Education Center-Book store

Education Center-Book store Bookstores

25/07/2022

အကြိုက်ဆုံးစကားစုတစ်ချို့

🐋ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကို သွားပါ ။
ဒါပေမယ့် •••
မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။

🐦 ဘဝကို ကြက်တူရွေးလို မနေဘဲ
🦅 သိန်းငှက်လို ကျင့်ကြံပါ
🐦 ကြက်တူရွေးက စကားတတ်ပေမဲ့
မြင့်မပျံနိူင်ဘူး

🦅 သိန်းငှက်က နူတ်ဆိတ်ပေမဲ့
မိုးထိအောင် ပျံနိူင်တယ် ။

🚣‍♂️ ကြိုးစားတဲ့ လူတိုင်းက •••
မအောင်မြင်ပါဘူး
ဒါပေမယ့် •••
အောင်မြင်နေတဲ့ သူတိုင်းက •••
ကြိုးစားခဲ့ကြပါတယ် ။

🚶 လမ်းပျောက်နေလို့
စိတ်ဓာတ်မကျပါနဲ့ •••
ကိုယ်လျှောက်မယ့် လမ်းက
ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ ။

🔹 လူ့ သက်တမ်းက •••
အကန့်သတ်ရှိတာ မှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှု့ ရလဒ်ကတော့ အကန့်သတ် မရှိပါဘူး ။

အစိတ်စိတ် ကွဲနေတဲ့
ဖန်ကွဲစက ပြောတယ် ဖြစ်ပြီးမှ
နောင်တရနေရင် အလကားဘဲ ။

🖊️ဘောပင်က ပြောတယ်
မှင်ကုန်ရင် လွင့်ပစ်လိုက်ပါတဲ့
မင်းအတွက် အသုံးမဝင်တာကို
သိမ်းမထားပါနဲ့တဲ့

တံခါးပေါက်က ပြောတယ် •••
ငါ့ကို ဖွင့်ပီး
မင်းအောင်မြင်မှု့ လမ်းကြောင်းကို
ရောက်အောင် သွားတဲ့ ။

💡 မီးသီးကပြောတယ် •••
ဘဝကို တောက်ပအောင် လုပ်ပါတဲ့ ။

ပြတင်းပေါက်က မြင်ရတဲ့
လမင်းက ပြောတယ်
ရည်မှန်းချက်ကို မြင့်မြင့်ထားတဲ့

📆 ပြက္ခဒိန်ကပြောတယ်
ကုန်လွန်သွားတဲ့ ရက်စွဲတွေက
နောက်ပြန်လှည့်လို့ မရဘူး

📙 စာအုပ်တွေကပြောတယ်
ဗဟုသုတကို ဝယ်လို့မရဘူး
ဖတ်ပြီး မှတ်လို့ဘဲ ရတယ် ။

🗡️ ဓားတစ်လက်က ပြောတယ်
မသုံးဘဲထားရင်
တုံးသွား လိမ့်မယ်တဲ့ ••

⌚ နာရီလေးက ပြောတယ် •••
အချိန်ဆိုတာနောက်ပြန်မရနိူင်ဘူး။

🥛 ရေသန့်ဘူးက ပြောတယ်
စိတ်ကိုကြည်လင်အောင်ထား
ဘဝကို သန့်ရှင်းအောင်နေတဲ့ ။

💵 ပိုက်ဆံလေးက ပြောတယ် •••
များများ သုံးချင်ရင်များများရှာတဲ့။
Crd

25/07/2022
"ပထမကို ဦးစားပေးဖို့”လူတိုင်းလိုလိုက....ကမ္ဘာကြီးကို ကယ်တင်ချင်ကြတယ်....။ဒါပေမယ့်.....အမေ ပန်းကန်ဆေးနေတာကိုတော့ဝိုင်းကူဖ...
14/05/2022

"ပထမကို ဦးစားပေးဖို့”

လူတိုင်းလိုလိုက....
ကမ္ဘာကြီးကို ကယ်တင်ချင်ကြတယ်....။

ဒါပေမယ့်.....
အမေ ပန်းကန်ဆေးနေတာကိုတော့
ဝိုင်းကူဖို့ ဘယ်သူမှမစဉ်းစားကြဘူး ...။

လူတစ်ချိူ့က....
ပရဟိတကိုတော့ အရမ်းလုပ်ချင်ကြတယ်....။

အိမ်က အဖေ ထင်းခွဲနေတာကိုတော့
ကူလုပ်မယ်လို့ မစဉ်းစားကြဘူး ....။

လူတစ်ချိူ့က...
ရုပ်ရှင်မင်းသား မင်းသမီး
ငိုယိုပြနေတာကိုတော့ သနားပြီး ခံစားနေကြတာ....

