Kyaw Min Thein

Kyaw Min Thein book read Myanmar

အစဥ်အလာကောင်း ကြုံတဲ့ရက်အမင်္ဂလာအပေါင်းစုံတဲ့ မနက်ဖြစ်ပါစေသား
02/03/2024

အစဥ်အလာကောင်း ကြုံတဲ့ရက်
အမင်္ဂလာအပေါင်းစုံတဲ့ မနက်
ဖြစ်ပါစေသား

27/07/2023

ဦးသန့်၏ စကား ငါးခွန်း

လောက၌ ကြီးပွားရေး လမ်းတို့သည် များပြားကုန်၏။ ကြီးပွားရေး ဆရာတို့လည်း ပေါများကုန်၏။ သို့ရာတွင် ကြီးပွားကုန်သော သူတို့၏ ကြီးပွားရာ လမ်းများအနက် အောက်ဖော်ပြပါ ငါးချက်တို့သည် အရေးကြီးပေသည်။

၁။ ရည်ရွယ်ချက် ရှိပါ
လောက်၌ ရည်ရွယ်ချက် မရှိသောသူသည် မည်သည့် အရေးသို့ သွားရန် မသိသေးသော ခရီးသည်နှင့် တူ၏။ ကြီးပွားလိုသော လူတိုင်း ၌ ရည်ရွယ်ချက် ရှိရမည်။ သုံးလူ့ထွတ်ထား သဗ္ဗညုဘုရားပင်လျှင် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ကြိုးစား အားထုတ်တော်မူခဲ့ ပေသည်။ မည်သူမဆို ငယ်စဉ်ကပင် မှန်းခြေတစ်ခု ရှိရမည်။ မှန်းခြေရှိသော လူတို့သည် မိမိတို့ လုပ်ငန်း၌ လွယ်ကူသည်သာမက မှန်းခြေ မရှိသော သူထက် မနှိုးင်းယှဉ်သာအောင် ကြီးပွားကြလေသည်။

၂။ သူများနှင့် မတူအောင် လုပ်ပါ
ထိုအချက်သည် ဆန်းဆန်းဖြစ်သည်။ သို့ရာတွင် စေ့စေ့တွေးသော် ကြီးပွားသော သူတို့၏ လက်သုံး အချက်ကြီး ဖြစ်သည်။ သူများကဲ့သို့ လုပ်လျှင် သူများကဲ့သိုပင် ဖြစ်မည်။ သူများနှင့် မတူအောင် လုပ်လျှင် သူများနှင့် တူမည် ဟုတ်ချေ။ မြတ်စွာဘုရားသည် ခပ်သိမ်းသော သူတို့နှင့် မတူအောင် အားထုတ်တော်မူခဲ့၍ သူများနှင့် မတူသော သဗ္ဗညုအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။

၃။ အများသဘောကို မလိုက်နှင့်
အများသဘောသည် အမှားပေါ၏။ လောက၌ ပညာ ရှိသောသူနှင့် မရှိသောသူ အရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင် ပညာ ရှိသူက မနှိုင်းယှဉ် လောက်အောင် နည်းလှ၏။ အများသဘောကို မလိုက်နှင့်ဟု ဆိုရာ၌ မည်သည့်အခါ မဆို အများသဘောနှင့် ဆန့်ကျင်ရ မည်ဟု မဆိုလိုပေ။ မည်သည့် ကိစ္စ၌မဆို .. အများသဘောပါဟု ပြောလေ့ရှိသောသူကို အသုံးမကျသူ ဟူ၍ မှတ်အပ်၏။ အများ သဘောသည် မှားလျှင်လည်း မှားကြောင်း ညွှန်ပြနိုင်ရမည်။ ဆန့်ကျင်ရဲရမည်။ ရေလိုက်ငါးလိုက် နေသောသူတို့သည် မကြီးပွားနိုင်ကုန်။

