Petin Stationery

Petin Stationery ဖေတင် စာအုပ်နှင့်စာရေးကိရိယာဆိုင်

MASTER ART Coloured Pencils (24)Coloured ရပါပြီ
28/07/2025

MASTER ART Coloured Pencils (24)Coloured ရပါပြီ

G12 Physics                                             2024-25 မေးခွန်းဟောင်းနှင့်အဖြေများG12 English2023-24,2024-25 မေ...
19/05/2025

G12 Physics 2024-25 မေးခွန်းဟောင်းနှင့်အဖြေများ
G12 English
2023-24,2024-25 မေးခွန်းဟောင်းနှင့်အဖြေများ

G-12 2025 မေးခွန်းဟောင်းမေးခွန်းများသီးသန့် (၁၀)စုံEng/Math/Chem/Physics
19/05/2025

G-12 2025 မေးခွန်းဟောင်း
မေးခွန်းများသီးသန့် (၁၀)စုံ
Eng/Math/Chem/Physics

သားသားမီးမီးတို့အတွက် အရောင်းရဆုံး စာအုပ်လေးတွေပါရှင့် ....Quality ကောင်းကိုမှ အသက်သာဆုံးဈေးနဲ့ ရောင်းပေးထားပါတယ်နော်...
13/11/2023

သားသားမီးမီးတို့အတွက် အရောင်းရဆုံး စာအုပ်လေးတွေပါရှင့် ....
Quality ကောင်းကိုမှ အသက်သာဆုံးဈေးနဲ့ ရောင်းပေးထားပါတယ်နော်...

13/11/2023
 #ဒုတိယအကြိမ်ထုတ် စာအုပ်လေး ပြန်ရနေပါပြီ...±±±±±±±±±±±±±±±±±±±±±±±±±±±±🍀စာအုပ်အမည် - ကိုယ်ပိုင်အနာဂတ်🍀စာရေးသူ - သုနေ🍀စာမ...
13/11/2023

#ဒုတိယအကြိမ်ထုတ် စာအုပ်လေး ပြန်ရနေပါပြီ...
±±±±±±±±±±±±±±±±±±±±±±±±±±±±
🍀စာအုပ်အမည် - ကိုယ်ပိုင်အနာဂတ်
🍀စာရေးသူ - သုနေ
🍀စာမျက်နှာ - 135
🍀တန်ဖိုး - 5000 ks

#စာညွှန်း >

အနာဂတ်ကို လူငယ်တွေကပဲ အုပ်စိုးပါလိမ့်မယ်။
ဒီတော့ လူငယ်တွေရဲ့ ကိုယ်ပိုင်အနာဂတ်တွေ လှနေမှ လူ့ဘောင်လောကရဲ့ အနာဂတ်ကလည်း လှလာမှာပါ။

လူတိုင်းမှာ အနာဂတ် ရှိတယ်။
လူတစ်ယောက်ချင်းစီတိုင်းမှာ ကိုယ်ပိုင်အနာဂတ် ရှိတယ်။

ဒါက ပုံမှန်ပဲမို့ အရေးမကြီးပေမဲ့ အရေးအကြီးဆုံးက လူငယ်တွေမှာရှိတဲ့ သူတို့ရဲ့ကိုယ်ပိုင်အနာဂတ်တွေ လှပနေဖို့၊ အရည်အသွေး မြင့်မားနေဖို့၊ တန်ဖိုးမြင့်နေဖို့ပါပဲ။

လက်ရှိ လုပ်ဆောင်နေသမျှ အားလုံးက အနာဂတ်အတွက် ဖန်တီးနေမှုတွေချည်းသာ ဖြစ်ပါတယ်။

လုပ်ဆောင်ချက်တွေ ကောင်းရင် အနာဂတ်လည်း ကောင်းမယ်။
လုပ်ဆောင်ချက်တွေ တန်ဖိုးရှိရင် အနာဂတ်လည်း တန်ဖိုးရှိမယ်။

အနာဂတ်တစ်ခုဆိုတာ...
ကောင်းတိုင်းလည်း မလှဘူး။
တန်ဖိုးရှိတိုင်းလည်း မလှဘူး။

ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်ပြီး ကိုယ့်အတွက် သင့်လျော်မှ အဲဒီ အနာဂတ်က လှပနေမှာပါ။ ကိုယ်ပိုင်ဆိုင်တဲ့ အနာဂတ်ကို အလှပဆုံးဖြစ်အောင် လက်ရှိအချိန်ကတည်းက လုပ်ဆောင်ချက်တိုင်းကို ပညာဉာဏ်နှင့် ယှဉ်ပြီး ပုံဖော်တတ်ဖို့ အရေးကြီးပါတယ်။