အိမ်က မိဘတွေရဲ့
ရင်ထဲက ဒဏ်ရာတွေကိုတော့
မြင်အောင် မကြည့်ကြဘူး.....။

ပထမရဲ့တန်ဖိုးကိုမသိဘဲ
ဒုတိယရဲ့တန်ဖိုးကို မက်မောနေသမျှ
ပထမနဲ့ ဝေးကွာနေကြဦးမှာပါပဲ...။

မေတ္တာဖြင့်
လေးစားစွာ 𝐂𝐫𝐞𝐝𝐢𝐭 ပေးပါသည်

ဒေါ်လာဘီလီယံပေါင်းများစွာ ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်ဟာ သူဝါသနာပါလို့ မွေးမြူထားတဲ့ မိချောင်းတွေထားတဲ့ကန်အလယ်ကအဆောက်အဦး...
11/03/2022

ဒေါ်လာဘီလီယံပေါင်းများစွာ ချမ်းသာတဲ့
သူဌေးကြီးတစ်ယောက်ဟာ သူဝါသနာပါလို့ မွေးမြူထားတဲ့ မိချောင်းတွေထားတဲ့ကန်အလယ်ကအဆောက်အဦးပေါ်မှာ
သူ့ရဲ့မွေးနေ့ပါတီပွဲကျင်းပနေပါတယ်

လူတွေက သူမွေးထားတဲ့မိချောင်းတွေကို အဆောက်အဦးပေါ်ကနေ တအံ့တဩအထိတ်တလန့်နဲ့ ကြည့်နေကြတာပေါ့

အဲဒီအချိန်မှာ သူဌေးက အစီအစဉ်တခုကို ရုတ်တရက်ကြေငြာလိုက်ပါတယ်

မိတ်ဆွေများခင်ဗျား
ယခုရောက်ရှိနေတဲ့နေရာကနေ ကန်ထဲကိုခုန်ချပီး ကန်ဘောင်ပေါ်ကိုရောက်အောင်သွားနိုင်တဲ့သူကို ဆုအဖြစ် ဒေါ်လာနှစ်သန်းပေးမှာဖြစ်ပီး
ကန်ဘောင်ကိုရောက်အောင်မသွားနိုင်ပဲ မိချောင်းအကိုက်ခံရလို့ အသက်ဆုံးရှူံးသွားမယ်ဆိုရင်တော့ ကျန်ရစ်တဲ့မိသားစုကို ထောက်ပံ့ကြေးအဖြစ် ဒေါ်လာတသန်း ပေးအပ်မှာဖြစ်ပါတယ် စိတ်ဝင်စားသူများအစီအစဉ်မှာ ပါဝင်စွန့်စားနိုင်ကြပါတယ်ခင်ဗျား..

သူဌေးရဲ့စကားအဆုံးမှာပဲ လူတယောက်ဟာရေထဲကို ဝုန်း ကနဲခုန်ချပီး ကန်ဘောင်ကိုရောက်ဖို့ အသဲအသန်ကူးခတ်နေပါတယ်

ကံအားလျော်စွာပဲ အဲဒီလူဟာ ကန်ဘောင်ပေါ်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်

အခမ်းအနားတက်ရောက်လာသူတွေက သူ့ရဲ့ ရဲရင့်စွာစွန့်စားတဲ့သတ္တိကို ချီးကျူးဂုဏ်ပြုဩဘာပေးနေကြသလို
သူဌေးကလဲ သူ့ဂတိအတိုင်း ဒေါ်လာနှစ်သန်းတန် ချက်လက်မှတ်ရေးပီး ဂုဏ်ပြုလိုက်ပါတယ်

အဲဒီလူဟာ ဒေါ်လာနှစ်သန်းတန်ချက်လက်မှတ်ကို ကတုန်ကယင် ကိုင်ထားပီး ပရိတ်သတ်ဖက်ကိုကြည့်ကာ အသံတုန်ကြီးနဲ့ မေးလိုက်ပါတယ်
..ကျနော့်ကိုအနောက်ကတွန်းချလိုက်တာဘယ်သူလဲ...😖

အဲဒီအခါ သူ့လက်ထဲက ချက်လက်မှတ်ကိုလာယူပီးတော့ ဆလင်းဘတ်အိပ်ထဲထည့်ရင်း အမျိုးသမီးတယောက်ကပြောလိုက်ပါတယ်

