𝗞𝗲𝗹 𝗞𝗲𝗹 - 𝗗𝗮𝗶𝗹𝘆

  • Home
  • Myanmar
  • Myeik
  • 𝗞𝗲𝗹 𝗞𝗲𝗹 - 𝗗𝗮𝗶𝗹𝘆

𝗞𝗲𝗹 𝗞𝗲𝗹 - 𝗗𝗮𝗶𝗹𝘆 👉Official Acc- Kel Kel (Moe Myint Aein)
Official Page- Kel Kel-Daily 👈အောက်ပါaccများသာသုံးပါသည်။Accအတုများသတိပြုပါ❗

ရေသောက်လည်း ဝ၊ လေတိုက်လည်း ဝ... ဘာလို့ ဘာမှမစားဘဲ ဝနေရတာလဲအစားလည်း နည်းနည်းလေးပဲ စားတယ် ရေသောက်ရင်တောင် ဝိတ်တက်လာသလိုပဲ ...
08/10/2026

ရေသောက်လည်း ဝ၊ လေတိုက်လည်း ဝ... ဘာလို့ ဘာမှမစားဘဲ ဝနေရတာလဲ

အစားလည်း နည်းနည်းလေးပဲ စားတယ် ရေသောက်
ရင်တောင် ဝိတ်တက်လာသလိုပဲ ဆိုပြီး ညည်းနေတဲ့ သူတွေ ကြားလိုက်ရလေဖြစ်ခြင်း 😁

ဘာစားစား ဝိတ်မတက်တဲ့သူတွေ ရှိသလို၊ဘာမှမစားဘဲ ဝိတ်မကျတဲ့သူတွေ လည်းရှိတယ် ဝိတ်မတက်တဲ့သူတွေအတွက်လည်း တင်ထားပေးပြီးပါပြီ🙂‍↕️

ဒါက နင်တို့ကျကံကောင်းတယ် ဘာစားစား မတက်တာ ဆိုပီး ကံဆိုးကံကောင်းတာ နဲ့ဆိုင်နေဘူးတစိယောက်နဲ့တစ်ယောက်မတူတဲ့ ခန္ဓာကိုယ်ရဲ့ Biological နဲ့ Hormonal System တွေကြောင့်ပါနော်

ဘာကြောင့် ဘာမှမစားဘဲ ဝနေတာလဲ?
Metabolismလုံးဝမကောင်းတာကြောင့်ပါ နားလည်အောင်ပြောရမယ်ဆို အဆီလောင်ကျွမ်းနှုန်းနေတာကိုပြောတာ အငတ်ခံပြီး ဝိတ်ချဖူးတဲ့သူတွေမှာ Metabolism က အရမ်းနှေးတယ် ခန္ဓာကိုယ်က ဆာလာလေ အငတ်ခံလိုက်လေလေ အန္တရယ်ဖြစ်နေပြီ လို့ ထင်ပြီး စားလိုက်သမျှ နည်းနည်းလေးကိုတောင် အာဟာရကိုပါ အဆီအနေနဲ့ ပြောင်းပြီး သိုလှောင်လိုက်လို့ပါ

နောက်တစ်ခုကHormone Imbalanceဖြစ်နေတာပါ Cortisolများရင် ခါးနဲ့ ဗိုက်တွေမှာပဲ့ အဆီတွေက အဓိက လာစုတယ်Carbsကို အသုံးမပြုနိုင်ဘဲနဲ့ အဆီအဖြစ် ချက်ချင်း ပြောင်းပစ်လိုက်တာ

နောက်ရှိသေးတာက Thyroid လည်ပင်းကြီးဟော်မုန်း နည်းနေရင်လည်း ဘာမှမစားဘဲ ဝိတ်တက်လာတတ်တယ် (သတိထားပါရှင်)

ပြီးတော့ရှိသေးတယ် ရေသောက်လို့ ဝတာမဟုတ်ဘူး ငံပြာရည်၊ အချိုမှုန့် Sodiumများတာတွေ စားတာ၊ အိပ်ရေးပျက်တာတွေကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်တွေ ခိုလာပြီး ဖောင်းပွလာတာ

