16/04/2022
ကလေးတွေကို Smart ဖြစ်အောင် ဘယ်လို ပြုစုပျိုးထောင်ပေးမလဲ? ✅👶🏻
❌ ကလေးတွေကို တန်ဖိုးကြီးတဲ့ ကစားစရာတွေ ဝယ်ပေးမှ၊ ကျောင်းစောစောထားပေးမှ Smart ဖြစ်လာမှာ မဟုတ်ပါဘူး။
✅ ကလေးတွေကို မွေးကတည်းကနေ ဦးနှောက်၊ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းကောင်း ဖွံ့ဖြိုးစေနိုင်ဖို့အတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်ပြီး သေချာ အချိန်ပေး သူနဲ့စကားတွေပြောပြီး သူပြောတာလေးတွေ သေချာလေး နားထောင်ပေးရင်ကို ကလေးတွေ Smart ဖြစ်လာနိုင်ပါတယ်။
💐 မိဘတွေအနေနဲ့ ကလေးရဲ့ ဘဝမှာ ဥယျာဉ်မှူးတစ်ယောက်လိုပဲ ကိုယ်စိုက်ထားတဲ့ အပင် ကိုနေ့စဉ် ရေလောင်း၊ မြေဩဇာထည့်ပေး၊ သူရှင်သန်ဖို့ရာအတွက် လိုအပ်တဲ့အရာတွေအကုန်လုံးဖြည့်ဆည်းပေးပြီး အချိန်တန်ရင် ပွင့်လာမယ့် ပန်းလေးတွေကို စိတ်ရှည်ရှည်နဲ့ စောင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ Post လေးမှာတော့ မိဘတွေအနေနဲ့ ကိုယ့်ကလေး Smart ဖြစ်အောင် ဘေးကနေ ဘယ်လိုတွေ Support လုပ်ပေးနိုင်သလဲ ဆိုတာလေးတွေကို Share လုပ်ပေးလိုက်ပါတယ်ရှင်။
1. ကလေးတွေကို သူတို့နားမလည်နိုင်သေးတဲ့ အရွယ်ကနေစပြီး စာတွေ ဖတ်ပြပါ။
2. ကစားတဲ့အခါမှာ ကလေး စိတ်ကူးရှိသလို လွတ်လွတ်လပ်လပ်ပေးဆော့ပါ။ ( ကလေးအတွက် Safe ဖြစ်စေဖို့တော့ဂရုစိုက်ပေးပါ)
3. ကလေး အမှားတွေ လုပ်မိရင် ဒီအမှားတွေကနေ သင်ခန်းစာယူတတ်အောင် သင်ပေးပါ။
4. ကလေးရဲ့ အသက်အရွယ်အလိုက် ကိုယ်ခန္ဓာလှုပ်ရှားမှု အလုံအလောက်ရှိစေဖို့ Physical activity တွေ လုပ်ခိုင်းပါ။ တတ်နိုင်သလောက် Screen time တွေ လျှော့ချပေးပါ။
5. အိမ်အလုပ်တွေ ကူလုပ်ခိုင်းပါ။
6. အသက်အရွယ်အလိုက် အိပ်ချိန်အလုံအလောက်ရှိအောင် ၊ အချိန်မှန်အိပ်တတ်တဲ့ အကျင့်ရှိအောင် ကျင့်ပေးပါ။
7. ကလေးရဲ့ ဉာဏ်ရည်ထက်မြက်နေစေဖို့အတွက် ဦးနှောက်ကို Challenge လုပ်နိုင်မယ့်၊ ပြသနာတွေကို ဖြေရှင်းရတဲ့ ကစားနည်းတွေကို သူနဲ့အတူတူ ကစားပေးပါ။ (ဥပမာ- Chess, Monopoly)
8. သူတပါးကို ကူညီတတ်အောင်၊ သနားကြင်နာတတ်အောင် သင်ပေးပါ။ အလှူအတန်းတွေမှာ သူလုပ်ပေးနိုင်သလောက် ပါဝင်ခိုင်းပြီး Volunteer အလုပ်လေးတွေကိုလည်း လုပ်ဖို့တိုက်တွန်းပါ။
9. ကလေးတွေရဲ့ မေးခွန်းတွေ ၊ သူတို့ဘာအကြောင်းတွေ သိချင်နေတယ်ဆိုတာ မေးလာရင် သူတို့သိချင်တဲ့ အကြောင်းအရာတွေကို သေချာရှင်းပြပါ။ ကိုယ်မသိရင် လေ့လာပြီး ပြန်ရှင်းပြပါ။
10. ကိုယ်နဲ့ စကားပြောတဲ့အချိန်မှာ ကလေးပြောနေတာတွေကို အလေးပေးပြီး အရေးတယူ နားထောင်ပေးပါ။
11. ပြသနာတခုခုဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ Emotions တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရသလဲဆိုတာ ကလေးကို ကောင်းကောင်းနားလည်အောင် ၊ မိဘအနေနဲ့ ကိုယ့် emotions တွေကို Handle လုပ်တဲ့အခါမှာ စံပြကောင်းအနေနဲ့ အရှေ့ကနေ ကောင်းကောင်း Handle လုပ်ပြပါ။
12. ကလေးရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးစေဖို့ အာဟာရရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ နေ့စဉ်ကျွေးပါ။
13. အိမ်နဲ့ကျောင်းအပြင် ကလေးကို အပြင်လောကနဲ့ များများထိတွေ့ပေးပါ။ (ဥပမာ- တောင်တက်တာ၊ ပျော်ပွဲစားထွက်တာ etc.)
14. ကလေးကို လိုအပ်တာထပ် ပိုမကာကွယ်ပေးပါနဲ့။
15. ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးပါ။ ကိုယ့်ဝေယျာဝစ္စ ကို လုပ်တတ်အောင် သင်ပေးပါ။
16. ကလေးအတွက် Safe ဖြစ်ပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဖြစ်အောင် ဖန်တီးပေးပါ။
❗️မိဘတွေအနေနဲ့ ကိုယ့်ကလေးကို တခြားကလေးတွေနဲ့ Compare လုပ်တာတွေကို ရှောင်သင့်ပါတယ်။ ကလေးတွေက သူ့အရည်အချင်းနဲ့သူရှိပြီးသားပါ။ ကလေး တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ မတူနိုင်ပါဘူး။ အခုခေတ်မှာ ဆရာဝန်တွေ ၊ အင်ဂျင်နီယာတွေမှ အောင်မြင်တာမဟုတ်ပါဘူး။ ကိုယ့်ကလေးက စွန့်ဦးတီထွင်တဲ့သူဖြစ်နိုင်သလို၊ သူစိတ်ဝင်စားတဲ့အရာတွေကို အောင်မြင်အောင် လုပ်နိုင်တဲ့သူလည်းဖြစ်နိုင်ပါတယ်။
ကလေးစိတ်ဝင်စားတဲ့အရာတွေကို သတိထားလေ့လာပြီး သူအကောင်းဆုံး Grow ဖြစ်နိုင်ဖို့ မိဘအနေနဲ့ ပံ့ပိုးပေးနိုင်တာ အကောင်းဆုံးပံ့ပိုးပေးပါ။ ကလေးတွေ Smart ဖြစ်ဖို့ရာအတွက် မိဘရဲ့ အခန်းကဏ္ဍက အရမ်းကို အရေးကြီးပါတယ်။ ဒါမှ နောင်လာမယ့် Next Generation ကို Smart ဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်ပါတယ်။
Poe Phyu page မှ ကူးယူဖော်ပြသည်။