ရှင့်ကိုတွန်းချလိုက်တာ ကျမပဲ...တဲ့😱

အဲဒီအမျိုးသမီးဟာအဲဒီလူရဲ့မိန်းမပဲဖြစ်ပါတယ်

အဲဒီဖြစ်စဉ်ကိုမြင်တွေ့လိုက်ရတဲ့ပရိတ်သတ်တွေကတော့...☝

အောင်မြင်တဲ့ယောင်္ကျားတယောက်ရဲ့နောက်ကွယ်မှာ
တွန်းအားပေးနိုင်တဲ့မိန်းမတယောက် ရှိနေဖို့လိုတယ်ဆိုတာကို အကြွင်းမဲ့လက်ခံသွားပါတော့တယ်ဗျာ😁😁😁

ဟာသလေးတွေဖတ်ပီးနေ့တစ်နေ့တာရဲ့ပင်ပန်းနွမ်းနွယ်မှု့တွေပြေပျောက်နိုင်ကြပါစေ☺☺☺

မူရင်း

ရုန်းထွက်နိူင်သူ ဖြစ်ပါစေ...... သူငယ်ချင်း အောင်မြင်ဖို့ ကြိုးစားနေချိန်မှာအမြင့် မတက်နိင်ရင်နေ မင်း ရင့်ကျက်ဖို့တော့ လိ...
15/12/2021

ရုန်းထွက်နိူင်သူ ဖြစ်ပါစေ......

သူငယ်ချင်း
အောင်မြင်ဖို့ ကြိုးစားနေချိန်မှာ
အမြင့် မတက်နိင်ရင်နေ
မင်း ရင့်ကျက်ဖို့တော့ လိုလိမ့်မယ်

သူငယ်ချင်း
မင်းဆင်းရဲနေတာ အပြစ်မဟုတ်ပေမယ့်
ကိုယ့်ကိုယ်ကို ညှင်းဆဲပြီး ပျင်းတွဲနေရင်
တော့ မင်းအပြစ်ပဲ ။

မင်း(သတိ)ထားမိလား မင်းလဲကျတိုင်း
ကြားနေရမှာက လက်ခုပ်သံတွေပါ ကမ်းလက်မဟုတ်ဘူး

မင်းရှုံးနိမ့်နေချိန် မင်းအနားမှာ ဘယ်သူမှရှိမနေတာ သတိပြုလိုက်ပါ~~~
သေချာတယ် မင်းရုန်းကန်နေချိန်
မင်းအတွက် အရာရာ ခက်ခဲနေမယ်ဆိုတာ ငြင်းလို့ မရဘူး ။

ကြိုးစားတိုင်း~~~
အမြင့် မရောက်ပေမယ့်
အမြင့်ရောက် သူတိုင်းက
ကြိုးစားခဲ့လိုဘဲ သူငယ်ချင်း

ဘဝဆိုတာ ပြက္ခဒိန် ရက်စွဲတွေထဲမှာ
ကုန်ဆုံးစေဖို့ မဟုတ်ဘူး
ကြောက်ရွံ့ စိုးရိမ်စိတ်တွေ မင်းရင်ထဲက အပြီးအပိုင် မောင်းထုတ်ပြစ်လိုက်ပါ
သူငယ်ချင်း.....။

လူတိုင်းကို အထင်မသေးလိုက်ပါနဲ့
အထူးသဖြင့် မင်းကိုယ်မင်းပေါ့
အတိတ်မှာ လူအဖြစ် ရရှိဖို့
မင်းတကယ် ကြိုးစားခဲ့တယ်နော်
ဒါကြောင့် လက်ရှိအချိန်ကို ထပ်ပြီးကြိုးစားလိုက်ပါ သူငယ်ချင်း.....

မင်း လုပ်သမျှတွေကို ပတ်ဝန်းကျင်ရဲ့
အသိမှတ် ပြုမှုကို မမျှော်လင့်ပါနဲ့ ။
ဒါပေမယ့် မင်းဘာလုပ်လုပ် ပတ်ဝန်းကျင်က မျက်လုံးဒေါက်ထောက်ကြည့်နေလိမ့်မယ် ဒါကို မင်းစိတ်ထဲမှာ စောဒက မတက်မိပါစေနဲ့ သူငယ်ချင်း......

