11/11/2020
"ကျား နှစ်မျိုးရှိတယ်၊ တစ်မျိုးက တောထဲကကျား၊ နောက်တစ်မျိုးက ပြဇာတ်ရုံက ကျား၊ နှစ်ကောင်လုံးကတော့ အသားစားတဲ့ သားရဲတိရိစ္ဆာန်ပဲ"
"အဲ့နှစ်ကောင်မှာ comfortable ဘယ်ကောင်ဖြစ်လဲ?
ပြဇာတ်ရုံက ကျားကပိုပီး comfort ဖြစ်တယ်၊ ဘာလို့လဲ?
စားဖို့သောက်ဖို့ပူစရာမလိုဘူး၊ သန့်စင်ပြီးသားအသားဟာ တစ်နေ့ ၃ချိန် ပုံမှန်ရောက်လာမယ်၊ ဘယ်ရန်မှကြောက်စရာမလိုဘူး၊ ဘယ်သဘာ၀ဘေးရန်ကမှ ဒုက္ခမပေးနိုင်ဘူး၊
သို့သော် အဲ့တာက life လား?"
"နောက်တစ်မျိုး တောထဲကကျားကတော့ အစားသောက်တွက် ကိုယ်တိုင်ပင်ပန်းခံအမဲလိုက်ရမယ်၊ အ၀စားရတဲ့နေ့ရှိသလို ငတ်တဲ့နေ့လဲကြုံရမယ်၊ ၃ချိန်ပုံမှန်မပြောနဲ့ တစ်ချိန်တောင်မှန်မလား မမှန်မလား မကျိန်းသေဘူး၊ မိုးရွာရင်ခေါင်းလုံဖို့တောင် နေရာရချင်မှရမယ်"
"ပြဇာတ်ရုံက ကျားကတော့ ဘာအတွက်မှပူစရာမလိုဘူး၊ ဒါမဲ့သူ့မှာက တစ်ခုရှိတာက ကျိန်ဒဏ်နှင်တဲ့သူရဲ့ ခိုင်းတဲ့အတိုင်းလုပ်ရတယ်၊ ထဆို ထ ၊ ထိုင်ဆိုထိုင်၊ မီးဝိုင်းထဲက ခုန်ပြဆိုခုန်ရတယ်၊ အဲ့တာက ကျားရဲ့ အမှန်တကယ် life အစစ်လား?"
"ခဗျားကို အခွင့်ရေးတစ်ခုပေးမယ်၊ ဘယ်လိုကျားမျိုးဖြစ်ချင်လဲဆိုရင်၊ အားလုံးကတော့ တောထဲကကျားပဲဖြစ်ချင်တယ်လိုဖြေကြမှာပဲ မဟုတ်လား၊ ဘာလို့လဲ လွတ်လပ်တယ်လေ၊ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ထိန်းချုပ်မှုမှမရှိဘူး"
"ဒါမဲ့ တကယ်တမ်း ၉၀% သောသူတွေ ပြဇာတ်ရုံက ကျားဖြစ်နေကြတယ်၊ ဘာဖြစ်ချင်လဲမေးရင်တော့ တောထဲက ကျား၊ တကယ်တမ်း ဖြစ်နေတာကတော့ ပြဇာတ်ကကျား"
"ဘာလို့လဲ? စွန့်စားရမှာကြောက်တယ်၊ အရှုံးပေါ်မှာကြောက်တယ်၊ သူများအတွက်အလုပ်လုပ်ပေးရပေမဲ့ အချိန်တန် လကုန်ပီဆို အသုံးစရိတ်အနေထိုင်စားသောက်ဖို့ လုံလောက်တဲ့ငွေပမာဏက အကောင့်ထဲ၀င်ပီးသားပဲ"
"သို့သော် အဲ့တာ life လား?,
No, အဲ့တာ living , job ကခဗျားလိုအပ်တာတွေတော့အတိုင်းတာတစ်ခုထိ ဖြည့်ဆည်းပေးနိုင်ပေမဲ့၊ အဲ့တာက life မဟုတ်ဘူးလေ၊ မနက်ထ ရုံးသွား၊ နေ့စဉ်လုပ်နေတဲ့ပျင်းစရာ computer screen ကိုထိုင်ကြည့်၊ ရုံးဆင်းအိမ်လာ၊ ခဏတာ မိသားစုနဲ့အချိန်ကုန်၊ အိပ် မနက်ပြန်ထ အလုပ်ပြန်သွား၊ ဒါနဲ့ပဲ သံသရာလည်နေတယ်"
"Job က ခဗျားကို living ပေးနိုင်ပေမဲ့၊ အဲ့တာကစစ်မှန်တဲ့ life မဟုတ်ဘူးဗျ"
"ကိုယ်ပိုင် စိတ်အားထက်သန်တဲ့ စီးပွားရေးလုပ်ငန်းလုပ်ရင်တော့၊ မြတ်တဲ့အချိန်ရှိမယ်၊ ရှုံးတဲ့အချိန်ရှိမယ်၊ ညအိပ်မပျော်တဲ့အချိန်ရှိမယ်၊ အဲ့တာတွေကို ကြောက်ပီး သူများဆီမှာ ကျွန်ခံရင်း living အတွက်ပူစရာမလိုပေမဲ့၊ ပြဇာတ်ရုံက ကျားလို ရှင်သန်ရမဲ့ life ကို မေ့သွားတယ်၊ comfort zone ကနေကို အပြင်ရုံးမထွက်နိုင်ဘူး"
"ဒီအတွက် စိတ်အားထက်သန်တဲ့အရာကို အကောင်ထည်ဖော်ဖို့မကြောက်ပါနဲ့၊ ကြိုးစားပါ၊ မအောင်မြင်ရင်တောင် လမ်းကြောင်းပေါ်တော့ရောက်ခဲ့သေးတယ်မလား"
Htet ( motivational speaker) #