ဝိုင်း Online-shop

ဝိုင်း Online-shop Online Shop Delivery Service

နတ်ချစ်ဆေး~~~~~~၁၉၈၅-၈၆ ခုနှစ်ခန့်က မင်းကွန်း မိုးမိတ်ကုန်းမြေ တိပိဋ္ဋကကျောင်းတိ်ုက် ၌ ဝိဇ္ဇာ အလွန် ဖြစ် လိုသော ရဟန်းငယ်...
31/12/2022

နတ်ချစ်ဆေး
~~~~~~
၁၉၈၅-၈၆ ခုနှစ်ခန့်က မင်းကွန်း မိုးမိတ်ကုန်းမြေ
တိပိဋ္ဋကကျောင်းတိ်ုက် ၌ ဝိဇ္ဇာ အလွန် ဖြစ် လိုသော ရဟန်းငယ် တစ်ပါး ရှိခဲ့သည်။
အရှင် ဘွဲ့တော်က အရှင် ဉာဏောဘာသ ။
အရှင်ဉာဏောဘာသ သည် အမရပူရ တူးမောင်း ကျောင်းတိုက်နှင့် မန္တလေး မစိုး ရိမ် တိုက်သစ်တို့မှ ငယ် လတ်
ကြီးဓမ္မာစရိယတန်း များ အောင်မြင်ပြီး နောက် တိပိဋ္ဋက
စာမေးပွဲ ၌ ဆက်လက် ဖြေဆိုနိုင် ရန် မင်းကွန်းတိပိဋ္ဋ က
ကျောင်းတိုက်သို့ ရောက် ရှိလာ ခဲ့ ခြငိး ဖြစ်သည်။
သာသနော်၏ အဓိက ပိဋ္ဋကတ် စာပေဖြစ်သည့် အတွက် သာသနာတာဝန် အရ ပိဋ္ဋကတ်စာပေ ကို အစွမ်းကုန်ကြိုးစားသင်ယူနေလေသည်။
လူလုပ်လျှင် ကြာသည် ။ နတ်ကူလျှင် မြန်သည်။နတ်တွေ စောင့် ရှောက်မှ လွယ်ကူချမ်းမြေ့စွာ အောင်
မြင်နိုင်မည်။ နောက်ဝိဇ္ဇာ ဖြစ် လျှငိ သာသနာ ပိုမိုပြီးထွန်းထွန်းပေါက် ပေါက် ပြု့ နိုင်မည် ဟု့ စဉ်းစားမိသည်။
ထို့ကြောင့် နတ် ချစိ ရန် ဝိဇ္ဇာ ဖြစ်ရန် နည်းလမ်းတွေကိုစာသင်ရင်း တစ်ဖက် တစ်လမ်း က ရှာဖွေ မိသည်။
ဂါထာ မန္တန် ပရိတ် အစုံ ရွတ်ဖတ်သည်။ တစ်နေ့ စဉ်းစား
မိသည်မှာ နတ်က ကူညီတယ်ဆိုတာ ချစ်မှ ကူညီမှာ
အဲ့ဒီတော့ နတ် ချစ်လာအောင် ချစ်ခြင်းမေတ္တာ ၏ အခြေခံဖြစ်တဲ့ မေတ္တာ တရား ရှိမှ ဖြစ်မယ်။ မေတ္တာတွေ ဖြန့်
ကျက် ဖြစ်စေတာက မေတ္တာသုတ် ပဲ ....ဒီတော့ နတ်ချစ်
အောင် နတ်ကူအောင် မေတ္တာသုတ် ကို တစ်နေ့ တစ်ထောင် တိတိ ပြည့်အောင် ရွတ်ဖတ်ပူဇော်မည်ဟု့
အဓိဋ္ဌာန် ထား ကာတစ်ထောင် ပြည့်အောင် ရွတ်ဖတ်
လေတော့ သည်။
အတူနေ သီတင်းသုံးဖော် ရဟန်းတော်များက သူ့ ကို ကြည့်ပြီး ပြုံးကြသည်။ နောက် .. ဘိုးတော် လို့
နောက်ပြောင်ကြသည်။ သို့သော် ... ရဟန်းတော် အရှင်
ဉာဏောဘာသ သ မမှု့။ ဆက်ရွတ်သည်။
နောက်ပြောင် လိုသော ရဟန်းတပါးကမေးသည်။

""ကိုယ်တော် ဝိဇ္ဇာ တကယ်ဖြစ်ချင်သလား "

"ဟာ ... ဘယ်လို ပြောလိုက်တာလဲ ဖြစ်ချင်လို့ အပင်ပန်းခံ ရွတ်နေတာ "

" ဝိဇ္ဇာ ဖြစ်ချင်ရင် ဝိဇ္ဇာ နဲ့ အဆက်သွယ် ရှိတဲ့ ဘုန်း ကြီး
တစ်ပါး ရှိတယ် "

" ပြောစမ်းပါ ကိုယ်တော် လမ်းညွှန်စမ်းပါ "

"" ဟိုမှာ .. မျက်မှန်အထူကြီး တပ်ပြီး စာတွေ ကြည့်နေတဲ့ဘုန်း ကြီး က ဝိဇ္ဇာ နဲ့ အဆက်သွယ် ရှိတယ် ။ အဲ့ဒီ
ဘုန်း ကြီး ကို သွား လျှောက်ကြည့် ၊ နားလေးတယ်
အသံ ကျယ်ကျယ် လျှောက် " လို့ ပြော လိုက် တယ် ။

သကာရှာ အ ချိူ တွေ့သလို အရှင်ဉာဏောဘာသ
ဟာ ဝမ်း သာသွားတယ်။ ဆရာကောင်း ကို နတ်တွေ
လမ်း ညွှန် လိုက် ပြီ လို့ ယုံကြည်လိုက်တယ်။ ဒါနဲ့
စာအုပ်တွေ ကြား မှာ စာကြည့်နေတဲ့ ဘုန်းကြီး ရှေ့သွား
ပြီး ရှိခိုးဝတ်ချ လိုက်တယ် ။ဘုန်း ကြီးက မျက်နှာ မှာ တပ်ထားတဲ့ မျက်မှန်ပေါက် မှ မျက်လုံး ကို ပြူးပြီး
မျက်မှန် ပေါ်မှ ကျော် ကြည့် ကာ ...

