Digital Mart HD Movie Store

Digital Mart HD Movie Store HD Movie Store

❝Mobile Data တွေစျေးတက်နေလို့ စိတ်ညစ်နေကြတဲ့ ကာကာတွေအတွက်❞      မိုးအေးအေးနဲ့ Korea Drama ကားလေးကြည့်ပြီး Feel ချင်တဲ့ က...
18/07/2022

❝Mobile Data တွေစျေးတက်နေလို့ စိတ်ညစ်နေကြတဲ့ ကာကာတွေအတွက်❞
မိုးအေးအေးနဲ့ Korea Drama ကားလေးကြည့်ပြီး Feel ချင်တဲ့ ကာကာ တွေနဲ့
သိုင်းကား ၊ action ကားကေားင်းကောင်းလေးတွေကြည့်ချင်တဲ့ ကာကာတွေအတွက်
Mobile Data ကုန်မှာကြောက်စရာမလိုတော့ပါဘူး မင်မင်တို့ Digital Mart Mobile မှာ
လာသွင်းနိုင်ပါပြီခင်ဗျ။
Digital Mart Mobile Phone Sale & Service
✅ ဆိုင်(၁)-အမှတ်(၇၇)၊ ဦးဘချိုလမ်း၊ မြောင်းမြဆေးရုံရှေ့၊ မြောင်းမြမြို့။ ၀၉-၄၂၂၅၅၂၆၆၆
✅ ဆိုင်(၂)-အမှတ်(၆)၊ (၇)လမ်း၊မြောင်းမြမြို့။ ၀၉-၇၅၀၇၅၀၆၁၁။

Mobile

❝သိုင်းကားမှသိုင်းကားကိုကြိုက်တယ်ဆိုသူတွေအတွက် ❞   ဒီတစ်ခါ လည်း သိုင်းကားကိုမှကြိုက်နှစ်သက်သောပရိသတ်တွေအတွက်Who Rules Th...
29/06/2022

❝သိုင်းကားမှသိုင်းကားကိုကြိုက်တယ်ဆိုသူတွေအတွက် ❞
ဒီတစ်ခါ လည်း သိုင်းကားကိုမှကြိုက်နှစ်သက်သောပရိသတ်တွေအတွက်

Who Rules The World ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။

ဇာတ်ကားထဲမှာပါဝင်တဲ့မင်းသားကတော့ Love O2O ဇာတ်ကားထဲမှာ

Xiao Nai အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ Yang Yang,

မင်းသမီးကတော့ The Long Ballad ဇာတ်ကားထဲမှာ

Li Le Yan အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ Zhao Lu Si နဲ့

တခြားနာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားတာဆိုတော့

ဇာတ်ကားလေးကတော့ကောင်းမှာအသေအချာပါဘဲနော်။



ကဲဒီတော့ဇာတ်လမ်းလေးအကြောင်းစပြောလိုက်ရအောင်။

ဉာဏ်ရည်ထက်မြက်ပြီး ချောမောခန့်ညားတဲ့

သိုင်းပညာမှာအလွန်တော်တဲ့ Hei Feng Xi ,

လူတိုင်းလေးစားအားကျရတဲ့သိုင်းပညာမှာလည်းယှဉ်နိုင်သူမရှိတဲ့

Bai Feng Xi တိုကမတူညီတဲ့အရည်အချင်းတွေရှိကြတာပေါ့။

တကယ်တမ်းမှာတော့ Hei Feng Xi နဲ့ Bai Feng Xiတိုနှစ်ယောက်က

ငယ်သူငယ်ချင်းတွေပေါ့။ငယ်ငယ်လေးတည်းကနှစ်ယောက်လုံးက

အရမ်းလိုက်ဖက်ညီလွန်းလိုတချိုတွေက

ချစ်သူတွေဖြစ်နေကြပြီလိုထင်နေကြတယ်။

ဒါပေမဲ့လက်တွေ့မှာနှစ်ယောက်လုံးကအေးအတူပူအမျှ

မိတ်ဆွေသူငယ်ချင်းအဖြစ်ဘဲရှိနေကြသေးတယ်။

လွန်ခဲ့တဲ့ဆယ်နှစ်တာကာကလကသွေးကြွေးတွေကြားမှ

ာမတူညီတဲ့အရည်အချင်းတွေပိုင်ဆိုင်ထားကြတဲ့

နှစ်ယောက်သားပေါင်းစည်းပြီးအမှန်တရားကိုရှာဖွေနေကြရင်း

အချစ်စိတ်တွေပေါက်ဖွားလာကြတဲ့အချိန်မှာတော့….

သိုင်းလောကရဲ့သွေးကြွေးတွေကြားမှာ

ငယ်သူငယ်ချင်းနှစ်ယောက်ရဲ့အချစ်စစ်တွေက

ဘယ်လိုပေါက်ဖွားလာမလဲ။သိုင်းလောကရဲ့ရူပ်ထွေးမှုကြားမှာအဲ့အချစ်စစ်ကိုကော

ဘယ်လိုတည်တံ့ခိုင်မြဲအောင်တည်ဆောက်သွားကြမလဲဆိုတာကိုတော့............

Digital Mart Mobile Phone Sale & Service
✅ ဆိုင်(၁)-အမှတ်(၇၇)၊ ဦးဘချိုလမ်း၊ မြောင်းမြဆေးရုံရှေ့၊ မြောင်းမြမြို့။ ၀၉-၄၂၂၅၅၂၆၆၆
✅ ဆိုင်(၂)-အမှတ်(၆)၊ (၇)လမ်း၊မြောင်းမြမြို့။ ၀၉-၇၅၀၇၅၀၆၁၁။

Mobile

❝သိုင်းကားစစ်စစ်ကို Series တွဲနဲ့ကြည့်ချင်တဲ့ movies ချစ်သူတွေအတွက် 2022 ထွက် Heros ❞ ဝူရှကားကိုမှကြိုက်နှစ်သက်တဲ့ ပရိတ်...
28/06/2022

❝သိုင်းကားစစ်စစ်ကို Series တွဲနဲ့ကြည့်ချင်တဲ့ movies ချစ်သူတွေအတွက် 2022 ထွက် Heros ❞
ဝူရှကားကိုမှကြိုက်နှစ်သက်တဲ့ ပရိတ်သတ်အတွက်

ဝူရှကားကောင်းလေးတစ်ကားဖြစ်တဲ့

Heroes ဇာတ်ကားလေးကိုတင်ဆက်ပေးပေးပါရစေ။

ဇာတ်လမ်းထဲမှာပါဝင်တဲ့ မင်းသားကတော့

% buffered
00:18
-00:01
Download
Your browser does not support the video tag.