မင်းမှန်နေဖိုတော့ လိုလိမ့်မယ်
လူအထင်ကြီး ခံချင်စိတ်နဲ့ ကြိုးစားနေရင်
သေချာတယ် မင်းရဲ့ ကြိုးစားမှုဟာ
အစစ်အမှန် မဟုတ်ဘူး သူငယ်ချင်း......။

အိမ်မက်ဆိုတာ သေဆုံးစေဖို့ မဟုတ်ဘူး
ခုံဖိနပ်ကို ကြိုးတပ်စီးပြီး လျှောက်နေရတဲ့
လမ်းမျိုးတော့ မဖြစ်စေနဲ့

အောင်မြင်သူတစ်ယောက် ဖြစ်လာတဲ့အခါ အချစ်ဆိုတဲ့ အရာဟာ မင်းရဲ့ခြေရင်းမှာ သူအလိုလို {ကျွန်}လာခံလိ့မ်မယ်
သူငယ်ချင်း။


"ကြိုးစားနေတဲ့ "      အချိန်မှာ သည်းခံပါ။ "ကျရူံးနေတဲ့ "          အချိန်မှာ ရဲရင့်ပါ။ "အောင်မြင်နေတဲ့ "  အချိန်မှာ တည်ငြ...
21/11/2021

"ကြိုးစားနေတဲ့ " အချိန်မှာ သည်းခံပါ။
"ကျရူံးနေတဲ့ " အချိန်မှာ ရဲရင့်ပါ။
"အောင်မြင်နေတဲ့ " အချိန်မှာ တည်ငြိမ်ပါ။

သင်ကြိုးစားနေတာလား

ဒါဆို သည်းခံလိုက်ပါ။
ကြိုးစားနေတဲ့သူတွေကို တိုက်ခိုက်နေတဲ့
မကောင်းဆိုးဝါးဆိုတာ နေရာတိုင်းမှာ ရှိကြတယ်။

ထိုသူတွေနဲ့ ယှဉ်ပြီး မတိုက်ခိုက်ပါနဲ့
ကိုယ်သွားမယ့် လမ်းကြောင်းတွေ
လွဲသွားတတ်ပါတယ်။

မကောင်းတဲ့ သူတွေက မကောင်းတဲ့
လမ်းကြောင်းအတိုင်း ဆက်သွားပါလိမ့်မယ်။

ဒါသင်သွားမယ့် လမ်းကြောင်းက အမှိုက်တွေပါ
အမှိုက်ကောက်ရမှာ သင့်အလုပ်မဟုတ်ဘူး။

သည်းခံခြင်းသည် အောင်မြင်ခြင်းရဲ့ နိဒါန်းပါ
သင့် အခက်ခဲတွေကို အလှဆုံး
အပြုံးနဲ့ ရင်ဆိုင်ပြီး ဆက်ကြိုးစားပါ။
အောင်မြင်မှုက ကြိုးစားနေသူတွေအတွက်
လက်တကမ်းမှာပါ။

လောကဓံကို ရင်ဆိုင်နေရတဲ့ လူသားခြင်း
စာနာစိတ်နဲ့ အကောင်းမြင်ပေးပါ။

နေရာတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်။
စိတ်ထားကောင်းကောင်းထားပြီး သည်းခံရင်း ကြိုးစားပါ။

သင် ကျရူံးနေလား

ဒါဆို ရဲရင့်ပြလိုက်စမ်းပါ
လှောင်ပြောင်ရယ်မော တိုက်ခိုက်နေတဲ့
အတုအယောင်တွေ ကြားထဲမှာ
ခြင်္သေ့ တစ်ကောင်အသွင်နဲ့
ရဲရင့်ပြလိုက်စမ်းပါ။

လူဆိုတာ ကိုယ်ထက်သာ
မနာလို တာ သဘာဝပါ။
သူတို့ထက် ညံ့ခဲ့ရင်တော့
ကဲ့ရဲ့ ပြီပေါ့။

ဒါပေမယ့် သူတို့ထက် အဆပေါင်းများစွာ
သာတဲ့သူတွေကိုတော့ အားကျ အတုယူတက်ကြတယ်။
ဒီသဘာဝလည်း သင်နားလည်ထားပါ။

နေပူပြီးရင် နေရိပ်လာတဲ့ အချိန်ရှိသလို
မုန်တိုင်းပြီးလဲ လေပြေလာစမြဲပါ။
ဒါဆို သေချာတယ်။

ကျရူံးချိန်တွေ ပြီးရင်
မလွဲမသွေ လာမှာ အောင်မြင်မှုပါ။
ဒီအောင်မြင်မှုကို သင့်ရဲ့ ရဲရင့်တဲ့
အပြုံးတစ်ပွင့်နဲ့ ကြိုဆိုရမှာပါ။