" ဘာ လျှောက်စရာ ရှိလို့ တုန်း "
" တပည့်တော် နတ်ချစ် ဝိဇ္ဇာ ဖြစ်တဲ့နည်း လိုချင်လို့ပါ။
ဘုန်း ကြီးက ဝိဇ္ဇာ တွေနဲ့ အဆက်သွယ် ရှိတယ်ဆိုလို့
လမ်းညွှန် ပါ ဘုရား "

ဘုန်း ကြီးက ပြုံး လိုက်ပြီး " ငါ့ နှယ် ဘာများ လဲ လို့
ဘယ်သူကများ နောက် လိုက်တာလဲ အခု့ ကိုယ်တော်
ဘာတွေ လုပိနေတာလဲ "

" မှန်ပါ့ တပည့်တော် နတ်ချစ်အောင် မေတ္တသုတ်
တစ်ထောင် ရွတ်နေပါတယ် ဘုရား "
" ကဲ .. ရွတ်ပြပါဦး ဘယ်လိုရွတ်တာလဲ "

အရှင်ဉာဏောဘာသ က ရွတ်ပြသည်။
ပုံမှန် ရွတ်နေကြအတိုင်း မဟုတ် ။ တစ်ထောင် အရေအတွက် ပြည့်အောင် ဝရော ဝရော နှင့် အမြန်ရွတ်ပြသည်။

" တော်ပြီ ရပ်ပါတော့ အရှင်ဘုရား ရွတ်နေတာကတစ်
ထောင် ပြည့်အောင် သုတ်ခြေတင် အမြန်ရွတ်တော့
မပီမသ နဲ့ ဘေးကလူတွေတောင် ဘာရွတ်နေမှန်းမသိ
နတ်တွေဆို ဝေးရောပဲ ကိုယ်တော် ရွတ်ရင် အသံ ပီပီ
သသ နဲ့ နတ်တွေ နား လည်သဘောပေါက် ကြည်ညိုလာအောင် ရွတ်ရတယ် "
ဟု့ မိန့် လျှင် ရဟန်းတော် က
"မှန်ပါ့ ဘုရား တပည့်တော် ဖြည်းဖြည်းရွတ်ပါ့မယ်။
ဒါထက် မေတ္တသုတ် ရွတ်တာရော မှနိရဲ့ လား ဘုရား "
" မေတ္တသုတ် ရွတ်ရင် နတ်ချစ် လူချစ်တာ မှန်ပါတယ်။
မေတ္တာအကျိူး (၁၁) မျိူးလို့စာပေ က ဆိုထားတာ ပဲ။
မေတ္တာသုတ် ကို ရွတ် ရင် မေတ္တာဘာဝနာ ပွားရင် မေတ္တာ အကျိူး (၁၁) မျိူး ရပြီ ။လောကီစျာန် အနေနဲ့
တတိယစျာန် ထိ ရ နိုင်တယ်"
" ဘုန်းကြီး ဝိဇ္ဇာ မဖြစ် နိုင် တော့ ဘူး လားဘုရား "
" ဖြစ်နိုင်ပါတယ် ပဌမံ ဘိုးဘိုးအောင် ဆိုတာ ကြား
ဘူး မှာ ပေါ့ "
" ကြားဘူး ပါတယ် ဘုရား "

" ပဌမံ ဘိုးဘိုးအောင် ဆိုတာ လောကီ ထွက်ရပ်ပေါက်
ပုဂ္ဂိုလ် ပဲ။ ဘာကြောင့် ပဌမံ လို့ ခေါ်တာ လဲ ပဌမံစျာန်
ရပြီး ပဌမစျာန် ကိုအခြေခံ ရှေ့ဆက်တက် လို့ ဖြစ်တာ။
မေတ္တာဘာဝနာ က တတိယစျာန် အထိတောင်ရတာပဲ။
ဒါပေမဲ့ ရွတ်နေရုံနဲ့ တော့ မပြီးဘူးနော် "
ဟု့ ဘုန်း ကြီး သည် ဝိဇ္ဇာ အကြောင်း များကို စာပေနှင့်
ညှိ၍ လမ်းညွှန်နေသည်။
၎င်း ဘုန်းကြီး သညါ အခြားမဟုတ် ၊ ဘုန်းကြီး ဦးသုဒဿနာဘိဝံသ ။ ယခု့ မြိတ် ဗိုလ်ထောင်တောရဆရာတော်ပင် ဖြစ်သည်။ ပါဠိ အဋ္ဌကထာ ဋ္ဋီကာ ကျမ်း အား
လုံးစုံအောင် ကြည့်ရှု့နိုင်သည်။ကျမ်း ညှီ နိုငိ သည်။
ရဟန်းတော် သည် သူ့ ကို ဘုန်း ကြီးက ဝိဇ္ဇာ ဖြစ်ရန်
လမ်း ညွှန်နေပြီဟု့ သိလိုက် သည်။
ဤသို့ မည်သူ ကမျှ သူ့ ကို အေးအေးဆေးဆေး
ပြောမပြ မဆွေးနွေး ဘူးပေ ။ယခု့ ဝိဇ္ဇာအကြောင်း ကြား
နေရသည်ကပင် အလွန်စိတ်ချမ်းသာနေသည် ။ဘုန်းကြီးပြောသသည့် အတိုင်း လုပိ မည်ဟု့ ဆုံးဖြတ် လိုက်သည်။
ဘုန်းကြီး က.....
" ကိုယ်တော် နတ်တွေရဲ့ အကူညီ လိုချင်ရင် နတ်တွေလာအောင် ခေါ်ရတယ် ။"
" မှန်ပ့ ။ဘယ် လို ခေါ်ရမလဲ ဘုရား "
" လူတစ်ယောက် ကိုယ့်ဆီ လာချင်လျှင် သူ့ နံမည် ခေါ်
ရတယ် မဟုတ်လား "
" ဟုတ်ပါတယ် ဘုရား "
" ဒီတော့ နတ်ဗြဟ္မာ တွေ နံမည် အားလုံးပါတဲ့ မဟာ-
သမယသုတ် ကိုဖြည်းဖြည်းနဲ့ မှန်မှန် ရွတ်။ နတ်တွေ
လာလိမ့်မယ် ။ အဲ... နတ်တွေက လူပြည် လာရင် နေ့
လယ် မလာဘူး ညမှလာတာ ။ ဒီတော့ ရတ္တိယံ ည သန်း
ခေါင်အချိန်ဆိုတဲ့ အတိုင်း သန်းခေါင်ယံ မှာရွတ်ပါ။"
ဟု့ နည်း လမ်းပေးလေသည်။ ထိုအ ချိန်မှစ၍
အရှင် ဉာဏောဘာသ သည် ညအချိန် မဟာသမယ
သုတ်တော် ကို ရွတ်ဖတ်သည်။
အကြိမ်ကြိမ် ရွတ်ဖတ်သည်။
တည ... ရွတ်ဖတ်ပြီးချိန် ညာဖက် လက်မောင်းကြီး
တစ်ခု့ လုံး တဆတိဆတ် တုန်လှုပ်နေသညိ ကို တွေ့ရ
၍ ထူး ခြားနေပြီဟု့ သိလိုက်သည်။ တစ်ခါ မှ ဒါမျိူး မဖြစ်
ဘူး၍ ကြောက်လန့်မိကာ အနား ရှိ ရဟန်းတော်တို့ကို
လှမ်းခေါ်လိုက်သည်။

" လာကြပါဦး ကိုယ်တော်တို့ တပည့်တော် လကိမောင်းကြီး က သူုဘာသာ အလိုလို လှုပ်နေလို့ "

ရဟန်းများ ဝိုင်းအုံ လာ ကြသည်။
" ဟုတ်တယ် ကိုယ်တော် လှုပ်နေတယ် ဒါဆို ဘုန်းကြီး
ဦးသုဒဿန သွားပင့်ခေ ျ "

ဘုန်း ကြီး ဦးသုဒဿန ကြွလာ သည်။လှုပ်နေတာကို
ကြည့်သည် ။ သဘာဝ သွေးသား အတိုင်း လှုပ်နေသည်
မဟုတ် ဟု့ သိလိုက်သည်။
ဘုန်းကြီး ဦးသုဒဿန က မိန့် လိုကိ သည်။
" ရဟန်းတော် လက်မောင်း ကို ဆွဲ ပြီး လှုပ်နေတဲ့ သူ
မလှုပ်နဲ့တော့ အရှိအတိုင်း ကိုယ်ထင် ပြ လိုက်စမ်း "
ဟု့ မိန့် လျှင်ရဟန်းတော် အရှင် ဉာဏောဘာသကို
ဝိုင်း ကြည့်နေသောရဟန်း အား လုံး ဟာကနဲ ဟင်ကနဲ
ဖြစ်ကာ နောက်သို့ ပက်လက် လှန်ကျသွားတော့သည်။
အကြောင်း က ဘုန်း ကြီးက ကိုယ်ထင် ပြလိုက်စမ်း ဟု့
မိန့်သည် နှင့် တစ် ပြိုင်နက် အလွန်ကြီးမားသော
နတ်မင်း ကြီး တစ်ပါး သည် ထင်ထင် ရှားရှား ရဟန်း
တို့ ၏ အလယ် ၌ ဘွားကနဲ ပေါ်လာပြီး ပျောက်သွား
လေတော့ သည်။
နတ် မြင် ဘူးလိုက်ကြသည်။ ဇာတ်ပွဲ ထဲ ပန်းချီကားထဲ ကအတိုင်းပင် အချွန်တွေ အတက်တွေ
စလွယ်တွေ မကိုဋ္ဋ် တွေနှင့် ။
ရဟန်းတော် သည်မဟာသမယသုတ် အစွမ်း ပြ မှန်းသိလိုက် ရသည်။ နတ်တွေ လာမှန်း သိလိုက်ရလျှင်
နတ်တွေ တရားနာရအောင် မဟာသမယသုတ် ကို
ရွတ် ဖတ် ပြီး နောက် ဓမ္မစကြာ ပဋ္ဌာန်း များ ကို
ဆက် လက် ရွတ်ဖတ်သည်။
နတ်တွေသာ မဟုတ် ရှေးရှေး က စာပေတတ်
ထွက်ရပ်ပေါက် ဘုန်းကြီး များ ကြွလာသည်။
ဘိုးဘိုးအောင် ကြွလာသည်။
အခြား အမည်ရ ပုဂ္ဂိုလ်ထူး များ လည်း ကြွလာသည်။
ရွတ်ဖတ်ရန် ဂါထာ များ မန္တန် များ ကို ပေးသွားကြသည်။
ပိဋ္ဋိကတ် စာပေထဲ မှ ခက်ခဲသော အဓိပ္ပါယ် များ ကို
ရှင်း ပြ ပေး သွား သည်။ သိလိုသောစာ ကိုလမ်း
ညွှန်ပေးသွားသည်။
အရှင် ဉာဏောဘာသ သည် ဘုန်းကြီးဦးသုဒဿန မြိတ် ဗိုလ်ထောင်တောရမှာ ကျောင်းထိုင်သောအခါ
လိုက်ပါသွားခဲ့ ပြီး ဆက်လက်၍ ရွတ်ဖတ်ပူဇော်သည်။
ယခု့ အခါ အရှင်ဉာဏောဘာသ သည် ဝိဇ္ဇာပုဂ္ဂိုလ်
တို့၏ ဆက်သွယ်ပေး မှု့ကြောင့် ပဌမံ ဘိုးဘိုးအောင်
၏ ရွာ တောင်တွင်း ကြီး မြို့နယ် လက်ပန်ရှည် ရွာတွင်
သီတင်းသုံးရင်း ဆက် လက် သာသနာ ပြု့နေ ပါသည်
ဟု့ သိမှတ် ခဲ့ ရပါ သည်။
🙏🙏🙏🙏

နတ် ချစ် ဝိဇ္ဇာ ဖြစ် မဟာသမယသုတ် ရွတ်ဖတ်ရန်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ည တိတ်ဆိတ်သော အချိန် ။
