Tun Tauk Nay agro chemical shop

Tun Tauk Nay agro chemical shop agro chemical shop

07/07/2025

Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ထွန်းတောက်နေ မှာစျေးဝယ်ပါ 😊😊😊
07/07/2025

ထွန်းတောက်နေ မှာစျေးဝယ်ပါ
😊😊😊

credit  Nu Nu Thwin ..fb
15/01/2025

credit Nu Nu Thwin ..fb

17/04/2024
😍😍
25/12/2023

😍😍

just for knowledge
17/06/2023

just for knowledge

၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့
01/03/2023

၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့

19/01/2023

#ပျပိုး အကြောင်း သိကောင်းစရာ

ပျပိုး (Aphid) ဟာ တောင်သူဦးကြီးတို့ စိုက်ပျိုးသမျှ ပဲမျိုးစုံသီးနှံများမှာကျရောက်တတ်တဲ့ စုပ်စားပိုးတစ်မျိုးဖြစ်ပါတယ်၊ ပျပိုးတွေဟာ အလွန်ကူးစက်ပျံ့နှံလွယ်ပြီး စုပ်ယူဖျက်ဆီးမှုနှုန်းမြင့်မားတဲ့ ဖျက်ပိုးတစ်မျိုးဖြစ်တဲ့အတွက် ဦးကြီးတို့အနေနဲ့ ပျပိုးရန်မှ သတိပြုကာကွယ်နှိမ်နိင်းနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ 💁‍♂️ 💁‍♂️

ပျပိုးဟာ ပဲပင်တွေ ရှင်သန်ကြီးထွားလာတာနဲ့ အမြန်ဆုံးကျရောက်ဖျက်ဆီးတတ်တဲ့ စုပ်စားပိုးဖြစ်ပါတယ်။ ပျပိုးများဟာ ပဲစိုက်ခင်းတွေအနီးမှာရှိတဲ့ မြက်ခြုံတွေနဲ့ လယ်ကန်သင်းတွေက ခြုံနွယ်ပိတ်ပေါင်းတွေကြားမှာ ပုန်းခိုနေတတ်ကြပြီး ပဲပင်တွေ စတင်ပေါက်လာတာနဲ့ (၂) ပတ်ခန့်အတွင်း အပင်ပေါ်ရောက်လာကြပြီး ဆက်လက်မျိုးဆက်ပွားကာ စုပ်စားဖျက်ဆီးကြလေ့ရှိပါတယ်။ 🌱 🌱

ပူပြင်းတဲ့ရာသီဥတုမှာ ပေါက်ဖွားမှုနှုန်းမြင့်မားတဲ့ ပျပိုးတွေဟာ လိင်ရှိ လိင်မဲ့ နည်းနှစ်မျိုးလုံးနဲ့ မျိုးပွားနိုင်စွမ်းရှိကြပါတယ်။ အရွယ်ရောက်အစ်မ တစ်ကောင်ဟာ တစ်ကြိမ်ကို ဥ (၃၀) ခန့်ဥနိုင်ပြီး ပဲရွက်ရဲ့ အောက်မျက်နှာပြင်မှာ ပိုးဥများကိုပြန့်ကျဲပြီးတွေ့ရတတ်ပါတယ်။ ဥဘ၀မှ (၂) ရက် (၃) ရက်ခန့်အကြာမှာတော့ ဥကနေ အကောင်စပေါက်ပြီး များသောအားဖြင့် ပဲရွက်အောက်မျက်နှာပြင် ရွက်ကြောများတ၀ိုက်မှာ စုပြုံနေတာကိုတွေ့နိုင်ပါတယ်။ ဒီပျပိုးအကောင်ငယ်လေးတွေဟာ ပဲရွက်မှ သစ်ရည်ကို စုပ်ယူစားသုံးတဲ့အပြင် အရွယ်ရောက် ပျပိုးအကောင်ကြီးက စွန့်ထုတ်လိုက်တဲ့ အချိုရည်တွေကိုလည်း စားသုံးပြီး ရှင်သန်ကြီးထွားနိုင်ကြပါတယ်။ 🐞 🐞

