Hein Se Kham

Hein Se Kham ဟိန်းဆီခမ်း ဝန်ဆောင်မှုလုပ်ငန်း

29/05/2024

Jack Ma ရဲ့ စကား (၄၀)
•••••••••••

1. ဘယ်လောက်ပဲ ခက်ခဲနေပါစေ။
သင်,ပထမဆုံးမက်ခဲ့တဲ့ အိပ်မက်ကိုပဲ ဆက်,မက်နေသင့်ပါတယ်။

အဲဒီအိပ်မက်က သင့်ရဲ့ အားပျော့နေတဲ့ (ဇဝေဇဝါ) ဖြစ်နေတဲ့ အတွေးတွေကနေ ကယ်တင်ဖို့ တွန်းအားပေးပါလိမ့်မယ်။

… … … …

2. လူငယ်တွေကို ကူညီပါ။ ကလေးတွေကို ကူညီပါ။ သင်စိုက်ပျိုးပေးခဲ့တဲ့ မျိုးစေ့တွေက တစ်ချိန်မှာ ကြီးလာပြီး ကမ္ဘာကြီးကို ပြောင်းလဲ ပါလိမ့်မယ်။

… … … …

3. ကျွန်တော် ကိုယ့်ကိုယ်ကို ပျော်အောင်
အမြဲ ကြိုးစားပြီးနေပါတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော့် မိတ်ဆွေတွေ ရှယ်ယာရှင်တွေ ဖောက်သည်တွေကလည်း ပျော်ရွှင်မှာမဟုတ် လို့ပါပဲ။

… … … …

4. Internet သာ မရှိရင် Jack Ma လည်းရှိမှာ မဟုတ်သလို Alibaba ရော Taobao ရော ရှိမှာမဟုတ်ပါဘူး။
… … … …

5. ကျွန်တော်က နည်းပညာရှင်မဟုတ်ပါဘူး။ နည်းပညာတွေကို ကျွန်တော့် ဖောက်သည် တွေကြည့်တဲ့ အမြင်နဲ့ပဲ ကြည့်တာပါ။ သာမန်လူတစ်ယောက်ရဲ့ မျက်လုံးနဲ့ပါပဲ။

… … … … …

6. ဘယ်တော့မှ အစိုးရနဲ့ စီးပွားရေးမလုပ်ပါနဲ့။
“သူ့ကိုချစ်ပါ။ ဒါပေမယ့် ဘယ်တော့မှ လက်မထပ်ပါနဲ့” ဆိုတဲ့ စကားအတိုင်းပေါ့။

… … … …

7. ကျွန်တော့်အလုပ်က
လူတွေအများကြီး အလုပ်ရဖို့ပါပဲ။

… … … …

8. ကျွန်တော်တို့မှာ ငွေစပြီး ရှိလာတာနဲ့ အမှားစလုပ်တော့တာပါပဲ။

… … … …

9. နှစ်၂၀ စာ ပရိုဂရမ်တစ်ခုကို
၂နှစ်ထဲနဲ့ အပြီးမလုပ်သင့်ဘူး။

… … … …

10. တစ်ခါမှ မကြိုးစားကြည့်ဘဲနဲ့တော့
အခွင့်အရေးတစ်ခုခုရှိမှန်း မင်းဘယ်လိုလုပ် သိနိုင်မှာလဲ။

… … … …

11. ကျွန်တော်က
သာမန်လူ တစ်ယောက်ပါပဲ။

… … … …

12. သင်အရှုံးမပေးသ၍ သင့်မှာအခွင့်အရေး ရှိနေတုန်းပါပဲ။ အရှုံးပေးလိုက်ခြင်း ကသာ
သင့်ရဲ့ အကြီးမားဆုံး ကျရှုံးမှုပါ။

… … … …

13. ဘဝဟာ အရမ်းတိုတောင်းပါတယ်။ အလွန်လှပပါတယ်။ အလုပ်ပေါ်မှာ အလွန် အကျွံ စိတ်မနှစ်ထားပါနဲ့။ ဘဝမှာ ပျော်ရွှင်စွာ နေထိုင်ပါ။

