Golden Land bookshop

Golden Land bookshop 09-771274360, 09-977188736

စာအုပ်အမည် - နောက်ဆုံးနတ်သူငယ်စာရေးသူ -နိုင်းနိုင်းစနေ        ဒီစာအုပ်လေးကတော့ စာရေးဆရာ Silvana De Mari ရဲ့ “The Last El...
30/04/2025

စာအုပ်အမည် - နောက်ဆုံးနတ်သူငယ်
စာရေးသူ -နိုင်းနိုင်းစနေ

ဒီစာအုပ်လေးကတော့ စာရေးဆရာ Silvana De Mari ရဲ့ “The Last Elf “ ဆိုတဲ့စာအုပ်ကို ဘာသာပြန်ထားတဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ် ..

အပိုင်း(၂) ပိုင်းပါဝင်ပြီး အခန်းတိုင်းမှာ အချိတ်အဆက်မိမိနဲ့ လက်ကမချချင်လောက်အောင် ဖတ်လို့ကောင်းတဲ့စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ် ..

ဒီစာအုပ်လေးထဲမှာ နတ်သူငယ်လေး ရော့ရ် ရဲ့ ရိုးသားမှုနဲ့ လောကကြီးအပေါ်ရှုမြင်ပုံကို လေးစားစွာတွေ့မြင်မိပါတယ် ..

မျှော်လင့်ချက်ပျောက်ဆုံးနေသူ ၊ မျှော်လင့်ချက်အလင်းကိုတောင့်တနေသူတွေအတွက် ဖတ်သင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါ 😍

“စိတ်ကူးအိပ်မက်ကို အားပိုစိုက်မယ်၊ပိုလုပ်မယ်၊မိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိမယ်ဆိုရင် ကိုယ့်မျှော်လင့်ချက်က အကောင်အထည်ပေါ်နိုင်တယ် “ ..

Land Bookshop

အမြဲထပ်တလဲလဲ ဖတ်ဖြစ်တဲ့ စာအုပ်. ၃ အုပ်..တစ်ခါဖတ် တစ်ခါအကျိုးရှိတဲ့ စာအုပ်တွေပါ..မှာချင်ရင် Hello လိုက်နော် ( ဒါမှမဟုတ် )...
28/12/2024

အမြဲထပ်တလဲလဲ ဖတ်ဖြစ်တဲ့ စာအုပ်. ၃ အုပ်..
တစ်ခါဖတ် တစ်ခါအကျိုးရှိတဲ့ စာအုပ်တွေပါ..
မှာချင်ရင် Hello လိုက်နော် ( ဒါမှမဟုတ် ) cb လာခဲ့နော် ..

09-771274360 /09-977188736

ယနေ့ထွက်ရှိသောစာအုပ်များနှင့်ပြန်လည်ရရှိနိုင်သောစာအုပ်များ...📖📚  myingyan မြို့တွင်းဆို အိမ်အရောက် deli serviceရှိပါတယ်ရ...
18/12/2024

ယနေ့ထွက်ရှိသောစာအုပ်များနှင့်ပြန်လည်ရရှိနိုင်သောစာအုပ်များ...📖📚


myingyan မြို့တွင်းဆို အိမ်အရောက် deli serviceရှိပါတယ်ရှင့်...
09771274360
09977188736

မှာယူရရှိနိုင်သောစာအုပ်များ.... မြင်းခြံမြို့တွင်းဆိုအိမ်အရောက်deliပို့ပေးပါတယ်ရှင့်  /7days0977127436009977188736Myingy...
13/12/2024

မှာယူရရှိနိုင်သောစာအုပ်များ....

