13/04/2026
ဒီ shampoo 2 ဘူးလုံးက ကိုယ်နဲ့သိပ်အဆင်ပြေတာ။
2 မျိုးလုံးကလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ပြီး အဆင်ပြေလို့ review ရေးထားတာတွေချည်းပဲ။ တစ်ပတ်ကို ၂-၃ ခါလောက်လျှော်တာကို ဦးရေပြားခြောက်တာမရှိဘူး။ oily scalp မို့လည်း ဖြစ်မယ်။ အရင်က loreal က ခရမ်းသုံးတာ။ တဖြည်းဖြည်းဆံသားအရမ်းကြမ်းပြီး ဖွာလာလို့ ဒါကိုပြောင်းသုံးတာ။ အရမ်းအဆင်ပြေ။ ဆံသားလည်း သိသိသာသာကို ခြောက်တာသက်သာလာတာ။ မကောင်းတာက နှစ်ခုလုံးက ဦးရေအဆီပြန်တာအတွက် အလုပ်မဖြစ်ဘူး။ Loreal ခရမ်းအကြည်ထက် နည်းနည်းအဆီပြန်တာပိုအဆင်ပြေပေမဲ့ ဒီနေ့လျှော်၊ မနက်ဖြန်ဆိုရင် အဆီစပြန်ပြီ။ နွေဆို ချွေးလည်းထွက်တော့ အဆီနဲ့ချွေးပေါင်းပြီး ဆံပင်က ပိုကပ်လွယ်တယ်။ အဲ့တော့ ဦးရေပြားအဆီပြန်တာအတွက် ရှာနေရင် နှစ်မျိုးလုံးကို မရွေးချယ်နဲ့။ အလုပ်သေချာပေါက်မဖြစ်ဘူး။
ပုံမှန် cleansing ကောင်းပြီး၊ သုံးပြီးရင်ဆံပင်မခြောက်တာမျိုးရှာနေတဲ့သူလောက်ပဲ အဆင်ပြေတယ်။ ယားတာ၊ယံတာ၊ဆံပင်ကျွတ်တာသည် ဒီ shampoo တွေက စာဖတ်သူတွေရဲ့ဦးရေပြားနဲ့ မတည့်တာပါ။ မှတ်ထားဖို့က မျက်နှာထက် haircare products တွေ ရွေးချယ်ရတာ ပိုခက်တယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း တည့်မတည့်ခြင်းမတူသလို၊ ရလဒ်ကွဲနိုင်တယ်။
ဆိုတော့ ကိုယ့် review ကို share ပြီး "ရောင်းရမလား၊မရောင်းရဘူးလား၊ review တွေက တစ်ယောက်တစ်ပေါက် ပြောတာ မြင်လိုက်လို့" ဒီစာကို response တစ်ခုအနေနဲ့ ရေးတာ။ toxic ingredient ပါလို့ ရှောင်ခိုင်းတာမျိုးမဟုတ်ဘဲ၊ ဦးရေပြားပေါ်မူတည်ပြီး ရလဒ်ကွဲသွားတာပဲ။ loreal လို brand က ဘာမှအရည်အသွေးပိုင်း စိတ်မချစရာမရှိဘူး။ review ရေးကတည်းက တည့်မတည့်က ကိုယ့်ဦးရေဆံသားပေါ်ပဲမူတည်တယ်၊ ဘူးသေးအရင်သုံးကြည့်၊ ယားယံတာ၊ဆံပင်ကျွတ်တာဆို မတည့်တာလို့ ထပ်ခါတလဲလဲပြောခဲ့တာမို့ ကိုယ့် reader တွေကတော့ စဉ်းစားချင့်ချိန်တတ်ကြပါတယ်။ အရမ်းကောင်းတယ်၊ ဝယ်ကိုဝယ်သုံး၊ လွန်လွန်ကျွံကျွံ over တွေထည့်ရေးထားတာမျိုးကို ဖတ်မိပြီး ဝယ်ရင်တော့ မပြောတတ်။
ဆိုတော့ Haircare products တွေရဲ့ result သည် တစ်ယောက်နဲ့တစ်ယောက် differ ဖြစ်တတ်တာပုံမှန်ပဲ။ ကိုယ့်ဟာကိုယ် ဝယ်သုံးကြည့်မှပဲ သိမယ်။ ဗောက်ပေါက် shampoo ချင်းအတူတူဆိုရင်တောင် တစ်ယောက်က ketoconazole မှ အဆင်ပြေတာလား၊ တစ်ယောက်က selenium sulfide မှ ပြေတာလား၊ တစ်ယောက်က zinc pyrithione မှ ပြေတာလား၊ အများကြီးကွဲတတ်သေးတာ၊ ဒါမျိုးက ဖြစ်တတ်ပါတယ်။ နှစ်ဘူးလုံးက မြန်မာမှာဝယ်တာတော့မဟုတ်၊ Watsons ,boots ကနေ တိုက်ရိုက်ဝယ်ထားတာ။ bad review ရေးတယ်ဆိုတိုင်းလည်း ပစ္စည်းကအရည်အသွေးမကောင်းတာမဟုတ်၊ တစ်ခါတစ်လေ ကိုယ်နဲ့အဆင်မပြေတာသာ ဖြစ်တယ်။
Let’s care with
Juliee,
ပုံတွေနဲ့စာသားများအား ပြန်လည်ကူးယူတင်တာ ဆင်တူရိုးမှားပုံတွေစာတွေ copy တာမျိုးလုံးဝမှခွင့်မပြု။