ မဟုတ်ပါဘူး..❗

လုပ်နိုင်တာကတော့ သူတို့ကို
" ပိုချစ်ပေးဖို့'' ၊'' ပိုနီးနီးကပ်ကပ် ဖက်ထားပေးဖို့'' နဲ့
"နေ့ရက်တိုင်းကို ကျေးဇူးတင်ပါတယ်” လို့ ပြောနေသလို
ဖြစ်အောင် နေထိုင်ပေးဖို့ပါပဲ..🤍💖

သူတို့ဟာ တစ်ဘဝလုံး ကိုယ့်အတွက်
" အရာအားလုံးနီးပါးကို ပေးဆပ်ခဲ့ကြပြီးပြီ'' ..❗
အခုတော့ ကိုယ်က
" ပြန်လည်ပေးဆပ်ရမယ့် အချိန်ရောက်လာပြီ''
သူတို့နဲ့အတူ ရှိနေနိုင်သေးတဲ့အချိန်မှာပေါ့...🤍💖
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

မှိုရောဂါနှင့်ကုသရမည့်မှိုဆေး 👇👇
21/09/2026

မှိုရောဂါနှင့်ကုသရမည့်မှိုဆေး 👇👇

 #မှိုရောဂါနှင့်ကုသရမည့်မှိုဆေး..👇
21/09/2026

#မှိုရောဂါနှင့်ကုသရမည့်မှိုဆေး..👇

အရွက်ခြောက်၊အကိုင်းခြောက်စေသော မှိုရောဂါများအကြောင်း #ဖျုစာရီယံမှိုပိုးကြောင့်လည်း ဒူးရင်းပင်တွင်   (ကိုင်းခြောက်ခြင်း) ...
19/09/2026

အရွက်ခြောက်၊အကိုင်းခြောက်စေသော မှိုရောဂါများအကြောင်း
#ဖျုစာရီယံမှိုပိုးကြောင့်လည်း
ဒူးရင်းပင်တွင် (ကိုင်းခြောက်ခြင်း) ဖြစ်နိုင်သလို၊
အခြားသော အကြောင်းအရင်းများကြောင့်လည်း
Dieback (ကိုင်းခြောက်ခြင်း) ဖြစ်နိုင်ပါသည်...💥👌

💠 ၁။ သဘာဝနှင့် ကွာခြားချက် 👇👇

• 💠 ဖျုစာရီယံ (Fusarium) မှို:..💥👇👇
၎င်းသည် မြေကြီးထဲတွင် နေထိုင်ပြီး အပင်၏ အမြစ်နှင့် ရေကြောလိုင်းများကို ပိတ်ဆို့ဖျက်ဆီးတတ်သည့်
သီးသန့်မှိုပိုးမျိုးစိတ် (Pathogen) ဖြစ်ပါသည်...

• 💠 ကိုင်းခြောက်ရောဂါ (Dieback): 💥👇👇
၎င်းသည် အကိုင်းအခက်များခြောက်သွေ့ကာ အောက်ခြေသို့ တဖြည်းဖြည်း ခြောက်သွေ့ဆိုးရွားလာသည့်
အပင်၏ ဖျားနာမှု လက္ခဏာ (Symptom) ဖြစ်ပါသည်..

📌 ၂။ အရွက်ခြောက်အကိုင်းခြောက်
ဖြစ်ပွားရခြင်း အကြောင်းအရင်း (Causes)📌👇👇

• ♦ ဖျုစာရီယံ:♦
Fusarium မှိုပိုးကြောင့်သာ ကိုင်းခြောက်ခြင်း ဖြစ်သည်..❗

• ♦ Dieback (ကိုင်းခြောက်ခြင်း): ♦
အောက်ပါအကြောင်းရင်းများကြောင့် ကိုင်းခြောက်တတ်ပါသည်..👇👇
🦠 မှိုပိုးများကြောင့် ကိုင်းခြောက်ခြင်း:👇👇
Fusarium (ဖျုစာရီယံ) သာမက
Phomopsis, Lasiodiplodia ,
Rhizoctonia solani နှင့်
Phytophthora မှိုများကြောင့်လည်း ကိုင်းခြောက်တတ်သည်..💥