မြင်းခြံမြို့တွင်းဆိုအိမ်အရောက်deliပို့ပေးပါတယ်ရှင့်

/7days
09771274360
09977188736
Myingyan

🤗✅ အသစ်ပြန်လည်မှာယူနိုင်သောစာအုပ်များ✅🤗   /4week
01/03/2024

🤗✅ အသစ်ပြန်လည်မှာယူနိုင်သောစာအုပ်များ✅🤗


/4week

🦋💚 ကလေးတို့အကြိုက်ပီတာပန်နဲ့ ပြန်လည်မှာယူနိုင်သောစာအုပ်များ ✅🤗   /4week
01/03/2024

🦋💚 ကလေးတို့အကြိုက်ပီတာပန်နဲ့ ပြန်လည်မှာယူနိုင်သောစာအုပ်များ ✅🤗


/4week

Small Things Like These နှင့် Claire Keeganသည်ဝတ္ထုကလေးဟာ တစုံတယောက်အကြောင်း မဟုတ်သလို တစုတဖွဲ့ အကြောင်းလည်း မဟုတ်ပါ။ အိ...
01/03/2024

Small Things Like These နှင့် Claire Keegan

သည်ဝတ္ထုကလေးဟာ တစုံတယောက်အကြောင်း မဟုတ်သလို တစုတဖွဲ့ အကြောင်းလည်း မဟုတ်ပါ။ အိုင်ယာလန်၏ ဘုရားကျောင်း ပင်မင်းလုပ်ငန်း များသည် ၁၉၉၆ ခုနှစ်တွင်မှ အဆုံးသတ်သွားခဲ့ခြင်း ဖြစ်သည်။ အမျိုးသမီး ကြီးကြီးငယ်ငယ် ဘယ်ရွေ့ ဘယ်မျှ ပျောက်ဆုံးသွားသည်၊ ဘယ်ရွေ့ ဘယ်မျှ အကျဉ်းချ ခံထားရသည်ကို ဘယ်သူမှ မသိနိုင်ကြပါ။ ပြီးတော့ မည်ရွေ့ မည်မျှ လုပ်ခ မရဘဲ အတင်း စေခိုင်းခံခဲ့ကြရသည်ကိုလည်း သိသူ မရှိပါ။ အချို့က တသောင်းခန့်ဟု လျော့လျော့ပေါ့ပေါ့ မှန်းကြသည်။ အချို့က သုံးသောင်း ထက် မနည်းဟု ဆိုကြသည်။

ယခုတော့ ကွန်ဗင့်ကျောင်းမှ ပင်မင်းလုပ်ငန်းများ အိုင်ယာလန်တွင် မရှိတော့၍ ဘာမှတ်တမ်း၊ မှတ်ရာမှလည်း ရှာမတွေ့တော့ပါ။ အားလုံး ဖျက်ဆီး ပစ်လိုက်ကြသည်။ သည်လို သည်လို ဘဝအထွေထွေကို မိန်းကလေးတွေ၊ အမျိုးသမီးတွေ ဖြတ်သန်းခဲ့ကြရပါသည် ဟူသည့် အထောက်အထား ပြစရာ ဟူ၍ ဘာမျှ မကျန်တော့ပါ။

အမျိုးသမီး ကြီးငယ်များ သူတို့ကလေးတွေ ဆုံးရှုံးခဲ့ကြရသည်။ အချို့ သူတို့ကိုယ်တိုင် သေကျေပျက်စီးခဲ့ကြသည်။ အများ အပြား ဘဝ ပျက်ခဲ့ကြရသည်။ သည်လို နေရာများတွင် မွေးကင်းစ ကလေးသူငယ်တွေ ဘယ်ရွေ့ ဘယ်မျှ ပျက်စီးခဲ့သည်ကိုလည်း မည်သူမျှ မပြောနိုင်။ ထောင်ဂဏန်း လား၊ သောင်းဂဏန်းလား မည်သူမျှ မသိ။ မိဘမဲ့ကလေးထိန်းကျောင်းသို့ ရောက်သွားသည့် မိဘမဲ့ကလေးတွေလည်း အများအပြား။

