The Wise Kids Children Bookstore

The Wise Kids Children Bookstore "Where Curiosity Begins and Wisdom Grows”
(2)

10/08/2026

📚Bizzy Bear
Push-Pull -Slide Board book

Instock now
💕💕💕

ခုလိုကျောင်းဖွင့်ရာသီမှာ ကျောင်းသင်ခန်းစာတွေဟာ တစ်ခါတလေ ကလေးတွေအတွက် ပျင်းစရာကောင်းနေတတ်ပါတယ်။အဲ့ဒီအခက်အခဲကိုဖြေရှင်းပေး...
08/08/2026

ခုလိုကျောင်းဖွင့်ရာသီမှာ ကျောင်းသင်ခန်းစာတွေဟာ တစ်ခါတလေ ကလေးတွေအတွက် ပျင်းစရာကောင်းနေတတ်ပါတယ်။

အဲ့ဒီအခက်အခဲကိုဖြေရှင်းပေးဖို့ Usborne 100 Things to Know About Series လေးရှိပါတယ်နော် ...

ဒီစာအုပ်တွဲဟာ ကမ္ဘာကြီးရဲ့ အံ့ဩစရာအကြောင်းအရာတွေကို အချက်အလက် (Facts) ပေါင်း ၁၀၀ စီနဲ့ စနစ်တကျ စုစည်းတင်ပြထားတာပါ။

✅The Human Body (လူ့ခန္ဓာကိုယ်တည်ဆောက်ပုံ)
✅Science, Space, History (သိပ္ပံ၊ အာကာသနှင့် သမိုင်း)
✅Planet Earth, Oceans, Saving the Planet (ကမ္ဘာမြေ၊ သမုဒ္ဒရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး)
✅Music, Food, Coding (ဂီတ၊ အစားအသောက်နဲ့ coding အကြောင်း)

စတဲ့ ခေါင်းစဉ်စုံစုံလင်လင်ပါလို့ ကလေးတွေ သိချင်သမျှ အဖြေတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲက Science, History, Earth စတဲ့ အကြောင်းအရာတွေဟာ ကျောင်းက သိပ္ပံနဲ့ လူမှုရေးဘာသာရပ်တွေနဲ့ တိုက်ရိုက်ဆက်စပ်နေလို့ ကျောင်းစာကို ပိုမိုစိတ်ဝင်စားလာစေပြီး အတန်းထဲမှာ ဉာဏ်ထက်မြက်တဲ့ ကလေးတစ်ယောက် ဖြစ်လာစေမှာပါနော် 🥰

📚Usborne 100 Things to Know About Series
1. Space
2. Planet Earth
3. Saving The Planet
4. The Oceans
5. Science
6. Numbers, Computers and Coding
7. The Human Body
8. Food
9. History
10. Musics
11. Unknown

New
11 books set
Instock
❣️❣️❣️

Biscuit "I Can Read!" စာအုပ်တွေဟာ ကလေးတွေကို စာလုံးပေါင်းဖို့၊ ဝါကျတည်ဆောက်ပုံကို နားလည်ဖို့အတွက် အထူးထုတ်ထားတာပါ။ အရောင...
07/08/2026

Biscuit "I Can Read!" စာအုပ်တွေဟာ ကလေးတွေကို စာလုံးပေါင်းဖို့၊ ဝါကျတည်ဆောက်ပုံကို နားလည်ဖို့အတွက် အထူးထုတ်ထားတာပါ။

အရောင်အသွေးစုံလင်ပြီး ရိုးရှင်းတဲ့ ဇာတ်လမ်းလေးတွေက ကလေးတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားထားနိုင်ပါတယ် 🤩

🌟 ဘာလို့ Biscuit စာအုပ်တွေကို ရွေးသင့်တာလဲ?