• 🐛 ပိုးမွှားကြောင့် ကိုင်းခြောက်ခြင်း:👇👇
ပင်စည်ထိုးပိုး/ကိုင်းထိုးပိုး (Stem/Twig Borer) များ
ကိုက်ဖြတ်ပြီး ပင်စည်ရည်စီးဆင်းမှု
ပြတ်တောက်သွားလျှင်လည်း ကိုင်းခြောက်တတ်သည်..💥

• 💥⛈ ရာသီဥတုနှင့် ပြုစုမှုကြောင့် ကိုင်းခြောက်ခြင်း:👇👇
အလွန်အမင်း ရေငတ်ခြင်း၊ 💥
အာဟာရဓာတ် (အထူးသဖြင့် ပိုတက်စီယမ်
သို့မဟုတ် ကယ်လ်စီယမ်) လွန်စွာပြတ်လပ်ခြင်း၊💥
သို့မဟုတ်
မြေအချဉ်အငန်ဓာတ် (pH) မမှန်ခြင်းတို့ကြောင့်လည်း
ကိုင်းဖျားများ ခြောက်ကျလာတတ်သည်..💥
✅ ဒူးရင်းပင်တွင် အလွယ်တကူ ခွဲခြားနည်း ..✅👇
✅ #ဖျုစာရီယံမှိုကြောင့်ကိုင်းခြောက်ခြင်းနှင့်
နောက်ဆက်တွဲပြသာနာများ..👇👇👇
ဖျုစာရီယံမှို (Fusarium oxysporum) ဝင်ရောက်ပါက
အပင်တွင် ဖျူစေရီယမ် ပင်ညှိုးရောဂါ ဖြစ်ပွားလာပြီး
ရောဂါပိုးသည် အောက်ခြေရွက်ဟောင်းများမှ
စတင်ကာ အဝါရောင်ပြောင်းစေပြီး
အပေါ်ရွက်နုများဆီသို့ တဖြည်းဖြည်း ပျံ့နှံ့သွားတတ်သည်..💥
အလွန်ထူးခြားသော လက္ခဏာမှာ 👇
အပင်တစ်ပင်လုံး မဟုတ်ဘဲ အကိုင်းတစ်ခုတည်း
သို့မဟုတ် အရွက်တစ်ခုတည်း၏ တစ်ဖက်ခြမ်း
(ဘယ်ဘက် သို့မဟုတ် ညာဘက်ခြမ်း) တွင်သာ
အရင်ဆုံး ဝါပြီး ညှိုးကျလာခြင်း ဖြစ်သည်...💥

ရောဂါအစောပိုင်းတွင် ❗👇
နေပူပြင်းသောနေ့လယ်ပိုင်း၌
အရွက်များ ညှိုးကျသွားပြီး၊
အေးမြသော ညပိုင်း သို့မဟုတ် မနက်ပိုင်းတွင်
ပြန်လည်လန်းဆန်းလာတတ်သည်..💥
သို့သော် ရောဂါရင့်လာပါက ❗📌
အစိုဓာတ်ရှိသော်လည်း
မလန်းတော့ဘဲ လုံးလုံးညှိုးခြောက်သွားကာ📌
နောက်ဆုံးအဆင့်တွင်
အရွက်များ ကြွေကျကုန်ပြီး
အပင်မှာ ပြောင်သလင်းခါသွားတတ်ပါသည်...💥
✅ solani မှိုကြောင့်
ကိုင်းခြောက်ခြင်းနှင့်နောက်ဆက်တွဲပြသာနာများ..👇👇

