Sar Oak Sin- စာအုပ်စင်

Sar Oak Sin- စာအုပ်စင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sar Oak Sin- စာအုပ်စင်, Book shop, Shwe War Yin Street, Ward(5), Myawaddy, Myawadi.

- This is originally launched by Stay In School Bookshelf which is non-profit organization.
- The main purpose is to raise up reading practice in the community.
- This is also fundraising activity of Stay In School Bookshelf.

ကမ္ဘာကျော် စာရေးဆရာကြီး ဟဲမင်းဝေး ရဲ့ ဝတ္ထုတိုများကို စုစည်းထားတဲ့ စာအုပ်ကောင်းလေး..... ဘာသာပြန် ဝတ္ထုတွေ ကြိုက်တဲ့ စာဖတ...
24/05/2025

ကမ္ဘာကျော် စာရေးဆရာကြီး ဟဲမင်းဝေး ရဲ့ ဝတ္ထုတိုများကို စုစည်းထားတဲ့ စာအုပ်ကောင်းလေး.....

ဘာသာပြန် ဝတ္ထုတွေ ကြိုက်တဲ့ စာဖတ်သူတွေအတွက် ဟဲမင်းဝေး စာတွေကိုတော့ ဖတ်ဖူးသင့်ပါတယ်....

တမူထူးတဲ့ writing style ကြောင့် ကမ္ဘာကျော်ခဲ့တဲ့ ဟဲမင်းဝေး ဝတ္ထုတို ဘာသာပြန် စာအုပ် instock ရှိပါတယ်နော်.....

ကိုယ်ပိုင်စာအုပ်စင်မှာ ထားသင့်တဲ့ သမိုင်းဆိုင်ရာ စာအုပ်ကောင်း တစ်အုပ်.....ဆရာမြသန်းတင့် ဘာသာပြန်တွေထဲက တန်ဖိုးကြီးလှတဲ့ ...
19/05/2025

ကိုယ်ပိုင်စာအုပ်စင်မှာ ထားသင့်တဲ့ သမိုင်းဆိုင်ရာ စာအုပ်ကောင်း တစ်အုပ်.....

ဆရာမြသန်းတင့် ဘာသာပြန်တွေထဲက တန်ဖိုးကြီးလှတဲ့ သမိုင်းစာအုပ်ပါ.....

📕 အကြာဆုံး စစ်ပွဲမြန်မာပြည်
🖊 မြသန်းတင့်

English stories လေးတွေ ဖတ်ပြီး reading skill လေ့ကျင့်ချင်ကြတဲ့ စာဖတ်သူလေးတွေအတွက်....
18/05/2025

English stories လေးတွေ ဖတ်ပြီး reading skill လေ့ကျင့်ချင်ကြတဲ့ စာဖတ်သူလေးတွေအတွက်....

Post မတင်ဖြစ်တာ ကြာနေပြီမို့ မေ့နေကြပြီလား 😊စာအုပ်စင် မှာ instock ရှိနေတဲ့ မြန်မာဝတ္ထုတို ပေါင်းချုပ် စာအုပ်လေးတွေ တင်ပေ...
17/05/2025

Post မတင်ဖြစ်တာ ကြာနေပြီမို့ မေ့နေကြပြီလား 😊
စာအုပ်စင် မှာ instock ရှိနေတဲ့ မြန်မာဝတ္ထုတို ပေါင်းချုပ် စာအုပ်လေးတွေ တင်ပေးလိုက်တယ်နော်...
ကြိုက်တာလေးရှိရင် ပြောပါအုံးနော် ....

ကြိုတင်အမှာစာပါးထားလို့ရပါတယ်နော်
11/01/2025

ကြိုတင်အမှာစာပါးထားလို့ရပါတယ်နော်

#မင်းပုန်းတောင်သိုင်းသမားစာအုပ်အခြေအနေ
ဒီလပိုင်းတွေထဲမှာ‌ စာဖတ်မိတ်ဆွေတွေအနေနဲ့
ဇော်ဂျီဖိုလ်ဝင်တိုက်ကို အများဆုံး မေးလာတဲ့
မေးခွန်းတွေကတော့ “မင်းပုန်းတောင် သိုင်းသမား
ဘယ်တော့ထွက်မှာလဲ”၊ “မထွက်သေးဘူးလား”
“ပရီအော်ဒါ ကောက်ပါတော့ဗျို့” “မျက်နှာဖုံးလေး
မမြင်ရသေးဘူးလား”၊ “ ဒီဇင်ဘာ ထွက်မယ်ဆိုပြီး
အခု ၂၀၂၅ ဇန်နဝါရီထဲရောက်လာပြီနော်”“ မင်းပုန်း
ဝယ်ဖို့ ငွေစုထားတာ သုံးပစ်လိုက်မိတော့မယ်”
အစရှိတဲ့ မေးခွန်းတွေပါပဲ။