သီလခံယူပါ။
သန့်ရှင်းဖြူစင် ညစ်ကြေးမထင်သောအဝတ်ဝတ်ပါ။
နံ့သာဆီမီး အမွှေးတိုင်ထွန်းညှိပါ။
မဟာသမယသုတ် တော်ကို ဖြည်းဖြည်းချင်းပူဇော်ပါ။
ဓမ္မစကြာ ပရိတ် ပဋ္ဌာန်း တခု့ခု့ ရွတ်ပါ။
အမျှဝေပါ။
ဆု့တောင်း ပါ ။..........................
စာရေးသူ.....ဓမ္မာစရိယ ဦးအောင်ကျော်မိုး
🌺🌺🌺🌺🌺📝📝📝📝📝

ဘေးရန်ဟူသမျှမှကင်းဝေးပြီးစီးပွားဥစ္စာ အလုပ်အကိုင်များအားလုံးအစစအရာရာအဆင်ပြေစေရန်ပရိတ်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်၍      နှစ်သစ်...
29/12/2022

ဘေးရန်ဟူသမျှမှကင်းဝေးပြီး
စီးပွားဥစ္စာ အလုပ်အကိုင်များအားလုံး
အစစအရာရာအဆင်ပြေစေရန်
ပရိတ်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်၍
နှစ်သစ်ကူးပါ
၁။ 2022ခုဒီဇင်ဘာ ၃၁ ရက် ည ကိုယ်လက်မျက်နှာ အာခံတွင်းများသန့်စင်ပြီး
၁၁ နာရီ ၃၀ မိနစ်တွင်
စတင်ပါ ဦးစွာပထမ
နမောတဿ ဘဂဝတော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ
သုံးကြိမ်ရွတ်ဆိုပါ
၁။ရတနာသုံးပါးနှင့်
မိဘဆရာသမားတို့ဂုဏ်ကျေးဇူးတို့ကိုမှန်းစ၍ကန်တော့ပါ
၂။သရဏဂုံသုံးပါးနှင့်ငါးပါးသီလခံယူပါ
၃။နတ် ဗြဟ္မာအပေါင်းတို့အား
ပရိတ်ပဌာန်းတရားတော်နာ
ကြွရောက်ရန်ပင့်ပါ

နမောတဿ သုံးကြိမ်ရွတ်ပါ

မတ်တောသုတ်တ
🙏🏽🙏🏽🙏🏽🙏🏽🙏🏽
၁။ယဿာနုဘာဝတော
ယက္ခာ၊နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေဝါ နုယုဉ္ဇန္တော၊
ရတ္တိန္ဒိ၀ မတန္ဒိတော။

၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ်စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပတေံ။
ပရိတ္တံ တံ ဘဏာမ ဟေ။

၃။ကရဏီယ မတ်ထကုသလနေ
ယန်တ သန်တံ ပဒံ အဘိသမစ်စေ
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝေစာ စဿ မုဒု အနတိမာနီ။

၄။ သန္တုဿကော စ သုဘရော စ၊
အပ်ပကိစ်စောစ သလ်လဟုကဝုတ်တိ
သန္တိနြ္ဒိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။
သုခိနော၀ ခေမိနော ဟောန္တု၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ

၆။ ယေ ကစေိ ပါဏဘူတတ်ထိ
တသာ ဝါ ထာ၀ရာ၀ နေဝသသာ။
ဒီဃာ ဝါ ယေ၀ မဟန္တာ၊
မဇဈွိမာ ရဿကာ အဏုကထူလာ။

၇။ဒိဋ္ဌာ ဝါ ယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သန္တိ အဝိဒူရေ။
ဘူတာ၀ သမ္ဘဝေသီ၀၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ

၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညထေ ကတ္ထစိ န ကဉ္စိ
ဗျာရောသနာ ပဋိဃသည၊
နာညမညဿ ဒုက္ခ မိစ္ဆေယျ။

၉။မာတာ ယထာ နိယံပုတ်တ
မာယုသာ ဧကပုတ္တ မနုရက္ခေ
ဧ၀မ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။

၁၀။မတ်တေဉ်စ သဗ်ဗလောကသ်မိံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ်ဗာဓံ အဝရေ မသပတ်တံ

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနောယာ၀တဿ ဝိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊
ဗွဟ်မ မတေံ ဝိဟာရ မိဓ မာတု။

၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊
သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနေယျ ဂေဓံ၊
န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။
မတ်တေသုတ်တံ နိဋ်ဌိတံ။
🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽

မောရသုတ္တ

၁။ ပူရေန္တံ ဘောဓိသမ္ဘာရေ၊
နိဗ္ဗတ္တံ မောရယောနိယံ။
ယနေ သံဝိဟိတာ ရက္ခံ၊
မဟာသတ္တံ ဝနေစရာ

၂။စိရဿံ ဝါယမန်တာပိ၊
နေ၀ သက္ခိံသု ဂဏှိတုံ။
ဗွဟ်မ မန်တန်တိ အက်ခာတံ
ပရိတ္တံ တံ ဘဏာမ ဟေ။

၃။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊
ယရိဿ ဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿ၀ဏ္ဏံ
ပထဝိပ်ပဘာသံ၊
တယာဇ်ဇ ဂုတ်တာ ဝိဟရမေု ဒိ၀သံ၊

၄။ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊
နမော ဝိမုတ္တာနံ နမော ဝိမုတ္တာယာ၊
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော စရတိ ဧ သနာ။

၅။ အပေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿ၀‌ဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿ၀ဏ္ဏံ
ပထဝိပ်ပ ဘာသံ၊
တယာဇ်ဇ ဂုတ်တာ ဝိဟရမေုရတ်တိံ

၆။ ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္တု ဗုဒ္ဓါနံ နမတ္ထု ဘောဓိယာ။
နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော ဝါသ မကပ္ပယိ။
မောရသုတ္တံ နိဋ္ဌိတံ။
🙏🏽🙏🏽🙏🏽🙏🏽🙏🏽
ပဋ္ဌာန်းပါဠိတော်
============
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ပစ္စယုဒ္ဒေသပါဠိ
============
၁။ ဟေတုပစ္စယော၊
၂။ အာရမ္မဏပစ္စယော၊
၃။ အဓိပတိပစ္စယော၊
၄။ အနန္တရပစ္စယော၊
၅။ သမနန္တရပစ္စယော၊
၆။ သဟဇာတပစ္စယော၊
၇။ အညမညပစ္စယော၊
၈။ နိဿယပစ္စယော၊
၉။ ဥပနိဿယပစ္စယော၊
၁၀။ ပုရေဇာတပစ္စယော၊
၁၁။ ပစ္ဆာဇာတပစ္စယော၊
၁၂။ အာသေဝနပစ္စယော၊
၁၃။ ကမ္မပစ္စယော၊
၁၄။ ဝိပါကပစ္စယော၊
၁၅။ အာဟာရပစ္စယော၊
၁၆။ ဣနြ္ဒိယပစ္စယော၊
၁၇။ ဈာနပစ္စယော၊
၁၈။ မဂ္ဂပစ္စယော၊
၁၉။ သမ္ပယုတ္တပစ္စယော၊
၂၀။ ဝိပ္ပယုတ္တပစ္စယော၊
၂၁။ အတ္ထိပစ္စယော၊
၂၂။ နတ္ထိပစ္စယော၊
၂၃။ ဝိဂတပစ္စယော၊
၂၄။ အဝိဂတပစ္စယော တိ။

ပစ္စယုဒ္ဒေသော နိဋ္ဌိတော။

ပစ္စယနိဒ္ဒေသပါဠိ
=============
၁။ ဟေတုပစ္စယ
ဟေတုပစ္စယောတိ - ဟေတူ ဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတု ပစ္စယေန ပစ္စယော။

၂။ အာရမ္မဏပစ္စယ
အာရမ္မဏပစ္စယောတိ - ရူပါယတနံ စက္ခုဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
သဒ္ဒါယတနံ သောတဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ရသာယတနံ ဇိဝှါဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ဗောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ရူပါယတနံ၊ သဒ္ဒါယတနံ၊ ဂန္ဓာယတနံ၊ ရသာယတနံ၊ ဗောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