ဤ #ဒူးရင်းရွက်ခြောက်မှိုရောဂါသည်
မိုးရာသီနှင့် စိုထိုင်းဆများသော ⛈
အချိန်များတွင်အဖြစ်များသည်..💥
အရွက်တွင်ရေစိုနာကွက်များ စတင်ဖြစ်ပေါ်လာပြီး
ထိုအကွက်များသည်
အလွန်လျင်မြန်စွာ ကျယ်ပြန့်လာပြီး
အညိုရောင် သို့မဟုတ် မီးခိုးရောင်
ခြောက်သွေ့နာကွက်များ ဖြစ်လာပါသည်..❗
ရောဂါရင့်လာပါက အရွက်တစ်ခုလုံး
မီးလောင်ထားသကဲ့သို့ ခြောက်သွေ့သွားတတ်ပါသည်..💥
ဤမှို၏ ထူးခြားချက်မှာ စိုစွတ်သော
ရာသီဥတုတွင် အဖြူရောင်
သို့မဟုတ် ရွှေဝါရောင် မှိုမျှင် (Mycelium) များ ထွက်လာပြီး
အရွက်များကို အိမ်မြှောင်တင်ကူကဲ့သို့
ငြိကပ်ကာ အရွက်အချင်းချင်း ကပ်နေစေခြင်း ဖြစ်သည်..💥
ရောဂါရနေသော အရွက်များသည် ❗
အပင်ပေါ်တွင် ကပ်လျက် ခြောက်နေတတ်သော်လည်း ❗👇
လေတိုက်ပါက သို့မဟုတ် ရောဂါပြင်းထန်ပါက💥💥
အပင်အောက်ခြေသို့ အစုလိုက်အပြုံလိုက်
ကြွေကျကုန်သဖြင့် အပင်တွင် ❗
အကိုင်းပြောင်ပြောင်များသာ ကျန်ခဲ့တတ်ပြီး
အကိုင်းမှာလည်းတဖြည်းဖြည်း
ထိပ်ဖျားမှစကာ အောက်ခြေအထိ
ခြောက်သွေ့သေဆုံး (Dieback) သွားတတ်ပါသည်..💥
✅ #ပင်စည်ထိုးပိုး / အကိုင်းထိုးပိုးကြောင့်
ကိုင်းခြောက်ခြင်းနှင့် နောက်ဆက်တွဲပြသာနာများ..👇👇
ပိုးကျရောက်ပါက ပိုးလောက်ကောင် များသည် 🐛
ပင်စည်နှင့် အကိုင်းအတွင်းသားများကို
ကိုက်ဖြတ်စားသောက်ကြသောကြောင့်📌
ရေနှင့် အာဟာရဓာတ် သယ်ဆောင်၍ မရတော့သဖြင့် ❌
ထိုအကိုင်းရှိ အရွက်များအားလုံး
ရုတ်တရက် အရောင်ဖျော့ကာ ဝါလာပြီး
ညှိုးကျလာတတ်သည်...❗

ထူးခြားချက်မှာ ရောဂါကြောင့်
ကြွေကျခြင်းမျိုး မဟုတ်ဘဲ ❌
အာဟာရပြတ်တောက်သွားသဖြင့်
အရွက်များ ညိုခြောက်ကာ အကိုင်းပေါ်တွင်
ကပ်လျက် လောင်နေသကဲ့သို့ တွေ့ရတတ်သည်..❗

အကိုင်းထိုးပိုးငယ်များ ကျရောက်ပါက
အကိုင်းထိပ်ဖျားပိုင်းရှိ ရွက်နုများ
စတင်ညှိုးခြောက်ပြီး
အာဟာရပြတ်တောက်ကာ
တဖြည်းဖြည်း အောက်သို့
ခြောက်ဆင်းလာပြီး သေဆုံးသွားပါသည်..💥
ပင်စည် သို့မဟုတ် အကိုင်းအခက်ပေါ်တွင်
ပိုးကောင်အဝင်အထွက်လုပ်သည့်
ခဲတံချွန် သို့မဟုတ် အပ်ပေါက်ခန့် အပေါက်ငယ်များ ကို
တွေ့ရတတ်ပြီး၊
ထိုအပေါက်ဝများတွင် ပိုးကောင်ကိုက်ဖြတ်ထားသော
သစ်မှုန့်များ မှုန့်မှုန့်လေးများ ထွက်နေတတ်သည်..❗

ဒူးရင်းပင်ကဲ့သို့သော အပင်များတွင် ပိုးထိုးခံရပါက 📌
အပေါက်ဝများမှ နီညိုရောင် သို့မဟုတ်
ဝါတာတာ အစေးများ ယိုစီးထွက်လာတတ်သည်..💥

အထူးသတိပြုရမည့်အချက်မှာ❗💥
ပိုးထိုးထားသော အပေါက်များမှတစ်ဆင့် 📌🦠
ဖျုစာရီယံကဲ့သို့သော အပင်ညှိုးမှိုများနှင့် 🦠
ပင်စည်ပုပ်မှို များ အလွယ်တကူ 🐛
ဝင်ရောက်နိုင်သဖြင့် အပင်အမြန်ဆုံး သေဆုံးနိုင်ပါသည်...💥💥
✅ #ဖိုက်တော့ပတိုရာမှိုကြောင့်
ကိုင်းခြောက်ခြင်းနှင့် နောက်ဆက်တွဲပြသာနာများ..👇
ဤမှိုရောဂါသည် ဒူးရင်းပင်အတွက်
အန္တရာယ်အရှိဆုံးနှင့် အဖျက်စွမ်းအား
အကြီးမားဆုံး ရောဂါ ဖြစ်သည်..💥