• စာဖတ်စွမ်းရည် တိုးတက်စေတယ်: "My First I Can Read" အဆင့်ဖြစ်လို့ အခြေခံစာလုံးတွေနဲ့ပဲ ရေးထားတယ်။ ကိုယ့်ကလေး ကိုယ်တိုင် အခက်အခဲမရှိ ဖတ်
နိုင်အောင် ကူညီပေးတယ်။

• စကားလုံးအသစ်တွေ သင်ပေးတယ်: ဇာတ်လမ်းတိုင်းမှာ နေ့စဉ်သုံး စကားလုံးတွေကို အလွယ်တကူ မှတ်မိအောင် ထည့်သွင်းပေးထားတယ်။

• ချစ်စရာကောင်းတဲ့ ဇာတ်ကောင်: Biscuit ခွေးလေးရဲ့ စွန့်စားခန်းလေးတွေက ကလေးတိုင်းရဲ့ စိတ်ကို ပျော်ရွှင်စေပြီး၊ စာအုပ်ကို ခဏခဏ ပြန်ဖတ်ချင်စိတ် ဖြစ်ပေါ်စေပါတယ်။

သားသားမီးမီးလေးတွေ စာဖတ်ခြင်းရဲ့ အရသာကို ကိုယ်တိုင်ကိုယ်ကျ ခံစားသိရှိဖို့ အကောင်းဆုံး အခွင့်အရေးပါပဲနော် 🎁

📚I Can Read : Biscuit

Suitable for 3+ years
Softcover
New
30 books set
Instock
❣️❣️❣️



ဒီစာအုပ်လေးတွေကတော့ ကမ္ဘာတစ်ဝှမ်းမှာ အရမ်းခေတ်စားနေတဲ့ "Murdle" လို့ခေါ်တဲ့ Mystery Logic Puzzle စာအုပ်အမျိုးအစားဖြစ်ပါတ...
07/08/2026

ဒီစာအုပ်လေးတွေကတော့ ကမ္ဘာတစ်ဝှမ်းမှာ အရမ်းခေတ်စားနေတဲ့ "Murdle" လို့ခေါ်တဲ့ Mystery Logic Puzzle စာအုပ်အမျိုးအစားဖြစ်ပါတယ်။

လူကြီးရော ကလေးပါ စိတ်ဝင်တစားဆော့လို့ရတဲ့ "လူသတ်မှုကို ဖော်ထုတ်ရတဲ့ ဉာဏ်စမ်းပဟေဠိ" တွေပဲ ဖြစ်ပါတယ်နော်🥰

Murdle က "Murder" (လူသတ်မှု) နဲ့ "Puzzle" (ပဟေဠိ) ကို ပေါင်းထားတဲ့ နာမည်ပါ။

စာဖတ်သူက စုံထောက်တစ်ယောက်အနေနဲ့ ပါဝင်ရမှာဖြစ်ပြီး ပေးထားတဲ့ သဲလွန်စ (Clues) တွေကို အသုံးပြုပြီး "ဘယ်သူက သတ်တာလဲ?"၊ "ဘာလက်နက်နဲ့ သတ်တာလဲ?"၊ "ဘယ်နေရာမှာ သတ်တာလဲ?" ဆိုတာတွေကို အကွက်ချပြီး တွက်ချက်ဖော်ထုတ်ရတာ ဖြစ်ပါတယ်။

ဒီ series မှာ...

• Murdle (အဝါရောင်): ပဟေဠိ ၁၀၀ ပါဝင်ပြီး အခြေခံကနေ စတင်ချင်သူတွေအတွက် သင့်တော်ပါတယ်။

• More Killer Puzzles (အပြာရောင်): ပိုခက်ခဲတဲ့ ပဟေဠိ ၁၀၀ ပါဝင်ပါတယ်။

• Even More Killer Puzzles (အစိမ်းရောင်): ထပ်ဆင့်ခက်ခဲတဲ့ ပဟေဠိ ၁၀၀ ပါဝင်ပါတယ်။

• The School of Mystery (လိမ္မော်ရောင်): ဒါကတော့ ကျောင်းတော်ကြီးအတွင်း ဖြစ်ပျက်တဲ့ ထူးခြားဆန်းကြယ် လူသတ်မှု ၅၀ ကို စုစည်းထားတာပါ။