"ဆင်" ဖမ်းဖို့သွားတဲ့ လူတစ်ယောက်က
လမ်းမှာ ဟောင်နေတဲ့ "ခွေး" တွေကို ခဲနဲ့ပစ်နေရင်
"ဆင်" ရဖို့အချိန် နှောက်နှေးသွားပါလိမ့်မယ်။

ဒါကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို
အောင်မြင်မှုအတွက်ပဲ အချိန်ကုန်ခံပါ။

အရည်အသွေး နိမ့်တဲ့သူတွေကြောင့် ခေါင်းကိုက်မခံနဲ့။

သင့်ရဲ့ ကျရူံးမှုတွေကို ရဲရင့်မှုတွေနဲ့ စိန်ခေါ်ပါ။
ဒါဆို စိန်ခေါ်မှုတွေများတဲ့ လောကကြီးကို
သင် ကောင်းကောင်း ရင်ဆိုင်သွားနိုင်မှာပါ။

သင် အောင်မြင်နေပြီလား

ဒါဆို တည်ငြိမ်နေလိုက်ပါ။
လုံလောက်တဲ့ ရင်ကျက်မှုရှိတဲ့ လူတိုင်းက
ကိစ္စတိုင်းကို ထည့်တွက်မနေတော့ပါဘူး။

မူရင်းရေးသားသူအားလေးစားလျက်
Crd

စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးများ?•••••••••••••••••••••••••••••••••••••••စာဖတ်ခြင်းက သင့်ကို ဘယ်လိုထူးခြားတဲ့ စွမ်းအင်တွေ ပ...
21/11/2021

စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးများ?
•••••••••••••••••••••••••••••••••••••••

စာဖတ်ခြင်းက
သင့်ကို ဘယ်လိုထူးခြားတဲ့
စွမ်းအင်တွေ ပေးနိုင်တယ်လို့ ထင်ပါသလဲ

စာဖတ်ခြင်းက ဗဟုသုတတိုးပွားဖို့
အတွက်ပဲလို့ ထင်နေကြပါတယ်။

တစ်ကယ်တော့ စာဖတ်ခြင်းကနေ
ဗဟုသုတ တိုးပွားရုံသာမက
သင်မသိသေးတဲ့ အခြားကောင်းမွန်တဲ့
ရလာဒ်တွေ အများကြီး ရှိပါသေးတယ်။
ဒါ့ကြောင့် အားလပ်ချိန်တွေမှာ
စာအုပ်လေးတွေ ဖတ်ပေးပါ။

၁။ ဦးနှောက်ကို ပိုမိုလှုံ့ဆော်ပေးနိုင်တယ်

စာဖတ်ခြင်းဟာ သင့်ရဲ့ဦးနှောက်ကို အလုပ်လုပ်စေပါတယ်
ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့
တခြားကြွက်သားတွေလိုပဲ
သင် လေ့ကျင့်ခန်းလုပ်လေ
ကြီးထွားလာလေဖြစ်ပါတယ်။

၂။ စာဖတ်ခြင်းက အာရုံစူးစိုက်မှု
အားကောင်းစေပါတယ်

ဘဝမြာ တခုခုကို
အောင်မြင်ချင်တယ်ဆိုရင်
အာရုံစူးစိုက်မှု ရှိနေဖို့ကအရမ်းအရေးကြီးပါတယ်။
သင်ဟာ စာအုပ်တစ်အုပ်ကို
ဖတ်နေတဲ့အခါ စာရွက်ပေါ်က
စာလုံးတိုင်းအပေါ်ကို
အာရုံစူးစိုက်ထားပြီး
ဇာတ်လမ်းထဲမှာ မျောပါနေပါတယ်။
စာဖတ်ခြင်းဟာ သင့်ရဲ့
အာရုံစူးစိုက်မှု အကျင့်ကို
အလွယ်တကူပြုစုပျိုးထောင်ပေးနိုင်ပါတယ်။

၃။ ဗဟုသုတများစွာ ကြွယ်ဝစေတယ်

စာအုပ်ဖတ်ခြင်းဟာ
ဗဟုသုတကြွယ်ဝစေပြီး
အတွေးအခေါ် မြင့်တက်လာစေနိုင်ပါတယ်။
စာအုပ်လေး ဘယ်လောက်ပါးပါစေ
သင် တစ်ချိန်ချိန်မှာ ပြန်လည်
အသုံးပြုရမယ့်အသိပညာတွေပါဝင်ပြီး
သင် စာများများဖတ်နိုင်လေ
သင့်အတွက်ပိုအကျိုးများလေဖြစ်ပါတယ်။