မှိုရောဂါဝင်ရောက်ပါက အရွက်များ၏ စိမ်းစိုမှု
ပျောက်ဆုံးသွားပြီး မှိန်ဖျော့ဖျော့ ဖြစ်လာကာ
တဖြည်းဖြည်း ဝါလာပြီး 🍁
ရောဂါပြင်းထန်လာသည်နှင့်အမျှ အထူးသဖြင့်
အပင်အောက်ခြေနှင့် အတွင်းပိုင်းရှိ အရွက်များ အစုလိုက်
အပြုံလိုက် လျင်မြန်စွာ ကြွေကျကုန်သဖြင့် 🍂🍂🍂
အကိုင်းပြောင်ပြောင်များ ဖြစ်ကျန်ခဲ့သည်..❗

အထင်ရှားဆုံးလက္ခဏာမှာ ပင်စည် သို့မဟုတ်
အကိုင်းအခက် ပေါ်တွင်
ရေစိုနေသကဲ့သို့
မည်းနက်သော အကွက်များ ဖြစ်လာပြီး
ထိုနေရာမှ နီညိုရောင် သို့မဟုတ်
သံချေးရောင် အစေးများ
ယိုစီးထွက်လာတတ်ပါသည်..💥
ရောဂါကွင်းသည် ပင်စည်ကို
ပတ်မိသွားပါက ထိုအပေါ်ပိုင်းရှိ
အကိုင်းများ အားလုံး ထိခိုက်သွားပြီး📌
(အမြစ်ပုပ်)ရောဂါပြင်းထန်လာပါက ရက်ပိုင်း သို့မဟုတ်
သီတင်းပတ်အနည်းငယ်အတွင်း
ရုတ်တရက် တစ်ပင်လုံး ညှိုးခြောက်ပြီး
သေဆုံး သွားတတ်သည်..📌💥
📌 📌 အရေးအကြီးဆုံး
အထူးသတိပြုရမည့်အချက်မှာ 📌📌
ဒူးရင်းပင်တွင် တခါတရံမှိုမျိုးစိတ်တခုထဲကြောင့်
အပင်ထိခိုက်တတ်သလို ❗
တခါတရံ မှိုရောဂါ ပိုပြင်းထန်သွားခြင်း💥
သို့မဟုတ်
မှိုရောဂါ နှစ်မျိုးဝင်ရောက်ခြင်းကြောင့်လည်း💥
ဒူးရင်းပင်ထိခိုက်ပျက်စီးတတ်ပါသည်..📌
တခါတရံ တခြံလုံးမှာ
ရောဂါအတူတူကျရောက်တာ ရှိတတ်သလို❗
တပင်နှင့်တပင် ( ရောဂါတူမယောင်နဲ့ )
ရောဂါမတူတာတွေလည်း
ကျရောက်တတ်တာမို့❗
ဆေးတမျိုးထဲ သီးသန့် ဆက်တိုက်သုံးစွဲခြင်းထက်❗
"အနာနဲ့ဆေးတည့်အောင်ဖြန်းပေးခြင်း''
"ရောဂါအနေအထားပေါ်မူတည်ပြီး
ဆေးအလှည့်ကျသုံးခြင်း''ကို
ပြုလုပ်ပါက အပင်အတွက် ပိုမိုထိရောက်နိုင်ပါသည်..✅
မင်မင်ချစ်ရတဲ့မိတ်ဆွေများ
အနာနဲ့ဆေး တွေ့ကြပါစေ..🙏
အောင်မြင်တဲ့ဥယျာဥ်ခြံကြီးတွေ
ပိုင်ဆိုင်နိုင်ကြပါစေရှင့်...🙏
Dr.Theint
ျိုးဥယျာဉ်
#နှစ်ရှည်သီးနှံများ၊ပန်းပင်အမျိုးမျိုးနှင့်
#ထိုင်း/မြန်မာ မျိုးသန့်ကိုင်းဆက်ပျိုးပင်လက်လီလက်ကားဖြန့်ချီရေး
#အမှတ်44.ဘဲရမ်းလေးဧကပျိုးဥယျာဥ်အုပ်စု.မုဒုံမြို့.မွန်ပြည်နယ်