• Murdle Junior နဲ့ Murdle Junior 2 : ဒါတွေကတော့ ကလေးငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုကို လေ့ကျင့်ပေးဖို့အတွက် သီးသန့်ထုတ်ထားတာဖြစ်ပြီး ပဟေဠိ ၄၀ စီ ပါဝင်ပါတယ်။

ပဟေဠိတွေကို စတင်ဖြေရှင်းတော့မယ်ဆိုရင် ခဲတံတစ်
ချောင်းနဲ့ ခဲဖျက်တစ်ခုတော့ ဆောင်ထားဖို့ လိုပါလိမ့်မယ်။

အဖြေတွေကို စာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာတွေမှာ တိုက်စစ်ကြည့်နိုင်ပါတယ်နော် 🤩

📚Murdle Series

6 books set
New
Instock
❣️❣️❣️

📣 ကလေးတွေရဲ့ ဦးနှောက် IQ နဲ့ စာဖတ်စွမ်းရည် တိုးတက်စေဖို့ အထောက်အကူပစ္စည်းလေးပါရှင့် 🎉Screen Time တွေ လျှော့ချပြီး ကလေးတွ...
07/08/2026

📣 ကလေးတွေရဲ့ ဦးနှောက် IQ နဲ့ စာဖတ်စွမ်းရည် တိုးတက်စေဖို့ အထောက်အကူပစ္စည်းလေးပါရှင့် 🎉

Screen Time တွေ လျှော့ချပြီး ကလေးတွေကို စိတ်ဝင်စားစရာကောင်းတဲ့ လေ့ကျင့်ခန်းတွေနဲ့ လက်တွေ့ ကစားရင်း သင်ယူစေချင်ပါသလား?
ဒီ Quiet Book လေးက ကူညီပေးပါလိမ့်မယ်နော်

🟡 Enlightenment Cognitive Quiet Book (၂ နှစ်
အထက်)

• ကလေးတွေရဲ့ အသိဉာဏ် (Cognition) ဖွံ့ဖြိုးဖို့ အဓိကထားပါတယ်။
• ၃၆ မျက်နှာ ပါဝင်ပြီး ပုံသဏ္ဌာန်၊ အရောင်၊ တိရစ္ဆာန်၊ အရာဝတ္ထုတွေ (လေယာဉ်၊ ဝက်ဝံ၊ နာရီ) ကို လေ့လာနိုင်ပါတယ်။
• ကတ်ပြားလေးတွေကို ကပ်/ခွာ လုပ်ပြီး ဆော့ရတာဖြစ်လို့ လက်-မျက်လုံး တွဲဖက်လုပ်ဆောင်နိုင်စွမ်း (Hand-eye coordination) ကို တိုးတက်စေပါတယ်။

New
In stock
❣️❣️❣️


📚 “Superhero ဖြစ်ဖို့မှ Hero မဟုတ်ဘူး…” 😎ကလေးတိုင်းမှာ ကိုယ်ပိုင်အားသာချက်ရှိပါတယ်။ တချို့က စာတော်တယ်၊ တချို့က သနားကြင်န...
07/08/2026

📚 “Superhero ဖြစ်ဖို့မှ Hero မဟုတ်ဘူး…” 😎

ကလေးတိုင်းမှာ ကိုယ်ပိုင်အားသာချက်ရှိပါတယ်။ တချို့က စာတော်တယ်၊ တချို့က သနားကြင်နာတတ်တယ်၊ တချို့က မလျော့တဲ့စိတ်နဲ့ အခက်အခဲကို ရင်ဆိုင်တတ်တယ်။

Kid Normal series ကတော့ ဒီအချက်တွေကို ပျော်စရာ Adventure နဲ့ ရယ်စရာ Humor တွေကြားကနေ သဘာဝကျကျ သင်ပေးတဲ့ စာအုပ်series လေးပါ🥰

ဒီ series ထဲမှာ စာအုပ် ၄ အုပ်ပါပြီး

💥 Kid Normal
Superpower မရှိတဲ့ ကောင်လေးတစ်ယောက်က Superhero ကျောင်းထဲကို ရောက်သွားတဲ့အခါ…
“သာမန်လူတစ်ယောက်ကလည်း အရေးကြီးတဲ့သူ ဖြစ်နိုင်တယ်” ဆိုတဲ့ ယုံကြည်မှုကို ရရှိစေပါတယ်။