သဗ္ဗေ ဓမ္မာ မနောဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တ စေတသိကာ ဓမ္မာ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

၃။ အဓိပတိပစ္စယ
အဓိပတိပစ္စယောတိ - ဆန္ဒာဓိပတိ ဆန္ဒ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
ဝီရိယာဓိပတိ ဝီရိယ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
စိတ္တာဓိပတိ စိတ္တ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
ဝီမံသာဓိပတိ ဝီမံသ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
ယံ ယံ ဓမ္မံ ဂရုံ ကတွာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိပစ္စယေန ပစ္စယော။

၄။ အနန္တရပစ္စယ
အနန္တရပစ္စယောတိ - စက္ခုဝိညာဏဓာတု တံ သမ္ပယုတ္တကာစ ဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
သောတဝိညာဏဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ဃာနဝိညာဏဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ဇိဝှါဝိညာဏဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ကာယဝိညာဏဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

၅။ သမနန္တရပစ္စယ
သမနန္တရပစ္စယောတိ - စက္ခုဝိညာဏဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
သောတဝိညာဏဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ဃာနဝိညာဏဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ဇိဝှါဝိညာဏဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ကာယဝိညာဏဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
မနောဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ယေသံ ယေသံ ဓမ္မာနံ သမနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

၆။ သဟဇာတပစ္စယ
သဟဇာတပစ္စယောတိ - စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမညံ သဟဇာတပစ္စယေန ပစ္စယော။
ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတပစ္စယေန ပစ္စယော။
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ကိဉ္စိ ကာလေ သဟဇာတပစ္စယေန ပစ္စယော၊ ကိဉ္စိကာလေ န သဟဇာတပစ္စယေန ပစ္စယော။

၇။ အညမညပစ္စယ
အညမညပစ္စယောတိ - စတ္တာရော ခန္ဓာ အရူပိနော အညမည ပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမညပစ္စယေန ပစ္စယော။
ဩက္ကန္တိက္ခဏေ နာမရူပံ အညမညပစ္စယေန ပစ္စယော။

၈။ နိဿယပစ္စယ
နိဿယပစ္စယောတိ - စတ္တာရော ခန္ဓာ အရူပိနော အညမညံ နိဿယပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမညံ နိဿယပစ္စယေန ပစ္စယော။
ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ နိဿယပစ္စယေန ပစ္စယော။
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ နိဿယပစ္စယေန ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ နိဿယပစ္စယေန ပစ္စယော။
စက္ခာယတနံ စက္ခုဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
သောတာယတနံ သောတဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
ဃာနာယတနံ ဃာနဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
ဇိဝှါယတနံ ဇိဝှါဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
ကာယာယတနံ ကာယဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿာယ မနောဓာတု စ မနော ဝိညာဏဓာတု စ ဝတ္တန္တိ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏ ဓာတုယာ စ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

၉။ ဥပနိဿယပစ္စယ
ဥပနိဿယပစ္စယောတိ - ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။
ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော။
သေနာသနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။

၁၀။ ပုရေဇာတပစ္စယ
ပုရေဇာတပစ္စယောတိ - စက္ခာယတနံ စက္ခုဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
သောတာယတနံ သောတဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ဃာနာယတနံ ဃာနဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ဇိဝှါယတနံ ဇိဝှါဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ကာယာယတနံ ကာယဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ရူပါယတနံ စက္ခုဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
သဒ္ဒါယတနံ သောတဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ရသာယတနံ ဇိဝှါဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ဗောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ရူပါယတနံ၊ သဒ္ဒါယတနံ၊ ဂန္ဓာယတနံ၊ ရသာယတနံ၊ ဗောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿာယ မနောဓာတု စ မနော ဝိညာဏဓာတု စ ဝတ္တန္တိ တံ ရူပံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
မနောဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ကိဉ္စိကာလေ ပုရေဇာတ ပစ္စယေန ပစ္စယော၊ ကိဉ္စိကာလေ န ပုရေဇာတ ပစ္စယေန ပစ္စယော။

၁၁။ ပစ္ဆာဇာတပစ္စယ
ပစ္ဆာဇာတပစ္စယောတိ - ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတ ပစ္စယေန ပစ္စယော။

၁၂။ အာသေဝနပစ္စယ
အာသေဝနပစ္စယောတိ - ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကိရိယာဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကိရိယာဗျာကတာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။

၁၃။ ကမ္မပစ္စယ
ကမ္မပစ္စယောတိ - ကုသလာ ကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။

၁၄။ ဝိပါကပစ္စယ
ဝိပါကပစ္စယောတိ - ဝိပါကာ စတ္တာရော ခန္ဓာ အရူပိနော အညမညံ ဝိပါကပစ္စယေန ပစ္စယော။

