Trendy Tonic skincare & cosmetics

Directions

Trendy Tonic skincare & cosmetics Skincare လေးတွေကို ပစ္စည်းမှန်/စျေးမှန်နဲ့
💯Authentic လေးတွေပဲ ရောင်းပါတယ်ရှင်❣️

ပစ္စည်းလေးတွေ ထပ်ဖြည့်ထားပါတယ်ရှင်❣️
23/10/2026

ပစ္စည်းလေးတွေ ထပ်ဖြည့်ထားပါတယ်ရှင်❣️

အရောင်းရဆုံး lip balm ဆို သူပဲ
23/10/2026

အရောင်းရဆုံး lip balm ဆို သူပဲ

Skincare သုံးသူတိုင်းရဲ့ မှန်တင်ခုံမှာ အမြဲဆောင်ထားဖြစ်ကြတဲ့အထဲက တစ်ခုကို ပြောပါဆိုရင် Vaseline Lip Therapy ဘဲ ။

Vaseline Lip Therapy က skincare သုံးသူတွေရဲ့ အချစ်ဦးလို့ပြောလို့ရသလို ၊ မရှိမဖြစ်လို့လဲ ပြောလို့ရတယ်

✔️သူ့မှာပါဝင်တဲ့ Petroleum ဆိုတဲ့ ingredients က နှုတ်ခမ်းသားကို shield တစ်ခုအနေနဲ့ဖန်တီးပေးထားပြီး အပြင်ဘက်က နေဒဏ် လေဒဏ်ကြောင့် နှုတ်ခမ်းသားခြောက်တာမျိုး မဖြစ်စေဘူး ။

Rosa Damascena Flower Oil က နှုတ်ခမ်းသားကိုပျော့ပြောင်းစေပြီး cells အသစ်တွေဖြစ်လာစေဖို့ အားပေးတယ် ။ သုံးလိုက်တာနဲ့ နှုတ်ခမ်းသားကို အိအိလေးဖြစ်သွားတာဘဲ ။ မြန်မာနိုင်ငံမှာတော့ ဆောင်းရာသီနဲ့ အရမ်းကိုပနံသင့်တဲ့ Lip balm တစ်ခုပေါ့ ။

ဒါပေမယ့် နှုတ်ခမ်းသားအမြဲခြောက်တတ်သူတွေ ၊ Lip care ပုံမှန်လုပ်ချင်သူတွေအတွက်ကလည်း ဆောင်းရာသီမှမဟုတ် ရာသီမရွေး အမြဲမရှိမဖြစ်ဆောင်ထားကြရတဲ့ Lip balm ပါ ။

✔️သူ့ရဲ့အားနည်းချက်ကတော့ မကုန်နိုင်တာ နဲ့ အဖုံးက သံဗူးဖြစ်နေတာရယ်ဘဲ ။ သုံးနေရင်း မကုန်နိုင်တော့လို့ စိတ်ပါညစ်လာတာ တစ်ဗူးဝယ်ထားရင် တစ်သက်လောက်သုံးလို့ရတယ် ။ သည်းမခံနိုင်တဲ့အဆုံးကြ အဟောင်းကိုသူများပေးပြီး အသစ်ဝယ်သုံးလိုက်တော့တာဘဲ 🌚

အဖုံးကကြ Skincare အကုန်လုပ်ပြီးမှနောက်ဆုံးသုံးရင် လက်ချော်တာဘဲ အဲ့တော့ မသုံးခင်ကတည်းက အဖုံးကို ဟထားလိုက်ရတယ် ။