🦹 Kid Normal and the Rogue Heroes
Teamwork, Friendship နဲ့ Courage က တကယ့် Hero တစ်ယောက်ရဲ့ အဓိကစွမ်းအားဆိုတာကို စိတ်လှုပ်ရှားဖွယ် Mission တွေနဲ့ ပြသထားပါတယ်။

🌑 Kid Normal and the Shadow Machine
ပြဿနာကို မကြောက်ဘဲ စဉ်းစားဖြေရှင်းတတ်ဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ သင်ပေးပါတယ်။

⭐ Kid Normal and the Final Five
Series ရဲ့ အကောင်းဆုံး Finale! မိတ်ဆွေမှု၊ တာဝန်ယူမှု၊ မလျော့သောစိတ်နဲ့ အဆုံးထိ ကြိုးစားတတ်ခြင်းရဲ့ တန်ဖိုးကို ခံစားရမှာပါနော် 🤩

💬 မေမေတို့ရေ…
ကလေးတွေကို အမြဲ “ထူးချွန်ရမယ်” လို့ ဖိအားပေးတာထက် “ကိုယ့်ကိုယ်ကို ယုံကြည်တတ်တဲ့ ကလေး” ဖြစ်လာဖို့ သင်ပေးတာက ပိုတန်ဖိုးရှိပါတယ်နော် 😍

Kid Normal ကတော့ ဖတ်ပြီး ရယ်ရသလို၊ စဉ်းစားစရာလည်း ရစေတဲ့ စာအုပ်series ကောင်းတစ်ခုပါ ❤️

📚Kid Normal

Suitable age 8-12 years
New
4 books set
Instock
💕💕💕

“ကလေးကစာဖတ်ဖို့ စိတ်မဝင်စားဘူး…” လို့ ပြောတဲ့ မေမေတွေကို ဒီ Series လေး အကြံပေးချင်ပါတယ်။ ❤️တချို့ကလေးတွေက စာဖတ်တာကို မကြ...
07/08/2026

“ကလေးကစာဖတ်ဖို့ စိတ်မဝင်စားဘူး…” လို့ ပြောတဲ့ မေမေတွေကို ဒီ Series လေး အကြံပေးချင်ပါတယ်။ ❤️

တချို့ကလေးတွေက စာဖတ်တာကို မကြိုက်တာ မဟုတ်ပါဘူး။
သူတို့ကို ရယ်ရင်းဖတ်ချင်စေမယ့် စာအုပ်မျိုး မတွေ့သေးတာပါ။

Eric Vale Series ကတော့ စာဖတ်ရင်း တစ်ခါတလေ ရယ်မောမယ်၊ တစ်ခါတလေ “နောက်ဘာဖြစ်မလဲ?” ဆိုပြီး စိတ်လှုပ်ရှားမယ်၊ အဆုံးမှာတော့ သင်ခန်းစာလေးတစ်ခု အမြဲရသွားမယ့် Middle Grade Series လေးပါ။

📕 Epic Fail – အမှားတွေလုပ်မိတဲ့အခါ အရှုံးပေးဖို့မဟုတ်ဘဲ သင်ခန်းစာယူတတ်ဖို့ သင်ပေးတယ်။

📘 Super Male – ဟီးရိုးဖြစ်ချင်တဲ့ ကလေးတစ်ယောက်ရဲ့ ရယ်စရာ၊ စိတ်လှုပ်ရှားစရာ အတွေ့အကြုံတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ အားပေးတယ်။

📗 Off the Rails – မမျှော်လင့်ထားတဲ့ ပြဿနာတွေကြုံလာတဲ့အခါ ဘယ်လိုဖြေရှင်းမလဲဆိုတာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောပြထားတယ်။

✨ ဒီ Series ရဲ့ ထူးခြားချက်

✅ Comic Style Illustration တွေပါတာကြောင့် စာအများကြီးမြင်ရင် ကြောက်တဲ့ကလေးတွေလည်း စိတ်ဝင်စားတယ်။