Rebirth For You မှာ Li Qian အဖြစ်

ပါဝင်သရုပ်ဆောင်ထားတဲ့ Zeng Shun Xi,

Long Ballad ဇာတ်ကာားထဲမှ Hao Dou အဖြစ်

ပါဝင်သရုပ်ဆောင်ထားတဲ့ Liu Yu Ning

Dance of the Phoenix ထဲက Feng Wu အဖြစ်

သရုပ်ဆောင်ထားတဲ့မင်းသမီး Yang Chao Yue တိုက

ပါဝင်သရုပ်ဆောင်ထားပေးပါတယ်။

ဇာတ်လမ်းလေးကတော့ နွေးထွေးကြင်နာတတ်တဲ့

Wang Xiao Shi (Zeng Shun Xi) က

ခရီးလှည့်လည်သွားလာရင်းသိုင်းလောကမှာခြေဆန့်ခဲ့တယ်။

ဒီလိုနဲ့သိုင်းလောကတခွင်လှည့်လည်သွားလာရင်း

ကံကြမ္မာဖန်တီးမှုကြောင့် Wen Rou (Yang Chao Yue),

Bai Qiu Fei (Liu Yu Ning) စတဲ့သိုင်းလောကလူငယ်တွေနဲ့

တွေ့ဆုံပြီးသူငယ်ချင်းသံယောဇဉ်ဖြစ်တည်လာခဲ့တယ်။

သိုင်းလောကရဲ့အရူပ်အထွေးတွေကြားမှာ

သူငယ်ချင်းတွေပါဝင်လာတဲ့အခါမှာတော့ဘယ်လိုဖြေရှင်းကြမလဲ ?

ဘယ်လိုအရူပ်အထွေးတွေများဖြစ်မလဲ ?

သိုင်းလောကလှည့်ကွက်တွေကြားမှာဘယ်လိုရင်သန်ကြမလဲစတဲ့မေးခွန်းတဲ့အပြင်

တခြားနာမည်ကြီးသရုပ်ဆောင်တွေပါ ပါဝင်သရုပ်ထားဆိုတော့

ဝူရှပရိသတ်ကြီးအဖိုလက်မလွတ်တမ်းစောင့်ကြည့်လိုက်ရအောင်

❝movies ချစ်သူများကို data စျေးနူန်းတွေကြောင့် စိတ်မညစ်စေချင်❞- နှစ်ဆမကတက်သွားတဲ့ data စျေးတွေအပြင် မီးခဏခဏ ပျက်တဲ့ အခုလ...
21/02/2022

❝movies ချစ်သူများကို data စျေးနူန်းတွေကြောင့် စိတ်မညစ်စေချင်❞

- နှစ်ဆမကတက်သွားတဲ့ data စျေးတွေအပြင် မီးခဏခဏ ပျက်တဲ့ အခုလို ကာလအတွင်းမှာ
movie တစ်ကားကြည့်ဖို့ အရမ်းခက်ခဲနေလား

-ဒါဆို ရင်တော့ movies ပေါင်း 8000 ကျော် နဲ့ series ပေါင်း 800 ကျော် ကို စိတ်ကြိုက် ရွေးချယ်ပြီးထည့်သွင်းနိုင်မဲ့အပြင် ထွက်ရှိဆဲကားတွေကိုလည်း ထည့်သွင်းနိုင်မှာဖြစ်ပါတယ်
ဒါ့အပြင် မိမိ ကြည့်လိုသော၊ဆိုင်တွင်မရျိသော movies များကိုလည်း comment တွင်ဖြစ်စေ
Page messenger တွင်ဖြစ်စေ တောင်းဆိုနိုင်ပါတယ်နော်

Digital Mart Mobile Phone Sale & Service
✅ ဆိုင်(၁)-အမှတ်(၇၇)၊ ဦးဘချိုလမ်း၊ မြောင်းမြဆေးရုံရှေ့၊ မြောင်းမြမြို့။ ၀၉-၄၂၂၅၅၂၆၆၆
✅ ဆိုင်(၂)-အမှတ်(၆)၊ (၇)လမ်း၊မြောင်းမြမြို့။ ၀၉-၇၅၀၇၅၀၆၁၁။

Mobile

C391-Record Of Youth[Unicode]Sa Hye Joon (Park Bo Gum) က သာမန်မိသားစုတစ်ခုရဲ့  ၂၆နှစ် အရွယ်သားအငယ်တစ်ယောက်ဖြစ်ပြီး မော်ဒ...
03/02/2021