✔️သူ့ရဲ့Net weights နဲ့ သူ့စျေးနှုန်းတန်းမှာ သူ့ကိုယှဉ်နိုင်တဲ့သူတော့မရှိသေးဘူး ။ တခြားဟာတွေထက် အရမ်းကောင်းနေလို့လားဆိုရင်တော့ အဲ့လိုမဟုတ်ဘူး ။ သူ့ကိုက သုံးလို့ကောင်းတာမျိုး သူ့ထက်ကောင်းတာတွေရှိတယ် ဒါပေမယ့် သူ့ Net Weight နဲ့ သူ့စျေးနှုန်းမှာတော့ သူ့အကောင်းဆုံးဘဲ ။ အခုထိမသုံးသေးဖူးဆိုရင်တော့ သေချာပေါက် ဝယ်သုံးကြည့်ပါလို့ ပြောချင်တယ် ။

အရင်ကတော့ ထောင်ဂဏန်းဝန်းကျင်ဘဲရှိပေမယ့်
အခုတော့ (14500)Ks လားမသိ ဝယ်ခဲ့ရတယ် ။

မကြာခင် ဆောင်းရာသီရောက်တော့မှာဆိုတော့ အခုတော့ intro ဝင်ထားလိုက်ပြီ ။ နောက်မှဘဲ Lip care အတွက် Reviews တွေထပ်လုပ်ပေးပါအုံးမယ် ။ Stay Tuned ပါဗျ !!


Today stock in>>>L2 7 မြို့မစျေးတွင်း နမ့်စန်မြို့09789629810
21/10/2026

Today stock in>>>

L2 7 မြို့မစျေးတွင်း နမ့်စန်မြို့
09789629810

၂မျိုးလုံရနော်
18/10/2026

၂မျိုးလုံရနော်

Review ရေးပေးမယ်ဆိုပြီး ပြောထားတာ အကြွေးကျန်နေတယ်နော်📍

ဒီ moisturizer 2ခုကို သုံးနေတဲ့သူတွေရှိကြလား။
Nyi ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်နော်။

Clinique dd gel က သုံးလို့ကောင်းပေမယ့် 'ငါသုံးနေတာ အစစ်ရောဟုတ်ရဲ့လား အတုကြီးများ ဖြစ်နေမလား' ဆိုတဲ့ feel ကို ခဏတိုင်းပေးတယ်။ သုံးလို့ကကောင်းပါတယ် ဒါပေမဲ့ သူ့စျေးနဲ့ယှဉ်ရင် လူတွေ hype နေကြသလောက်တော့ မဟုတ်ဘူး။ Artificial fragrance မပါတာကြောင့် မြေသင်းနံ့ smell သူ့ဆီကထွက်တယ်။ Texture က gel type အေးအေးလေးနဲ့ လိမ်းလို့ကောင်းတယ်၊ စိမ့်ဝင်တာမြန်တယ်။ Hydrating effect ပဲ ရပါတယ်။ အသားအရည်ဘယ်လိုအခြေအနေမျိုးမှာမဆို သုံးလို့အဆင်ပြေတယ်။ စျေးချင်းအတူတူ neutrogena hydro boost gel ကိုတောင် Nyi ပိုကြိုက်သေးတယ် ဒါပေမဲ့ clinique ကတော့ sensitive skin friendly ပိုဖြစ်ပါတယ်။

Derma Factory aquaporin cream က မသုံးကြည့်ခင်ကထိ လူတွေ overhype နေကြတယ်ပဲထင်တာ တကယ်တမ်းသုံးကြည့်တော့မှ အဲ့ထက်တောင်ပိုပြီးပေါက်သင့်မှန်း လက်ခံလာတယ်။ စျေးသက်သာတဲ့အပြင် texture ရော result ရောက အရမ်းမိုက်ပဲ။ 4,5သောင်းတန် hyaluronic acid moisturizer တွေနဲ့ ရင်ဘောင်တန်းနိုင်တယ်။ Hydrating effect အပြင် barrier supportive ဖြစ်တယ်။ Fragrance free မလို့ sensitive skin ကအစ သုံးလို့ရပါတယ်။ 70ml ပါဝင်လို့ ဝယ်မိတာမမှားဘူး အရမ်းတန်တာပဲဆိုတဲ့ခံစားချက်ကို ရပါတယ်။ လက်ဆောင်ရလို့သုံးတာမဟုတ်ဘဲ Nyi စိတ်ဝင်စားတာကြောင့် ဝယ် try တာပါနော်။ သုံးနေတာလဲ အရမ်းကြာပါပြီ။