သည်နှစ် နှစ်ဦးပိုင်းတွင် မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကော်မရှင် မှ ထုတ်ပြန်ချက်တခုတွင် ကွန်ဗင့်ကျောင်း ဆယ့်ရှစ်ကျောင်းတွင် ကလေး အသေအပျောက် ကိုးထောင်ရှိသည် ဆို၏။

၂ဝ၁၄ ခုနှစ်တွင် သမိုင်း သုတေသီ ကက်သရင်းကောလက်စ်က တနိုင်ငံလုံး အလန့်တကြား ဖြစ်သွားသည့် သတင်းတပုဒ် ထုတ်ပြန်ခဲ့သည်။ ၁၉၂၅ ခုနှစ်မှ ၁၉၆၁ ခုနှစ်အတွင်း ဂဲလ်ဝေးပြည်နယ်၊ တူအမ် အိမ်ထောင်မဲ့ မိခင်များဂေဟာ တခုတည်းတွင် သေဆုံးသည့် ကလေးဦးရေမှာ ၇၉၆ ယောက် ဟူ၏။

သည်လို ဂေဟာများကို အိုင်ယာလန်ကက်သလစ်ဘုရားကျောင်းများမှ ဘဏ္ဍာရေး အကူအညီဖြင့် ထည်ထောင်ထားခြင်း ဖြစ်သည်။ ၂ဝ၁၃ ခုနှစ်တွင် အင်ဒါ ကင်နီ ဝန်ကြီးချုပ် ဖြစ်မလာမီ သည်လိုကိစ္စများကို အိုင်ယာလန် အစိုးရ လက်အောက်ခံ ဘုရားကျောင်း ပင်မလုပ်ငန်းများက ပြည်သူများအား ရှင်းပြ ခြင်း၊ တောင်းပန်ခြင်း လုံးဝ မရှိခဲ့ပေ။

စာအုပ်အမည် - အ​သေးအဖွဲကလေးများ

ဘာသာပြန်သူ - တင်မောင်မြင့်

စာအုပ်တန်ဖိုး - ၄၅၀၀ကျပ်


/4 week

🤗✅ အသစ်ပြန်လည်မှာယူနိုင်သောစာအုပ်များ ✅🤗
01/03/2024

🤗✅ အသစ်ပြန်လည်မှာယူနိုင်သောစာအုပ်များ ✅🤗

📖ဖုန်းဆိုးမြေဆရာလင်းခန့် ဘာသာပြန်တဲ့ ဖုန်းဆိုးမြေ မူရင်း (Stephen King’s ‘Salem’s Lot) ကို သမိုင်းတစ်လျှောက် အကောင်းဆုံး...
01/03/2024

📖ဖုန်းဆိုးမြေ

ဆရာလင်းခန့် ဘာသာပြန်တဲ့ ဖုန်းဆိုးမြေ မူရင်း (Stephen King’s ‘Salem’s Lot) ကို သမိုင်းတစ်လျှောက် အကောင်းဆုံး ထိတ်လန့်သည်းဖိုဝတ္ထု ဒရက်ကူလာ ရဲ့ ခေတ်သစ်ဒဏ္ဍာရီ လို့ ဆိုကြတယ်။ စတီဖင်ကင်းဟာ ဒရက်ကူလာ ဝတ္ထုကို ဆယ်နှစ်အရွယ်မှာပင် ဖတ်ခဲ့ရပြီး ဒရက်ကူလာလို ရသမြောက် ကောင်းမွန်တဲ့ စာအုပ်အဖြစ် ‘Salem’s Lot ကို ပြန်လည် ဖန်တီးရေးသားပါတယ်။ စတီဖင်ကင်းက သူရေးသားခဲ့သမျှ စာအုပ်တွေထဲ အကြိုက်ဆုံးက ‘Salem’s Lot ဖြစ်တယ်လို့ ပြောခဲ့တယ်။ ‘Salem’s Lot ဟာ စတီဖင်ကင်းရဲ့ ဒုတိယမြောက် ပုံနှိပ်စာအုပ်ဖြစ်ပြီး အဲ့ဒီစာအုပ်ထွက်ပြီးတဲ့နောက်ပိုင်း စတီဖင်ကင်းကို ထိတ်လန့်သည်းဖို စာရေးဆရာအဖြစ် အမည်ကပ်လိုက်ကြတယ်။ စတီဖင်ကင်းကလဲ ဒါကို ကျေနပ်စွာပဲ ခံယူခဲ့တယ်။