C391-Record Of Youth
[Unicode]
Sa Hye Joon (Park Bo Gum) က သာမန်မိသားစုတစ်ခုရဲ့ ၂၆နှစ် အရွယ်သားအငယ်တစ်ယောက်ဖြစ်ပြီး မော်ဒယ်လ်တစ်ယောက်ဘဝကနေ သရုပ်ဆောင်မင်းသားဖြစ်ဖို့ တစိုက်မတ်မတ်ကြိုးစားနေသူဖြစ်ပါတယ်။ သူ့မှာ မွေးချင်းအစ်ကိုတစ်ယောက်ရှိပြီး ငယ်စဉ်တည်းက အစ်ကိုနဲ့နှိုင်းယှဉ်ပြောဆိုခံခဲ့ရတဲ့အတွက် စိတ်ဒဏ်ရာရှိထားသူဖြစ်ပေမဲ့ စိတ်နှလုံးနွေးထွေးပြီး ကိုယ်ချင်းစာတတ်သူဖြစ်ပါတယ်။ သူ့အိပ်မက်ဖြစ်တဲ့ မင်းသားတစ်ယောက်ဖြစ်လာဖို့မျှော်လင့်ချက်တွေဟာ မှေးမှိန်နေပေမယ့် ဇွဲမလျှော့ဘဲ ကြိုးစားခဲ့ပြီး ဒီလို တစိုက်မတ်မတ်ကြိုးစားနေချိန်မှာပဲ သူ့ဆီကို နိုင်ငံတော်ထံမှ စစ်မှုထမ်းဆင့်ခေါ်စာ ရောက်လာသောအခါ
သူဘာတွေဆက်လုပ်မလဲ။ Ahn Jung Ha (Park So Dam) ကတော့ Makeup artist ကောင်မလေးဖြစ်ပြီး သူ ဝါသနာပါရာအလုပ်အပေါ် ဒီထက်အောင်မြင်အောင်လုပ်ဖို့ ရည်မှန်းချက်ကြီးမားသူပါ။
အထီးကျန်ဆန်အားငယ်မှုတွေကို ပျော်ရွှင်တက်ကြွတတ်တဲ့ မိန်းမငယ်လေးအသွင်နဲ့ဖုံးကွယ်ထားသူဖြစ်ပြီး တစ်ယောက်တည်း ခက်ခဲနေတဲ့အချိန်တွေတိုင်းမှာ Jung Ha ရဲ့ တစ်ခုတည်းသော အလင်းရောင်လေးကတော့ သူမရဲ့ Idol Sa Hye Joon ပါ။ Ahn Jung Ha ဟာ Sa Hye Joon ရဲ့ big fangirl တစ်ယောက် ဖြစ်ပါတယ်။ Won Hae Hyo (Byun Woo Seok) က Sa Hye Joon ရဲ့ သူငယ်ချင်းဖြစ်ပြီး ချမ်းသာကြွယ်ဝမှု နောက်ခံကြီးမားသော Won မိသားစုရဲ့
အမွေခံသားတစ်ယောက်ပါ။ သူကလည်း Hye Joon လိုပဲ မော်ဒယ်လ်တစ်ယောက်ဖြစ်ပြီး မင်းသားတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်နေသူပါ။ Hye Jun နဲ့ သူ့ကြား ကွာခြားမှုကတော့ Won Hae Hyo ရဲ့ အမေဟာ
သားဖြစ်သူဖြစ်ချင်တာတွေကို မိသားစုအရှိန်အဝါအသုံးပြုကာဖြစ်အောင် လုပ်ပေးတတ်သူဖြစ်ပါတယ်။ Hae Hyo ကိုယ်တိုင်ကတော့ ဒီလိုတွေလုပ်ပေးတာကို မနှစ်သက်ဘဲ သူ့ကိုယ်ပိုင်အစွမ်းအစနဲ့ ရလာတဲ့ အောင်မြင်မှုကိုသာ
မက်မောသူပါ။ မိသားစုနောက်ခံတွေမတူညီကြပေမယ့် စိတ်ဓာတ်ပြင်းထန်ပြီး ကြီးမားတဲ့အိပ်မက်ကိုယ်စီရှိကြတာချင်း တူညီတဲ့ လူငယ်လေးသုံးယောက်၊ ဘယ်လိုပုံစံတွေ့ဆုံပြီး သူတို့ဝါသနာပါရာအလုပ်တွေကို အောင်မြင်အောင် ဘယ်လိုကြိုးစားကြမယ်ဆိုတာကို ဒီ “Record Of Youth” ကားလေးထဲမှာစိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။
[Zawgyi]
Sa Hye Joon (Park Bo Gum) က သာမန္မိသားစုတစ္ခုရဲ့ ၂၆ႏွစ္ အရြယ္သားအငယ္တစ္ေယာက္ျဖစ္ျပီး ေမာ္ဒယ္လ္တစ္ေယာက္ဘ၀ကေန သ႐ုပ္ေဆာင္မင္းသားျဖစ္ဖို႔ တစိုက္မတ္မတ္ႀကိဳးစားေနသူျဖစ္ပါတယ္။ သူ႔မွာ ေမြးခ်င္းအစ္ကိုတစ္ေယာက္ရွိၿပီး ငယ္စဥ္တည္းက အစ္ကိုနဲ႔ႏွိုင္းယွဥ္ေျပာဆိုခံခဲ့ရတဲ့အတြက္ စိတ္ဒဏ္ရာရွိထားသူျဖစ္ေပမဲ့ စိတ္ႏွလုံးေႏြးေထြးၿပီး ကိုယ္ခ်င္းစာတတ္သူျဖစ္ပါတယ္။ သူ႔အိပ္မက္ျဖစ္တဲ့ မင္းသားတစ္ေယာက္ျဖစ္လာဖို႔ေမၽွာ္လင့္ခ်က္ေတြဟာ ေမွးမွိန္ေနေပမယ့္ ဇြဲမေလၽွာ့ဘဲ ႀကိဳးစားခဲ့ျပီး ဒီလို တစိုက္မတ္မတ္ႀကိဳးစားေနခ်ိန္မွာပဲ သူ႔ဆီကို နိုင္ငံေတာ္ထံမွ စစ္မႈထမ္းဆင့္ေခၚစာ ေရာက္လာေသာအခါ
သူဘာေတြဆက္လုပ္မလဲ။ Ahn Jung Ha (Park So Dam) ကေတာ့ Makeup artist ေကာင္မေလးျဖစ္ၿပီး သူ ဝါသနာပါရာအလုပ္အေပၚ ဒီထက္ေအာင္ျမင္ေအာင္လုပ္ဖို႔ ရည္မွန္းခ်က္ႀကီးမားသူပါ။
အထီးက်န္ဆန္အားငယ္မႈေတြကို ေပ်ာ္ရႊင္တက္ႂကြတတ္တဲ့ မိန္းမငယ္ေလးအသြင္နဲ႔ဖုံးကြယ္ထားသူျဖစ္ျပီး တစ္ေယာက္တည္း ခက္ခဲေနတဲ့အခ်ိန္ေတြတိုင္းမွာ Jung Ha ရဲ့ တစ္ခုတည္းေသာ အလင္းေရာင္ေလးကေတာ့ သူမရဲ့ Idol Sa Hye Joon ပါ။ Ahn Jung Ha ဟာ Sa Hye Joon ရဲ့ big fangirl တစ္ေယာက္ ျဖစ္ပါတယ္။ Won Hae Hyo (Byun Woo Seok) က Sa Hye Joon ရဲ့ သူငယ္ခ်င္းျဖစ္ၿပီး ခ်မ္းသာႂကြယ္ဝမႈ ေနာက္ခံႀကီးမားေသာ Won မိသားစုရဲ့
အေမြခံသားတစ္ေယာက္ပါ။ သူကလည္း Hye Joon လိုပဲ ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္ၿပီး မင္းသားတစ္ေယာက္ျဖစ္ဖို႔ အိပ္မက္မက္ေနသူပါ။ Hye Jun နဲ႔ သူ႔ၾကား ကြာျခားမႈကေတာ့ Won Hae Hyo ရဲ့ အေမဟာ
သားျဖစ္သူျဖစ္ခ်င္တာေတြကို မိသားစုအရွိန္အဝါအသုံးျပဳကာျဖစ္ေအာင္ လုပ္ေပးတတ္သူျဖစ္ပါတယ္။ Hae Hyo ကိုယ္တိုင္ကေတာ့ ဒီလိုေတြလုပ္ေပးတာကို မႏွစ္သက္ဘဲ သူ႔ကိုယ္ပိုင္အစြမ္းအစနဲ႔ ရလာတဲ့ ေအာင္ျမင္မႈကိုသာ
မက္ေမာသူပါ။ မိသားစုေနာက္ခံေတြမတူညီၾကေပမယ့္ စိတ္ဓာတ္ျပင္းထန္ၿပီး ႀကီးမားတဲ့အိပ္မက္ကိုယ္စီရွိၾကတာခ်င္း တူညီတဲ့ လူငယ္ေလးသုံးေယာက္၊ ဘယ္လိုပုံစံေတြ႕ဆုံၿပီး သူတို႔ဝါသနာပါရာအလုပ္ေတြကို ေအာင္ျမင္ေအာင္ ဘယ္လိုႀကိဳးစားၾကမယ္ဆိုတာကို ဒီ “Record Of Youth” ကားေလးထဲမွာစိတ္၀င္တစားေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