✅ ဟာသတွေ၊ Adventure တွေ၊ School Life အကြောင်းတွေ ပါလို့ ကလေးတွေ “နောက်တစ်ခန်းဖတ်ဦးမယ်” ဆိုတဲ့ စိတ်ဖြစ်လာတယ်။

✅ English Vocabulary နဲ့ Reading Fluency ကို တိုးတက်စေပါတယ်နော် 😍

💡 မေမေတို့ရေ …

စာဖတ်တဲ့အလေ့အကျင့်ဆိုတာ အတင်းလုပ်ပေးလို့ မရပါဘူး။
“ဖတ်ချင်စိတ်” ဖြစ်လာအောင် ရွေးပေးတဲ့ စာအုပ်က အရေးကြီးပါတယ်နော် 😍

Eric Vale Series ကတော့
“စာဖတ်တာ ပျင်းတယ်” လို့ ပြောနေတဲ့ ကလေးတောင်
“ဒီနေ့ တစ်ခန်းပဲ ဖတ်မယ်” ဆိုပြီး နောက်ဆုံးတစ်အုပ်လုံးပြီးသွားတဲ့အထိ ဖတ်ချင်စေတဲ့ Series လေးပါနော် ❤️

📚Eric Vale

Suitable age 8-12 years
New
3 books set
Instock now
💕💕💕

Reading Journey စတင်နေပြီဖြစ်တဲ့ အသက် (၄-၆) နှစ်ကလေးတို့အတွက် နောက်ထပ်အရေးကြီးတာလေးကတော့  Fluency sentences လေးတွေပါ။ အတ...
05/08/2026

Reading Journey စတင်နေပြီဖြစ်တဲ့ အသက် (၄-၆) နှစ်ကလေးတို့အတွက် နောက်ထပ်အရေးကြီးတာလေးကတော့ Fluency sentences လေးတွေပါ။

အတွေ့များတဲ့ words လေးတွေနဲ့ sentence တည်ဆောက်ထားတာလေးတွေကို တခြား activities လေးတွေနဲ့အတူ လေ့ကျင့်ရမှာပါ။ 😍

📚Fluency Sentences
Book 1,2,3,4

New
15,000each
Only one set available
❣️❣️❣️

ကလေးတွေ အင်္ဂလိပ်စာဖတ်ရင် Sight Words ကို ဘာလို့ လေ့ကျင့်ပေးသင့်တာလဲ?ကလေးငယ်လေးတွေ English Reading စတင်တော့မယ်ဆိုရင် ဘာသ...
05/08/2026

ကလေးတွေ အင်္ဂလိပ်စာဖတ်ရင် Sight Words ကို ဘာလို့ လေ့ကျင့်ပေးသင့်တာလဲ?

ကလေးငယ်လေးတွေ English Reading စတင်တော့မယ်ဆိုရင် ဘာသာစကားအတွေ့အကြုံသစ်မှာ စိတ်ဓာတ်မကျစေပဲနဲ့ ပျော်ပျော်ရွှင်ရွှင် စာဖတ်တတ်သွားဖို့အတွက် Sight Words တွေက အဓိက သော့ချက်ပါပဲနော် မေမေတို့ရေ …😍
မနက်စာ စားစရာလေးတွေကို ချစ်စရာ ကာတွန်းဇာတ်ကောင်လေးတွေအဖြစ် ပုံဖော်ထားတဲ့ "Breakfast Buddies" Series (Sight Word Box 1 & 2) လေးနဲ့ဆိုရင် ကလေးလေးတွေ စာဖတ်ရတာကို ပိုမို ကြိုက်နှစ်သက်သွားမှာပါနော် 🍳🍞🥛

ဒီ series ထဲမှာ
❤️မနက်စာ ဇာတ်ကောင်လေးတွေနဲ့ စိတ်ဝင်စားစရာ ပုံပြင်တိုလေးတွေ၊ Sight Words များကို အလွယ်တကူ မှတ်မိစေမည့် Colorful ကာတွန်းပုံတွေနဲ့မို့ အခြေခံ Level 1 ကနေ Level 2 အထိ စနစ်တကျ လေ့ကျင့်နိုင်ပါတယ်နော် 🤩