အကောင်ငယ်ဘ၀နဲ့ (၂) ပတ် (၃) ပတ်ခန့်ကြာပြီးရင်တောင် အရွယ်ရောက်အကောင်ကြီးဘ၀ကို ရောက်ရှိပြီဖြစ်ပါတယ်။ ပျပိုးမှန်း သိသာစေတဲ့ ထူးခြားတဲ့ ၀ိသေသတစ်ခုကတော့ အကောင်အသေးရော အကောင်အကြီးရောရဲ့ ၀မ်းဗိုက်ပိုင်းမှာ အနက်ရောင်ရှိတဲ့ အချွန်တစ်မျိုးပါရှိတာပဲဖြစ်ပါတယ်။ ပျပိုးဟာ တစ်နှစ်ပတ်လုံးပေါက်ဖွားနိုင်ပြီး ရာသီဥတုနဲ့ နေရာဒေသအလိုက် ကျရောက်တဲ့ မျိုးစိတ်များကွဲသွားပြီး အကောင်ပုံသဏ္ဌာန်နဲ့ အရွယ်အစားကွာခြားမှုအနည်းငယ်လည်းရှိပါတယ်။ အရွယ်ရောက်ပျပိုးအကောင်ကြီးဟာ (၆) ရက်ခန့်အသက်ရှင်နိုင်ပြီး အချို့ပျပိုးများဟာ တောင်ပံပါရှိပါတယ်။ ပျပိုးအကောင်ကြီးများဟာ ပျပိုးအကောင်ငယ်များကိုသယ်ဆောင်ယူပြီး ပဲခင်းအတွင်း ကူးလူးသွားလာကာ ပျံ့ပွားစေနိုင်စွမ်းလည်းရှိတဲ့အတွက် အထူးဂရုပြုသင့်ပါတယ်။ ⚠️⚠️

ပျပိုးများစုပ်စားလိုက်တဲ့ ပဲရွက်များဟာ ရွက်နားမှစပြီး တဖြည်းဖြည်ကုပ်၀င်ကာ တစ်ရွက်လုံးခြောက်သွေ့သွားတတ်ပါတယ်။ ဒါ့အပြင် ပျပိုးတွေဟာ တခြား ပန်းခိုင်တွေ၊ အသီးငယ်တွေအပေါ်မှာလည်း ကျရောက်စုပ်စားဖျက်ဆီးတတ်ပြီး နောက်ဆုံးမှာတော့ အပင်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ အခင်းအတွင်း ကူးစက်ပျံ့နှံ့တာလည်းအလွန်မြန်တဲ့အပြင် စုပ်စားပိုးဖြစ်တဲ့အတွက် တခြားကပါလာတဲ့ ဗိုင်းရပ်(စ်)ရောဂါတွေလည်း ပဲပင်တွေကို ကူးစက်နိုင်ပါသေးတယ်။ ဒါ့တင်မကသေးပဲ ပျပိုးတွေစွန့်ထုတ်လိုက်တဲ့ အချိုရည်အစေးတွေဟာ လေထဲကပါလာတဲ့ မှိုများနဲ့ ဓာတ်ပြုပြီး အပင်များကို မှိုရောဂါများလည်းစွဲကပ်စေနိုင်တာကြောင့် မပေါ့ဆပဲ အမြန်ဆုံးနှိမ်နိင်းပေးဖို့လိုအပ်ပါတယ်။ ✔️ ✔️