C390-The Spies Who Loved Me[Unicode]Kang Ah Reum ဟာ မင်္ဂဝတ်စုံဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး သူမဟာ ယောင်္ကျားနဲ့ကွဲဖူးကာ နော...
03/02/2021

C390-The Spies Who Loved Me
[Unicode]
Kang Ah Reum ဟာ မင်္ဂဝတ်စုံဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး သူမဟာ ယောင်္ကျားနဲ့ကွဲဖူးကာ နောက်အချစ်သစ်တောင် ထူထောင်ပြီးအိမ်ထောင်ပြုဖို့ပြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ယောင်္ကျားနဲ့ကွဲထာပေမဲ့ သူ့ပထမအမျိုးသားရဲ့ အကြာင်းကိုကောင်းကောင်းမသိခဲ့ပါဘူး။ တကယ်တော့ သူ့ယောင်္ကျားဟောင်းဟာ စပိုင်တစ်ယောက်ပါ။ ကံကောင်းတာလား ကံဆိုးတာလားမသိပေမယ့် နောက်လက်ထပ်မဲ့ သူဟာလည်းစပိုင်တစ်ယောက်ဖြစ်နေပြီး
ဒီစပိုင် ၂ ယောက်ဟာ ဘယ်လိုစပိုင်မျိုးလဲ? တာဝန်ထမ်းဆောင်နေချိန်မှာ နှလုံးသားကိုအလိုလိုက်ပြီးတော့ သူမကို လက်ထပ်ဖို့ကြိုးစားတာဟာ အသုံးချဖို့အတွက်ပဲလား? တခြားဘာအကြောင်းအရာတွေများရှိမလဲ?
နှစ်ရှည်လများ ဆိုးလ်မြို့မှာ လှုပ်ရှားအသွင်ယူရင်း စပိုင်လုပ်နေတာ ဘာအကြောင်းတွေများဖြစ်မလဲ ဆိုတာကတော့စိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။
[Zawgyi]
Kang Ah Reum ဟာ မဂၤဝတ္စုံဒီဇိုင္နာတစ္ေယာက္ျဖစ္ျပီး သူမဟာ ေယာကၤ်ားနဲ႔ကြဲဖူးကာ ေနာက္အခ်စ္သစ္ေတာင္ ထူေထာင္ၿပီးအိမ္ေထာင္ျပဳဖို႔ျပင္ေနတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သူမဟာ ေယာကၤ်ားနဲ႔ကြဲထာေပမဲ့ သူ႔ပထမအမ်ိဳးသားရဲ့ အၾကာင္းကိုေကာင္းေကာင္းမသိခဲ့ပါဘူး။ တကယ္ေတာ့ သူ႔ေယာကၤ်ားေဟာင္းဟာ စပိုင္တစ္ေယာက္ပါ။ ကံေကာင္းတာလား ကံဆိုးတာလားမသိေပမယ့္ ေနာက္လက္ထပ္မဲ့ သူဟာလည္းစပိုင္တစ္ေယာက္ျဖစ္ေနျပီး
ဒီစပိုင္ ၂ ေယာက္ဟာ ဘယ္လိုစပိုင္မ်ိဳးလဲ? တာဝန္ထမ္းေဆာင္ေနခ်ိန္မွာ ႏွလုံးသားကိုအလိုလိုက္ၿပီးေတာ့ သူမကို လက္ထပ္ဖို႔ႀကိဳးစားတာဟာ အသုံးခ်ဖို႔အတြက္ပဲလား? တျခားဘာအေၾကာင္းအရာေတြမ်ားရွိမလဲ?
ႏွစ္ရွည္လမ်ား ဆိုးလ္ၿမိဳ႕မွာ လႈပ္ရွားအသြင္ယူရင္း စပိုင္လုပ္ေနတာ ဘာအေၾကာင္းေတြမ်ားျဖစ္မလဲ ဆိုတာကေတာ့စိတ္၀င္တစားေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

C389-When I Was The Most Beautiful[Unicode]Oh Ye Ji (Im Soo Hyang) က ကြွေထည်ပညာရှင်တစ်ယောက်ဖြစ်ပြီး ဖြူစင်တဲ့နှလုံးသားရှ...
03/02/2021

