09/08/2026
BOJ ကော 345ကော Instock ပါ
ချယ် Review တွေမရေးဖြစ်တာ အတော်ကြာပါပြီ
အခုနောက်ပိုင်း ကိုယ့် personal life အတွက် ဦးစားပေးနေရသလို အသက်အရွယ်တစ်ခုရောက်လာတော့
Skincare ကို လိုအပ်တဲ့essentials တွေပဲ
သုံးမိတော့တာလဲပါတာပေါ့နော်
Skincare ကို အရင်က အရမ်း crazy ဖြစ်ခဲ့သလောက်
အခုဆို cleanser, moisturizer, sunscreen ပဲ သုံးတယ်
Trend တွေတော့ လိုက်ကြည့်ဖြစ်တယ်
Medicube တို့ VT Reedle shot တို့တွေ TikTok မှာ
တွေ့ပေမယ့်လည်း မဝယ်ံဖြစ်တော့သလ်ို ကိုယ်တိုင်လည်း international skincare blog တွေကို ရိုးလာတော့
လိုက်မကြည့်ဖြစ်တော့ဘူး
ဒါမယ့် ပုံထဲက ဒီနှစ်ခုသုံးဖြစ်တဲ့အခါ skincare ရဲ့
Golden Era တုန်းက feeling ကို ပြန်ရတယ်ကွယ်
ချယ်ကအခုနောက်ပိုင်း ခရီးလည်းထွက်ရတာများပြီး
ဟိုန်ိုင်ငံရောက်ဒီနိုင်ငံရောက်လိုက်မို့ အသားအရည်က
အရင်လောက်တော့ ကြည်တောက််မရှင်းနိုင်တော့ဘူး
အေးတဲ့ရာသီဥတုနဲ့ထိလိုက် ပူလိုက် ဆိုင်ကယ်စီးလိုက်နဲ့ တစ်ခါတစ်လေ Skin barrier က ကြမ်းပြီး အသားပတ်သလို ဖြစ်တာများတယ်
နံနံခြားမှာဆိုတော့ ချွေတာချင်တော့ step နည်းနည်းနဲ့ ထိမိတာလေးလည်း လိုက်ရှာရင်း Dr. Althea 345 Relief cream နဲ့တွေ့မှ အသားအရည်က
တော်တော်ပြန်အဆင်ပြေသွားတယ် တကယ်သိလား
ဘာနဲ့တူလဲဆိုတော့ အရင်က Dear klairs ရဲ့ Midnight blue cream လိုမျိုး ဒါမယ့် 345 က texture ပိုမိုက်တယ် Gel cream လောက်ကျတော့လည်း skin barrier repair မနိုင်ဘူး အရမ်း thick cream ကျတော့လည်း acne prone skin မို့
အဖုကထွက်ပြန်တယ်လေ ဒီ cream ကကျ texture မထူမပျစ်လေးနဲ့ တော်တော်မိုက်တယ် မျက်နှာမှာ အဖုထွက်တာတွေ အသားအရည်ကြမ်းတာတွေ နီပြီး အသားပတ်တာတွေ ပြန်ကောင်းလာတယ်
Sunscreen ကကျ Beauty of Joseon ရဲ့ အသစ်ထွက်တဲ့ Aqua Fresh ကို ကြွေမိတယ် မိုက်တယ်ရော
formula က တကယ်တော့ အရင် versionပဲအတူတူပဲ
ဒါမယ့် လိမ်းရတာ ပိုပြီး ပေါ့ပါးတယ် super oily skin တွေ အရင် version တုန်းက အဆီပြန်လို့ မကြိုက်ဖူးဆို ဒါကြိုက်ကြမှာ Skin1004 ရဲ့ Hyalu Cica နဲ့ဆင်တယ်ဒါက Skin1004 လောက် အရည်မကျဲလို့ ချယ်ကအခု Skin barrier အတွက် သိပ်သိပ်လေး လိမ်းရတာ ပိုသဘောကျနေတယ် လိမ်းပြီး ကိုယ့်ပါးကိုင်ကြည့်ရင် protection လေးတစ်ခုရှိနေသလိုမျိုးပေါ့နော်
Ingredients တွေနဲ့တော့ မရှင်းပြတတ်တော့လို့ခွင့်လွှတ်
ဒီနှစ်ခုအကြောင်းတော့ ပြောပြမှ ရမှာမို့ sharing လုပ်ပေးလိုက်ပါတယ်နော်
BOJ Tinted Sunscreen လည်းထွက်နေပြီ
အရမ်းမိုက်တယ် International မှာ အသုံးများတာလေးတွေ TikTok Shop ကနေ ဂျင်းမိတဲ့အကြောင်းတွေ ကိုယ့်လူတို့ကို ကြုံသလို လာပြောပြဦးမယ်
Miss you all ❤️ I really do.