၄။ စိတ်ဖိစီးမှု လျော့ကျစေတယ်

စာအုပ်ကောင်းကောင်း
ဝတ္ထု ကောင်းကောင်းတစ်အုပ်ဟာ
သင့်ကို တခြားကမ္ဘာတစ်ခုဆီ
ဆွဲခေါ်သွားနိုင်ပြီး သင့်လက်ရှိဘဝရဲ့
စိတ်ဖိစီးမှုတွေကို ကုသဖို့အတွက်
အကောင်းဆုံးနည်းလမ်း
တစ်ခုဖြစ်ပါတယ်။

၅။ စာဖတ်ခြင်းကနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်စေနိုင်ပါတယ်

စာအုပ်တစ်အုပ် ကိုင်လိုက်တာနဲ့
အိပ်ပျော်သွားတဲ့သူတွေ
များစွာရှိတတ်ပါတယ်။
စာဖတ်တဲ့ အလေ့အကျင့်
မရှိသေးကြလို့ဖြစ်ပါတယ်။
ဒါပေမယ့်သက်ဟာအိပ်ယာမဝင်ခင်
စာအုပ်ကို နည်းနည်းပဲဖြစ်ဖြစ်
ဖတ်တတ်တဲ့အကျင့် ရှိမယ်ဆိုရင်
သင်အိပ်စက်ချိန်မှာပိုပြီးနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နိုင်မှာဖြစ်ပါတယ်။

၆။ လူတွေကို ပိုပြီးနားလည်ပေးနိုင်လာမယ်

တစ်ခြားလူတွေရဲ့အတွေ့အကြုံတွေ
အခက်အခဲတွေကို ဖတ်ရှုခြင်းဟာ
ဘဝမှာ တစ်ခြားလူတွေရဲ့
အခက်အခဲတွေကို ပိုမိုသိလာပြီး
လူတွေကို ပိုမိုနားလည်တတ်လာပါတယ်။
လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး
ဝေဖန်ဖို့က လွယ်ပါတယ်။
သို့ပေမယ့် သင်ဟာ စာ
အုပ်တွေထဲကနေ လူအများရဲ့
အတွေ့အကြုံ မျိုးစုံကို
သတိထားမယ်ဆိုရင်
လူအမျိုးမျိုးကို ပိုပြီး
နားလည်ပေးတတ်နိုင်လာပါတယ်။

🌹🌹အရမ်းကောင်းတဲ့စာလေးပါ🌹🌹=======================လူရယ်လို့ ဖြစ်လာရင်သင့်ကိုအားကျတဲ့လူရှိသလိုအမြင်ကပ်တဲ့လူလည်းရှိမယ်သင့်ကိ...
01/11/2021

🌹🌹အရမ်းကောင်းတဲ့စာလေးပါ🌹🌹
=======================

လူရယ်လို့ ဖြစ်လာရင်
သင့်ကိုအားကျတဲ့လူရှိသလို
အမြင်ကပ်တဲ့လူလည်းရှိမယ်

သင့်ကိုမနာလိုတဲ့လူရှိသလို
အထင်သေးတဲ့လူလည်းရှိမယ်
ဒါဖြစ်လေ့ဖြစ်ထသဘာဝပါ

သင်ဘယ်လောက်ပဲကောင်းအောင်
လုပ်လုပ် ဘယ်လောက်ပဲ အနစ်နာ
ခံကြိုးစားကြိုးစား လူတိုင်းကိုကျေနပ်
အောင်တော့ သင် မစွမ်းဆောင်နိုင်ပါဘူး

ဒါကြောင့်မို့လို့သူများအကြိုက်ကိုဆောင်ဖို့
သင့်ရဲ့ပင်ကိုတန်ဖိုးကို အထိခိုက်မခံပါနဲ့
သင့်ခံယူချက်အပေါ်သင်ကာကွယ်သင့်ပါတယ်

သိထားဖို့က သူများပါးစပ်ဖျားပေါ်က "သင်"
ဟာ ကောင်းသည်ဖြစ်စေ မကောင်းသည်
ဖြစ်စေ သင်အစစ်မှန် မဟုတ်ပါဘူး

လူဆိုတာ...
မျက်စိချင်းတူသော်ငြားလည်း
အမြင်ချင်းမတူပါဘူး

နားပေါက်ချင်းတူသော်ငြားလည်း
ကြားပုံချင်းမတူပါဘူး

ပါးစပ်ချင်းတူသော်ငြားလည်း
ပြောပုံဆိုပုံချင်းမတူပါဘူး

ဦးနှောက်ချင်းတူသော်ငြားလည်း
အယူအဆချင်း မတူနိုင်ပါဘူး

လူချင်းတူသော်ငြားလည်း အသက်ရှင်
နေထိုင်ပုံချင်း မတူပါဘူး...