… … … …

14. အခွင့်အလမ်းဆိုတာ စည်းမျည်း စည်းကမ်းတွေနဲ့ လိုက်လျောညီထွေရှိတဲ့
နေရာတွေမှာ ရှိတယ်။

… … … …

15. မင်းဟာ လူကောင် သေးနေရင် မင်းရဲ့ ဉာဏအားကို ပိုပြီးအာရုံစိုက် မှီခိုသင့်တယ်။ ခွန်အားကို သုံးစရာ မလိုပါဘူး။

… … … …

16. ဒီကနေ့ခေတ်မှာ ငွေရှာဖို့က လွယ်ပါတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးနဲ့ ကမ္ဘာ တစ်ဝှမ်းလုံးရဲ့ တိုးတက်မှုကို ထောက်ရှုပြီး ရှာရတဲ့ ရေရှည်တည်တံ့တဲ့ငွေကတော့ ရှာရခက်ပါတယ်။

… … … … …

17. ကျွန်တော်က ကျွန်တော့်ရဲ့
ဝင်ငွေကို ဂရုမစိုက်ပါဘူး။

… … … …

18. သင့်ရဲ့လုပ်ရပ်တွေက လူ့အဖွဲ့အစည်း အတွက် အဓိပ္ပါယ် အထင်အရှားရှိတယ်
ဆိုတာ သင်ဘယ်တော့မှ သိမှာမဟုတ်ဘူး။
… … … …

19. ကျုပ်တို့သာ အသင်းအဖွဲ့ကောင်းတစ်ခု ဖြစ်ရင် ကျုပ်တို့သာ ဘာလုပ်ချင်တယ်ဆိုတာ သိရင် ကျုပ်တို့ထဲက တစ်ယောက်က အခြား ဆယ်ယောက်ကို အောင်နိုင်လိမ့်မယ်။

… … … …

20. ခေါင်းဆောင်တစ်ယောက်ဟာ
ငယ်သားတွေမှာမရှိတဲ့ မာကြောတဲ့ခံနိုင်ရည်နဲ့
ဇွဲ သည်းခံနိုင်မှုတွေ ရှိသင့်တယ်။

… … … …

21. ငြိမ်းချမ်းရေးစကားက
အမြဲတမ်း ခက်ခဲ ရှုပ်ထွေးတယ်။

… … … …

22. ကျွန်တော်က တရုတ်ပြည်မှာဓနအင်အား မည်မျှပင် ကြွယ်ဝစေကာမူ အသိဉာဏ်နဲ့ စိတ်ဓာတ် ချို့တဲ့တဲ့ လူတွေကို အလိုမရှိဘူး။

… … … …

23. ကျွန်တော်က ကြိုက်တာကိုမလိုချင်ဘူး။ လေးစားတာကို လိုချင်တာ။

… … … …

24. သင့်ဘဝမှာ သင်ဘယ်လောက် လုပ်နိုင် သလဲ ဆိုတာ သင်ကိုယ်တိုင် မသိနိုင်ဘူး။

… … … …

25. မင်းရဲ့ပြိုင်ဖက်ဆီက မင်းသင်ယူသင့်တယ်။ ဒါပေမယ့် ပုံတူ မကူးချနဲ့။ ကူးတာနဲ့ သေမှာပဲ။

… … … …

26. ကျွန်တော်ကျရှုံးတာ ပြဿနာမဟုတ် ပါဘူး။ အနည်းဆုံးတော့ သူများအပေါ် ခံယူချက်ကောင်းလေး ထားနိုင်ခဲ့တယ်။

ငါ မအောင်မြင်ရင်တောင် တစ်ယောက်ယောက် အောင်မြင်သွားတယ်ဆိုပြီးတော့ပေါ့။

… … … …

27. မင်းရဲ့ စားသုံးသူ ဖောက်သည်တွေကို စမတ်ကျအောင် လုပ်ပါ။ ကုန်ပစ္စည်းတစ်ခုကို အပြင်မှာ စျေးကြီးကြီးနဲ့ ရောင်းမယ့်အစား စျေးလျော့ပေးစရာမလိုဘဲ …