ပျပိုးရန်မှ ကြိုတင်ကာကွယ်ဖို့အတွက်ဆိုရင်တော့ ပဲခင်းအနီး ပိုးခိုအောင်းနေနိုင်တဲ့ ခြုံနွယ်ပိတ်ပေါင်းများကို မီးရှို့ရှင်းလင်းတာမျိုးပြုလုပ်ရပါမယ်။ ဒါ့အပြင် ပဲခင်းတ၀ိုက်က စိုက်ပျိုးထားခြင်းမရှိပဲပေါက်ရောက်နေတဲ့ ပဲမျိုးရင်းအပင်များကိုလည်း သေချာစွာရှင်းလင်းပစ်ဖို့လိုအပ်ပါတယ်၊။ စတင်စိုက်ပျိုးစဥ်ကတည်းက ပိုးဒဏ်၊ ရောဂါဒဏ်တွေ ခံနိုင်ရည်ရှိတဲ့ ပဲမျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးခြင်းဟာလည်း ပျပိုးကာကွယ်ရေးအတွက် အရေးပါတဲ့ ကြိုတင်ပြင်ဆင်မှုတစ်ရပ်ဖြစ်ပါတယ်။ စိုက်ချိန်စောခြင်းဟာ ပျပိုးတွေပိုမိုကျရောက်စေတဲ့ အချက်တစ်ချက်ဖြစ်တာကြောင့် ပဲသီးနှံများကို စိုက်ပျိုးတဲ့အခါမှာလည်း စိုက်ချိန်မှန်ပြီး တိကျဖို့လိုအပ်ပါတယ်။ 🛡️ 🛡️

ဦးကြီးတို့ပဲခင်းတွေအတွင်း ပျပိုးကျနေပြီဆိုရင်တော့ ....
- ဖစ်ပရိုနေးလ်
- အေမီဒါကလိုပစ်
- သိုင်ရာမီသိုဇင်
- အဆီတာမီပရစ်
- အဘာမက်တင်
- လမ်ဒါဆိုင်ဟေလိုသရင်

စသော ပိုးသတ်ဆေး တစ်ခုခုကို
သတ်မှတ်ထားတဲ့ နှုန်းထားပမာဏများအတိုင်း ရေမှာရောစပ် ပက်ဖျန်းနှိမ်နင်းနိုင်မှာဖြစ်ပါတယ်။ 💦💦

တောင်သူကြီးများအားလုံးလည်း ပဲတီစိမ်းနဲ့ မတ်ပဲအပါအ၀င် ပဲမျိုးစုံစိုက်ခင်းများမှာ ပျပိုးများကင်းရှင်းလို့ စိုက်ခင်းတွေအောင်မြင်ပြီး ပဲအထွက်နှုန်းတွေတိုးနိုင်ကြပါစေခင်ဗျာ။ 🙏🙏