ဒီအတွက်ကြောင့်
သင်ဘယ်လောက်ပဲထူးချွန်ထူးချွန်
နားလည်တဲ့ သူတွေနဲ့ တွေ့ဦးမှ...

သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်
ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ...

သင်ဘယ်လောက်ပဲ ရိုးသားရိုးသား
သံသယ နည်းတဲ့လူနဲ့ ဆုံဦးမှ...

သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ
တန်ဖိုးထား တတ်တဲ့ လူနဲ့ ကြုံဦးမှ...

နောက်ဆုံးတော့...
သိတာလည်း အားလုံးမပြောနဲ့
မြင်တာလည်း အားလုံးမယုံနဲ့
သင်ဘယ်သူ့ကို ဘယ်လောက်ချစ်တယ်
ခင်တယ်ပဲဆိုဆို ကိုယ့်အတွက်အသက်ရှင်ဖို့လည်း မမေ့ပါနဲ့...

original writer

အသက် ၈၆ နှစ်ရှိ​နေပြီဖြစ်တဲ့ အဖိုးကြီးက သူတို့ ဘယ်သွားသွား သူ့မိန်းမလက်ကို အမြဲဆုပ်ကိုင်ထား​နေတယ်။"ဘာဖြစ်လို့ သင့်မိန်းမ...
01/11/2021

အသက် ၈၆ နှစ်ရှိ​နေပြီဖြစ်တဲ့ အဖိုးကြီးက သူတို့ ဘယ်သွားသွား သူ့မိန်းမလက်ကို အမြဲဆုပ်ကိုင်ထား​နေတယ်။

"ဘာဖြစ်လို့ သင့်မိန်းမက တခြားဘက်ကို အမြဲကြည့်​နေတာလဲ" ​မေး​တော့။ သူ ပြန်​ဖြေလိုက်တယ် "သူမမှာ Alzheimer's ​ရောဂါရှိ​နေတာပါ။"

"သင် လက်လွှတ်လိုက်မှာကို​ရော သင့်မိန်းမက အရမ်းစိတ်ပူ​နေမလား" ​မေး​တော့။ အဖိုးကြီးက ပြန်​ဖြေလိုက်တယ် "သူမက ဘာကိုမှ မမှတ်မိ​တော့ပါဘူး။ သူမ ကျွန်​တော့်ကို ဘယ်သူလဲဆို​တာ​တောင် မသိ​တော့တာ နှစ်​တွေများစွာကြာ​နေပါပြီ။"

"ဒါဆို သင့်ကိုမသိ​တော့တဲ့ သူတစ်​ယောက်ကို ​နေ့တိုင်း​စောင့်​ရှောက်​နေရတာ​ပေါ့" လို့​မေး​တော့။ အသက်ကြီး​နေပြီဖြစ်တဲ့ ဒီအဖိုးကြီးက ပြုံးပြီး ပြန်​ဖြေလိုက်တယ် "သူမက​တော့ ကျွန်​တော်ဘယ်သူဆိုတာ မသိ​တော့​ပေမယ့် သူမ ဘယ်သူဆိုတာ ကျွန်​တော်​ကောင်း​ကောင်းသိတယ်။ သူမဟာ ကျွန်​တော့်ဘဝရဲ့ အချစ်ရဆုံး​သောသူပါ။"

ရင့်ကျက်လာတာနဲ့အမျှ ၁။ စစ်မှန်တဲ့ သူငယ်ချင်းက ရှားပါးတယ်ဆိုတဲ့အကြောင်း သိလာတယ်။ ၂။ မိဘတွေကို ပိုပြီး ကျေးဇူးတင်ရကောင်းမှ...
01/11/2021