C389-When I Was The Most Beautiful
[Unicode]
Oh Ye Ji (Im Soo Hyang) က ကြွေထည်ပညာရှင်တစ်ယောက်ဖြစ်ပြီး ဖြူစင်တဲ့နှလုံးသားရှိတဲ့သူဖြစ်ပါတယ်။ သူမဟာ အကောင်းမြင်စိတ်ရှိပြီး ဘယ်အရာမဆိုလက်မလျှော့တတ်တဲ့သူတစ်ဦးဖြစ်ပြီး Seo Hwan ရဲ့အချစ်ဦးလဲဖြစ်ပါတယ်။ Seo Hwan (Kim Ji Soo) ကတော့ ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ပြီး Oh Ye Ji ကိုမြင်မြင်ချင်းသဘောကျသွားတဲ့ ရိုးသားတဲ့ကောင်လေးတစ်ယောက်ပါ။ ရိုးရိုးသာမန်ဘဝလေးကိုဖြတ်သန်းချင်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် ညီအစ်ကိုနှစ်ယောက်တပြိုင်တည်း Oh Ye Ji ကိုသဘောကျလာတဲ့အခါ သူ့ခံသားချက်နဲ့ပတ်သက်ပြီး အစ်ကိုဖြစ်သူနဲ့ အဆင်မပြေဖြစ်ပေမယ့် အစ်ကိုအရင်း Seo Jin နဲ့ပြိုင်ပြီး Oh Ye Ji ရဲ့အချစ်ကိုရအောင် ဘယ်လိုယူမှာလဲ? Seo Jin (Ha Seok Jin) ကပြိုင်ကားမောင်းတဲ့သူပါ။ သူဟာတည်ငြိမ်ပြီး ခပ်မိုက်မိုက်ပုံစံမျိုးဆိုပေမယ့် လိုချင်တာရှိရင်တော့ရအောင်ယူတတ်ပြီး အကြင်နာကင်းမဲ့ကာရက်စက်တတ်ပါတယ်။
အဖေဖြစ်သူရဲ့ အလုပ်ဆွေးနွေးပွဲတစ်ခုမှာ Oh ye Ji ကိုတွေ့တွေ့ချင်း သဘောကျသွားတဲ့ Seo Jin ဟာ သူလိုချင်တဲ့အချစ်ကိုရအောင် ဘယ်လိုနည်းလမ်းတွေသုံးမှာလဲ? နာကျင်ရတဲ့အခက်အခဲတွေအကြောင်းနဲ့ အဲ့ဒီနာကျင်မှုတွေကိုဘယ်လိုကျော်လွားမလဲ စတဲ့ ဘဝသင်ခန်းစာတွေကို သူတို့ရဲ့အချစ်ဇာတ်လမ်းကနေတစ်ဆင့် မြင်တွေ့ရမဲ့ Romance Drama လေးဖြစ်တာကြောင့် ကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။
[Zawgyi]
Oh Ye Ji (Im Soo Hyang) က ေႂကြထည္ပညာရွင္တစ္ေယာက္ျဖစ္ၿပီး ျဖဴစင္တဲ့ႏွလုံးသားရွိတဲ့သူျဖစ္ပါတယ္။ သူမဟာ အေကာင္းျမင္စိတ္ရွိၿပီး ဘယ္အရာမဆိုလက္မေလၽွာ့တတ္တဲ့သူတစ္ဦးျဖစ္ျပီး Seo Hwan ရဲ့အခ်စ္ဦးလဲျဖစ္ပါတယ္။ Seo Hwan (Kim Ji Soo) ကေတာ့ ဗိသုကာပညာရွင္တစ္ေယာက္ျဖစ္ၿပီး Oh Ye Ji ကိုျမင္ျမင္ခ်င္းသေဘာက်သြားတဲ့ ရိုးသားတဲ့ေကာင္ေလးတစ္ေယာက္ပါ။ ရိုးရိုးသာမန္ဘဝေလးကိုျဖတ္သန္းခ်င္တဲ့သူတစ္ေယာက္ျဖစ္ေပမယ့္ ညီအစ္ကိုႏွစ္ေယာက္တၿပိဳင္တည္း Oh Ye Ji ကိုသေဘာက်လာတဲ့အခါ သူ႔ခံသားခ်က္နဲ႔ပတ္သက္ၿပီး အစ္ကိုျဖစ္သူနဲ႔ အဆင္မေျပျဖစ္ေပမယ့္ အစ္ကိုအရင္း Seo Jin နဲ႔ၿပိဳင္ၿပီး Oh Ye Ji ရဲ့အခ်စ္ကိုရေအာင္ ဘယ္လိုယူမွာလဲ? Seo Jin (Ha Seok Jin) ကၿပိဳင္ကားေမာင္းတဲ့သူပါ။ သူဟာတည္ၿငိမ္ၿပီး ခပ္မိုက္မိုက္ပုံစံမ်ိဳးဆိုေပမယ့္ လိုခ်င္တာရွိရင္ေတာ့ရေအာင္ယူတတ္ၿပီး အၾကင္နာကင္းမဲ့ကာရက္စက္တတ္ပါတယ္။
အေဖျဖစ္သူရဲ့ အလုပ္ေဆြးေႏြးပြဲတစ္ခုမွာ Oh ye Ji ကိုေတြ႕ေတြ႕ခ်င္း သေဘာက်သြားတဲ့ Seo Jin ဟာ သူလိုခ်င္တဲ့အခ်စ္ကိုရေအာင္ ဘယ္လိုနည္းလမ္းေတြသုံးမွာလဲ? နာက်င္ရတဲ့အခက္အခဲေတြအေၾကာင္းနဲ႔
အဲ့ဒီနာက်င္မႈေတြကိုဘယ္လိုေက်ာ္လြားမလဲ စတဲ့ ဘဝသင္ခန္းစာေတြကို သူတို႔ရဲ့အခ်စ္ဇာတ္လမ္းကေနတစ္ဆင့္ ျမင္ေတြ႕ရမဲ့ Romance Drama ေလးျဖစ္တာေၾကာင့္ ၾကည့္သင့္တဲ့ကားေလးျဖစ္ပါတယ္။

C388-Train[Unicode]အလုပ်ကိုလိုတာထက်ပိုပြီး ကြိုးစားလုပ်တတ်တဲ့ စုံထောက်တစ်ယောက်ဖြစ်တဲ့ ဆောဒိုဝမ် ဟာ အသုံးမပြုတော့တဲ့ ရထား...
27/01/2021

C388-Train
[Unicode]
အလုပ်ကိုလိုတာထက်ပိုပြီး ကြိုးစားလုပ်တတ်တဲ့ စုံထောက်တစ်ယောက်ဖြစ်တဲ့ ဆောဒိုဝမ် ဟာ အသုံးမပြုတော့တဲ့ ရထားဘူတာရုံတစ်ခုမှာမြှုပ်ထားတဲ့ အလောင်းလေးလောင်းကို တရားခံလိုက်ဖမ်းရင်း မျှော်လင့်မထားဘဲ
တွေ့လိုက်ရပါတယ်။ သူဟာ အလောင်းတွေအကြောင်း စုံစမ်းရင်း လွန်ခဲ့တဲ့ နှစ် ၂၀ က ဖြစ်ခဲ့တဲ့ ဟန်ဆိုဂျောင်းရဲ့ အဖေ သေဆုံးမှုနဲ့ အများကြီးတိုက်ဆိုင်မှုရှိနေတာကိုတွေ့လာခဲ့ရပါတယ်။ အရင်အနှစ် ၂၀ ကလူသတ်သမားက
ပြန်လာတာလား? စုံထောက် ဆောဒိုဝမ် ကတော့ အရင် အနှစ် ၂၀ က လူသတ်မှုမှာ လူသတ်သမားက သူ့အဖေဖြစ်မယ်လို့ ယုံထားပါတယ်။ ဒါပေမဲ့ ဒီအလောင်းတွေ အကြောင်း စုံစမ်းရင်း အပြိုင်စကြဝဠာတစ်ခုအကြောင်းကို မတော်တဆသိရှိလာရပြီး တကယ့်လူသတ်သမားအစစ်က သူ့ရဲ့ ညီမလေးလို ချစ်သူလို ချစ်ရတဲ့ ဟန်ဆိုဂျောင်း ကို သတ်သွားပြီးတဲ့အခါမှာ စကြဝဠာနှစ်ခုကြားခုန်ကူးပြီး အပြိုင်စကြဝဠာမှာရှိတဲ့ လူသတ်သမားကို
ဖမ်းဖို့ကြိုးစားချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ စိတ်ဝင်တစားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
[Zawgyi]
အလုပ္ကိုလိုတာထက္ပိုၿပီး ႀကိဳးစားလုပ္တတ္တဲ့ စုံေထာက္တစ္ေယာက္ျဖစ္တဲ့ ေဆာဒိုဝမ္ ဟာ အသုံးမျပဳေတာ့တဲ့ ရထားဘူတာ႐ုံတစ္ခုမွာျမႇုပ္ထားတဲ့ အေလာင္းေလးေလာင္းကို တရားခံလိုက္ဖမ္းရင္း ေမၽွာ္လင့္မထားဘဲေ တြ႕လိုက္ရပါတယ္။ သူဟာ အေလာင္းေတြအေၾကာင္း စုံစမ္းရင္း လြန္ခဲ့တဲ့ ႏွစ္ ၂၀ က ျဖစ္ခဲ့တဲ့ ဟန္ဆိုေဂ်ာင္းရဲ့ အေဖ ေသဆုံးမႈနဲ႔ အမ်ားႀကီးတိုက္ဆိုင္မႈရွိေနတာကိုေတြ႕လာခဲ့ရပါတယ္။ အရင္အႏွစ္ ၂၀ ကလူသတ္သမားကျ ပန္လာတာလား? စုံေထာက္ ေဆာဒိုဝမ္ ကေတာ့ အရင္ အႏွစ္ ၂၀ က လူသတ္မႈမွာ လူသတ္သမားက သူ႔အေဖျဖစ္မယ္လို႔ ယုံထားပါတယ္။ ဒါေပမဲ့ ဒီအေလာင္းေတြ အေၾကာင္း စုံစမ္းရင္း အၿပိဳင္စၾကဝဠာတစ္ခုအေၾကာင္းကို မေတာ္တဆသိရွိလာရျပီး တကယ့္လူသတ္သမားအစစ္က သူ႔ရဲ့ ညီမေလးလို ခ်စ္သူလို ခ်စ္ရတဲ့ ဟန္ဆိုေဂ်ာင္း ကို သတ္သြားၿပီးတဲ့အခါမွာ စၾကဝဠာႏွစ္ခုၾကားခုန္ကူးၿပီး အၿပိဳင္စၾကဝဠာမွာရွိတဲ့ လူသတ္သမားကို
ဖမ္းဖို႔ႀကိဳးစားခ်ိန္မွာ ဘာေတြဆက္ျဖစ္လာမလဲဆိုတာကေတာ့ စိတ္၀င္တစားေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