၁၅။ အာဟာရပစ္စယ
အာဟာရပစ္စယောတိ - ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။
အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရ ပစ္စယေန ပစ္စယော။

၁၆။ ဣနြ္ဒိယပစ္စယ
ဣနြ္ဒိယပစ္စယောတိ - စက္ခုနြ္ဒိယံ စက္ခုဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣနြ္ဒိယပစ္စယေန ပစ္စယော။
သောတိနြ္ဒိယံ သောတဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣနြ္ဒိယ ပစ္စယေန ပစ္စယော။
ဃာနိနြ္ဒိယံ ဃာနဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣနြ္ဒိယပစ္စယေန ပစ္စယော။
ဇိဝှိနြ္ဒိယံ ဇိဝှါဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣနြ္ဒိယပစ္စယေန ပစ္စယော။
ကာယိနြ္ဒိယံ ကာယဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣနြ္ဒိယပစ္စယေန ပစ္စယော။
ရူပဇီဝိတိနြ္ဒိယံ ကဋတ္တာရူပါနံ ဣနြ္ဒိယပစ္စယေန ပစ္စယော။
အရူပိနော ဣနြ္ဒိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဣနြ္ဒိယ ပစ္စယေန ပစ္စယော။

၁၇။ ဈာနပစ္စယ
ဈာနပစ္စယောတိ - ဈာနင်္ဂါနိ ဈာန သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေန ပစ္စယော။

၁၈။ မဂ္ဂပစ္စယ
မဂ္ဂပစ္စယောတိ - မဂ္ဂင်္ဂါနိ မဂ္ဂ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော။

၁၉။ သမ္ပယုတ္တပစ္စယ
သမ္ပယုတ္တပစ္စယောတိ - စတ္တာရော ခန္ဓာ အရူပိနော အညမညံ သမ္ပယုတ္တ ပစ္စယေန ပစ္စယော။

၂၀။ ဝိပ်ပယုတ်တပစ်စယ
ဝိပ္ပယုတ္တပစ္စယောတိ - ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တ ပစ္စယေန ပစ္စယော။
အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တ ပစ္စယေန ပစ္စယော။

၂၁။ အတ်ထိပစ်စယ
အတ္ထိပစ္စယောတိ - စတ္တာရော ခန္ဓာ အရူပိနော အညမညံ အတ္ထိပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမညံ အတ္ထိပစ္စယေန ပစ္စယော။
ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ အတ္ထိပစ္စယေန ပစ္စယော။
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော။
စက်ခာယတနံ စက်ခုဝိညာဏ ဓာတုယာ တံ သမ်ပယုတ်တကာနဉ်စ ဓမ်မာနံ အတ်ထိပစ်စယနေ ပစ်စယော။
သောတာယတနံ သောတဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ဃာနာယတနံ ဃာနဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ဇိဝှါယတနံ ဇိဝှါဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ကာယာယတနံ ကာယဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ရူပါယတနံ စက္ခုဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
သဒ္ဒါယတနံ သောတဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ရသာယတနံ ဇိဝှါဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ဗောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ရူပါယတနံ၊ သဒ္ဒါယတနံ၊ ဂန္ဓာယတနံ၊ ရသာယတနံ၊ ဗောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿာယ မနောဓာတု စ မနော ဝိညာဏဓာတု စ ဝတ္တန္တိ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏ ဓာတုယာ စ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

၂၂။ နတ်ထိပစ်စယ
နတ်ထိပစ်စယောတိ - သမနန်တရနိရုဒ်ဓါ စိတ်တ စတေသိကာ ဓမ်မာ ပဋုပ်ပန်နာနံ စိတ်တစတေသိကာနံ ဓမ်မာနံ နတ္ထိပစ္စယေန ပစ္စယော။

၂၃။ ဝိဂတပစ္စယ
ဝိဂတပစ္စယောတိ - သမနန္တရဝိဂတာ စိတ္တ စေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဝိဂတပစ္စယေန ပစ္စယော။

၂၄။ အဝိဂတပစ္စယ
အဝိဂတပစ္စယောတိ - စတ္တာရော ခန္ဓာ အရူပိနော အညမညံ အဝိဂတပစ္စယေန ပစ္စယော။
စတ္တာရော မဟာဘူတာ အညမညံ အဝိဂတပစ္စယေန ပစ္စယော။
ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ အဝိဂတပစ္စယေန ပစ္စယော။
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဝိဂတပစ္စယေန ပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ အဝိဂတပစ္စယေန ပစ္စယော။
စက္ခာယတနံ စက္ခုဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
သောတာယတနံ သောတဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ဃာနာယတနံ ဃာနဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ဇိဝှါယတနံ ဇိဝှါဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ကာယာယတနံ ကာယဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ရူပါယတနံ စက္ခုဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
သဒ္ဒါယတနံ သောတဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ရသာယတနံ ဇိဝှါဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ဗောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ရူပါယတနံ၊ သဒ္ဒါယတနံ၊ ဂန္ဓာယတနံ၊ ရသာယတနံ၊ ဗောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။
ယံ ရူပံ နိဿာယ မနောဓာတု စ မနော ဝိညာဏဓာတု စ ဝတ္တန္တိ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏ ဓာတုယာ စ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ပစ္စယနိဒ္ဒေသော နိဋ္ဌိတော။

ထိုသို့ပရိတ်ပဌာန်းများ
ရွတ်ဖတ်ပူဇော်ပြီးပါက
ဝေနေယျသတ္တဝါအပေါင်းတို့အား
၁။မတ်တောပို့ပါ
၂။အမျှအတမ်းများပေးဝေပါ
(ဤသို့ပြုရစသည်ဖြင့်)
၃။နတ်များပြန်ပို့ပါ
၄။မိမိလိုရာဆုများတောင်းပါ။
✔️✔️✔️✔️✔️✔️✔️
နှစ်ဟောင်းကုန်ပျောက်
နှစ်သစ်ရောက်
ထွန်းတောက်မင်္ဂလာရှိပါစေ

အရှင် ရာဇာနန္ဒ
မဟာသတိပဋ္ဌာန်လမ်းမှန်ကျောင်း
24.12.2022
Credit...အရှင် ရာဇာနန္ဒာ ထံမှထပ်ဆင့်ယူ၍ပြန်လည်ကုသိုလ်ပြုပါသ
ည်ဘုရား

ပဋ္ဌာန်းကျမ်းကို ပူဇော်မယ်ဆို ======================မြတ်စွာဘုရားကို ပန်း  ရေချမ်း  ဆီမီး  ဖြင့်ပူဇော်ပါ  . . ပဋ္ဌာန်းစာအ...