ကုတဲ့ဆရာသာ ပြောင်းသွားတယ်..မင်မင်ကတော့ နာရီနဲ့ချီပြီး ဝေဒနါကို ကျော်လွှားနေဆဲ..🥺ခြံအလုပ်တွေပြည့်ကျပ်နေတဲ့ကြားအချိန်လုပြီ...
17/09/2026

ကုတဲ့ဆရာသာ ပြောင်းသွားတယ်..
မင်မင်ကတော့ နာရီနဲ့ချီပြီး ဝေဒနါကို ကျော်လွှားနေဆဲ..🥺
ခြံအလုပ်တွေပြည့်ကျပ်နေတဲ့ကြား
အချိန်လုပြီး သွားဆေးခန်းပြေးရ..🦷🚘
ဆေးကုသတဲ့ရက် အနည်းဆုံးဖြစ်ရအောင်
နာရီနဲ့ချီပြီး အမြန်ကုဖြစ်တာလေး..🦷
ဒါမှ ခြံကိုအမြန်ပြန်လာနိုင်မှာမို့..😥
နာကျင်တာကလည်း လက်ကုန်..😭😭
အတိတ်ဘဝက အကုသိုလ်ကြွေးရှိလို့ထင်ပ..🥺🥺
ဒီရက်ပိုင်း cb မှာစာဖြေနောက်ကျတာ..🙏
အပင်အကြောင်းတွေမေးထားတာကို
ပြန်မဖြေဖြစ်ရင် နားလည်ပေးကြပါနော်.. 🙏
အချိန်ရတာနဲ့ မင်မင်စာပြန်ဖြေပေးပါမယ်ရှင့်..🙏
မင်မင်ချစ်ရတဲ့မိတ်ဆွေများ
စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုရာဆန္ဒတွေ ပြည့်စုံကြပါစေ..🙏
Dr.Theint
ျိုးဥယျာဉ်
#နှစ်ရှည်သီးနှံများ၊ပန်းပင်အမျိုးမျိုးနှင့်
#ထိုင်း/မြန်မာ မျိုးသန့်ကိုင်းဆက်ပျိုးပင်လက်လီလက်ကားဖြန့်ချီရေး
#အမှတ်44.ဘဲရမ်းလေးဧကပျိုးဥယျာဥ်အုပ်စု.မုဒုံမြို့.မွန်ပြည်နယ်

Phytophthora🦠🦠 ဟာ ဒူးရင်းစိုက်တောင်သူတွေအကြောက်ဆုံး "နံပါတ် (၁) ရောဂါဆိုး" ဖြစ်ပါတယ်..💥📌အချိန်မီမကုသရင် အပင်ကို အသက်အန္တ...
11/09/2026

Phytophthora🦠🦠 ဟာ ဒူးရင်းစိုက်တောင်သူတွေ
အကြောက်ဆုံး "နံပါတ် (၁) ရောဂါဆိုး" ဖြစ်ပါတယ်..💥📌
အချိန်မီမကုသရင် အပင်ကို
အသက်အန္တရာယ်အထိ
ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပြီး 📌
အပင်တစ်ပင်လုံး သေဆုံးသွားနိုင်ပါတယ်..💥
Phytophthora ရောဂါက 🦠🦠
ဒူးရင်းပင်ကို ဘယ်လိုထိခိုက်စေလဲ..❓❓

• အမြစ်နဲ့ ပင်ခြေပုပ်ခြင်း: 💥
မြေအောက်က အမြစ်နုတွေကို အရင်ဖျက်ဆီးလို့
အပင်က အာဟာရမစုပ်နိုင်တော့ဘဲ ငြှိုးခြောက်သေဆုံးစေပါတယ်..

