23/07/2026
ကော်ဖီဆိုင်ပိုင်ရှင်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ Commercial Coffee Machine ထိန်းသိမ်းနည်း (၅) ချက် ☕✨
ကော်ဖီဆိုင်တစ်ဆိုင်ရဲ့ အဓိက နှလုံးသည်းပွတ်ဖြစ်တဲ့ Commercial Coffee Machine ဟာ တန်ဖိုးကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ စက်ကို သေချာ ထိန်းသိမ်းမှု မရှိရင် အရသာ ပြောင်းလဲတာ၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းတာနဲ့ ပြုပြင်စရိတ် မြင့်မားတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။
သင့်ရဲ့ Espresso Machine ကို နှစ်ပေါင်းများစွာ အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ ခိုင်ခံ့နေစေဖို့ ဒီအချက်လေးတွေကို ပုံမှန်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်👇
၁။ နေ့စဉ် Backflushing ပြုလုပ်ပါ
တစ်နေ့တာ ဆိုင်သိမ်းချိန်တိုင်းမှာ Group Head ထဲမှာ ကျန်ခဲ့တဲ့ ကော်ဖီအဆီနဲ့ အနှစ်တွေကို သန့်စင်ဖို့ Blank Filter (Rubber Disc) အသုံးပြုပြီး Backflush လုပ်ပေးပါ။ ဓာတုဆေး Cleaning Powder ကိုလည်း တစ်ပတ် ၂ ကြိမ်/၃ ကြိမ် ပုံမှန်သုံးပေးသင့်ပါတယ်။
၂။ Steam Wand ကို သုံးပြီးတိုင်း ချက်ချင်း သန့်ရှင်းပါ
နို့အမြှုပ်တိုက် (Steaming) ပြီးတာနဲ့ Steam Wand ကို စိုစွတ်တဲ့ အဝတ်နဲ့ ချက်ချင်းသုတ်ပါ၊ ပြီးရင် ရှီးခနဲ Steam ခဏဖွင့်ထုတ်ပေးပါ။ နို့အနှစ်တွေ Wand အဝန်းထဲမှာ ပိတ်ဆို့သွားရင် ပိုးမွှားတွယ်ရုံတင်မကဘဲ နို့အမြှုပ်တိုက်ရ ခက်ခဲလာပါလိမ့်မယ်။
၃။ Water Filter (ရေစစ်) ကို ပုံမှန် စစ်ဆေး/လဲလှယ်ပါ
ကော်ဖီစက် ပျက်စီးရခြင်းရဲ့ ၇၀% မကဟာ ရေထုံး (Limescale) တက်ခြင်းကြောင့် ဖြစ်ပါတယ်။ စက်အတွင်းပိုင်း Boiler နဲ့ ပိုက်လိုင်းတွေထဲ ရေထုံးမတက်စေဖို့ Water Softener သို့မဟုတ် Quality မြင့်တဲ့ Water Filter ကို တပ်ဆင်ပြီး သတ်မှတ်ဂါလန် ပြည့်တာနဲ့ Filter Cartridge ကို လဲလှယ်ပေးပါ။
၄။ Group Head Rubber Gasket & Shower Screen လဲလှယ်ပါ
Portafilter တပ်တဲ့ Rubber Gasket ring တွေဟာ အပူနဲ့ ဖိအားကြောင့် အချိန်ကြာရင် မာသွားပြီး ရေယိုစိမ့်မှု ဖြစ်တတ်ပါတယ်။ ၆ လကနေ ၁ နှစ်အတွင်း တစ်ကြိမ် သို့မဟုတ် မာဆံ့သွားပါက အသစ်လဲလှယ်ပေးသင့်ပါတယ်။
၅။ ၆ လ သို့မဟုတ် ၁ နှစ်လျှင် တစ်ကြိမ် Professional Descaling လုပ်ပါ။စက်အတွင်းပိုင်း Boiler နဲ့ လိုင်းတစ်ခုလုံးကို စနစ်တကျ သန့်စင်ဖို့ ကျွမ်းကျင် Service Technician တွေနဲ့ နှစ်စဉ် ပုံမှန် Maintenance စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။
အရည်အသွေးမြင့် ကော်ဖီစက်များရဲ့ အသက်သည် သန့်ရှင်းရေးနှင့် ရေထုံးကာကွယ်ခြင်းတွင် ရှိပါတယ်။ စက်ပစ္စည်းများကို စနစ်တကျ သုံးစွဲခြင်းဖြင့် ကော်ဖီ၏ အရသာကောင်းမွန်မှုကို ထိန်းသိမ်းနိုင်ရုံမျှမက အပိုကုန်ကျစရိတ်များကိုပါ လျှော့ချနိုင်မှာ ဖြစ်ပါတယ်ရှင့်။
Address : B-02, Myat Pan Thazin Road, Silver Oak
Bussiness Center,Thiri Yadanar Housing, Zabuthiri Township,
Nay Pyi Taw
© Mandalay - 09443677770
© Yangon - 09961516122
© Nay Pyi Taw - 09443677779
[email protected]