#တောင်သူတိုင်းအတွက်ရည်ရွယ်၍
Credit
#စိုးမိုး ဂျူလှိုင်

18/09/2022

#ဆားခါး (သို့မဟုတ်)လူသိနည်းသောမြေသြဇာတစ်မျိုး
***ဝမ်းနုတ်ဆေးတစ်မျိုးအဖြစ်လူသိများသော
ဆားခါး(Epsom salt)၏ဓာတုဗေဒအမည်မှာ
မဂ္ဂနီစီယမ်ဆာလဖိတ်(MgSo4 7H2O)ဖြစ်သည်။
ဆားခါးတွင်Mg ရာခိုင်နှုန်း(၁၁)ရာခိုင်နှုန်းနှင့်
ဆာလ်ဖာခေါ်ကန့်ဓာတ်(၁၃)ရာခိုင်နှုန်းပါဝင်သည်။
မဂ္ဂနီစီယမ်မှာ
အပင်များတွင်မရှိမဖြစ်လိုအပ်သောဒြပ်စင်(၁၇)မျိုးအနက်
သာမညအများလို(Secondary Macroelement)အုပ်စုမှ
ဓာတ်စင်တစ်မျိုးဖြစ်သည်။
*(မဂ္ဂနီစီယမ်မရှိလျှင်)*အပင်တို့၏
အစိမ်းရောင်ခြယ်ကလိုရိုဖီးလ်မရှိနိုင်။
ကလိုရိုဖီးလ်မရှိလျှင်
အစိမ်းရောင်အပင်များဤကမ္ဘာတွင်မရှိနိုင်ပေ။
အစိမ်းရောင်အပင်များမှာ
ကမ္ဘာပေါ်ရှိသက်ရှိများအတွက်
စားသုံးရန်အစာနှင့်အသက်ရှုရန်
အောက်စီဂျင်ပံ့ပိုးပေးရာအခြေခံဖြစ်သောကြောင့်
အပင်စိမ်းများမရှိလျှင်ဤကမ္ဘာတွင်သက်ရှိများမရှိနိုင်ပါ။
ထို့ကြောင့်သက်ရှိလောကစိုက်ပျိုးရေးလုပ်ငန်းတွင်
မဂ္ဂနီစီယမ်မည်မျှအရေးပါလျှက်ရှိသည်ကို
ခန့်မှန်းနိုင်မည်ဖြစ်သည်။
အပင်များအတွင်း
မဂ္ဂနီစီယမ်(၀.၁)မှ(၀.၄)ရာခိုင်နှုန်းအထိပါဝင်သည်။
အပင်အတွင်းရှိမဂ္ဂနီစီယမ်များ၏(၁၅)မှ(၂၀)ရာခိုင်နှုန်းမှာ
ကလိုရိုဖီးလ်အတွင်းပါဝင်လျှက်ရှိသည်။

#မဂ္ဂနီစီယမ်ကိုအများဆုံးစားသုံးသောအပင်များ

အပင်အားလုံးအတွက်မဂ္ဂနီစီယမ်မှာ
မရှိမဖြစ်လိုအပ်သောအာဟာရဒြပ်စင်တစ်မျိုးဖြစ်သော်လည်း
အချို့သောအပင်များက
မဂ္ဂနီစီယမ်ကိုအခြားအပင်များထက်ပိုမိုစားသုံးကြသည်။
ယင်းတို့မှာ
ဆီအုန်း၊အုန်း၊လိမ္မော်မျိုးနွယ်အပင်များ(Citrus)၊
သစ်သီးပင်များ(Fruit trees)၊ဆေးရွက်ကြီး၊အာလူး၊
ခရမ်းချဉ်၊ကော်ဖီ၊နာနတ်၊ပြောင်း၊ပဲပုပ်၊ကြံ၊စပျစ်၊
ဝါ၊ငှက်ပျော၊ရော်ဘာ၊သစ်သီးပင်များတို့ဖြစ်သည်။
သာမာန်အပင်များသည်
မဂ္ဂနီစီယမ်ကိုစိုက်ပျိုးမြေတစ်ဟက်တာ(၂.၄၇ဧက)တွင်
(၁၅)ကီလိုမှ(၄၀)ကီလိုအထိစားသုံးကြသည်။

ငှက်ပျောပင်က(၈၄)ကီလို
ဆီအုန်းနှင့်အုန်းပင်က(၃)ကီလို*တစ်ပင်နှုန်းထားဟုယူဆ
သကြားမုန်လာက(၆၀)ကီလို
ကြံက(၅၄)ကီလို
သရက်က(၄၈)ကီလို
ဥကန်စွန်းက(၄၅)ကီလို
စပ်စ္က(၄၂)ကီလို
ဂေါ်ဖီထုပ်က(၃၆)ကီလိုနှင့်
သခွားနှင့်ပဲများက(၃၆)ကီလိုစားသုံးကြသည်။