📚Breakfast Buddies

Softcover
New
20 books set
Limited stock
❤️❤️❤️



Sit

ကလေးကို စာဖတ်ဝါသနာပါအောင် ဘယ်အရွယ်ကစပြီး ပျိုးထောင်ပေးရမလဲ? စာဖတ်တာက ဘာတွေအကျိုးရှိစေမှာလဲ? 🤔ဒီနေ့မှာတော့ ကမ္ဘာတစ်ဝှမ်းက...
05/08/2026

ကလေးကို စာဖတ်ဝါသနာပါအောင် ဘယ်အရွယ်ကစပြီး ပျိုးထောင်ပေးရမလဲ? စာဖတ်တာက ဘာတွေအကျိုးရှိစေမှာလဲ? 🤔

ဒီနေ့မှာတော့ ကမ္ဘာတစ်ဝှမ်းက မိဘတွေ အကြိုက်တွေ့ကြတဲ့ Usborne Farmyard Tales နဲ့ First Experiences စီးရီးလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။😍

✅ ဘယ်အရွယ်တွေ ဖတ်သင့်လဲ🧐

ဒီစာအုပ်လေးတွေက အသက် (၂) နှစ်ကနေ (၆) နှစ် ကြား ကလေးငယ်တွေအတွက် အသင့်တော်ဆုံးပါနော် 😍

• ၂-၃ နှစ်: မိဘက ပုံပြင်ဖတ်ပြပြီး ပုံလေးတွေ အတူတူကြည့်မယ်။

• ၄-၆ နှစ်: စာလုံးပေါင်းလေးတွေ စဖတ်တတ်လာတဲ့အရွယ်မှာ ကိုယ်တိုင်ဖတ်ဖို့ အလွန်လွယ်ကူတဲ့ စာသားပုံစံမျိုးနဲ့ ရေးသားထားတာဖြစ်ပါတယ်။

🌟 ဒီစာအုပ်လေးတွေကနေ ...

1️⃣ အခြေအနေ အသစ်တွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ခြင်း: "Going to the Dentist" သို့မဟုတ် "Going to the Hospital" စာအုပ်လေးတွေက ဆရာဝန်ပြရမှာ ကြောက်တတ်တဲ့ ကလေးလေးတွေကို အခြေအနေတွေကို ကြိုတင်နားလည်စေပြီး သတ္တိရှိလာစေပါတယ်။

2️⃣ ဝေါဟာရ ကြွယ်ဝစေခြင်း: လယ်တောထဲက တိရစ္ဆာန်လေးတွေ၊ နေ့စဉ်သုံး ပစ္စည်းလေးတွေအကြောင်းကို ရိုးရှင်းတဲ့ အင်္ဂလိပ်စာလုံးလေးတွေနဲ့ သင်ယူနိုင်ပါတယ်။

3️⃣ စူးစမ်းလေ့လာမှုကို အားပေးခြင်း: Farmyard Tales ရဲ့ ထူးခြားချက်က စာမျက်နှာတိုင်းမှာ Little Yellow Duck လေး ပုန်းနေတတ်တာပါ။ ကလေးတွေက အဲ့ဒီဘဲလေးကို လိုက်ရှာရင်း အာရုံစူးစိုက်မှု (Concentration) ကောင်းလာစေပါတယ်။

4️⃣ မိသားစုအချိန်ကို အဓိပ္ပာယ်ရှိစေခြင်း: ညအိပ်ရာဝင် ပုံပြင်ဖတ်ပြရင်း မိဘနဲ့ သားသမီးကြားက သံယောဇဉ်ကို ပိုမိုခိုင်မာစေပါတယ်။

5️⃣ စာဖတ်ခြင်းကို ပျော်စရာလို့ မြင်လာခြင်း: ရုပ်ပုံလှလှလေးတွေနဲ့ ဇာတ်လမ်းတိုတိုလေးတွေမို့ ကလေးတွေ စာဖတ်ရတာ ပျင်းမသွားဘဲ စာအုပ်ကို သူငယ်ချင်းလို ချစ်လာပါလိမ့်မယ်နော် 🤩