Disclaimer : Not sponsored, not gifted

ငြိမ်ငြိမ်လေးနဲ့ အရမ်းအရမ်းကို လှတာနော်ဒီwarm brownie လေးကတော့အသဲစွဲပဲ❣️❣️Instock နော်
18/10/2026

ငြိမ်ငြိမ်လေးနဲ့ အရမ်းအရမ်းကို လှတာနော်
ဒီwarm brownie လေးကတော့
အသဲစွဲပဲ❣️❣️Instock နော်

ဒီနေ့Japan products လေးတွေလဲထပ်ရောက်ထားပါတယ်ရှင်🌚
17/10/2026

ဒီနေ့
Japan products လေးတွေလဲ
ထပ်ရောက်ထားပါတယ်ရှင်🌚

ပစ္စည်းလေးတွေရောက်ထားပါတယ်ရှင်345cream&mist လေးတွေလဲပြန်ရောက်ထားပါပီရှင်L2-7မြို့မစျေးတွင်း နမ့်စန်မြို့09789629810
17/10/2026

ပစ္စည်းလေးတွေရောက်ထားပါတယ်ရှင်

345cream&mist လေးတွေလဲပြန်ရောက်ထားပါပီရှင်

L2-7မြို့မစျေးတွင်း နမ့်စန်မြို့
09789629810

ဗောက်တွေအရမ်းထ ဦးရေပြားအဆီပြန်ပီးယားယံတတ်ရင် ဒါလေးသုံးကြည့်လိုက်နော်တော်”များ”နဲ့အဆင်ပြေပီး သက်သာတဲ့Shampooလေး 🫶🏻
14/10/2026

ဗောက်တွေအရမ်းထ ဦးရေပြားအဆီပြန်ပီး
ယားယံတတ်ရင် ဒါလေးသုံးကြည့်လိုက်နော်
တော်”များ”နဲ့အဆင်ပြေပီး သက်သာတဲ့
Shampooလေး 🫶🏻

ဘယ်ခေါင်းလျှော်ရည်သုံးသုံး ဗောက်မနိုင်ဘူးဆိုရင် နောက်ဆုံးလက်နက်အနေနဲ့ ဒီ Horse Oil Shampoo ထုတ်သုံးပါ☄️