၄။ ပြုပြင်ရန် မကြောက်နှင့်
လောက၌ ဘာသာရေးမှ လွဲလျှင် အားလုံးသော ကိစ္စဟူသမျှသည် အမြဲ ပြုပြင် ပြောင်းလဲလျက် ရှိ၏။ အဝတ်အစား အနေအထိုင် အပြောအဆို အယူအဆ စသည်တို့မှာ အမြဲ ပြောင်းလဲလျှက် ရှိ၏။ ယခု ခေတ်သည် အလွန် မြန်နိုင်မှ တော်ရုံ ရှိ၏။ အပြေးသွား အပြေး လာ အပြေးလုပ်ရသော ခေတ်ကြီး ဖြစ်၏။ ဘဝသံသရာ ကြီးပွားရေးအတွက် ပြုပြင်ရေးသည်လည်း အထူး အရေးကြီးလှပေသည်။

၅။ မယုံလွယ်နှင့်
မစဉ်းစားပဲ ယုံကြည်သူ ပေါများသော တိုင်းပြည်သည် အောက်တန်းကျသော တိုင်းပြည် ဖြစ်၏။ အသိဉာဏ်ကို ချင့်ချိန်နိုင်ရန် ၎င်းတိုင်း ပြည်၏ သတင်းစာကို ကြည့်၍ အကဲခတ်နိုင်၏။ သတင်းစာများတွင် မြတ်စွာဘုရား ဆင်းတုတော်မှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိသော ဥစ္စာစောင့်မ၊ နတ်ပေးသော ကလေး စသည်ဖြင့် ခေါင်းစဉ်တပ်ထားသော ဆောင်းပါးများကို အလုအယက် ဖတ်သမျှ ကာလပတ္လုံး မြန်မာ လူမျိုးတို့၏ အဆင့်အတန်းသည် ခေတ်မီရန် များစွာ လိုသေးသည်ဟု ဆိုရမည် ဖြစ်သည်။ ပြောတိုင်း မယုံနှင့်၊ ယုံတိုင်းလည်း မပြာနှင့်၊ ချင့်ချိန် မှန်းဆ၍ ပြုလုပ် ပြောဆိုရာ၏။ ဤသည်လည်း ကြီးပွားရေး လှေကား တစ်ထစ်ပေတည်း။

Credit မူရင်း

01/08/2022

''စကားပြောတတ်ဖို့လိုတယ်''
-------------------------------------------

//ဝေဖန်ထောက်ပြတာနဲ့
ကဲ့ရဲ့တာမတူဘူး
ဝေဖန်ထောက်ပြတယ်ဆိုတာ
အမှားကိုပြင်နိူင်ဖို့အတွက်
အကျိုးအကြောင်းစီလျော်အောင်
တည့်မတ်ပေးတာ။
ကဲ့ရဲ့တယ်ဆိုတာ
လူတစ်ဖက်သားကို
အရှက်ရသွားအောင်
အကောင်းအဆိုးမသေချာပဲ အထင်နဲ့အမြင်မခွဲခြားပဲ သူတစ်ပါးကိုနစ်နာစေလိုတဲ့စိတ်နဲ့အပြစ်တင်လွန်းတာပါ။

//တစ်ခါတလေ လူတွေက ကိုယ့်စကားမှအမှန် သူတစ်ပါးပြောရင်မှားနေတယ်ထင်နေတာ အမှန်တော့ တူညီတဲ့စကားတွေပါပဲ။
သေချာ ဂဃနဏမသိပဲ ဝေဖန်အပြစ်တင်ချင်တဲ့စိတ်ကြောင့်သာ အတ္တစိတ်တွေများသွားကြတာပါ။

//မှန်တိုင်းလည်း မပြောသင့်တဲ့စကားရှိတယ်
မှန်တိုင်းလည်း မဝေဖန်သင့်တဲ့အကြောင်းရှိတယ် လူဆိုတာ ထီးနန်းနဲ့နေနိူင်မှ လူပီသတာမဟုတ်ဘူး စည်းနဲ့ကမ်းနဲ့နေနိူင်မှလူပီသတာပါ...ဒါကြောင့် ဘာကိုပဲလုပ်လုပ် စည်းထားဖို့လိုပါတယ်...ဘာစကားကိုပဲပြောပြော လူ့စည်းကမ်းအရသိဖို့လိုပါတယ်။