• ပင်စည်နာကွက်ဖြစ်ခြင်း: 💥
ပင်စည်အခေါက်တွေ ပုပ်ပြီး
အစေး/အရည်ကြည်တွေ ထွက်လာကာ
အပင်ပတ်လည် ပင်စည်အခေါက်အားလုံး
ပုပ်သွားရင် (Ring barking ဖြစ်ရင်) အပင်
အပေါ်ပိုင်းကို အစာမပို့နိုင်တော့ဘဲ
ရုတ်တရက် အပင်လိုက် သေသွားတတ်ပါတယ်..💥
💡 Dimethomorph + Pyraclostrobin 💡
ဒူးရင်းပင်အတွက် Double Action (အာနိသင်နှစ်မျိုး) ဖြင့်
ရောဂါကို ထိန်းချုပ်ပေးနိုင်လို့
ဆေးအစွမ်းပြကုသမှုဟာ အလွန်ထိရောက်မှု ရှိပါတယ်..✅
💡 Dimethomorph မှိုဆေးက 💡
Phytophthora ကဲ့သို့သော Oomycetes (မှိုနိမ့်) များ၏
ဆဲလ်နံရံ တည်ဆောက်မှုကို တိုက်ရိုက်ဖျက်ဆီးပြီး
Phytophthora ကို အဓိက နှိမ်နင်းပေးပါတယ် ...✅
💡 Pyraclostrobin မှိုဆေးက💡
ရောဂါပိုး၏ စွမ်းအင်ထုတ်လုပ်မှုကို ပိတ်ဆို့ပေးပါတယ်..❗
Phytophthora အပြင် 👇
ဒူးရင်းပင်မှာ တွဲဖက်ဖြစ်တတ်တဲ့ ❗
Fusarium (အမြစ်ပုပ်) နှင့်
Anthracnose (ရွက်ခြောက်) ရောဂါတွေကိုပါ
တစ်ပြိုင်နက် ကာကွယ်ပေးပါတယ်..👍👍

အကောင်းဆုံး ထိရောက်စေရန် အသုံးပြုနည်းလမ်းများ👇👇

• အရွက်နှင့် ကိုင်းဖျားများတွင် ဖြစ်ပါက: 📌
အရွက်များနှင့် အပင်တစ်ခုလုံး နှံ့စပ်အောင်
ပက်ဖျန်းပေးပါ..💦
ရောဂါပြင်းထန်ပါက ၇ ရက်တစ်ကြိမ် ❗
(၂) ကြိမ်ခန့် ဆက်တိုက်ဖျန်းပေးရန် လိုအပ်ပါတယ်..👍

• ပင်စည်မှာ အနာကွက်/အစေးထွက်ခြင်း ဖြစ်ပါက: 📌
ရောဂါရနေတဲ့ ပင်စည်အခေါက် ပုပ်နေတာတွေကို
ဓားသန့်သန့်နဲ့ ခြစ်ထုတ်ပါ..🗡
ပြီးနောက် ၎င်း Dimethomorph + Pyraclostrobin
ဆေးကို ရေကျဲကျဲဖြင့် ဖျော်ပြီး အနာကွက်ပေါ်သို့ 🎨
စုတ်တံဖြင့် ပျစ်ပျစ်သုတ်ပေးပါ..🧹

• အမြစ်ပုပ်ခြင်းအတွက်: 👇
အပင်ခြေရင်း ပတ်ပတ်လည် မြေကြီးထဲသို့
ဆေးရည်လောင်းပေးနိုင်ပါတယ်..💦

သတိပြုရန် 🚫
Phytophthora ဟာ
ဆေးယဉ်ပါးမှု မြန်ဆန်တတ်တာကြောင့် ❗
Dimethomorph အုပ်စုဝင်ဆေးတွေကိုပဲ
ဆက်တိုက်မသုံးဘဲ ❌❌
ရောဂါအရမ်းပြင်းထန်ပါက ❗
Phosphonic acid (ဖော့စဖောနစ် အက်စစ်) ဆေးကို
အပင်တွင်း ဆေးထိုးအပ်ဖြင့် ထိုးသွင်းကုသခြင်း
သို့မဟုတ် Metalaxyl/
Mancozeb စတဲ့
ဆေးအုပ်စုများနှင့် အလှည့်ကျ ပြောင်းလဲသုံးစွဲပေးပါက
ပိုမိုထိရောက် စိတ်ချရပါလိမ့်မယ်...👍
စိုက်ပျိုးရေးနည်းစနစ်ဖြင့် ကြိုတင်ကာကွယ်ခြင်း ✅✅

(၁) ရေနုတ်မြောင်း ကောင်းမွန်ပါစေ - ✅
ဤမှိုပိုးသည် ရေဝပ်သောမြေတွင်
အလွန်ပျံ့နှံ့လွယ်သဖြင့် ❗
ခြံထဲ၌ ရေစီးရေလွှဲမြောင်းများ စနစ်တကျ ပြုလုပ်ပါ..✅

ပြန့်ပြူးသော မြေပြန့်များတွင် စိုက်ပါက
ဘောင်မြှင့်စိုက်စနစ် (Raised Beds) ကို သုံးပါ..✅