💡 ကလေးကို စာဖတ်ပြတဲ့အခါ လိုက်နာရမယ့် အချက် (၅) ချက်

မိဘတွေအနေနဲ့ စာအုပ်လေးတွေ ဖတ်ပြချိန်မှာ ဒီအချက်လေးတွေကို သတိထားပေးရင် ကလေးက စာဖတ်ခြင်းကို ပိုပြီး စွဲလန်းလာပါလိမ့်မယ်။

1. အတင်းအကျပ် မလုပ်ပါနဲ့ (Don't Force):

ကလေးက ကစားချင်နေတဲ့အချိန်မှာ အတင်းခေါ်ပြီး စာမဖတ်ပြပါနဲ့။ သူတို့ စိတ်ပါဝင်စားတဲ့အချိန် (ဥပမာ - ညအိပ်ခါနီး သို့မဟုတ် အနားယူနေချိန်) ကို ရွေးချယ်ပါ။

2. စာအုပ်ထဲက ဘဲလေးကို အတူရှာပါ (Find the Duck):

Usborne စာအုပ်တိုင်းရဲ့ စာမျက်နှာတိုင်းမှာ အဝါရောင် ဘဲလေး တစ်ကောင် ပုန်းနေတတ်ပါတယ်။ "ဘဲလေး ဘယ်မှာလဲ?" ဆိုပြီး ကလေးကို အရင်ရှာခိုင်းပါ။ ဒါက ကလေးရဲ့ အာရုံစူးစိုက်မှုကို ကစားနည်းတစ်ခုလို ဆွဲဆောင်နိုင်ပါတယ်။

3. ပုံပြင်ကို အပြင်လောကနဲ့ ချိတ်ဆက်ပါ

ဥပမာ- "Pig Gets Lost" ဖတ်ပြနေရင်းနဲ့ "သားသား/မီးမီးလည်း အပြင်သွားရင် မေမေတို့ လက်ကို မြဲမြဲကိုင်ထားရမယ်နော်၊ မဟုတ်ရင် ဝက်ကလေးလို ပျောက်သွားတတ်တယ်" ဆိုတာမျိုး သင်ခန်းစာလေးတွေ ထည့်ပြောပေးပါ။

4. ကလေးကို မေးခွန်းပြန်မေးပါ

"ဒီပုံထဲမှာ နွားလေးက ဘာလုပ်နေတာလဲ?"၊ "ဒီတိရစ္ဆာန်လေးက ဘာအရောင်လဲ?" စသဖြင့် ကလေးကို ပြန်မေးပေးခြင်းက သူတို့ရဲ့ စဉ်းစားဉာဏ်နဲ့ စကားပြောစွမ်းရည်ကို တက်စေပါတယ်။

5. စိတ်ရှည်စွာ ထပ်ခါတလဲလဲ ဖတ်ပြပါ (Be Patient with Repetition):

ကလေးတွေက သူတို့ကြိုက်တဲ့ ပုံပြင်ကိုပဲ အခါတစ်ရာမက ထပ်ခါတလဲလဲ နားထောင်ချင်တတ်ကြပါတယ်။ အဲ့ဒါက သူတို့ရဲ့ ဘာသာစကား သင်ယူမှုမှာ အရေးကြီးတဲ့ အဆင့်
ဖြစ်လို့ စိတ်မပျက်ဘဲ ဖတ်ပြပေးဖို့ လိုပါတယ်။

ကဲ... စာအုပ်လေးအကြောင်း ပြည့်ပြည့်စုံစုံလေးရှင်းပြပြီးပြီမို့ စာအုပ်လေး ကြိုက်လို့မှာယူချင်ရင် comment or messenger မှာ ဆက်သွယ်မှာယူလို့ရပါပြီရှင်😍

📚Usborne Farmyard Tales and First Experience

20 books set
New
Instock
❣️❣️❣️

#ကလေးစာအုပ်

Address

Naypyidaw

Telephone

+959792389936

Website

Alerts

Be the first to know and let us send you an email when The Wise Kids Children Bookstore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Wise Kids Children Bookstore:

Shortcuts

Share

Category