ဒီစာအုပ်လေးထဲမှာတော့ ကမ္ဘာစစ်ကြီးကြောင့် မိဘမဲ့ ဖြစ်ခဲ့ကြရတဲ့ ကလေးငယ် သုံးဦးအကြောင်းကို ရင်နင့်ဖွယ်ရာ တွေ့မြင်ရပါလိမ့်မယ်။

• သူတို့သုံးဦးကို ပြုစုပေးခဲ့တဲ့ သင်းအုပ်ဆရာ ကာလ်ဆွန်...
• အိမ်ကနေ ဆယ်နှစ်ကျော်ကြာ ထွက်ပြေးသွားခဲ့တဲ့ ကယ်ဗင်...
• စာတော်လွန်းလှတဲ့ ဒန်...
• စေတနာရှင် ဆရာမလေး ဆီနာ...

သူတို့အားလုံးရဲ့ မတူညီတဲ့ အနာဂတ်တွေကို ပုံစံမျိုးစုံနဲ့ တွေ့မြင်ရမှာဖြစ်သလို လူငယ်တွေအတွက် အတုယူ မှတ်သားသင့်တဲ့ သဘောတရားတွေ၊ ခွန်အားရှိစေတဲ့ စကားလုံးတွေ၊ တန်ဖိုးရှိလှတဲ့ အတွေးတွေကိုလည်း ဖတ်ရှုခံစားရမှာလည်း ဖြစ်ပါတယ်။

စာအုပ်ရဲ့ တစ်နေရာမှာတော့ အောက်ပါအတိုင်း ရေးသားထားတာကို တွေ့မြင်ရမှာပါ...

ဒီနေ့ ငါ ကြိုးစားမယ်၊
ဒါပေမဲ့...
ငါ့ရဲ့ကြိုးစားမှုက
ဒီနေ့အတွက် မဖြစ်စေရဘူး။
မနက်ဖြန်မှပဲ
ကြိုးစားမှုရဲ့ ရလဒ်ကို
ငါ ပြန်ရှာတော့မယ်။
#သုနေ
.

 #ကျရှုံးတယ်ဆိုတာ...~~~~~~~~~~~~~တကယ်တော့...ကျရှုံးတယ်ဆိုတာလုံးဝမအောင်မြင်တဲ့ သဘောတရား မဟုတ်ပါဘူး။အောင်မြင်ဖို့အတွက်ပိုပ...
13/11/2023