(၂) ပင်ခြေ ရှင်းလင်းရေး - ✅
အစိုဓာတ်မများစေရန် ဒူးရင်းပင်ခြေရင်းရှိ
ပေါင်းမြက်များနှင့် အရွက်ခြောက်များကို အမြဲရှင်းလင်းထားပါ..✅
မြေပြင်နှင့် နီးကပ်နေသော
အောက်ခြေကိုင်းနိမ့်များကို ဖြတ်တောက်ပေးပါ..✅

(၃) မြေဆီလွှာ ပြုပြင်ခြင်း - ✅
မြေချဥ်ငံကိန်း မြင့်မားပါက ❗
မှိုပိုး ပိုမိုပေါပွားတတ်သဖြင့်
(Lime/Dolomite) ထည့်ပေးပြီး
မြေဆီလွှာ pH ကို ၅.၅ မှ ၆.၅ ဝန်းကျင်တွင် ထိန်းထားပါ..✅

(၄) ဇီဝနည်းလမ်းသုံး ကာကွယ်ခြင်း - ✅
နှစ်စဉ် ရေသွင်းချိန် သို့မဟုတ် မြေဩဇာကျွေးချိန်များတွင်
ထရိုင်ကိုဒါးမား (Trichoderma) အကျိုးပြုမှို /
ဘိုကာရှီမြေသြဇာ ရောစပ်၍
အပင်ခြေတွင် ကြိုတင်ထည့်သွင်းပေးပါ..❗
ကာကွယ်ခြင်း၊ကုသခြင်းဖြင့်
တန်ဖိုးကြီးလှတဲ့ရွှေဒူးရင်းတွေကို
ဂရုစိုက်ကြရအောင်..🙏
အောင်မြင်တဲ့ ဥယျာဥ်ခြံကြီးတွေ
ပိုင်ဆိုင်နိုင်ကြပါစေရှင့်..🙏
Dr.Theint
ျိုးဥယျာဉ်
#နှစ်ရှည်သီးနှံများ၊ပန်းပင်အမျိုးမျိုးနှင့်
#ထိုင်း/မြန်မာ မျိုးသန့်ကိုင်းဆက်ပျိုးပင်လက်လီလက်ကားဖြန့်ချီရေး
#အမှတ်44.ဘဲရမ်းလေးဧကပျိုးဥယျာဥ်အုပ်စု.မုဒုံမြို့.မွန်ပြည်နယ်

အသေးလေး (ပယ်သီး) ရဲ့ဒီဇိုင်းကာလာအနေအထား..🤩လှူဖို့၊ လက်ဆောင်ပေးဖို့အတွက် အလုံးလှလှကြီးကြီးတွေ ဖယ်ထားပြီးတဲ့နောက် 👇မင်မင်တ...
08/09/2026

အသေးလေး (ပယ်သီး) ရဲ့ဒီဇိုင်းကာလာအနေအထား..🤩
လှူဖို့၊ လက်ဆောင်ပေးဖို့အတွက်
အလုံးလှလှကြီးကြီးတွေ ဖယ်ထားပြီးတဲ့နောက် 👇
မင်မင်တို့စားရတဲ့
အသီးအရွယ်အစားကိုသာ ရှိုးလိုက်တော့..🥺🤭
ခြံသမားဆိုတာဒီလိုပဲထင်ပ..🥺
ခေါင်သီး.အလုံးကြီးဆို မြိုမကျဘူး..ဟေးဟေး..😅
မင်မင်ချစ်ရတဲ့မိတ်ဆွေများ
ကျန်းမာရေး ကောင်းစေတဲ့အသီးတွေစားပြီး
ကျန်းမာကြပါစေ...🙏
စိတ်ချမ်းသာကြပါစေ...🙏
ဘဝခရီးတလျှောက် ခွန်အားအပြည့်နဲ့
အောင်မြင်မှုတွေ အရယူနိုင်ကြပါစေရှင့်... 🙏
Dr.Theint
ျိုးဥယျာဉ်
#နှစ်ရှည်သီးနှံများ၊ပန်းပင်အမျိုးမျိုးနှင့်
#ထိုင်း/မြန်မာ မျိုးသန့်ကိုင်းဆက်ပျိုးပင်လက်လီလက်ကားဖြန့်ချီရေး
#အမှတ်44.ဘဲရမ်းလေးဧကပျိုးဥယျာဥ်အုပ်စု.မုဒုံမြို့.မွန်ပြည်နယ်