အဲတော့ လုပ်ရမှာက
အငတ်ခံပြီး ဝိတ်ချတာ မလုပ်ပါနဲ့
အစားလျှော့လေ Metabolism ပိုနှေးလေပဲ့
Calorie Deficit ကိုသေချာအောင်လုပ်ပြီး အစားကို အာဟာရ ရှိအောင် စားပါ
Weight Training စလုပ်ပါ Cardio တစ်ခုတည်း လုပ်နေတာထက်Muscleရောက်တက်အောင်လုပ်ပေးမှ Metabolism ပြန်တက်လာပြီး အဆီတွေကို အလိုလို လောင်ကျွမ်းပေးလိမ့်မယ်
အိပ်ရေးဝဝ အိပ်ပြီး စိတ်ဖိစီးမှုတွေကိုလျှော့ပါ
မလိုအပ်ပဲအတွေးတွေ မများကြပါနဲ့ ညဘက် ၇-၈ နာရီပြည့်အောင်အိပ်ရမယ်

ဝိတ်မကျတာ ကနည်းလမ်း မှားနေလို့ မကျတာ ဖြစ်
နိုင်ပါတယ် ငါတော့ဒီတသက်ကျမှာမဟုတ်တော့ဘူးလို့တွေးမနေပဲ kelပြောသလိုလေးကို စပြီး အလေ့အကျင့်လုပ်ကြည့်ပါ

တကယ်လို့ ကိုယ့်ဘာသာ ဘာစားရမှန်းလည်းမသိ တယောင်လည်လည်နဲ့ ဘာဆော့ရမှန်းလည်း မသိ ကိုယ့် body အကြောင်းကိုယ်မသိရင် result မြန်မြန်သိသာချင်ရင် Kel နဲ့ အသေးစိတ် လာတိုင်ပင်လို့ရပါတယ် ကိုယ့်body နဲ့ကိုက်ညီမယ့် သီးသန့် custom progressတွေမလို့ resultရတာ မြန်ဆန်ပြီး အချိန်ကုန် သက်သာမှာပါ

စနစ်ကျတဲ့ Plan နဲ့ သွားရင်တော့ ဘယ်သူမဆို လှလှလေး ဖြစ်လာနိုင်ပါတယ်နော်💖

အဆုံးထိ ဖတ်ပေးလို့ကျေးဇူးပါရှင့်
ကိုယ်တိုင်ရေးသားထားရတဲ့စာတွေဖြစ်လို့ စီးပွားဖြစ် စာများ ကူးယူဖော်ပြခြင်း ခွင့်မပြုပါရှင့်





Weight ဘာကြောင့် မတက်တာလဲ ?Weight မတက်ဘဲ အမြဲကျနေရတဲ့ အဓိကအကြောင်းအရင်းနဲ့ ထိရောက်တဲ့ ဖြေရှင်းနည်း ကို kel sharing လေးလု...
06/10/2026

Weight ဘာကြောင့် မတက်တာလဲ ?
Weight မတက်ဘဲ အမြဲကျနေရတဲ့ အဓိကအကြောင်းအရင်းနဲ့ ထိရောက်တဲ့ ဖြေရှင်းနည်း ကို kel sharing လေးလုပ်ပေးမယ်

❌ပထမဆုံးအနေနဲ့ Weight အမြဲကျနေရတဲ့ အဓိက အမှား တွေက

ကိုယ်က အများကြီး စားတယ်ထင်ပေမဲ့ Calories မပြည့်တာမျိူး ထမင်း အများကြီး စားလိုက်ပေမဲ့ တစ်နေ့လုံးမှာ လောင်ကျွမ်းသွားတဲ့energyထက် စားလိုက်တဲ့ calorieက ပိုနည်းနေလို့ပါ

Protein နဲ့ အဆီကောင်းကောင်း မစားတာ အသား၊ ငါးတွေ ဥ၊ မြေပဲ အစေ့အဆန်တွေ မစားဖြစ်တော့ နည်းပြီး Carbs ချည်းပဲ စားနေတာမျိူး ဥပမာ ထမင်းတွေ ပေါင်မုန့်တွေပဲ အနင်းကန်စားတာကိုပြောတာ