27/12/2022

ပဋ္ဌာန်းကျမ်းကို ပူဇော်မယ်ဆို
======================
မြတ်စွာဘုရားကို ပန်း ရေချမ်း ဆီမီး ဖြင့်ပူဇော်ပါ . .
ပဋ္ဌာန်းစာအုပ် ( ၅ ) အုပ်ကို ဘုရားရှေ့မှာထားပါ ။
သီလယူပါ . . မေတ္တာပို့ပါ . . ။

မြတ်စွာဘုရားကို ပဋ္ဌာန်းစာအုပ်တွေ ကပ်လှူ ပါ ။
( လက်ဖြင့် ကိုင်ပြီး ကပ်ပါ )

မြတ်စွာဘုရားထံမှ ပဋ္ဌာန်းတရားကို ပူဇော်ခွင့်ပြု ပါလို့
ခွင့်တောင်းပါ ။

ခွင့်တောင်းပြီး . . နတ်ပင့်ပါ . . မေတ္တာပို့ပါ . .
ပဋ္ဌာန်အမွှန်းကို ရမယ်ဆို ထဲ့ရွတ်ရပါတယ် . . . ။
မင်းကွန်းဆရာတော်ဘုရားဆို ပဋ္ဌာန်းအမွှန်းကို
အရင်ဆုံးရွတ်ပြီးမှသာ ပဋ္ဌာန်း အကျယ် ( သို့ ) ကျမ်း
ကို ရွတ်ပါတယ် ။

ပထမတွဲကို စရွတ်ပါ ။ မိမိရွတ်နိုင်သလောက်သာ ရွတ်ပါ . . တစ်နေ့ စာမျက်နှာ ( ၃ . ၆ . ၉ ) စသဖြင့် ရွတ်နိုင်ပါတယ်။
မိနစ် ၊ နာရီိ အပိုင်းခြားနဲ့ ရွတ်လည်း ရပါတယ် ။
နေ့တိုင်းရွတ်ရပါတယ် . . . ။

အသံကို မတိုးလွန်း ၊ မကျယ်လွန်း၊ မမြန်လွန်း ရွတ်ရပါတယ် ။
ရွတ်ပြီးတိုင်း မေတ္တာပို့ရပါတယ် . .

မေတ္တာပို့ရင် မိမိကိုယ်ကနေစပြီး . . အနီးကနေ အဝေးထိ
ရည်ဇူးမေတ္တာကို ပို့ရပါတယ် ။ ပြီးမှ အရပ်ဆယ်မျက်နှာထိ စိတ်နှစ်ပြီး မေတ္ထာပို့လွှတ်ရပါတယ် ။

မေတ္ထာပို့ပြီးတိုင်း . . အမျှဝေရပါတယ် . .
အမျှဝေရင် မိမိယခုပြု လုပ်တဲ့ ကုသ်ိုလ်တွေကို
တစ်ခုခြင်းရွတ်ဆိုပြီးမှသာ မျက်လုံးမှိတ်ပြီး အမျှဝေရပါတယ် ။
မျက်လုံးမှိတ်ထားခြင်းသည် အာရုံအားလုံးကို စုစည်းလိုက် သလို ဖြစ်တာမို့ အမျှဝေရတာ ပိုကောင်းပါတယ် ။

ပင့်ထားတဲ့ နတ်များကို ပြန်ပို့ရပါတယ် ။

*****

ဒါဆို ပဋ္ဌာန်းကျမ်း ပူဇော်တာ ပြည့်စုံပါပြီ . . . ။
cb ကနေ လာပြီးမေးကြတဲ့ fri များအတွက်ရော
မသိသေးသူ အားလုံးအတွက်ပါ ဖြေပေးလိုက်ပါတယ် . .။

နေခြည် - တားရော့
Credit....ဆရာမ နေခြည် - တားရော့

25/12/2022
သရဏဂုံတည်သောသူ⚜️⚜️⚜️⚜️⚜️⚜️ည အိပ်ယာ မဝင်ခင် သရဏဂုံတည်ပြီးမှ အိပ်ကြပါ။သရဏဂုံတည်သောသူသည် ထိုဘဝမှ စုတေသောအခါ တစ်ဘဝတာ တည်ခဲ့သ...