" မိုးများလို့ ဖြစ်တာ၊ အပင်က ရောဂါဖြစ်တာမဟုတ်ဘူး ''ဆိုတဲ့သူတွေနဲ့..❗" အရင်တုန်းက ဒီလိုပဲစိုက်တာပဲ..ဘာမှဂရုမစိုက်ထိဘူး..ဒ...
07/09/2026

" မိုးများလို့ ဖြစ်တာ၊ အပင်က ရောဂါဖြစ်တာမဟုတ်ဘူး ''
ဆိုတဲ့သူတွေနဲ့..❗
" အရင်တုန်းက ဒီလိုပဲစိုက်တာပဲ..
ဘာမှဂရုမစိုက်ထိဘူး..
ဒူးရင်းအကြောင်းတော့ ဘယ်သိမှာလဲ''
ဆိုတဲ့ သူတွေကြား ❗
တဖြေးဖြေး ရောဂါရင့်လာသော
ဒူးရင်းပင်များ..🥺💥
ဖျုစာရီယံ လား..❓ ဖွိုင့်ထော့လား..❓
အနာနဲ့ဆေးတည့်ကြစေဖို့..
အကြမ်းဖျဥ်းလေး မင်မင်ပြထားပေးပါတယ်..👌
မင်မင်ချစ်ရတဲ့မိတ်ဆွေများ
စိုက်ပျိုး ဖြစ်ထွန်း အောင်မြင်ကြပါစေ..🙏
အစစအရာရာ အဆင်ပြေကြပါစေ ရှင့် ...🙏
Dr.Theint
ျိုးဥယျာဉ်
#နှစ်ရှည်သီးနှံများ၊ပန်းပင်အမျိုးမျိုးနှင့်
#ထိုင်း/မြန်မာ မျိုးသန့်ကိုင်းဆက်ပျိုးပင်လက်လီလက်ကားဖြန့်ချီရေး
#အမှတ်44.ဘဲရမ်းလေးဧကပျိုးဥယျာဥ်အုပ်စု.မုဒုံမြို့.မွန်ပြည်နယ်

ဓာတုဆေးတွေလုံးဝ လုံးဝ မသုံးထားတဲ့ ❌❌ကျန်းမာရေး အထူးကောင်းစေတဲ့ ကျွဲကောသီးတွေဒီရက်ပိုင်း လက်ဆောင်ပေးမည့်အစီအစဥ်လာပါမယ်နော...
07/09/2026

ဓာတုဆေးတွေလုံးဝ လုံးဝ မသုံးထားတဲ့ ❌❌
ကျန်းမာရေး အထူးကောင်းစေတဲ့ ကျွဲကောသီးတွေ
ဒီရက်ပိုင်း လက်ဆောင်ပေးမည့်အစီအစဥ်လာပါမယ်နော်...🥳
ဒီရက်ပိုင်း ခူးချသမျှ အသီးတွေကို
" လှူမယ်..စားမယ်..လက်ဆောင်ပေးမယ် '' ..
ဆိုပြီး ဆုံးဖြတ်ထားလို့ပါ..👌
" ကျန်းမာရေး လက်ဆောင်က
တန်ဖိုးဖြတ်မရတဲ့ လက်ဆောင်မွန်'' ပါ..🤩
မေတ္တာစာလေးတွေ မကြာမီလာမည် နော်..🤩😍

မြေပြင်ချင်ကြတဲ့မိတ်ဆွေတွေနှင့်❗မြေချဥ်ငံကိန်း ကဘာလဲ...❓ဘယ်လိုပြန်ပြင်ရလဲ❓.. ဘာထည့်ရလဲ❓..ဆိုပြီးမေးထားကြတဲ့မိတ်ဆွေတွေအတွ...
06/09/2026

မြေပြင်ချင်ကြတဲ့မိတ်ဆွေတွေနှင့်❗
မြေချဥ်ငံကိန်း ကဘာလဲ...❓
ဘယ်လိုပြန်ပြင်ရလဲ❓.. ဘာထည့်ရလဲ❓..ဆိုပြီး
မေးထားကြတဲ့မိတ်ဆွေတွေအတွက်...❗❗

Address

Mudon

Telephone

+959770665034

Website

Alerts

Be the first to know and let us send you an email when Mudon Market Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category