နောက်ဆုံးတစ်ချက် Cardio တွေ အလွန်အကျွံ လုပ်ပြီး အလေးမ မတာတွေ ကျတော့မလုပ်တာ Cardio ချည်းပဲ လုပ်ရင် ပိုပိန်သွားပါလိမ့်မယ် Weight Training မလုပ်ရင် ဘယ်လိုမှ ကြွက်သားထု မတက်လာပါ (ဗလထွက်လာမယ်ယောက်ျားဆန်လာမယ်အယူအဆအလွဲတွေကြောင့်)

✔️အဲတော့ weight တက်အောင်ဘယ်လိုလုပ်ရမလဲ?Weight တက်လာအောင် လုပ်လို့ရမယ့်နည်းလမ်းတွေက
Calorie ကို Surplusနဲ့ စား ကိုယ်ပုံမှန် စားနေကျထက် ၃၀၀ - ၅၀၀ Calories ပိုစားပေး

တစ်နေ့ ၄ - ၅ နပ် ခွဲစား တစ်ခါစားရင် အတင်းထိုးမသိပ်ဘဲ အဓိက အစား ၃ နပ် + High-Calorie Snack (ဥပမာ မြေပဲယို၊ ငှက်ပျောသီး၊ Shake ) ၂ နပ် ခွဲစားပါ

Weight Trainingလုပ်ပါ စားလိုက်တဲ့ အာဟာရတွေ အဆီမဖြစ်ဘဲ ကြွက်သား (Lean Muscle) အဖြစ် ပြောင်းလာဖို့ Weight တက်လာအောင် အလေးမပေးပါ

အနားယူချိန် အပြည့်အဝ ယူပါ ညဘက် ၇ - ၈ နာရီ အပြည့်အဝ အိပ်မှ muscleတွေ တည်ဆောက်ပြီး Weight တက်လာမှာပါ

တကယ်လို့ ကိုယ့်ဘာသာ ဘာစားရမှန်းလည်းမသိ တယောင်လည်လည်နဲ့ ဘာဆော့ရမှန်းလည်း မသိ ကိုယ့် body အကြောင်းကိုယ်မသိရင် result မြန်မြန်သိသာချင်ရင် Kel နဲ့ အသေးစိတ် လာတိုင်ပင်လို့ရပါတယ် ကိုယ့်body နဲ့ကိုက်ညီမယ့် သီးသန့် custom progressတွေမလို့ resultရတာ မြန်ဆန်ပြီး အချိန်ကုန် သက်သာမှာပါ

အဆုံးထိ ဖတ်ပေးလို့ကျေးဇူးပါရှင့်
ကိုယ်တိုင်ရေးသားထားရတဲ့စာတွေဖြစ်လို့ စီးပွားဖြစ် စာများ ကူးယူဖော်ပြခြင်း ခွင့်မပြုပါရှင့်




Gym ဆော့တဲ့ကောင်မလေးတွေ gymသွားတဲ့အခါအရေးကြီးဆုံး Motivation က Outfit ပဲ့ သူများတော့မသိဘူး ကိုယ်ကတော့အဲလိုပဲ ဒါကတော့ ယော...
05/10/2026

Gym ဆော့တဲ့ကောင်မလေးတွေ gymသွားတဲ့အခါအရေးကြီးဆုံး Motivation က Outfit ပဲ့ သူများတော့မသိဘူး ကိုယ်ကတော့အဲလိုပဲ

ဒါကတော့ ယောက်ျားလေးတွေနဲ့ လုံးဝ မတူတဲ့ အချက်ပေါ့ 🥹ကိုယ့်မှာ Gym Outfit တွေ ဘယ်လောက်ပဲများများအသစ်လေး တွေ့လိုက်ရင် လိုချင်ပြန်ပြီ၊ ဝတ်ချင်ပြန်ပြီ

ဘယ်သူ့အတွက်မှတော့ မဟုတ်ဘူး... ကိုယ့်ဘာသာ လှလှလေး ဝတ်ပြီး Gym ဆော့ရရင်ကိုက Motivation အပြည့်ဖြစ်နေတာ

ကိုယ်နဲ့ မလိုက်ဖက်ဘူးလို့ ထင်ရတဲ့ Outfit ဝတ်သွားရတဲ့ နေ့ဆိုရင်တော့ ဆော့ချင်စိတ်တောင် ပျောက်ဆုံးနေသလိုလို...