#ကျရှုံးတယ်ဆိုတာ...
~~~~~~~~~~~~~

တကယ်တော့...

ကျရှုံးတယ်ဆိုတာ

လုံးဝမအောင်မြင်တဲ့ သဘောတရား မဟုတ်ပါဘူး။

အောင်မြင်ဖို့အတွက်

ပိုပြီးတော့ ကြိုးစားပါလို့

သတိပေး...

အချက်ပြသင်္ကေတတစ်ခုသာ ဖြစ်ပါတယ်။

#သုနေ
#သိပ်တော်တဲ့_ငါ
.

 #စတုတ္ထအကြိမ် ပြန်လည်ထွက်ရှိလာပါပြီ...🍀စာအုပ်အမည် - အေးချမ်းစွာ ရှင်သန်ခြင်း🍀စာရေးသူ - သဟာဆွေလှိုင်း🍀စာမျက်နှာ - 104🍀တန...
13/11/2023

#စတုတ္ထအကြိမ် ပြန်လည်ထွက်ရှိလာပါပြီ...

🍀စာအုပ်အမည် - အေးချမ်းစွာ ရှင်သန်ခြင်း
🍀စာရေးသူ - သဟာဆွေလှိုင်း
🍀စာမျက်နှာ - 104
🍀တန်ဖိုး - 3500 ks
🍀အကြိမ်ရေ - စတုတ္ထအကြိမ်

#စာညွှန်း

"အေးချမ်းစွာ ရှင်သန်ခြင်း"ဆိုတဲ့ ဒီစာအုပ်လေးကို စာအပုဒ်ရေ (၅၉) ပုဒ်နဲ့ ဖန်တီးထားတာပါ။

Motivation သီးသန့်မဟုတ်ပေမဲ့ စိတ်ခွန်အားရမည့် စာအုပ်လေးဖြစ်မှာပါ။

"အေးချမ်းစွာ ရှင်သန်ခြင်း"ဆိုလို့ ဘာမှမလုပ်ဘဲ ထိုင်နေတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။
လူငယ်တစ်ယောက်အနေနဲ့ လုပ်စရာရှိတာတွေလုပ်မယ်။ ရည်မှန်းချက်အိပ်မက်တွေကို အကောင်အထည် ဖော်မယ်ဆိုတာကို အပြစ်ပြောသံတွေကို မတုန့်ပြန်ဘဲ အေးဆေးကြိုးစားနေတယ်ဆိုတာကို ပြောချင်တာပါ...။

ဒီစာအုပ် ဖတ်ပြီးတာနဲ့ ဘာမှ မကျန်ခဲ့ဘူးဆိုတဲ့ နောင်တတွေ ကင်းဝေးမှာ သေချာပါတယ်။

လူကြီး၊ လူငယ်...
ယောက်ျားလေး၊ မိန်းကလေး... အားလုံးဖတ်လို့ အဆင်ပြေအောင် ရေးဖွဲ့ထားပါတယ်။

မပြည့်စုံတဲ့လူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံနဲ့ ဖြစ်ချင်တဲ့ အိပ်မက်တွေအကြောင်း...
မိန်းမသားတစ်ယောက်ကို သန်မာစေချင်တဲ့ပုံစံလေးတွေနဲ့
အချစ်အကြောင်းအနည်းငယ်ကို ဖတ်ရှုခံစားနိုင်မှာပါ။

ပတ်ဝန်းကျင်မှာ ကြုံတွေ့ရသမျှကို လက်တွေ့ကျကျ ရေးထားတဲ့ စာစုလေးတွေ များပါတယ်။

"အေးချမ်းစွာ ရှင်သန်ခြင်း"ဆိုတဲ့ ပန်းချီကားလေးက ဘယ်လောက်အထိ သေသပ်လှပသလဲဆိုတာ ခံစားကြည့်ဖို့ ပန်ကြားအပ်ပါတယ်။

.

🍀စာအုပ်အမည် - Realization for life (1)🍀စာရေးသူ - Paing (That's for U)🍀စာမျက်နှာ - 110 #စာညွှန်း-ကျွန်တော် Realization fo...
13/11/2023

🍀စာအုပ်အမည် - Realization for life (1)
🍀စာရေးသူ - Paing (That's for U)
🍀စာမျက်နှာ - 110

#စာညွှန်း-

ကျွန်တော် Realization for life (1) ဆိုပြီး စာအုပ်လေးထုတ်ဖို့ အကြံရခဲ့ပါတယ်။ (1) ဆိုတာကတော့ ဒီစာအုပ်လေးကို series အလိုက် ထုတ်မယ့်အစီအစဉ်ပါ။

အမှန်တော့ ဒီစာအုပ်လေးကို ၂၀၂၄ မှာ ထုတ်မယ်လို့ စဉ်းစားထားခဲ့တာပါ။ ဒါပေမဲ့ စာဖတ်သူအများစုအတွက် လိုအပ်နိုင်တဲ့ စာအုပ်လေးဖြစ်လို့ အခုအချိန်မှာ ထုတ်ဝေလိုက်ရတာ ဖြစ်ပါတယ်။

စာဖတ်ခြင်းဖြင့် -
ငြိမ်းချမ်းခြင်း၊
အေးချမ်းခြင်း၊
အကောင်းမြင်ခြင်း စသည်ဖြင့်...