ကိုယ့်တိုက်က ထုတ်မယ့် စာအုပ်တအုပ်အပေါ်
အားပေးဖတ်ရှုကြမယ့် မိတ်ဆွေတွေရဲ့ စိတ်ဝင်စားမှု
ရှိနေတဲ့ အဖြစ်ကို စာအုပ်တိုက်အနေနဲ့ ဝမ်းမသာဘဲ
မနေနိုင်ပါဘူး။ စာဖတ်မိတ်ဆွေတွေဆီကနေ ချစ်ခင်စွာ၊
ရင်းနှီးစွာ၊ ယဉ်ကျေးစွာ မက်ဆင်ဂျာက-ကွန့်မန့်ကနေ
တဆင့်၊ ပြီးတော့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး မေးလာ
ကြတဲ့ ဒီမေးခွန်းတွေကို ဇော်ဂျီဖိုလ်ဝင်အနေနဲ့ အလွန်မှ
တန်ဖိုးထားပါတယ်။ ‘ထွက်တောမှာပါ’ ‘စီစဉ်နေဆဲ’
စသဖြင့်ဖြေခဲ့ပြီးပါပြီ။ စိတ်ရှည်လက်ရှည် စောင့်ပေး
နေကြတဲ့ စာဖတ်မိတ်ဆွေတွေကို ကျေးဇူး ဘယ်လို
တင်ရမှန်းတောင် မသိတော့ပါဘူး။

စာအုပ်ကြီးက ထူထဲသလို ဇာတ်လမ်းနဲ့ ဇာတ်ကောင်
တွေကလည်း အလွန်များတဲ့အတွက် အနိမ့်ဆုံးသတ်ပုံနဲ့
အမည်ံစာလုံး ရေးထုံးတွေ ရှေးနောက်မလွဲရအောင်
စိစစ်ရတာကလည်း အချိန်တခုကို ဖြတ်သန်းရပါတယ်။
ပြီးတော့လျှပ်စစ်မီးကိစ္စကလည်း သိကြတဲ့အတိုင်းပါပဲ။
အချိန်တွေမလိုအပ်ဘဲ ထပ်ကြာသွားစေပါတယ်။
ဒါပေမဲ့ ထားပါတော့။ဘာကိုမှ ရိုးမယ်မဖွဲ့တော့ပါဘူး။
ဒီရက်ပိုင်းတွေမှာ စာအုပ်ကြီးအပြီးသတ်ပြီး၊ စက်တင်
ပုံနှိပ်နိုင်ပါတော့မယ်။

ဇော်ဂျီဖိုလ်ဝင်ရဲ့ စာဖတ်မိတ်ဆွေတွေ မျှော်ရ—စောင့်ရ
ကျိုးနပ်အောင်တော့ အဘက်ဘက်က ကိုယ်-ဉာဏ်စွမ်း
ရှိသမျှ၊အခြေအနေကပေးသမျှ ကြိုးစားထားပါတယ်။
ဂန္တဝင် ဝတ္ထုကြီး တပုဒ်-
ဆရာမြသန်းတင့်နဲ့ ဆရာဉာဏ်သစ်တို့ရဲ့ ဘာသာပြန်
စာမူကောင်းတခုကို လှလှပပ ခန့်ခန့်ထည်ထည်လေး
ဖြစ်အောင် ဇော်ဂျီဖိုလ်ဝင်ရဲ့ မိတ်ဖက် ပန်းချီသရုပ်ဖော်
ဆရာနှစ်ဦးကလည်း အနုပညာအားဖြင့် အထူးတလည်
ပံ့ပိုး ကူညီပေးထားကြပါတယ်။