C387-Private Lives[Unicode]ဒီကားလေးကတော့ လူလိမ်တွေအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ဒီဇာတ်လမ်းမှာ Girls’ Generat...
27/01/2021

C387-Private Lives
[Unicode]
ဒီကားလေးကတော့ လူလိမ်တွေအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ဒီဇာတ်လမ်းမှာ Girls’ Generation က Seohyun ကဘအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသားတော့ Cross/Strongest Deliveryman တို့ထဲက မင်သား Ko Gyung-Pyo ဖြစ်ပြီး စစ်မှုထမ်းပြီးလို့ ပြန်လာပြီးချင်း ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကတော့ အီဂျောင်ဟွမ် ဟာ
စီးပွားရေးလုပ်ငန်းတစ်ခုက အဖွဲ့မှူးတစ်ယောက်ပေမဲ့ သာမန် အလုပ်သမားလို့ထင်ရလောက်အောင့် အရမ်းလျှို့ဝှက်တတ်သူတစ်ဦးဖြစ်ပါတယ်။ ချာဂျူအွန်း ကတော့ ချစ်ဖို့ကောင်းတဲ့မျက်နှာ အပြစ်ကင်းတဲ့ ပုံစံလေးနဲ့
လူလိမ်မလေးတစ်ယောက်ဖြစ်ပြီး သူမကတော့ ပြစ်မှုအထင်ရှား ရှိခဲ့တာကြောင့် ထောင်ကျသွားခဲ့ဖူးပါတယ်။ ဂျောင်ဘို့ဂီ ကတော့ အရမ်းလည်တဲ့ လူလိမ်ဖြစ်ပြီး အခြားလူလိမ်တွေကို ပစ်မှတ်ထားကာ ပြန်လိမ်တဲ့သူပါ။
သူမမှာ ဂင်ဂျယ်အုဆိုတဲ့ ပါတနာတစ်ယောက်လည်းရှိပါတယ်။ တစ်နေ့ ဒီလူလိမ်တွေဟာ နိုင်ငံ ရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီး ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့အချိန်မှာတော့ဘယ်လိုဖြစ်လာမှာလဲ။ အလိမ်ပေါ်မလားဆိုတာကတော့စိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။
[Zawgyi]
ဒီကားေလးကေတာ့ လူလိမ္ေတြအေၾကာင္းရိုက္ကူးထားတဲ့ ဇာတ္ကားေလးျဖစ္ျပီး ဒီဇာတ္လမ္းမွာ Girls’ Generation က Seohyun ကဘအဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ မင္းသားေတာ့ Cross/Strongest Deliveryman တို႔ထဲက မင္သား Ko Gyung-Pyo ျဖစ္ျပီး စစ္မႈထမ္းၿပီးလို႔ ျပန္လာၿပီးခ်င္း ရိုက္ကူးထားတဲ့ကားေလးျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္း ကေတာ့ အီေဂ်ာင္ဟြမ္ ဟာ
စီးပြားေရးလုပ္ငန္းတစ္ခုက အဖြဲ႕မႉးတစ္ေယာက္ေပမဲ့ သာမန္ အလုပ္သမားလို႔ထင္ရေလာက္ေအာင့္ အရမ္းလၽွို႔ဝွက္တတ္သူတစ္ဦးျဖစ္ပါတယ္။ ခ်ာဂ်ဴအြန္း ကေတာ့ ခ်စ္ဖို႔ေကာင္းတဲ့မ်က္ႏွာ အျပစ္ကင္းတဲ့ ပုံစံေလးနဲ႔ လူလိမ္မေလးတစ္ေယာက္ျဖစ္ျပီး သူမကေတာ့ ျပစ္မႈအထင္ရွား ရွိခဲ့တာေၾကာင့္ ေထာင္က်သြားခဲ့ဖူးပါတယ္။ ေဂ်ာင္ဘို႔ဂီ ကေတာ့ အရမ္းလည္တဲ့ လူလိမ္ျဖစ္ၿပီး အျခားလူလိမ္ေတြကို ပစ္မွတ္ထားကာ ျပန္လိမ္တဲ့သူပါ။ သူမမွာ ဂင္ဂ်ယ္အုဆိုတဲ့ ပါတနာတစ္ေယာက္လည္းရွိပါတယ္။ တစ္ေန႔ ဒီလူလိမ္ေတြဟာ နိုင္ငံ ရဲ့ လၽွို႔ဝွက္ခ်က္ကို သိသြားၿပီး ေဖာ္ထုတ္ဖို႔ ႀကိဳးစားၾကတဲ့အခ်ိန္မွာေတာ့ဘယ္လိုျဖစ္လာမွာလဲ။ အလိမ္ေပၚမလားဆိုတာကေတာ့စိတ္၀င္တစားေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

