08/12/2019
တစ်နေ့တစ်နေ့ လုပ်ငန်းခွင်မှာ ပင်ပန်းမှုများပြေပျောက်ရန် နိုးကြားစေရန်ဆိုပီး နေ့လယ်နေ့ခင်းတွေဆို ကော်ဖီကိုတော်တော်များများက သောက်သုံးတတ်ကြပါတယ်။ အဲ့ဒီလို အကြောင်းပြချက်တွေနဲ့ ကော်ဖီ သောက်သုံးနေကြသူတွေ မနည်းလှပါဘူး။ အဲ့ဒီလို ကော်ဖီသောာက်သုံးမှုတွေကြောင့် ကြာလာရင် အိပ်စက်မှုပုံစံမမှန်ခြင်း၊ သွားများအရောင်ပြောင်းလာခြင်း စတာတွေ ဖြစ်လာစေပါတယ်။ဒါကြောင့် ကော်ဖီိကို မနက်ပိုင်းတစ်ခွက် သောက်ပီးတာနဲ့ ကျန်တဲ့အချိန်များတွင် ထပ်မံမသောက်သုံးတော့ပဲ ကော်ဖီအစား လက်ဖက်ရည်ကြမ်းသောက်ပေးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိမှာဖြစ်ပါတယ်။
1. လက်ဖက်ရည်ကြမ်းသောက်ပေးခြင်းဖြင့် ခန္ဒာကိုယ်တွင်း အရည်ဓါတ်ကို ဖြည့်တင်းပေးနိုင်ပီး ရာသီဥတုပူပြင်းတဲ့ အချိန်တွေမှာ ချွေးထွက်လွန်ခြင်းကြောင့် အရည်ဓါတ်ဆုံးရှုံးမှုတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
2. သုတေသနပြုလုပ်ချက်တွေအရ လက်ဖက်ရည်ကြမ်းဟာ အချို့သော ကင်ဆာအကျိတ်များ ဖြစ်ပေါ်မှုကို ကာကွယ်နိုင်ကြောင်းတွေ့ရှိရပြီး လက်ဖက်ရည်ကြမ်းတွင် ကင်ဆာဆဲလ်ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်သော ဓါတါပစ္စည်းများနှင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပိုမိုပါဝင်တာကို တွေ့ရပါတယ်။
3. ကော်ဖီသောက်သုံးခြင်းဟာ ကြာလာရင် စိတ်ဓါတ်ကျဆင်းခြင်းကို ဖြစ်ပေါ်စေတတ်ပီး လက်ဖက်ရည်ကြမ်းမှာမူ ခန်ဓာကိုယျနှင့် ဦးနှောက်ကို တည်ငြိမ်လန်းဆန်းစေပါတယ်။
4. လက်ဖက်ရည်ကြမ်းမှာ ကော်ဖီထက် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပိုမိုပါဝင်တာမို့လို့ လူကို တနေကုန်လန်းဆန်းစေနိုင်ပါတယ်။
5.လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းဟာ ကိုယ်တွင်းဇီဝဖြစ်စဉ်များကို လှုံ့ဆော်ပေးတဲ့အတွက် ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။ ဝိတ်ထိန်းတဲ့သူတွေ ဝိတ်ချလိုသူတွေ သောက်သုံးပေးသင့်ပါတယ်။
6.လက်ဖက်ရည်ကြမ်းဟာ ကော်ဖီလို သွားဝါခြင်းတွေ မဖြစ်ပေါ်စေပဲ သွားကြွေလွှာကိုလည်း မပျက်စီးစေပါဘူး။
7.လက်ဖက်ရည်ကြမ်းသောက်ခြင်းဖြင့် ရောဂါကာကွယ်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။စိတ်ဓါတ်ကျဆင်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ကြောင်းကို သိပံ္ပနည်းကျ သက်သေပြပီး ဖြစ်ပါတယ်။
8. သြစတြီးယားတွင် သုတေသနလေ့လာချက်အရ လက်ဖက်ရည်ကြမ်း ပုံမှန်သောက်ခြင်းဖြင့် အရိုးများပိုမိုသန်စွမ်းစေပြီး အရိုးပွရောဂါကိုလည်း ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါတယ်။
9. နောက်ဆုံးတချက်ကတော့ လက်ဖက်ရည်ကြမ်းသောက်ဖို့ဆို ရေနွေးဆူဆူနဲ့ လက်ဖက်ခြောက်ထုပ်ရှိရုံနဲ့ လွယ်ကူရိုးရှင်းစွာသောက်သုံးနိုင်တာပဲ ဖြစ်ပါတယ်။
to original writer
photo credit