မဂ္ဂနီစီယမ်စားသုံးမှုအနည်းဆုံးသောအပင်များမှာ
စပါး၊ဂျုံ၊မြက်များနှင့်အယ်ဖာဖာခေါ်သော
ပဲတစ်မျိုးဖြစ်သည်။
မဂ္ဂနီစီယမ်စားသုံးခြင်း၏အကျိုးရလဒ်ကို
ငှက်ပျောပင်၌သုတေသနပြုလေ့လာရာတွင်
အဓိကအာဟာရ(၃)မျိုးဖြစ်သောအန်ပီကေနှင့်မဂ္ဂနီစီယမ်
(NPK+Mg) စားသုံးသောအပင်နှင့်
အန်ပီကေ(NPK)သာစားသုံးရသောအပင်များ၏အထွက်နှုန်းမှာ
(၅၂)ရာခိုင်နှုန်းသာရှိကြောင်းတွေ့ရှိရသည်။

#မဂ္ဂနီစီယမ်ချို့တဲ့ခြင်း

ကမ္ဘာ့စိုက်ပျိုးမြေအများတွင်
မဂ္ဂနီစီယမ်ချို့တဲ့မှုဖြစ်နေသည်။
မဂ္ဂနီစီယမ်ချို့တဲ့ရခြင်းအကြောင်းမှာ

၁။မိုးများသောစိုစွတ်သောဒေသများတွင်
မြေဆီလွှာအတွင်းမှမဂ္ဂနီစီယမ်နှင့်တကွအခြားဓာတ်ဖိုများ
စိမ့်ယိုပျောက်ဆုံးခြင်းကြောင့်

၂။မြေဆီလွှာအတွင်းအချဉ်ဓာတ်ဖြစ်ပေါ်မှုများကြောင့်
မဂ္ဂနီစီယမ်လျော့ပါးသွားခြင်း

၃။မြေဆီလွှာအတွင်းအလူမီနီယမ်ခေါ်ဒန်ဓာတ်များပြီး
ချဉ်လာခြင်း၊အလူမီနီယမ်အဆိပ်သင့်ခြင်းကြောင့်

၄။ပိုတက်စီယမ်မြေသြဇာများအသုံးများလာသောအခါ
ပိုတက်စီယမ်၊မဂ္ဂနီစီယမ်အချိုးK:Mg ratio ပြောင်းပြီး
မဂ္ဂနီစီယမ်ချို့တဲ့လာခြင်းတို့ကြောင့်ဖြစ်သည်။

#မဂ္ဂနီစီယမ်နှင့်နိုက်ထရိုဂျင်အချိုး MgO:N Ratio

ကြံ၊နာနတ်၊ဆီအုန်း၊အုန်း၊ရော်ဘာနှင့်ငှက်ပျောတွင်
မဂ္ဂနီစီယမ်နှင့်နိုက်ထရိုဂျင်အချိုးမှာ(၀.၄)မှ(၀.၇)ရှိရန်
လိုအပ်သည်။
ဝါ၊ဆေးရွက်ကြီး၊အာလူးနှင့်သရက်တွင်ကား
မဂ္ဂနီစီယမ်နိုက်ထရိုဂျင်အချိုးမှာ(၀.၃)မှ(၀.၄)လိုအပ်သည်။

#မြေဆီလွှာအတွင်းအလူမီနီယမ်အဆိပ်သင့်ခြင်းကို
သက်သာစေခြင်း

မြေဆီလွှာအတွင်းအလူမီနီယမ်ခေါ်ဒန်ဓာတ်များကြောင့်
အချဉ်ဓာတ်လွန်ကဲခြင်းအဆိပ်သင့်ရသောအခါ
သီးနှံပင်များ၏အမြစ်များကိုလွန်စွာထိခိုက်စေပါသည်။
ထိုအမြစ်များကအခြားအာဟာရများကိုစုပ်ယူခြင်းကို
ခက်ခဲစေသည်။
အဟန့်အတားဖြစ်စေသည်။
ထိုအခြေအနေမျိုးတွင်ဆားခါးအသုံးပြုပါက
အလူမီနီယမ်အဆိပ်သင့်ခြင်းကိုအတိုင်းအတာတစ်ခုအထိ
ပြေပျောက်စေပါသည်။