ဒါကို တချို့ ယောက်ျားလေးတွေက "Gym ဆော့တာပဲ... ၃/၄ ထည် ရှိရင် ပတ်လည်ဝတ်၊ ပိုက်ဆံ ဖြုန်းနေတယ်" လို့ ထင်ကြတယ် သူတို့နားလည်အောင်တော့ ရှင်းပြလို့မရဘူး မိန်းကလေးတွေပဲ့သိတဲ့ လျိူ့ဝှက်ချက်😂

ပိုက်ဆံ ဖြုန်းတယ်လို့ ထင်ရပေမဲ့ ကိုယ်တိုင် စိတ်ချမ်းသာဖို့က ပိုအရေးကြီးတယ် မဟုတ်လား?

လှလှပပ လေး ဝတ်ရစားရရင်ကိုပဲ ဘဝက နေရတာ ပျော်
စရာကြီးလို့ သတ်မှတ်ထားတာ ပိုက်ဆံ ဖြုန်းဖို့ တိုက်တွန်းတာတော့ မဟုတ်ဘူးနော်) 🥹

ကိုယ့်မှာ ပူစရာ ကုန်စရာ မရှိရင်တော့ စိတ်ချမ်းသာသလို သာနေ၊ စိတ်တိုင်းကျ သာလုပ်

အဲလိုမဟုတ်ဘဲ သူများကို ယှဉ်ဖို့အရေး အကြွေးတွေပတ်လည်ဝိုင်းပြီး လိုက်လုပ်နေရရင်တော့... အပြင်ပန်းမှာ ဘယ်လိုပဲ လှအောင်နေနေ စိတ်ထဲမှာ သောကရောက်ရမှာပဲလေ

ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ်တော့ လှသလိုလေးဝတ် စိတ်ချမ်းသာ ပျော်ရွှင် ရအောင်တော့ နေပေါ့

ကိုယ့် ပျော်ရွှင်မှုနဲ့ ကိုယ်၊ လှလှပပလေး Gym ဆော့ကြမယ်! 💪😘




ဒီနေ့ကတော့ " Gym သွားဆော့နေပြီးယောင်လည်လည်ဖြစ်နေတဲ့ သူလေးတွေအတွက်"Gym ဆော့နေတာ ကြာပြီ... ဘာလို့ Body Shape က မထူးခြားသေး...
03/10/2026

ဒီနေ့ကတော့ " Gym သွားဆော့နေပြီးယောင်လည်လည်ဖြစ်နေတဲ့ သူလေးတွေအတွက်"

Gym ဆော့နေတာ ကြာပြီ... ဘာလို့ Body Shape က မထူးခြားသေးတာလဲ?

"ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ဘယ်လို Body Goal မျိုးက လိုက်ဖက်မှာလဲ?" ဆိုတာ မသိဘဲ သူများဆော့တာ လိုက်ဆော့နေမိလား?

ကိုယ်သွားတဲ့ gymမှာကပြပေးတဲ့သူကမရှိလို့ ဒါမှမဟုတိ အကုန်လုံးကို တပုံစံထဲဆော့ခိုင်း လို့ ကိုယ်နဲ့ ဘယ်လို progress သင့်တော်လဲ ဆိုတာမသိတာလား?

"ငါ Gym ဆော့တာလည်း လနဲ့ချီနေပြီ၊ ပင်ပန်းတာပဲ အဖတ်တင်တယ်၊ Shape က လုံးဝ ပြောင်းမလာဘူး" ဆိုပြီး စိတ်ဓာတ်ကျနေပြီလား?