//လူတစ်ယောက်အကြောင်းအပေါ်ယံသိရုံလောက်နဲ့မဝေဖန်ပါနဲ့ သင်တွေ့တာက စာအုပ်တစ်အုပ်ရဲ့အပေါ်ယံမျက်နှာဖုံးပါ
စာအုပ်ရဲ့အတွင်းစာမျက်နှာတွေမှာ ဘယ်လိုအကြောင်းတရားတွေရှိတယ်ဆိုတာ သင်မမြင်နိူင်တဲ့အတွက် ဝေဖန်မစေမိပါစေနဲ့။

//အကြောင်းတရားအစုံကို သေချာဂ၊ဃ၊န၊ဏမသိရင်တိတ်တိတ်နေပါ ပါးစပ်နဲ့လူမသတ်ပါနဲ့ လူတစ်ယောက်ကို အနိူင်ယူဖို့ ဘာလက်နတ်မှမလိုဘူး တစ်ချို့စကားလုံးတွေက လူတစ်ယောက်ရဲ့စိတ်ကို ဟိုးအောက်ဆုံးထိကျသွားနိူင်တယ်ဆိုတာမမေ့ပါနဲ့။

//စကားကြောင့်သာ အားဖြစ်ပါစေ
စကားကြောင့်သာ ကုသိုလ်ဖြစ်ပါစေ
စကားကြောင့်သာ ကူညီနိူင်ပါစေ
စကားကြောင့်သာ မေတ္တာတွေပွားနိူင်ပါစေ
အမုန်းတွေမယူပဲ အပြောတွေကိုတတ်နိူင်သမျှချိုသာနိူင်ပါစေ။

//ကိုယ်တိုင်မသိပေမယ့် ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် တစ်ဖတ်လူစိတ်ချမ်းသာတယ်ဆိုရင်ပဲ ကုသိုလ်ရနေပါပြီ။

လေးစားစွာဖြင့်
(ရာမညမြေ)26/3/2022

#မေဆုရာမညမြေအတွေးစာစုလေးများ

01/08/2022

ဒီနေ့နားလိုက်ရင်မနက်ဖြန် နှစ်ဆပြေးရလိမ့်မယ်

ဆန္ဒနဲ့ဘဝ
တစ်ထပ်တည်း ကျမနေတတ်တဲ့
လောကဆိုတာ သိလိုက်ရချိန်မှာ

အရာရာဟာ နောက်ကျနေပြီလို့
ခံစားရင် ခံစားရပါလိမ့်မယ်

တချို့က မှားတယ် (သို့) မှန်တယ်ဆိုတဲ့
အဖြေကို

ကိုယ့်စိတ်ခံစားချက်အတိုင်း
ပြောကြပါလိမ့်မယ်

ဒါပေမဲ့ သင်နောက်ကျရင်
နောက်ကျသွားတာ မှန်ပေမယ့်

သင်မရှုံးသေးဘူးဆိုတာကို
မြဲမြဲ မှတ်ယူထားလိုက်ပါ

အဲ့ဒီလို အသိတရားဝင်လာတဲ့အချိန်ဟာ
သင့်အတွက် မလိုအပ်တဲ့အိပ်မက်က
လန့်နိုးလာပြီမို့ မရှုံးသေးပါဘူး