#ဆားခါးကိုမြေသြဇာအဖြစ်အသုံးပြုနှုန်း

လူသုံးဝမ်းနုတ်ဆေးအဖြစ်အထူးသန့်သောဆားခါးများ
ရှိသကဲ့သို့သာမာန်စိုက်ပျိုးရေးသုံးဆားခါးများလည်း
စျေးကွက်တွင်ရရှိနိုင်သည်။
မဂ္ဂနီစီယမ်ချို့တဲ့မှုမဖြစ်စေဘဲသီးနှံများနှစ်အတော်ကြာ
မဂ္ဂနီစီယမ်ဓာတ်ရရှိနေစေရန်မြေဆီလွှာသို့ထည့်ရာတွင်
တစ်ဧကအတွက်ပေါင်ချိန်(၅၀)မှ(၁၀၀)အထိ
အသုံးပြုကြသည်။*(၂.၂ပေါင်=၁ကီလို)
ဆားခါးသည်ရေတွင်လွယ်ကူစွာပျော်ဝင်နိုင်သောကြောင့်
အရွက်ဖျန်းမြေသြဇာအဖြစ်လည်းအသုံးပြုနိုင်သည်။
အများအားဖြင့်ဆားခါး(၁၅)ပေါင်ကိုရေဂါလန်(၁၀၀)တွင်ဖျော်၍
အရွက်ဖျန်းမြေသြဇာအဖြစ်အသုံးပြုကြသည်။

#နိဂုံး

မြန်မာနိုင်ငံ၌နှင်းဆီစိုက်ပျိုးသူများကဆားခါးကို
မြေသြဇာတစ်မျိုးအဖြစ်လွန်ခဲ့သောနှစ်ပေါင်းများစွာကပင်
အသုံးပြုခဲ့ကြသည်။
နှင်းဆီပင်ကိုဝမ်းနုတ်ပေးခြင်းဟုဆိုသည်။
သို့သော်သီးနှံအမျိုးမျိုးစိုက်ပျိုးသူအများစုက
ဆားခါးကို
မဂ္ဂနီစီယမ်မြေသြဇာတစ်မျိုးအဖြစ်အသုံးမပြုကြသေးပေ။
သီးနှံအားလုံးမှာဆားခါးကိုလိုအပ်သည်။
အထူးသဖြင့်
မိုးများ၊သဲဆန်သောမြေမျိုးတွင်ပို၍လိုအပ်သည်။
မြေချဉ်များတွင်လည်းလိုအပ်သည်။

သာမာန်အပင်များထက်မဂ္ဂနီစီယမ်ကိုပိုမိုစားသုံးသော
သီးနှံများဖြစ်သည့်အုန်း၊ဆီအုန်း၊ငှက်ပျော၊ရော်ဘာ၊
လိမ္မော်မျိုးနွယ်အပင်များ၊သစ်သီးပင်များ၊နာနတ်၊
ဆေးရွက်ကြီး၊ကြံ၊စပျစ်၊ခရမ်းချဉ်၊အာလူး၊ဥကန်စွန်းတို့ကို
အလေးထားကျွေးရန်လိုအပ်သည်။
ဆားခါးကိုမြေသြဇာအဖြစ်အသုံးပြုရသောအရင်းအနှီး
အနည်းငယ်မှအကျိုးအမြတ်ပမာဏကြီးစွာကိုရရှိနိုင်ပါသည်။

:စိုက်ပျိုးရေးသယံဇာတများနှင့်အခြားစိုက်ပျိုးရေး
ဆောင်းပါးများ

ရေးသူ-ဦးဖရက်သိန်းဖေ။
Credit to ဆရာSai
Mandalay

Address

Yadanar Yan Naing Pagoda Road
Nawngtaya

Telephone

+959440979948

Website

Alerts

Be the first to know and let us send you an email when Tun Tauk Nay agro chemical shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tun Tauk Nay agro chemical shop:

Shortcuts

Share