"Weightsတုံးလည်းမ မရဲဘူး၊ ယောက်ျားဆန်ဆန် ဗလတွေ ထွက်လာမှာ ကြောက်လို့" ဆိုပြီး Cardio စက်ပေါ်မှာပဲ အချိန်ကုန်နေလား?

ခန္ဓာကိုယ် အကောက်အဝိုက် မထွက်တာနဲ့ မထူးခြားတာက သေချာနည်းလမ်းမကျတာ တွေနဲ့ ဆော့နေလို့ပါ မိန်းကလေးတိုင်းမှာ ကိုယ်နဲ့ အလိုက်ဖက်ဆုံးနဲ့ အလှဆုံး ဖြစ်လာနိုင်တဲ့ Unique Body Goal တစ်ခုစီ ရှိပြီးသားပါ

Kel Kel ရဲ့ Personalized Custom Gym Plan မှာဆိုရင်
1. Body Type Assessment: ကိုယ့်ရဲ့ လက်ရှိ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ ဘယ်လို Body Goal (Hourglass, Slim-Fit, Tone Shape) မျိုး ရနိုင်မလဲဆိုတာ သေချာ သုံးသပ်ပေးပါတယ်
2. ဗလကြီးတွေ မထွက်ဘဲ ခါးသေး၊ ဗိုက်ချပ်၊ တင်ပဆုံ ကောက်ကြောင်းလှလှလေး ပဲ့ဖြစ်
3. ချင်တဲ့ မိန်းကလေးတွေအတွက် Routineမျိူးလဲရပါတယ်
4. သူများတွေ လုပ်နေတဲ့ Plan မဟုတ်ဘဲ ကိုယ့်ရဲ့ Lifestyle, Body Goal အလိုက် သီးသန့် ရေးဆွဲပေးတဲ့ 1-on-1 Plan ဖြစ်လို့ ရလဒ်က သိသိသာသာ မြန်ဆန်ပါတယ်ရှင့်

မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ အချိန်နဲ့ အားစိုက်ထုတ်မှုတွေကို မဖြုန်းတီးနဲ့တော့နော် ကိုယ်နဲ့ အကိုက်ညီဆုံး Custom Plan ကို ရွေးချယ်ပြီး အလှဆုံး ခန္ဓာကိုယ်ကို စတင် တည်ဆောက်လိုက်ရအောင်ရှင့်💪

ကိုယ့် Body Goal နဲ့ သင့်တော်မယ့် Custom Plan အကြောင်း အသေးစိတ် မေးမြန်းလို့ရပါတယ်
ဒီလအတွက် (14-30days) ရွေးချယ် စာရင်းပေးလို့ရပါဦးမယ်ရှင်




ပိန်လို့ ဝလို့ အနိမ်ခံရတဲ့ ခံစားချက်က မင်းကိုယ်မင်း ပြောင်းလဲဖို့ အကောင်းဆုံး Moti ပဲ့ ကိုယ်တိုင်လုပ်မှ ကိုယ်တိုင် ပြောင...
02/10/2026

ပိန်လို့ ဝလို့ အနိမ်ခံရတဲ့ ခံစားချက်က မင်းကိုယ်မင်း ပြောင်းလဲဖို့ အကောင်းဆုံး Moti ပဲ့

ကိုယ်တိုင်လုပ်မှ ကိုယ်တိုင် ပြောင်းလဲမှာ ကံကောင်းလို့ ရလာတဲ့ အထဲမှာ muscle တွေမပါဘူး ......

02/10/2026

Less talk, more action. Put in the work today and build a stronger version of you today. Why not you?