ကိုယ်ဘာဖြစ်ချင်ခဲ့သလဲ
ကိုယ့်ရည်ရွယ်ချက်က ဘာလဲ

ဒါတွေကို စိတ်နောက်လိုက်ရင်း
မအောင်မြင်ခဲ့ပေမဲ့

နောင်တဆိုတာလည်း ရစရာမလိုပါဘူး

ကိုယ့်စိတ်ကူးတွေ ဖြစ်မလာခဲ့လို့လည်း
စိတ်ဓာတ်တွေ ကျမသွားပါနဲ့

ဒီနေ့ဟာ မနက်ဖြန်
မဖြစ်နိုင်သလို

ကံကြမ္မာကို ကိုယ်သာ ဖန်တီးယူရမှာပါပဲ

လူတွေနဲ့ ဆက်ဆံတယ်
အများစုက ကိုယ်ပေးမှ ပြန်ပြီး တုန့်ပြန်တာတွေ

ကိုယ့်စေတနာကို ဥပက္ခာပြုတာတွေ

ကိုယ့်မေတ္တာကို မထီမဲ့မြင်ပြုတာတွေ
များစွာ ကြုံလာရလည်း

ကိုယ့်ဘဝအတွက် အရေးပါတဲ့
အရာတွေ ဖြစ်နေရင်လည်း
စိတ်နဲ့ လိုက်ခံစားမနေပါနဲ့

ဒီကိစ္စ အသေးမွှားတွေထက်
အရေးကြီးတာတွေကိုသာ ဆက်လုပ်ပါ

ကိုယ်နဲ့ အရင်းနှီးဆုံးလို့ခံယူထားတဲ့
သူငယ်ချင်းတွေ စွန့်ခွာသွားရင်တောင်
ဝမ်းနည်း မနေပါနဲ့

သူတို့ထက်သာတဲ့ မိတ်ဆွေသူငယ်ချင်းတွေရှာပြီး
အစားထိုးလိုက်ပါ

သူဟာ ကိုယ်မဟုတ်တဲ့
လောကနိယာမကြီးထဲမှာ

အရာရာတိုင်း လိုက်ခံစားနေရင်း
အချိန်တွေ အဆုံးရှုံးခံရတာလောက်
နှမျောစရာကောင်းတာ မရှိပါဘူး

ပြီးသွားတဲ့ အတိတ်ကို
သင်ခန်းစာ ယူပါ

အနာဂတ်ကို ပုံဖော်ပါ

လက်ရှိဘဝကို ကျေနပ်အောင်
နေထိုင်ပါ

ဖြစ်ချင်တိုင်း မဖြစ်နိုင်တဲ့ဘဝရယ်
မဖြစ်နိုင်ရလေခြင်းဆိုတဲ့
ဒွဟကြားမှာ အဖြေရှာနေမယ်ဆို

အနာဂတ်ဟာ ပိုပြီး
ခတ်ခဲသွားစေပါလိမ့်မယ်

ကိုယ့်အမှားလို့ သိလိုက်ရတဲ့
အချိန်တိုင်းဟာ

နောက်မကျသေးဘူးဆိုတာ
လူတိုင်း သိထားရပါမယ်

အမှားအတွက် ပြင်ဆင်ချိန်ရောက်ပြီလို့
ခံယူနိုင် ရပါမယ်

မှားသွားခဲ့ပြီ

နောက်ကျသွားပြီဆိုတဲ့ နောင်တဟာ
စိတ်ကို နှစ်ခါ သေစေပါတယ်

အပေါင်းသင်း မိတ်ဆွေဆိုတာလည်း
ပေါင်းသင်းချိန် ကိုယ့်ကိုလိုအပ်တယ်လို့

သူတို့ လက္ခံနိုင္တဲ့
အချိန် အတိုင်းတာထိ

ဖြူစင်တဲ့ ခင်မင်မှုနဲ့
ပေါင်းသင်းဆက်ဆံပေးလိုက်ရင်
လုံလောက်ပါပီ

မလိုအပ်တော့ဘူးလို့ စွန့်ခွာသွားလိုက်ရင်လည်း
အပြုံးမပျက် ရင်ဆိုင်ပါ

လောကကြီးမှာ ကိုယ်လိုချင်တဲ့အရာ
ကိုယ်ဖြစ်ချင်တဲ့အရာ
ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒဆိုတာ

တစ်ထပ်တည်း မဖြစ်နိုင်ဘူးဆိုတဲ့
အတွေးနဲ့သာ ကျော်ဖြတ်နိုင်ကြပါစေ
စာဖတ်သူတို့။

__________________________________
မူရင်းရေးသူအား လေးစားစွာဖြင့်
ေးပါသည်
မေတ္တာဖြင့်တဆင့်ပြန်လည် မျှဝေပေးသည်။

01/08/2022

ငယ်ပါသေးတယ်ဆိုပြီး
ဘဝကို ဖြစ်သလို့ မနေပါနဲ့
ပိုက်ဆံရှာပါ
လောကမှာပိုက်ဆံရှိမှ
ပိုအဆင်ပြေနိုင်ပါတယ်။