(e-commerce)
online shopping နဲ့ ရောင်းပါ။

… … … …

28. ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို မျက်မမြင် ကျားကိုစီးနေတဲ့ မျက်မမြင် လူတစ်ယောက်လို့ပဲ ခေါ်ပါတယ်။

… … … …

29. ကျွန်တော်တို့မှာ ငွေမရှားပါဘူး။ ဒါပေမယ့် အိမ်မက် မက်တဲ့လူတွေတော့ ရှားတယ်။ အိပ်မက်အတွက် အသေခံမယ့်လူတွေ ရှားတယ်။

… … … …

30. သင့်မှာ အရေးကြီးဆုံး
ရှိသင့်တာက သည်းခံခြင်းပဲ။

… … … …

31. ဘယ်တော့မှ စျေးနှုန်းပေါ်မှာ မယှဉ်ပြိုင် ပါနဲ့။ ဝန်ဆောင်မှုနဲ့ အသစ်အဆန်းပေါ်မှာသာ ယှဉ်ပြိုင်ပါ။

… … … …

32. တစ်ပါးသူတွေရဲ့ အောင်မြင်မှုကနေ မသင်ယူပါနဲ့။ သူတို့ရဲ့ အမှားတွေကိုသင်ယူပါ။

အောင်မြင်မှုက မတူညီတဲ့ အမျိုးမျိုးသော အကြောင်းအကျိုးတွေကြောင့် ဖြစ်လာရပေမယ့် လူအများစုက အဲဒီကျရှုံးခဲ့ရတဲ့ အကြောင်းပြ ချက်တွေကို ဝေမျှဖို့ ပျက်ကွက်တတ်ကြတယ်။

… … … …

33. ထက်မြက်တဲ့ လူတွေဆီမှာ သာမန်အမြင် သာရှိတဲ့ ခေါင်းဆောင်တစ်ယောက်လိုတယ်။

အသင်းအဖွဲ့ထဲမှာ ပညာရှင်တွေချည်း စုဝေးနေတဲ့အခါ သာမန်အမြင်နဲ့သာ ဦးဆောင်တာ အကောင်းဆုံးဖြစ်တယ်။

သူ့ရဲ့ တွေးပုံတွေးနည်းက ခြားနားတယ်။ လူတွေကို မတူညီတဲ့ ရှုဒေါင့်တွေကနေ ကြည့်ရ မယ့်အချိန် ပိုမိုလွယ်ကူစွာ အောင်မြင်စွာ မြင်နိုင် လိမ့်မယ်။

… … … …

34. ဖောက်သည်တွေက မင်းကိုချစ်လာရင် အစိုးရကလည်း မင်းကို ချစ်ကိုချစ်ရလိမ့်မယ်။

… … … …

35. ဘယ်တော့မှ အရှုံးမပေးနဲ့။ ဒီနေ့ ခက်ခဲ လိမ့်မယ်။ မနက်ဖြန် ပိုဆိုးလိမ့်မယ်။ ဒါပေမယ့် သန်ဘက်ခါကျရင် နေသာလာပါလိမ့်မယ်။

… … … …

36. အပြင်ကမ္ဘာလောက အကြောင်းကိုသိဖို့ ခက်ခဲလိမ့်မယ်။ ဒါပေမယ့် မင်းကိုမင်းတော့ သိတယ်။

မင်းဘာလိုချင်လဲ။ ဘာလိုအပ်သလဲ သိတယ်။ ကိုယ့်အကြောင်းကို ပိုသိလာတာနဲ့ အပြင်ကမ္ဘာ နဲ့ ထိတွေ့ဖို့ ကိုယ့်ကိုယ်ကို ပြောင်းလဲနိုင်လိမ့် မယ်။

… … … …

37. မင်းမှာ အကောင်းဆုံးလူတွေ မလိုအပ် ပါဘူး။ မင်းနဲ့ လက်တွဲဖို့ မှန်ကန်တဲ့လူတွေပဲ လိုအပ်တယ်။