မြိတ်မှာ ph လိုင်းတွေ ပြန်ပျက်နေပါတယ်ရှင့်(ဒီနေ့ မြိတ်ပြန်မလို့ပါ) ဘယ်ချိန်internet လိုင်း ရော ထပ်ပြန်ပျက်မလဲ မသိလို့ ပျ...
30/09/2026

မြိတ်မှာ ph လိုင်းတွေ ပြန်ပျက်နေပါတယ်ရှင့်(ဒီနေ့ မြိတ်ပြန်မလို့ပါ)

ဘယ်ချိန်internet လိုင်း ရော ထပ်ပြန်ပျက်မလဲ မသိလို့
ပျက်သွားရင် clientတွေကို စာပို့ဖို့ကို မရတော့လို့ ကြိုတင်ပေးထားတာပါရှင့်

( လောလောဆယ် airport မှာ သောင်တင်နေပါတယ် လေယာဉ်ချိန်ရွေ့လို့🥹)


FOE S-3 က ဆရာကြီး ၂ယောက်နဲ့ ပြန်ဆုံ ⚽️+💪🏻
28/09/2026

FOE S-3 က ဆရာကြီး ၂ယောက်နဲ့ ပြန်ဆုံ ⚽️+💪🏻



27/09/2026

Vdလေးရိုက်ပေးတဲ့သူရှိလို့ ကိုယ်အကောင်းဆုံးကြိုးစားခဲ့တာလေး ချစ်တဲ့သူတွေကို ချပြခွင့် ရတယ်

Judge ရကံကောင်းပါစေလို့ ဆုတောင်းနေရမှာကို
မပြိုင်ခင် သွေးပူလေးလုပ်လိုက် vd လေးရိုက်လိုက်နဲ့ 🤭

ဘာဖြစ်ဖြစ် အပြီးထိ အကောင်းဆုံးထိန်းပြီး မှန်"ကန်" နဲ့ လုပ်နိုင်ခဲ့လို့ " i'm so proud of myself for not giving up."



26/09/2026

RedBull Power Race ကဒိုင်တွေရော တာဝန်ရှိသူတွေရော သေချာသိစေချင်ပါတယ် video ကိုကြည့်ပါနော်
ဘာအကြောင်းကြောင့်အဲလိုမျိူး လုပ်လဲဆိုတာ မသိပေမယ့်ပေါ့ ဒါကြောင့်မေးချင်လို့ပါ

ဘေးက သူတွေ ရင်ဖတ်ထိဖို့ဝေး form ကပုံအရမ်းကိုပျက်နေတာ reps ပေးပြီး ညမထက်ကို အရင်စောပြီး finisher ဖြစ်သွားတာပါ ရင်ဖတ်ထိမှရမယ်ဆိုရင် အကုန်လုံးကိုထိခိုင်းပါလားရှင်🙏

ပထမဆုံး စပြောချင်တာ kel အများဆုံး မှန်းထားတဲ့အချိန်တောင် ၈မီနစ်ပါ ကိုယ်မပြိုင်ခင် micနဲ့ ရှင်းပြတဲ့အစ်မက "တင်ပါးမထောင်နဲ့ ရင်ဖတ်အတိအကျထိစရာမလိုဘူးနီးကပ်လောက်တဲ့အခြေနေဆိုရပြီ" micကြီးနဲ့ပြောလို့ အကုန်ကြားပါတယ် ဒါတောင်မှ kel ဒိုက်ထိုးတာ ရင်ဖတ်က ကပ်ထားတဲ့စက္ကူနဲ့တောင် မြေကြီးထိနေပါတယ်🙏

အဲတော့ ဘာကပြသနာလဲဆိုရင် ကိုယ့်နဲ့ကျတဲ့ဒိုင်က kel ကိုရင်ဖတ်နဲ့မြေကြီး ထိမှာ repsယူပေးမယ် တဲ့ ဘေးကဒိုင်တယောက်က ပြောကူတယ် ယူလို့ရတယ်လေ့ ဆိုပြီး ဒါတောင်သူက စက္ကူနဲ့ပဲ့ထိနေတာ ရင်ဖတ်နဲ့မထိလို့ မပေးနိုင်ဘူး မရဘူး လို့သူ့ပါးစပ်ကပြောတာပါ (ဝတ်ထားတဲ့အင်္ကျီကအကပ်ပါ t shirtအပွတောင်မဟုတ်🙏အဲဒါ စက္ကူထိလို့ မရဘူးဆို အောက်ထိ အိပ်ချပီး ထပေးရမာလား?)