အမြဲပြောနေလို့ သိလောက်ပြီ။ Nyi ရဲ့ဦးရေပြားက ဗောက်အရမ်းထတဲ့ထဲ ပါတယ်။ ဗောက်အရမ်းထရုံတင်မဟုတ်ဘဲ တခုခုသုံးပြီးလဲ ဗောက်ပြန်ထလွယ်ပါတယ်။ စာမေးပွဲတွေရှိလို့ exam stress ပိပြီဆိုရင် တခြားနေရာတွေက fine ကောင်း fine နေနိုင်ပေမယ့် ခေါင်းကတော့ ရှုပ်ပွပြီး ဗောက်တွေမြင်နေရပြီ။ အဲ့ဒါက တကယ်တော့ ခေါင်းမလျှော်လို့မဟုတ်ဘဲ တခါတလေ ဘာလုပ်လုပ် စာကိုပဲအာရုံရနေတဲ့အခါ ရေချိုးရင်း ခေါင်းလျှော်ဖို့မေ့သွားတာမျိုး exam နီးရင် အမြဲကြုံနေကျ။ ဒါတင်မဟုတ်ဘူး shampoo အသစ်တခုခု try လို့ anti-dandruff အာနိသင်မပါရင်လဲ ဒီနေ့လျှော် နောက်ရက်ဗောက်ပြန်ထပါတယ်။ Conditioner သုံးရင်း အမှတ်တမဲ့ scalp ပါ ပေါင်းတင်မိရင်တော့ ခုလျှော် ခဏနေခေါင်းပြန်ယားပါပဲ။ Nyi ရဲ့ဦးရေပြားအခြေအနေကလေ အတော်လေးကို balance မညီတာပါ။ ခေါင်းလျှော်ပြီး သိပ်မကြာသေးဘူး အဆီထွက်များပြီး ဆံပင်ကရှုပ်နေပြီ။ ဒါတောင် အသက် 25နှစ်ရှိပြီ။ ဘဝမှာ ဆံပင်ကောက်တာ ဖြောင့်တာတွေ တခါမှမလုပ်ဖူးဘူး (ဂုဏ်ယူစရာမဟုတ်ပေမယ့်လို့) ဆေးဆိုးတာလဲ တခါလားလုပ်ဖူးတယ်။ အဲ့ဒါလဲ crazy color ဆိုးသလို bleach လုပ်တာမျိုးတွေ မဟုတ်ဘူး။ အဲ့တခါဆိုးတာကို ကိုယ့်မှာ scalp ကြီးတခုလုံး ပူလောင်ပြီး ဆံပင်တွေအကုန် ကျွတ်ထွက်တော့မလို ခံစားချက်ရတယ်။ အဓိကပြောချင်တာက Nyi ရဲ့ scalp က ဘယ်လောက်ထိ sensitive ဖြစ်လဲ? ဆံပင်ဘယ်လောက်ပါးပြီး ဦးရေပြားမြင်နေရသလဲ? ဗောက်ထတာ ဘယ်လောက်ဆိုးလဲ? ဆိုတာပါ။ ဒါကြောင့်မလို့ Nyi အနေနဲ့ hair care ညွှန်းရင် ဘယ်လိုမျိုးယုံကြည်လို့ရလဲဆိုတာကို စာအရှည်ကြီးနဲ့ လေပစ်နေတာပါခင်ဗျာ။