… … … …

38. မင်းရဲ့ အသင်းအဖွဲ့ကို တန်ဖိုးတက်အောင် လုပ်ပါ။ ဆန်းသစ်အောင်လုပ်ပါ။ အမြင်ကျယ် အောင်လုပ်ပါ။

… … … …

39. “မနေ့က” ဆိုတာကို တန်ဖိုးထားပါ။ ပိုကောင်းတဲ့ “မနက်ဖြန်” ကိုရှာဖွေပါ။

… … … …

40. ကျွန်တော့်ရဲ့သမိုင်းကို ပြောင်းလဲချင်တယ်။ ကျွန်တော့်ဘဝအတွက် အရေးကြီးတာ တစ်ခုခု ကို လုပ်ချင်တယ်။

အလီဘာဘာမှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းငယ် ပေါင်းများစွာရှိသကဲ့သို့ လူတစ်ဦးတစ်ယောက် ချင်းစီကို လွှမ်းမိုးချင်တယ်။

သင်က သူတို့တွေရဲ့ ဘဝတွေကို အရေးပါ အောင် လုပ်ပေးတဲ့အတွက် သူတို့က သင့်ကို ချစ်လိမ့်မယ်။ လေးစားလိမ့်မယ်။

Credit ~
Moe Zatt (ဘာသာပြန်)᠌

29/05/2024
လူမ်ႈလူမ်ႈလုၵ်ႈလုၵ်ႈမႃး လှဲကျ ပြန်ထ လုပ်လာတာ ဟိန်းဆီခမ်းလုပ်သက်သက်တမ်းက ၇နှစ်ရှိလာပါပြီ အမြဲအားပေး ကူညီဖေးမ ပေးသူတွေအယော...
29/05/2024

လူမ်ႈလူမ်ႈလုၵ်ႈလုၵ်ႈမႃး လှဲကျ ပြန်ထ လုပ်လာတာ ဟိန်းဆီခမ်းလုပ်သက်သက်တမ်းက ၇နှစ်ရှိလာပါပြီ အမြဲအားပေး ကူညီဖေးမ ပေးသူတွေအယောက်ဆီတိုင်း အထူးကျေးဇူးတင်ရှိကြောင်းပါခင်ဗျမိတ်ဆွေဖောက်သည်ကြီးများထံ ကျေးဇူးတုံ့ပြန်မှုပေးဆပ်နိုင်လဲ ကြိုးစ။းနေဆဲပါလို့။

ဟိန်းသီခမ်း ကေတီဗွီစက်များ ဒီနှစ်အပ်ဒိတ်လုပ်ထားပါတယ်လို့ စိုင်းလောဝ်ခမ်းရဲ့ဝန်ဆောင်မှုကတော့ ဘယ်လောက်ကောင်းလဲဆို သုံးဖူးတ...
24/10/2023

ဟိန်းသီခမ်း ကေတီဗွီစက်များ ဒီနှစ်အပ်ဒိတ်လုပ်ထားပါတယ်လို့ စိုင်းလောဝ်ခမ်းရဲ့ဝန်ဆောင်မှုကတော့ ဘယ်လောက်ကောင်းလဲဆို သုံးဖူးတဲ့သူတိုင်း မပြောလဲ သိကြပါတယ်နော်

နမ့်စန့်ဂိုဒေါင် တရုတ်နှစ်သစ်ကူးပွဲအတွက် သွားရောက် ပြင်ဆင်ပြီးစည်း၂၉_၁_၂၀၂၃မှ၃_၂_၂၀၂၃ထိ
28/01/2023

နမ့်စန့်ဂိုဒေါင် တရုတ်နှစ်သစ်ကူးပွဲအတွက် သွားရောက် ပြင်ဆင်ပြီးစည်း၂၉_၁_၂၀၂၃မှ၃_၂_၂၀၂၃ထိ

အောင်မတ္တာ ရပ်ကွက် နာရေးသို့
25/01/2023

အောင်မတ္တာ ရပ်ကွက် နာရေးသို့

Address

Bog Lone Qr. Nam Kham
Namkham

Telephone

09403710655

Website

Alerts

Be the first to know and let us send you an email when Hein Se Kham posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share