C386-My Forever Sunshine[Unicode]မိဘမျိူးရိုးကကျိကျိတက်ချမ်းသာပြီး အလိုလိုက်ခံရတာကြောင့် တစ်ဦးတည်းသောသမီးဖြစ်သူ ပန့် ဟာ ...
27/01/2021

C386-My Forever Sunshine
[Unicode]
မိဘမျိူးရိုးကကျိကျိတက်ချမ်းသာပြီး အလိုလိုက်ခံရတာကြောင့် တစ်ဦးတည်းသောသမီးဖြစ်သူ ပန့် ဟာ ဆိုးချင်တိုင်းဆိုးနေပြီး အလုပ်တွေနဲ့အချိန်မပေးတဲ့ မိဘတွေကြား စိတ်ဝင်စားမှုခံရဖို့ ဘာမဆိုလုပ်ရဲတဲ့ သူတစ်ယောက်ပါ။ အားထစ်ကတော့ နေရောင်ခြည်ခြံပိုင်ရှင်ရဲ့ သားတစ်ယောက်ဖြစ်ပြီး သူ့ဖခင်ဟာ ပန့်အဖေရဲ့သူငယ်ချင်းလည်းဖြစ်ပါတယ်။ တစ်ရက်မှာ အားထစ်အဖေဟာ လိမ်လည်ခံရပြီး ခြံကိုသိမ်းခံရမလိုဖြစ်တာကြောင့် သူဌေးဖြစ်တဲ့ ပန့်အဖေက ဝင်ကူညီပေးခဲ့ပြီး အလဲအလှယ်အနေနဲ့ကတော့ ပန့်နဲ့ အားထစ်ကို လက်ထပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ကျေးဇူးတရားကို သိတတ်တဲ့ အားထစ်အဖေဟာ ဇနီးနဲ့သား လက်မခံတာကို မျက်ကွယ်ပြုပြီး ကမ်းလှမ်းချက်ကို လက်ခံခဲ့ပါတယ်။ နောက်မှာတော့ ပန့်မိဘတွေ သေဆုံးခဲ့ပြီး ပန့်က အားထစ်တို့ အိမ်ကို ပြောင်းလာနေခဲ့ရပေမယ့် တနေ့နှင်ထုတ်ခံရမယ်ဆိုတဲ့အသိနဲ့ တစ်ညမှအားထစ်ကို အမိဖမ်းဖို့ကြိုးစားခဲ့တာကြောင့် အားထစ် စိတ်တိုပြီး ထွက်သွားခဲ့ရာက ကားမတော်တဆမှုဖြစ်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဆိုးကြောင့် အားထစ် အမုန်းကြီးမုန်းခဲ့သလို ပန့်လည်း နိုင်ငံခြားပညာတော်သင် ၆နှစ်လွှတ်ခံလိုက်ရပါတယ်။
၆နှစ်ကြာပြီးနောက် အချိန်က ကုစားပေးနိုင်လောက်ပြီအတွေးနဲ့ ပြန်လာခဲ့တဲ့ ပန့်တစ်ယောက် အားထစ် အမုန်းတွေနဲ့ပဲ ကြုံတွေ့လာရတဲ့အခါ သူတို့ဆက်ဆံရေးဘာတွေဆက်ဖြစ်လာမလဲ။ အားထစ်က ဝမ်းဖမိုင်ရဲ့ နေမင်းကြီး ပြန်ဖြစ်လာနိုင်မလားဆိုတာ ကတော့စိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ “တိတ်တခိုးချစ်ရသူ ခင်ပွန်း” ထဲက မင်းသားချော Mark Prin နဲ့ မင်းသမီး Kao တို့ ပါဝင်သရုပ်ဆောင်ထားပြီး ตราบฟ้ามีตะวัน (ကောင်းကင်မှာ နေမင်းကြီးရှိနေသရွေ့) ဆိုတဲ့ ဝတ္ထုကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။
[Zawgyi]
မိဘမ်ိဴးရိုးကက်ိက်ိတက္ခ်မ္းသာျပီး အလိုလိုက္ခံရတာေၾကာင့္ တစ္ဦးတည္းေသာသမီးျဖစ္သူ ပန႔္ ဟာ ဆိုးခ်င္တိုင္းဆိုးေနျပီး အလုပ္ေတြနဲ႔အခ်ိန္မေပးတဲ့ မိဘေတြၾကား စိတ္ဝင္စားမႈခံရဖို႔ ဘာမဆိုလုပ္ရဲတဲ့ သူတစ္ေယာက္ပါ။ အားထစ္ကေတာ့ ေနေရာင္ျခည္ၿခံပိုင္ရွင္ရဲ့ သားတစ္ေယာက္ျဖစ္ၿပီး သူ႔ဖခင္ဟာ ပန႔္အေဖရဲ့သူငယ္ခ်င္းလည္းျဖစ္ပါတယ္။ တစ္ရက္မွာ အားထစ္အေဖဟာ လိမ္လည္ခံရျပီး ၿခံကိုသိမ္းခံရမလိုျဖစ္တာေၾကာင့္ သူေဌးျဖစ္တဲ့ ပန႔္အေဖက ဝင္ကူညီေပးခဲ့ၿပီး အလဲအလွယ္အေနနဲ႔ကေတာ့ ပန႔္နဲ႔ အားထစ္ကို လက္ထပ္ေပးဖို႔ေတာင္းဆိုခဲ့ပါတယ္။ ေက်းဇူးတရားကို သိတတ္တဲ့ အားထစ္အေဖဟာ ဇနီးနဲ႔သား လက္မခံတာကို မ်က္ကြယ္ျပဳျပီး ကမ္းလွမ္းခ်က္ကို လက္ခံခဲ့ပါတယ္။ ေနာက္မွာေတာ့ ပန႔္မိဘေတြ ေသဆုံးခဲ့ၿပီး ပန႔္က အားထစ္တို႔ အိမ္ကို ေျပာင္းလာေနခဲ့ရေပမယ့္ တေန႔ႏွင္ထုတ္ခံရမယ္ဆိုတဲ့အသိနဲ႔ တစ္ညမွအားထစ္ကို အမိဖမ္းဖို႔ႀကိဳးစားခဲ့တာေၾကာင့္
အားထစ္ စိတ္တိုၿပီး ထြက္သြားခဲ့ရာက ကားမေတာ္တဆမွုျဖစ္သြားခဲ့ပါတယ္။ ဒီျဖစ္ရပ္ဆိုးေၾကာင့္ အားထစ္ အမုန္းႀကီးမုန္းခဲ့သလို ပန႔္လည္း နိုင္ငံျခားပညာေတာ္သင္ ၆ႏွစ္လႊတ္ခံလိုက္ရပါတယ္။
၆ႏွစ္ၾကာၿပီးေနာက္ အခ်ိန္က ကုစားေပးနိုင္ေလာက္ၿပီအေတြးနဲ႔ ျပန္လာခဲ့တဲ့ ပန႔္တစ္ေယာက္ အားထစ္ အမုန္းေတြနဲ႔ပဲ ၾကဳံေတြ႕လာရတဲ့အခါ သူတို႔ဆက္ဆံေရးဘာေတြဆက္ျဖစ္လာမလဲ။
အားထစ္က ဝမ္းဖမိုင္ရဲ့ ေနမင္းႀကီး ျပန္ျဖစ္လာနိုင္မလားဆိုတာ ကေတာ့စိတ္၀င္တစားေစာင့္ၾကည္႔ရမွာျဖစ္ပါတယ္။ “တိတ္တခိုးခ်စ္ရသူ ခင္ပြန္း” ထဲက မင္းသားေခ်ာ Mark Prin နဲ႔ မင္းသမီး Kao တို႔ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ตราบฟ้ามีตะวัน (ေကာင္းကင္မွာ ေနမင္းႀကီးရွိေနသေရြ႕) ဆိုတဲ့ ဝတၳဳကို ျပန္လည္ ရိုက္ကူးထားတာျဖစ္ပါတယ္။