အဲဒီစာအုပ်ကြီးကို ဒီနေ့ မကြာမီ အချိန်အတောအတွင်း
#ကြိုတင်အမှာ ကောက်ပါတော့မယ်။ ဇော်ဂျီဖိုလ်ဝင်ရဲ့အသင်းဝင်များရဲ့Group မှာ အရင်ဆုံး တင်ပေးလိုက်ပါ
မယ်။ ပြီးတော့ မိနစ်ပိုင်းလောက် ခြားပြီး အခြား စာဖတ်
မိတ်ဆွေများအတွက် ဇော်ဂျီရဲ့ ဒီ page ကနေ
အားလုံးသိအောင် ကြိုတင်အသိပေးပါရစေ။
စာဖတ်မိတ်ဆွေတွေ စာအုပ်ထွက်မလာသေးဘူးလားနဲ့
လည်တဆန့်ဆန့် မျှော်နေသလို၊ ဇော်ဂျီဘက်ကလည်း
စာအုပ်ကြီး ထွက်ချင်နေတာ ထွန့်ထွန့်ကို လူးနေတာပါပဲ။

အခုတော့ Pre Order #ကြိုတင်အမှာ အတွက်
စာအုပ်ကြီးကို ရင်ခုန်ကြရအောင်ပါနော်။

ခင်မင်လေးစား ကျေးဇူးတင်လျှက် ‌
ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်၊ ရန်ကုန်မြို့။
၁၁ ဇန်နဝါရီ ၂၀၂၅ ။ စနေနေ့ ။

ပုံဆွဲစာအုပ် အစုံရောက်တယ်နော် ...Doodle Coloring Book - 170000 KS Adult Coloring Book - 8000 KS Manga Coloring Book -750...
24/12/2024

ပုံဆွဲစာအုပ် အစုံရောက်တယ်နော် ...
Doodle Coloring Book - 170000 KS
Adult Coloring Book - 8000 KS
Manga Coloring Book -7500 KS
Travel Sketch Book -8000 KS
Drawing Block - A3 size - 16000 KS
Watercolor Block - A3 size -24000 KS
Drawing Block ( small size) - 8500 KS
Watercolor Block ( small size) -11000 KS

29/11/2024

ဒီနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ဟာ အမေလူထုဒေါ်အမာရဲ့ ၁၀၉ နှစ်မြောက် မွေးနေ့ပါ။

မွေးနေ့အမှတ်တရအနေနဲ့ ဟံသာဝတီဦးဝင်းတင်ရဲ့ ကဗျာကို အမှတ်တရ ဖော်ပြလိုက်ပါတယ်။

ခြေတလှမ်း ကျမ်းတစောင်
နှစ်တထောင် ခရီးပြင်း
ရွှေဒေါင်းတောင် စိန်ကလောင်နဲ့
တောင်ကိုဖြိုမည့် မြစ်တစင်း

ဟံသာဝတီဦးဝင်းတင်

Invention Series...
08/11/2024

Invention Series...

Invention Series..🔌📻📺🌟Communication အတွက် တီထွင်ခဲ့ကြတဲ့ inventionတွေ ၊ Light နဲ့ ပတ်သတ်တဲ့ invention တွေ၊ Transportatio...
08/11/2024

Invention Series..🔌📻📺🌟
Communication အတွက် တီထွင်ခဲ့ကြတဲ့ inventionတွေ ၊ Light နဲ့ ပတ်သတ်တဲ့ invention တွေ၊ Transportation အတွက် invention တွေနဲ့ ခေတ်သစ်ကမ္ဘာကြီးဖြစ်လာဖို့ စက်မှုတော်လှန်ရေးအတွင်းက တီထွင်မှုတွေအကြောင်း...
အရမ်းစိတ်ဝင်စားဖို့ကောင်းအောင် ဖော်ပြထားတဲ့ စာအုပ်တွေဖြစ်ပါတယ်..
ကလေးတွေအကြိုက်တွေ့မှာ သေချာပါတယ်..
တစ်တွဲလုံးကို ၃၂၄၀၀ ကျပ်ပါ...
နောက်တစ်ပိုစ့်မှာ တစ်အုပ်ချင်းစီရဲ့ အတွင်း page လေးတွေ ရိုက်ပြမယ်နော်

Address

Shwe War Yin Street, Ward(5), Myawaddy
Myawadi

Website

Alerts

Be the first to know and let us send you an email when Sar Oak Sin- စာအုပ္စင္ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category