ရင့်ကျက်လာတာနဲ့အမျှ

၁။ စစ်မှန်တဲ့ သူငယ်ချင်းက ရှားပါးတယ်ဆိုတဲ့အကြောင်း သိလာတယ်။

၂။ မိဘတွေကို ပိုပြီး ကျေးဇူးတင်ရကောင်းမှန်း သိလာတယ် ။

၃။ လူတွေရဲ့ အတော်မသတ်နိုင်တဲ့ လောဘအကြောင်း ပိုပြီးနားလည်လာတယ်။

၄။ လောကကြီးအတွက် တစ်ခုခုပေးဆပ်လိုက်တိုင်း လောကကြီးက ကျွန်တော်တို့ကို ထိုက်တန်တဲ့ ချီးမြှင့်မှုတွေ ပြန်ပေးတယ်ဆိုတာ သိလာတယ်။

၅။ တစ်ယောက်တည်း အချိန်ဖြုန်းရတာက ပျင်းစရာကောင်းတဲ့ အလုပ်မဟုတ်ကြောင်း သိလာတယ်။

၆။ ချစ်ခြင်းမေတ္တာဆိုတာ အတင်းလုပ်ယူလို့မရတဲ့ ဆုလာဘ်တစ်ခုဆိုတာ သိလာတယ်။

၇။ စိတ်ချမ်းသာကိုယ်ကျန်းမာနေရဖို့က ကျွန်တော်တို့ရဲ့ ပထမဦးစားပေး ဖြစ်ကြောင်း သိလာတယ်။

၈။ လူ့အကြိုက် (၁၀) ခါလိုက်လည်း... မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူစွဲ မှတ်ယူတဲ့ အကြောင်းလည်း သိလာတယ်။

၉။ တစ်ချို့လူတွေဟာ... တိရစ္ဆာန်ထက်တောင်... ယုတ်မာကောက်ကျစ်ကြပြီး.... လူယုတ်မာကိုလည်း အားပေးထောက်ခံကြသေးတာကိုလည်း သိလာခဲ့တယ်။

၁၀။ တစ်ချို့ လူတွေဟာကောက်ကျစ်.. ယုတ်မာ ရိုင်းစိုင်းနေပါလျက်... စွတ်စွဲခံရ ဆင်းရဲကြတာ ဘာကြောင့်လဲဆိုတာကိုပါ... ကျွန်တော် သိလာတယ်။

၁၁။ ကံနဲ့ ကံအကျိုးပေး... ကို ကျွန်တော် အနည်းငယ် သိလာပြီးနောက်... သူတစ်ပါးမကောင်းကြောင်း... သူတစ်ပါးအတင်းအဖျင်း ပြောလျှင်... ရရှိလာမယ့် အကုသိုလ်ကံ... ကံဆိုးတွေလည်း ကျွန်တော်သိလာခဲ့တယ်။

၁၂။ လောကကြီးမှာ... မဖြစ်သင့်တာ မရှိ... မတရားတာမရှိ... တရားသဘော... အနည်းငယ်လည်း သိလာတယ် ။

၁၃။ အရာရာဟာ.. ဆုပ်ရင်ကွဲတယ်... ကြဲရင်မြဲတယ် ဆိုတဲ့... နိယာမ သဘောကိုလည်း သိလာခဲ့တယ်။

၁၄။ စိတ်နဲ့ရုပ် သာမည ဖြစ်နေတာမို့ ရုပ်လက္ခာကြည့်ပြီး လူတွေရဲ့ အကျင့်စရိုက်ကို ယေဘုယျ အနည်းငယ် ခန့်မှန်းတတ်လာတယ်။

၁၅။ ဘဝကို နောင်တကင်းစွာ ဖြတ်သန်းရင်း အတိတ်ကိုပြန်ကြည့်ရင်းသူတစ်ပါးအပေါ် စိတ်နှလုံး 3ပါး နဲ့ ယုတ်မာလှည့်စားကောက်ကျစ်မှုမရှိ ကိုယ့်ကြောင့် သူတစ်ပါး ထိခိုက်နစ်နာမှုမရှိအောင် နေတတ်လာတယ်။

တကယ်တန်းတော့ ဘဝဆိုတာ အချိန်တိုလေးပါပဲ ခဏလေးလိုဘဲ နေခွင့်ရတဲ့အခိုက်အတန့် ခဏလေးမှာ အမုန်းတွေ အတ္တမာန်မာနတွေ အငြိုးအတေးတွေနဲ့ မရှင်သန်ချင်ပါဘူး
ပိုခွင့်လွှတ်တတ်သူဟာ ပိုမြင့်မြတ်တဲ့သူပါပဲ.
crd
်းပညာ

Address

Myitkyina

Alerts

Be the first to know and let us send you an email when Education Center-Book store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Education Center-Book store:

Share