ပုံမှန် လက်သီးတစ်လုံးစာထိရင် full push up လို့သတ်မှတ်ကြပါတယ် Kel လက်နစ်လုံးပဲ ကွာတာပါ တခြားလူတွေ half push upထိုးပြီး ငါ့ကျ ကြမ်းပြင်ထိမှတစ်ချက်ဆိုတော့???
(အပြင်မှာပြောတော့တမျိူး အထဲ ကjudge ကတစ်မျိူးသူတို့အချင်းချင်း တမျိူးစီ)

သူက သေချာတဲ့ judge မလို့ အဲလို စည်းကမ်းရှိတယ် ထားပါတော့ အရည်အချင်းမပြည့်မီလို့ ကိုယ်လုပ်တဲ့ form က မှားနေတယ် ဆိုစေဦးတော့ မြေကြီးနဲ့ထိကိုထိမှရမယ်ဆိုစေဦး လက်ခံတယ်

အဲတော့ အဓိကပြောချင်တာလာပါပြီ အကုန်အဲလို အတူတူ စည်းကမ်းထားလေ ဘေးက ကိုယ့်ထက် form မမှန် တံတောင်ကို မဆိုစလောက်လေး ကွေးတဲ့သူက ဘာလို့ repsပေးပြီး ကိုယ့်ထက်အစောပြီးသွားရတာလဲဟင်
(ကြပ်ရမယ့်သူကကြပ်ရမယ် မကြပ်ရမယ့်သူကမကြပ်ရဘူး အဲလိုခွဲထားတာမျိူးသီးသန့်ရှိသေးတာလား?)

ဒီလောက်အဆင်မပြေတာကို ဒိုင်လက်ကိုကြည့်ပါ count နိပ်ပေးနေပါတယ် ညမဒိုင်ကျတော့ video မှာသာကြည့်ပါ အချက်တိုင်း လက်တားပြီး No reps အမြဲပြောနေတာပါ 30လောက် ထိုးပြီးတာတောင် ၁၀ကြိမ်ပဲ့ရှိသေးတယ်ပြောပါတယ် တမင်တကာကြာအောင် လုပ်နေသလိုပါပဲ့

အရှေ့က ၃၀ လုံးမယူပေးတော့ kel total 70/80လောက် ဒိုက်ထိုးရပါတယ် အဲ့မာ ၄မီနစ်ကြာသွားတာပါ လူက weakဖြစ် နောက်၄၀ကျော်မာ form အရမ်းပျက်ပြီး ပုံပျက်ပန်းပျက် ကိုဖြစ်လာတယ် မနိုင်တော့ဘူး ဆိုမှ countပေးပါတယ်

အဲမာ စိတ်ဓာတ်ကျပြီး ဆက်တောင်မပြိုင်ချင်တော့တဲ့အထိ ဖြစ်ပေမယ့် ပြီးအောင်ပြိုင်ခဲ့ပါတယ်

မကျေနပ်တာက ဒိုင်တွေပါ ဒိုင်တွေကိုဘယ်လိုလုပ်ခိုင်းထားလဲ ကျမ သေချာမသိပါဘူး ကိုယ့်လိုသူတွေအတွက် ဘယ်လောက်ထိနစ်နာသွားလဲ ဆိုတာ သိစေချင်တယ်

ကြပ်တဲ့သူကြပ်မယ် မကြပ်တဲ့သူမကြပ်ဘူးဆို မတရားဘူးလေ့နော်

micနဲ့ ပြောတဲ့ အစ်မက ထိစရာမလိုဘူး နည်းနည်းလေးကွာရင်ရပီပြောတယ် ဒိုင်ကကျ သူ့ပါးစပ်ကို က ပြောတာပါ ရင်ဘတ်မြေကြီး မထိဘူး ထိမှreps ဆိုပြီးပြောတာပါ(တမျိူးစီဖြစ်နေလို့ပါ)