မိသားစုထဲမှာကြည့်ပါ
ပိုက်ဆံရှာနိုင်တဲ့သူက
ပိုအရေးပါအရာရောက်ပါတယ်။

အပေါင်းအသင်းတွေကြားထဲကြည့်ပါ
ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။

လူမှုအဖွဲ့အစည်းတစ်ခုခုကိုကြည့်ပါ
ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။

ဒါဟာ လောကကြီးထဲမှာ
ရာခိုင်နှုန်းတော်တော်များများဖြစ်နေတာပါ။

ဘယ်နည်းနဲ့ကြည့်ကြည့်
သင် ပိုက်ဆံရှာရပါမယ်
ငွေစုရပါမယ်။

သင်ပိုက်ဆံရှိမှ
သင်ချစ်တဲ့သူတွေအတွက်
သင်လုပ်ချင်တဲ့အရာတွေအတွက်
သင်ပြောချင်တဲ့စကားတွေအတွက်
သင်လိုချင်တဲ့အရာတွေအတွက်
အားလုံးမဟုတ်ရင်တောင်
တော်တော်များများလုပ်လို့ရမှာပါ။

" #ခင်မင်မှုကပိုအရေးကြီးတယ်"
ဟုတ်ကဲ့
လူတော်တော်များများကတော့
ငွေရှိရင် ပိုခင်ကြပါတယ်။

" #ရိုးသားမှုကပိုအရေးကြီးတယ်"
ဟုတ်ကဲ့
လူအများစုကတော့ မရိုးသားရင်တောင်
ငွေရှိတဲ့လူဆို သိပ်မပြောရဲကြပါဘူး။

" #ပညာကပိုအရေးကြီးတယ်"
ဟုတ်ကဲ့
ငွေရှိမှပညာသင်လို့ရတဲ့ခေတ်မှာ
ပညာရွှေအိုးက ငွေရှိမှဝယ်လို့ရတာပါ။

" #ကိုယ်ကျင့်တရားကအရေးအကြီးဆုံး"
ဟုတ်ကဲ့
ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေ
ငွေရှိလာရင် အမှန်တရားကရောက်လာဖို့
ခြေလှမ်းသိပ်နှေးလွန်းပါတယ်။

" #စိတ်ချမ်းသာဖို့အရေးကြီးတယ် "
ဟုတ်ကဲ့
ငွေရှိလည်းစိတ်ဆင်းရဲတဲ့သူတွေရှိပါတယ်
ဒါပေမယ့် ငတ်နေရင်းစိတ်ဆင်းရဲနေရတဲ့သူတွေထက်တော့
နည်းနည်း ပိုသက်သာတာပေါ့။

" #အချစ်ကအရေးကြီးတယ်"
ဟုတ်ကဲ့
ရယ်စရာအကောင်းဆုံးပြက်လုံးပါ
လူအားလုံးလိုလိုကတော့
ငွေမရှိရင် ရုပ်ဆိုးတယ်လို့မြင်တယ်
ငွေမရှိရင် နံတယ်လို့ထင်တယ်
ငွေမရှိရင် ပိုင်းလုံးလို့မြင်တယ်
ငွေမရှိရင် ရင်မခုန်ကြတော့ပါဘူး။

ဒါပါဘဲ
ဘယ်နည်းနဲ့တွေးတွေး
ဘယ်ဖက်ကတွေးတွေး
ငွေရှိမှ အရာအားလုံးလိုလို
အဆင်ပြေနိုင်ပါမယ်။

ထို့ကြောင့် ပိုက်ဆံရှာပါ။

27/02/2022
Long long ago
01/10/2021

Long long ago

14/09/2021

book read

Address

Naypyidaw

Telephone

+959425032497

Website

Alerts

Be the first to know and let us send you an email when Kyaw Min Thein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category