(positive life) အကောင်းမြင်တဲ့ ဘဝနေနည်းကို ဦးစားပေးရေးထားတဲ့ စာအုပ်လေးဖြစ်လို့ များစွာအသုံးဝင်မယ်လို့လည်း ယူဆမိပါတယ်။

“ဘဝထဲက အနုပညာ” ဆိုတဲ့အတိုင်း နေ့စဉ်ဘဝမှာ ဖြစ်ပျက်ခဲ့တာတွေကို ကောင်းတဲ့အမြင်ဖြင့် နားလည်သဘောပေါက်ကြောင်း ရေးထားတဲ့စာအုပ်လေးဖြစ်ပါတယ်။

(Way to live) ဘဝနေထိုင်နည်း စာအုပ်လေးဆိုပေမဲ့ ရုပ်ပိုင်းဆိုင်ရာအရ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ် ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ အတွင်းစိတ်ပိုင်းဆိုင်ရာအရ ကောင်းမွန်တဲ့အတွေး၊ အေးချမ်းတဲ့အတွေးတွေ တွေးနိုင်ဖို့ ရေးသားထားခြင်းလည်း ဖြစ်ပါတယ်။

ဒီစာအုပ်လေးက အခုလိုအချိန်မျိုးမှာ အတွင်းစိတ် အေးချမ်းစေဖို့၊ အကောင်းမြင်စိတ်လေးတွေ များများထားနိုင်စေဖို့ အထောက်အကူပြုပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်

.

 #အလုပ်လုပ်ပါ၊ ငွေစုပါ။ သေရာမပါပေမဲ့...ရှင်ရာ ဘဝမှာ လူရာဝင်တယ်။ ကိုယ်ကျင့်တရားဆိုတာ...စိန်၊ ရွှေ၊ ငွေ၊ ပတ္တမြားထက် တန်ဖိ...
13/11/2023

#အလုပ်လုပ်ပါ၊ ငွေစုပါ။

သေရာမပါပေမဲ့...

ရှင်ရာ ဘဝမှာ လူရာဝင်တယ်။

ကိုယ်ကျင့်တရားဆိုတာ...

စိန်၊ ရွှေ၊ ငွေ၊ ပတ္တမြားထက် တန်ဖိုးကြီးတယ်။

ယုယုယယကို ထိန်းသိမ်းသင့်တယ်။

#အရှုံးသမား_မဟုတ်သော_လူ
#အလင်းမြတ်
.

 #တတိယအကြိမ်​ ပြန်လည်ထွက်ရှိလာပါပြီ---သုနေ ရဲ့  #နံပါတ်တစ် စာအုပ်မှ - တစ်ခါတလေ ပေးလိုက်ပါ~~~~~~~~~~~~~~~~       ယူတယ်ဆို...
13/11/2023

#တတိယအကြိမ်​ ပြန်လည်ထွက်ရှိလာပါပြီ---

သုနေ ရဲ့ #နံပါတ်တစ် စာအုပ်မှ -

တစ်ခါတလေ ပေးလိုက်ပါ
~~~~~~~~~~~~~~~~
ယူတယ်ဆိုတာ သိပ်ကောင်းပါတယ်။ လူတိုင်း ယူလိုကြသလို “ယူခြင်း”ဆိုတဲ့ သဘောတရားကိုလည်း အားလုံး နှစ်သက်ကြလိမ့်မယ် ထင်ပါတယ်။ “ယူခြင်း” က “ရခြင်း” ကို ဖြစ်စေတတ်ပါတယ်။ “ယူတိုင်း မရဘူး” လို့ ဆိုကြသူတွေရှိပေမဲ့ ရတဲ့သူတိုင်းကတော့ ယူလိုက်ကြလို့ပါပဲ။ ဒါကြောင့်လည်း “ရယူခြင်း” ဆိုတာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ရဖို့အတွက် ယူကြတယ်။

ယူကြလို့လည်း ရကြတယ်။

လူတိုင်းက “ယူခြင်း”ကို နှစ်သက်ကြတယ်၊ ခုံမင်ကြတယ်။ လူအချို့ကသာလျှင် “ပေးခြင်း” ကို ပြုတတ်ကြတာပါ။

အလုပ်သမားတွေနဲ့ ဝန်ထမ်းတွေက အခွင့်အရေး (သို့မဟုတ်) လစာငွေကို ရသလောက် ယူချင်ကြတယ်။ ထို့အတူ အလုပ်ရှင်တွေနဲ့ သူဌေးတွေကလည်း အခွင့်အရေးနဲ့ လစာတွေကို များများပေးဖို့ တွန့်ဆုတ်ကြတယ်။ အားလုံးက ရခြင်းမှာသာ မွေ့လျော်ကြပြီး ပေးခြင်းမှာတော့ လက်တွန့်ကြတာချည်းပါပဲ။

#သုနေ
.

Address

Bogyoke Street
Myingyan
100401

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Petin Stationery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category