C385-The Chaser[Unicode]ဘတ်ဟွန်းဆော့ ဆိုတဲ့ ရဲ တစ်ယောက်ဟာ ရိုးသားပြီး အများကို ကူညီတက်သလို မတရားမှုတွေကိုလဲ လက်ပိုက် ကြည...
25/01/2021

C385-The Chaser
[Unicode]
ဘတ်ဟွန်းဆော့ ဆိုတဲ့ ရဲ တစ်ယောက်ဟာ ရိုးသားပြီး အများကို ကူညီတက်သလို မတရားမှုတွေကိုလဲ လက်ပိုက် ကြည့်မနေတက်သူဖြစ်ပါတယ်။ သူ့မှာ ချစ်ရတဲ့ဇနီး နဲ့ အထက်တန်း တက်နေတဲ့ သမီးလေး ရှိပါတယ်။
တစ်ရက်မှာတော့ သမီးလေး Show ပွဲ တစ်ခုကြည့်ပြီးအပြန် ကားတိုက် ခံလိုက်ရပါတယ်။ ကားတိုက်ခံရတဲ့ အရှိန်နည်းနည်းလျော့လို့ သတိလည်နေသေးပေမယ့် ကားနဲ့ တိုက်တဲ့ သူတွေက အမှုပတ်မှာ ဆိုးလို့ မသေမချင်း ကားနဲ့ နောက်ပြန်လှည့်ပြီး ဘီးနဲ့ ကြိတ်ခဲ့ပါတယ်။ ကလေးမလေးကတော့ ငိုပြီးသာ အကူအညီတောင်းနေခဲ့ရပြီး နောက်မှာတော့ ကလေးမလေး မသေပဲ ဆေးရုံရောက်ခဲ့တာကြောင့် ဖခင်ဖြစ်သူက အမှုလိုက်စုံစမ်းတဲ့ အခါမှာ သူလိုက်နေတဲ့ တရားခံက ကိုရီးယားနိုင်ငံရဲ့လက်တံရှည်တဲ့ အကြီးဆုံး ခရိုနီ ကြီး ရဲ့ သမီးဖြစ်ပြီး ဝန်ကြီးချူပ်လောင်း ရဲ့ ဇနီး ဖြစ်နေခဲ့ပါတယ်။ ဥပဒေကို လက်တလုံးခြားလုပ်နိုင်တဲ့ ခရိုနီတွေ နဲ့ မဲလိမ်မဲဆွယ်
နောက်ကွယ်မှာ ငွေဖြူ ငွေမဲ တွေ ကစားတဲ့ အစိုးရ ဝန်ကြီးတွေကို ဘတ်ဟွန်ဆော့ ဘယ်လိုရင်ဆိုင်မလဲဆိုတာကတော့ စိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။
[Zawgyi]
ဘတ္ဟြန္းေဆာ့ ဆိုတဲ့ ရဲ တစ္ေယာက္ဟာ ရိုးသားၿပီး အမ်ားကို ကူညီတက္သလို မတရားမႈေတြကိုလဲ လက္ပိုက္ ၾကည့္မေနတက္သူျဖစ္ပါတယ္။ သူ႔မွာ ခ်စ္ရတဲ့ဇနီး နဲ႔ အထက္တန္း တက္ေနတဲ့ သမီးေလး ရွိပါတယ္။ တစ္ရက္မွာေတာ့ သမီးေလး Show ပြဲ တစ္ခုၾကည့္ၿပီးအျပန္ ကားတိုက္ ခံလိုက္ရပါတယ္။ ကားတိုက္ခံရတဲ့ အရွိန္နည္းနည္းေလ်ာ့လို႔ သတိလည္ေနေသးေပမယ့္ ကားနဲ႔ တိုက္တဲ့ သူေတြက အမႈပတ္မွာ ဆိုးလို႔ မေသမခ်င္း ကားနဲ႔ေ နာက္ျပန္လွည့္ၿပီး ဘီးနဲ႔ ႀကိတ္ခဲ့ပါတယ္။ ကေလးမေလးကေတာ့ ငိုၿပီးသာ အကူအညီေတာင္းေနခဲ့ရျပီး ေနာက္မွာေတာ့ ကေလးမေလး မေသပဲ ေဆး႐ုံေရာက္ခဲ့တာေၾကာင့္ ဖခင္ျဖစ္သူက အမႈလိုက္စုံစမ္းတဲ့ အခါမွာ သူလိုက္ေနတဲ့ တရားခံက ကိုရီးယားနိုင္ငံရဲ့လက္တံရွည္တဲ့ အႀကီးဆုံး ခရိုနီ ႀကီး ရဲ့ သမီးျဖစ္ၿပီး ဝန္ႀကီးခ်ဴပ္ေလာင္း ရဲ့ ဇနီး ျဖစ္ေနခဲ့ပါတယ္။ ဥပေဒကို လက္တလုံးျခားလုပ္နိုင္တဲ့ ခရိုနီေတြ နဲ႔ မဲလိမ္မဲဆြယ္ ေ နာက္ကြယ္မွာ ေငြျဖဴ ေငြမဲ ေတြ ကစားတဲ့ အစိုးရ ဝန္ႀကီးေတြကို ဘတ္ဟြန္ေဆာ့ ဘယ္လိုရင္ဆိုင္မလဲဆိုတာကေတာ့ စိတ္၀င္တစားေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

Address

No. 77, U Ba Cho Road
Myaungmya

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 09:00 - 19:00

Telephone

+959422552666

Website

Alerts

Be the first to know and let us send you an email when Digital Mart HD Movie Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share