စိတ်တိုပြီး မျက်ရည်တောင်ကျမိပါတယ် ( ညမလိုသာအကြပ်ခံရမယ် ဆို သူတို့တွေ ဒီတသက်ပန်းတောင်ဝင်မှာ မဟုတ်ဘူး)

အစထဲက အဲလို ပွဲတွေကို မပြိုင်ချင်တာပါ ပြိုင်မိတာကိုလည်းနောင်တ ရမိပါတယ်

သူတို့ကိုခေါ်ပြီး vd ပြပြောပြမလို့ ခေါ်ခဲ့ပေမယ့် အလုပ်ပီးမှ ပြောမယ်ဆိုပြီး တမင်ရှောင် နားမထောင်ပေးလို့ အရှည်ကြတွေ မရှင်းချင်တော့တာ နဲ့ လိုင်းပေါ်တင်လိုက်တာပါ

ရင်တွင်းဖြစ် တကယ်စိတ်မကောင်းပါ ပြဿနာလည်းမဖြစ်ချင်ပါ တခြားမြို့ ကနေတောင် တကူးတက လာပြိုင်ရတာ မလို့ ပိုက်ဆံကုန် အချိန်ကုန် အားကုန် မတန်တဲ့ ဒီလိုပွဲမျိူး ပြိုင်မိတာ နောင်တရ ပါတယ် !

(အပျော်ပြိုင်ပွဲလို့ ပြောပါတယ် ဒါကြောင့် အားလုံးကို finisherဖြစ်စေချင်ပြီး လုပ်နိုင်သူကိုအရမ်း ကြပ်ပြီး မလုက်နိုင်သူကို formမှားလည်း ယူပေးဖို့မှာထားလို့ပါတဲ့ )
ကိုယ်ကတော့အရမ်းကြပ်ခံရတဲ့ချိန်မာ တဖက်က form မှားနေပြီး ခဏနဲ့ finisher ဖြစ်သွားလို့ serious ဖြစ်သွားတာပါ

အပျော်ပြိုင်ပွဲမဟုတ်ပဲ တကယ်အရည်အချင်းရှိတဲ့သူတွေ ကိုရွေးပြီး international မှာသွားပြိုင်မို့ စီစဉ်ပေးတဲ့ပွဲ ထင်လို့seriousဖြစ်ပြီးလာပြိုင်တာပါ မှားတာရှိ ဝန္ဒာမိ ပါ🙏

To the organizers, judges, and official team of the RedBull Power Race

I am sharing this statement along with video evidence to highlight the serious inconsistencies and unfair judging standards I experienced during the competition.

Contradictory Rules & Double Standards
Before the event, the official announcer clearly stated via microphone "You do not need your chest to touch the floor completely—getting close enough is sufficient."
I adhered strictly to this instruction. However, my assigned judge enforced a completely different rule, refusing to count my reps unless my chest touched the ground, despite the paper attached to my chest making contact with the floor. Meanwhile, adjacent competitors were granted full reps for half push-ups and proper form violations, finishing way ahead of time.

Physical Toll and Unfair Disadvantage
Due to strict 'No Reps' calls on my first 30 push-ups, I was forced to perform nearly 70 to 80 push-ups in total just to get a official count of 10. This wasted over 4 minutes, causing extreme fatigue and physical exhaustion. While my form naturally deteriorated due to exhaustion, counts were only then slowly awarded.

Lack of Accountability from Officials
I made a genuine attempt to address this directly with the organizers after the event using video proof, but my concerns were dismissed and avoided. The explanation provided that it was a 'fun race' where capable athletes were judged more strictly while others were excused is completely unacceptable and unfair to anyone who trained seriously.

Traveling from another city, investing time, money, and intense preparation for what I believed to be a professional platform, I am deeply disappointed by this experience. I hope the organization addresses these systemic judging issues to ensure fair play for all athletes in the future.




Address

Yangon
Myeik
BKK

Telephone

+959260651054

Website

Alerts

Be the first to know and let us send you an email when 𝗞𝗲𝗹 𝗞𝗲𝗹 - 𝗗𝗮𝗶𝗹𝘆 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share