ဖုန်းဆိုးမြေဝတ္ထုကြီးကို စိတ်ဝင်စားစရာ၊ အံ့ဩဖွယ်၊ ထိတ်လန့်ဖွယ် ရသအပြည့်နဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဘာသာပြန်ဆိုသူ ဆရာလင်းခန့်ဟာ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ နာမည်ကျော်စာအုပ်များကို ရသမြောက်အောင် ဘာသာပြန်ခဲ့သူ ဖြစ်တာကြောင့် ဖုန်းဆိုးမြေကို ဖတ်ရှုတဲ့အခါ အထစ်အငေါ့ မရှိဘဲ စိတ်ကျေနပ်မှုရစေမှာ သေချာပါတယ်။

ဖုန်းဆိုးမြေကို ဘာသာပြန်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး “စတီဖင်ကင်းရဲ့ ဇာတ်လမ်းတွေကို ရုပ်ရှင်တွေ အရင်ကြည့်ပြီးမှ ဝတ္ထုဖတ်ဖြစ်တာ များပါတယ်။ ရုပ်ရှင်တွေဟာ မူရင်းဝတ္ထုတွေကို မမှီတာ များပါတယ်။ ဒါကလဲ ဖတ်ပြီးတော့မှ သိတာပါ။ အဲ့ဒီအခါကျ ကိုယ်တယောက်တည်း နှစ်သက်ရုံနဲ့ မကျေနပ်နိုင်တော့ဘဲ ချစ်သူခင်သူတို့ကိုပါ မြည်းစမ်းကြည့်စေချင်လာတယ်။ အဲ့ဒါကြောင့် ဘာသာပြန်ဖြစ်ခဲ့တယ်” လို့ ဆရာလင်းခန့်က ဆိုပါတယ်။

မူရင်းစာရေးဆရာကြီး စတီဖင်ကင်းကတော့ ‘Salem’s Lot စာအုပ်အကြောင်းကို “ပြစ်ချက်လေးတွေ ရှိပေမဲ့ ဆလမ်းလော့စ်ဟာ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ။ ကြောက်စရာလဲကောင်းတယ်။ ခင်ဗျား ယုံလာအောင် ကျွန်တော် လုပ်နိုင်မယ် ထင်တယ်။ ဘာလို့လဲဆို ဒီစာအုပ်ကို ရေးနေတုန်းက ကျွန်တော်ကိုယ်တိုင် ယုံခဲ့တာကိုး” လို့ ပြောပါတယ်။

စာအုပ်အမည် - ဖုန်းဆိုးမြေ
ဘာသာ​​ပြန်​စာရေးဆရာ - လင်းခန့် (မြန်မာပြန်)
စာအုပ်တန်ဖိုး - ၂၂၀၀၀ကျပ်
စာညွှန်း - မဟာစာပေ

🙋‍♂️🙋 ငယ်ဘဝရဲ့မေ့မရတဲ့ မြိုင်ရာဇာတွတ်ပီ အတွဲ (၁)  မှ (၉) အထိ မှာယူနိုင်ပါပြီရှင့်  #ကြာချိန်၃/၄ပတ်
01/03/2024

🙋‍♂️🙋 ငယ်ဘဝရဲ့မေ့မရတဲ့ မြိုင်ရာဇာတွတ်ပီ အတွဲ (၁) မှ (၉) အထိ မှာယူနိုင်ပါပြီရှင့်


#ကြာချိန်၃/၄ပတ်

Address

Myingyan
05251

Telephone

+959771274360

Website

Alerts

Be the first to know and let us send you an email when Golden Land bookshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Land bookshop:

Share

Category