04/10/2025
#နေပြည်တော်အဆင့်မြင့်ဆန်စက် မိသားစု မှ လက်တွဲလုပ်ကိုင်လျက်ရှိသော မိတ်ဖက်ကုမ္ပဏီများ နှင့် ဆန်စက်ပိုင်ရှင်များ ကုန်သည်များ အား သီတင်းကျွတ်ဂါရဝ အမှတ်တရလက်ဆောင်များ ပေးပို့ရန် အဆင်သင့်ဖြစ်လို့နေပါပီရှင်🩷
❣️အမှတ်တရ လက်ဆောင်ပေးဖို့ မိသားစုတွေ တိုင်ပင်ဖြစ်ကြတော့ အမြဲတမ်းလည်း သတိတရဖြစ်နေမယ့်ဟာမျိုးလေး ပေးရအောင် ဆိုပီး ဘုရားကားချပ်လေးတွေ သီတင်းကျွတ်ဂါရဝ လက်ဆောင်ပေးဖို့ ရွေးချယ်ဖြစ်ခဲ့ကြပါတယ်ရှင်❣️
🌼လက်ဆောင်ပစ္စည်းများတာရယ် ဆိုင်မှာ အော်ဒါအပ်ရခြင်းကြောင့် အချိန်လေးကြာမြင့်သွားတာရယ် နဲ့ပစ္စည်းအော်ဒါလေးတဝက်ပဲ ရောက်နေသောကြောင့် သီတင်းကျွတ်အမှီ မပို့ပေးလိုက်နိုင်တာကတော့ ကျွန်မတို့ရဲ့ အားနည်းချက်ဖြစ်ခဲ့ရပါတယ် 🌼
🌺မကြာခင်ကျရောက်တော့မယ့် သီတင်းကျွတ်အခါသမယ မှ စတင်၍ ကျွန်မတို့၏ မိတ်ဖက်ကုမ္ပဏီများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များ၊ တောင်သူလယ်သမား ဦးကြီးများ၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ဝယ်ယူအားပေးကြသော customer တဦးတယောက်ချင်းစီနှင့် အတူ ကျွန်မတို့အတွက် အားကိုးအားထားရသော ဝန်ထမ်းများ၊ ရေယာဉ်လုပ်သား၊ ကားဒရိုင်ဘာများ၊ ကာယဥာဏလုပ်သားများနှင့် မြန်မာပြည်သူပြည်သား 7ရက် သားသမီးများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပီး ဘေးဘယာများ ကင်းဝေးကာ အလုပ်အကိုင်များ ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း #နေပြည်တော်အဆင့်မြင့်ဆန်စက် မိသားစုမှ ဆုတောင်း မေတ္တာပို့သလိုက်ရပါတယ်ရှင်🙏