Review လေးတချက် ကြည့်ရအောင်နော်… ဒီ Horse oil shampoo က သူ့နယ်ပယ်မှာ အတော်လေးနာမည်ကြီးတယ်လို့ Nyi သိရပါတယ်။ သုံးကြည့်ပြီး ခုမှသုံးမိတာတောင် နောင်တရတယ်ပေါ့နော်။ အရောင် 3မျိုးလောက် ထွက်တဲ့အနက် ဒီအစိမ်းလေးက ဗောက်ထပြီး အဆီပြန်တဲ့ ဦးရေပြားပိုင်ရှင်တွေအတွက်ပါ။ 600ml ပါပြီး စျေးနှုန်းက 3သောင်းဝန်းကျင်ရှိပါတယ်။ ပါဝင်ပစ္စည်းတွေအနေနဲ့ surfactant role မှာ SLES အဓိကပါပြီး nourishing, conditioning, repair အတွက် Horse oil, Coconut oil, Glycerin တို့ သုံးထားတယ်။ Korea made shampoo တွေလို ပါဝင်ပစ္စည်းအများကြီးမတွေ့ရဘူး။ Japan ပစ္စည်းတွေရဲ့ အထာပေါ့နော်။ Denature alcohol, Menthol တို့လဲ တွေ့ရပါတယ်။ Dandruff အတွက် အထူးအထွေ ingredients တွေ မပါပါဘူး။ Nyi အမြင်ပေါ့နော် Horse oil ကိုသာ တဦးတည်းဇာတ်ဆောင်အနေနဲ့ ရည်ရွယ်တဲ့ shampoo တခုလို့ ပြောချင်ပါတယ်။ Btw, သူက silicone free ဖြစ်ပြီး weakly acidic formula နဲ့ပါ။ အသုံးပြုရတဲ့အပိုင်းကိုပြောရင် သူ့ရဲ့အနံ့သင်းသင်းလေးရယ် gel texture လေးရယ်က လုံးဝကို luxury ပဲ။ အမြုပ်က သိပ်သိပ်လေးနဲ့ သေချာထွက်ပါတယ်။ တခါသုံး 1pump ဆို လုံလောက်တယ်ရယ်။ Menthol ပါပေမယ့်လဲ တချို့ shampoo တွေလို သုံးတဲ့တလျှောက် ဆက်တိုက်အေးနေတာမျိုး မဟုတ်ဘူး။ သုံးနေတုံးမှာ ပုံမှန်လိုလေးပဲ နည်းနည်းလေးအေးသလိုရှိတယ်။ ဒါပေမဲ့ ရေမိုးချိုးခေါင်းလျှော်ပြီးလို့ ဆံပင်အခြောက်ခံပြီးရင် ဦးရေပြားလေးက အေးအေးလူလူလေးနဲ့ ပေါ့ပါးလွတ်လပ်နေတာများ အရမ်းနေလို့ကောင်းတာပဲ။ ဒီတချက်တော့ ဘယ် shampoo နဲ့မှမတူဘူး။ ဗောက်အတွက် shampoo ဆိုပေမယ့် harsh ဖြစ်တဲ့ feeling မရသလို ဆံသားကြမ်းတာမျိုးလဲမရှိဘူး။ ဆံပင်က conditioner ကောင်းကောင်းသုံးထားသလို အိစင်းပုံကျပြီး နူးညံ့နေရောပဲ။ Nyi ဆို သူ့သုံးပြီးကတည်းက hair mask/conditioner သုံးဖို့ကို အပျင်းတစ်သွားတဲ့ထိပဲ မလိုတော့လို့လေ။ Horse oil က တော်တော်ကြီးကို အစွမ်းထက်ပါလားလို့ Nyi တွေးမိတယ်။ ဆံပင်က သိသိသာသာနက်မှောင်လာသလို အရှည်လဲမြန်လာတယ်။ ဦးရေပြားကျန်းမာရေးကလဲ ပိုပြီးကောင်းလာသလို ခံစားရပါတယ်။ အဆီအလွယ်တကူပြန်တာ ဗောက်အရမ်းထတာမျိုးတွေ မကြုံရတော့ဘူး။ ပုံမှန်ဆို တရက်ခြားတခါ ခေါင်းလျှော်ရတဲ့ Nyi က သူနဲ့တော့ 2ရက်ခြားတခါ ခေါင်းလျှော်ရုံနဲ့ လုံလောက်နေပြီ။ ဘယ်ခေါင်းလျှော်ရည်သုံးသုံး ဗောက်မသက်သာတဲ့သူတွေ ဒီ shampoo လေးသုံးကြည့်ပါ။ သူက ဗောက်ကိုအပေါ်ယံသက်သာစေတာမျိုးမဟုတ်ဘဲ scalp ကို balance ညီညီနဲ့ healthy ဖြစ်စေတာမလို့ ရေရှည်အတွက် ပိုကောင်းပါတယ်။ ဆံပင်တွေပါးနေရင် လိုတာထက် ပိုကျွတ်နေရင်လဲ ဒါလေးသုံးကြည့်ပါဗျ။ 600ml ပါလို့ တဗူးဝယ်ထားရင် 6လလောက် အေးဆေးအသုံးခံပါလိမ့်မယ်လို့ highly recommend လုပ်ရင်း နှုတ်ဆက်ပါရစေခင်ဗျာ။

Nyi ကတော့ ကိုယ်ကြိုက်ကိုယ်ရောင်းမလို့ Japan ပစ္စည်းစစ်စစ်ကို 🛒 Nyi’s Pick ကနေ ယူသုံးပါတယ်။

Disclaimer : Not sponsored to make this post.

အနံ့နဲ့တင်ကြွေဆင်းနော် သူက🫶🏻အပိုမပြောဘူး သုံးကြည့်လိုက်🤭
14/10/2026

အနံ့နဲ့တင်ကြွေဆင်းနော် သူက🫶🏻
အပိုမပြောဘူး သုံးကြည့်လိုက်🤭

Address

Namsang

Website

Alerts

Be the first to know and let us send you an email when Trendy Tonic skincare & cosmetics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share