15/12/2022

သရဏဂုံတည်သောသူ
⚜️⚜️⚜️⚜️⚜️⚜️

ည အိပ်ယာ မဝင်ခင် သရဏဂုံတည်ပြီးမှ
အိပ်ကြပါ။

သရဏဂုံတည်သောသူသည် ထိုဘဝမှ စုတေသောအခါ တစ်ဘဝတာ တည်ခဲ့သော သရဏဂုံ ကုသိုလ်ကြောင့်

(၉၁)ကမ္ဘာ အပါယ်လေးပါးသို့ မကျရောက်ရခြင်း။

အကြိမ်(၈၀) သိကြားမင်းဖြစ်ရခြင်း။

(၇၅)ကြိမ် စကြာမင်းဖြစ်ရခြင်း။

ရိုးရိုးပဒေသရာဇ် ဧကရာဇ်ဘုရင်အဖြစ် အကြိမ်ကြိမ်ဖြစ်နေခြင်း။

အဆုံးဘဝတွင် မြတ်စွာဘုရားသာသနာ၌ (၇)နှစ်သားအရွယ်မှာပင် ရှင်သာမဏေအဖြစ် ခံယူ၍ သရဏဂုံအဆုံး၌ ရဟန္တာဖြစ်ခြင်း။

စျေးဝယ်သောအခါ တစ်ပိဿာဝယ်လျှင် တစ်ပိဿာရ၏။စျေးသည်က တစ်ပိဿာအပြည့်အပြင် မေတ္တာလက်ဆောင် ထည့်ပေးလျှင် အဆစ်ပါရ၏။

ထို့အတူ သရဏဂုံတည်လျှင် အကျိုးရင်း အကျိုးဖျားဟူ၍ နှစ်မျိုးရ၏။

ယခုဖော်ပြပြီးသည်ကားတို့ကား အကျိုး အရင်းဖြစ်၏။ တစ်ပိဿာဝယ်၍ တစ်ပိဿာရခြင်းမျိုး တစ်ရာဖိုးဝယ်၍ တစ်ရာဖိုးရခြင်းမျိုးပင်ဖြစ်၏။

အဆင့်နှင့်တူသည့် အကျိုးဖျားဟုခေါ်သော ကောင်းကျိုး(၈)မျိုးကိုလည်း ဘဝဆက်တိုင်း ရနိုင်သေး၏။

ထိုကောင်းကျိုး(၈)မျိုးကိုလည်း အပါဒါန်ပါဠိတော်မှာ ဟောတော်မူထား၏။

သရဏဂုံတည်ခဲ့သူသည် လူ နတ် ဗြဟ္မာ
မည်သည့်ဘဝသို့ ရောက်ရောက်

၁။ လူအများ၏ ပူဇော်ခံရခြင်းကို ခံယူရသည်။

၂။ ထူးထူးခြားခြား သူတကာထက် ဥာဏ်ကောင်းသည်။

၃။ သူ၏အလိုသို့ အများက လိုက်ပါရသည်။

၄။သတ္တဝါအားလုံးက နှစ်သက်သည်။

၅။ သတ္တဝါအားလုံးက ချစ်ခင်သည်။

၆။ ရွှေအဆင်းကဲ့သို့ လှပသည်။

၇။ ကျော်စောထင်ရှားသည်။

၈။ စည်းစိမ်များပြားသည်။

ပေးရသောအချိန်နှင့် တန်သည့်
အသိဥာဏ်ဗဟုသုတ များ ရရှိကြပါစေ။

Credit 🌼🌼

ပြန်လည် မျှဝေပါသည် 🙏🙏🙏

" ပဋ္ဌာန်းကျမ်းကို ဒီလိုပူဇော်ပါ "==========================မြတ်စွာဘုရားရှင်ဟာ ပဋ္ဌာန်းကျမ်းကို စီးဖြန်းလိုက်ပါမှ ဥာဏ်တေ...
01/12/2022

" ပဋ္ဌာန်းကျမ်းကို ဒီလိုပူဇော်ပါ "
==========================

မြတ်စွာဘုရားရှင်ဟာ ပဋ္ဌာန်းကျမ်းကို
စီးဖြန်းလိုက်ပါမှ ဥာဏ်တော်တွေ ကွန့်မြူးပြီး ရောင်ခြည်တော်ထူးတွေ ထွက်ပေါ်လာခြင်းကို
ရည်မှန်း၍ ရွတ်ဖတ်ပူဇော်သင့်ပါတယ် ။

-

အပွင့်အလင်းဓာတ်တွေကို
ဖြစ်ပေါ်စေနိုင်တဲ့ ပဋ္ဌာန်းစွမ်းရည်
ဂုဏ်သတ္တိတွေရဲ့ အကျိုးကိုခံစားလိုပါက -

၁။ နတ်ဗြဟ္မာတွေကို ရိုသေလေးစားစွာ
ပင့်ဖိတ်ဖို့လိုပါတယ် ။

၂။ မေတ္တာပွားများဖို့ လိုပါတယ် ။
နတ် ၊ ဗြဟ္မာတွေရဲ့ အမည်နာမတွေကို
နှုတ်ကခေါ်ဆိုပြီး ပို့သရင် ပိုကောင်းပါတယ် ။

၃။ ပဋ္ဌာန်းကျမ်းကို ရွတ်ဖတ်ပူဇော်တဲ့အခါမှာ

-

* ပုဒ်ပါဋ္ဌ်အက္ခရာ အဖြတ်အတောက်
အသံထွက် မှန်ကန်ဖို့ ။

* ဌာန်ကရိုဏ်း ကျနဖို့ ။

* အသံကို မတိုးမကျယ်ရွတ်ဖတ်ဖို့ ။

* စေတနာတရား ၊ သဒ္ဓါပွားများပြီး
ရည်ရွယ်ချက် မှန်ကန်ဖို့ ။

* အချိန်မှန် ၊ နေရာမှန်ပြီး
ပုံမှန် အဓိဋ္ဌာန်ဝင်ပြီး ရွတ်ပွားကြဖို့ ။

လိုအပ်ပါတယ် ။ ပြီးမှ အမျှဝေ နတ်ပို့ရတာပါ ။

ပဋ္ဌာန်းရွတ် အမျှဝေပြီး
သစ္စာဆိုကာ မေတ္တာပေးပို့သူများကို
သမ္မာဒေဝ နတ်မြတ်နတ်ကောင်းတွေရဲ့
ကူညီစောင့်ရှောက်မှုကို ခံယူရရှိတတ်ပါတယ် ။ 🙏

#ဓမ္မဒါနအဖြစ်_ရေးသားမျှဝေပါသည်


#ဂမ္ဘီရမျက်ရှင်

အိတ်ဆောင်ကဒ်ပြားလေးတွေ ထွက်ပြီနော် တန်ဖိုး ၄၀၀ ကျပ် အလှူမင်္ဂလာပွဲများအတွက် မေတ္တာလက်ဆောင်အနေနဲ့ပြန်ကမ်းလေးတွေအတွက်လည်း ...
30/11/2022

အိတ်ဆောင်ကဒ်ပြားလေးတွေ ထွက်ပြီနော်

တန်ဖိုး ၄၀၀ ကျပ်

အလှူမင်္ဂလာပွဲများအတွက် မေတ္တာလက်ဆောင်အနေနဲ့ပြန်ကမ်းလေးတွေအတွက်လည်း စျေးသပ်သပ်ရှိပါတယ်ရှင့်

သရဏဂုံကြောင့် ရတဲ့ ကုသိုလ်တွေဟာ မနည်းဘူး-----------------မြတ်စွာဘုရားက တကယ့်ကို မပြတ်စီးဝင်နေတဲ့ …ကုသိုလ်တွေဆိုတဲ့ အထဲမယ...
11/11/2022

သရဏဂုံကြောင့် ရတဲ့ ကုသိုလ်တွေဟာ မနည်းဘူး
-----------------
မြတ်စွာဘုရားက
တကယ့်ကို မပြတ်စီးဝင်နေတဲ့ …
ကုသိုလ်တွေဆိုတဲ့ အထဲမယ်
သရဏဂုံသုံးပါးလည်း ပါတယ်တဲ့။

မြတ်ဘုရားကို ကိုးကွယ်ရာလို့
ဆည်းကပ်ပြီဆိုရင် ဆည်းကပ်တယ်ဆိုတဲ့
ကုသိုလ်စေတနာဟာ ကုသိုလ်အားလုံး
မိမိသန္တာန်မှာ စီးဝင်လာဖို့ရာအတွက်
လမ်းဖွင့်ပေးတာ ဖြစ်သောကြောင့်
ကုသိုလ်အလျဉ်ဟာ စီးဝင်လာတယ်လို့
ဒီလိုပြောတာနော်။

ဘုရားကို ကိုးကွယ်တယ်၊
တရားကို ကိုးကွယ်တယ်၊
သံဃာကို ကိုးကွယ်တယ်၊
ဒီကိုးကွယ်မှု သုံးရပ်ဟာလည်းပဲ
ကုသလာဘိသန်ဒ ပုညာဘိသန်ဒ
စီးဝင်လာတဲ့ ကောင်းမှုတွေပဲလို့
မြတ်စွာဘုရားက ဒီလိုဟောတာ။

အဲဒီတော့ သရဏ လို့ ဆိုတဲ့နေရာမှာ
သရဏဆိုတာ ဘာကိုပြောတာလဲ။
ဘေးရန်အန္တရာယ်အဆိုးတွေကို
ဖယ်ရှားပစ်နိင်တဲ့ စွမ်းအားရှိတဲ့ အရာလို့
ဒီလိုဆိုတယ်။

မြန်မာလိုက ကိုးကွယ်ရာလို့
ဒီလိုပြန်ပေမယ့်လို့ …
သရဏဆိုတဲ့ စကားလုံးအဓိပ္ပါယ်က
ဖယ်ရှားပစ်ခြင်း၊
ဘာကိုဖယ်ရှားပစ်တာတုန်း။
ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပစ်တာ။
အဲဒီတော့ ဆင်းရဲဒုက္ခတွေကို
ဘယ်အရာက ဖယ်ရှားပစ်တာတုန်းမေးရင်
ဘုရား၊တရား၊ သံဃာ ရတနာသုံးပါးက
ဖယ်ရှားပစ်တယ်။

ဒါဖြင့် ဘယ်လိုပုံစံ ဖယ်ရှားပစ်တာတုန်း။
ကြည့်၊ မြတ်စွာဘုရားက ကောင်းကျိုးချမ်းသာ
ရဖို့အတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ဖို့၊
မကောင်းမှုတွေ လွတ်ကင်းဖို့ရာအတွက်
အကုသိုလ်တွေကို ရှောင်ဖို့ဆိုတဲ့ ဆုံးမသြဝါဒ
ပေးတယ်။
ဆုံးမသြဝါဒအတိုင်း လိုက်နာမယ်ဆိုရင်
ကျရောက်မဲ့ ဘေးရန်အန္တရာယ်တွေ
မကျရောက်တော့ဘူး။

ဆုံးမသြဝါဒပေးပြီး လမ်းညွှန်ပြခြင်းဖြင့်
သတ္တဝါတွေ သန္တာန်မှာ ကျရောက်မဲ့
ဘေးအန္တရယ်တွေ ဖယ်ရှားပစ်တယ်လို့
ဒီလိုပြောတာ။

တရားဓမ္မကတော့ ညွှန်ပြတဲ့အတိုင်း
လိုက်နာကျင့်သုံးခြင်းဖြင့် ဘေးရန်အန္တရာယ်က
လွတ်စေတယ်။

သံဃာတွေကို …
ဘာလို့ သရဏလို့ ခေါ်တုန်းဆိုရင်
သံဃာ့ဂုဏ်ကို အာရုံပြုပြီးတော့ …
လူတွေ ကုသိုလ်ကောင်းမှုလုပ်မယ်။
လက်အုပ်လေး တစ်ကြိမ်လောက် ချီလိုက်မယ်၊
တစ်ကြိမ်တစ်ခါလေး ဦးနှိမ်ပြီးတော့ ရှိခိုးလိုက်မယ်၊
ပစ္စည်းလေးပါး လှူဒါန်းလိုက်မယ်ဆိုရင်
အင်မတန်ကြီးမြတ်တဲ့၊ အတိုင်းအတာကင်းမဲ့တဲ့
ချမ်းသာသုခတွေ ရရှိမယ်။

အဲဒီလို ရရှိစေဟာ …
ဘာကရရှိစေတာတုန်းဆိုရင် သံဃာတွေ
ကျင့်သုံးတဲ့ ကိုယ်ကျင့်သီလ။

ဆိုပါစို့။
မြေသြဇာကောင်းတဲ့ မြေထဲမှာ
သစ်ပင်လေးတစ်ပင်စိုက်တယ်။
စိုက်လိုက်တဲ့အခါ ကိုယ်စိုက်တာကတော့
တစ်စေ့ထဲပဲ။
ဒါပေမယ့်လို့ နှစ်စဉ်နှစ်စဉ် သီးပေးတာက
ထောင်ချီသောင်းချီသီးတာ။
တစ်နှစ်ထဲလည်း မဟုတ်ဘူးနော်။
နှစ်ပေါင်းများစွာသီးတာ။
အဲဒါဘယ်သူက ပေးတာတုန်းဆိုရင်
ဒီမြေကောင်းရေကောင်းက ပေးတာပဲပေါ့။

အဲဒီလိုပဲ သံဃာကို လွူလိုက္လို့
ရရှိတယ်ဆိုတာ သံဃာအပေါ်မှာ ပျိုးလိုက်တဲ့
ကုသိုလ်စေတနာဟာ ထပ်တလဲလဲ
သီးပွင့်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို
ပြောတာပေါ့။
အဲဒီလို သီးပွင့်မှုကို ရရှိစေတာဟာ
ဒါ သံဃာရဲ့ ဂုဏ်ပဲပေါ့။

အဲဒီလို သီးပွင့်မှုကို ရရှိစေခြင်းဖြင့်
အပါယ်ငရဲတို့၊ ဆင်းရဲဒုက္ခရောက်မယ့်
အနေအထားတွေကို ဖယ်ရှားပစ်လို့
သံဃာကိုလည်း သရဏလို့ ခေါ်တယ်။

အဲဒီ သရဏ လို့ခေါ်တဲ့
ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့
စိတ်ဓာတ်လေးက သရဏဂမန၊
အဲဒီလိုကုသိုလ်စိတ်ကလေး ဖြစ်လာတာဟာ
သာမာန်ကုသိုလ်မဟုတ်ဘူးတဲ့။

ပုညာဘိသန်န ကုသလာဘိသန်န
ဒါကို အကြောင်းပြုပြီး ကုသိုလ်တွေ
ကိုယ့်သန္တာန်မှာ မပြတ်စီးဝင်လာနိုင်တယ်လို့
မြတ်စွာဘုရားက အင်္ဂုတ္ထိုရ် ဒုစ္စရိတဝိပါတသုတ်မှာ
ဟောတာ။

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသဆရာတော်ဘုရားကြီး

ဦးမြင့်ခိုင် &SAI MYO WIN
Credit...မြတ်သောဗုဒ္ဓ

Address

Myitkyina

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959771440661

Website

Alerts

Be the first to know and let us send you an email when ဝိုင်း Online-shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဝိုင်း Online-shop:

Shortcuts

Share