22/04/2026
📢 ဝန်ထမ်းအင်အားသစ်များ ဖိတ်ခေါ်ခြင်း (ပျဉ်းမနား၊ နေပြည်တော်) 📢
မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကူးပုံဖော်မှုလေးတွေနဲ့ တည်ဆောက်ထားတဲ့ "ခင့်စိတ်ကူး" ချည်ထည်လုပ်ငန်းမှ မိမိတို့နဲ့အတူ လက်တွဲလုပ်ကိုင်ဖို့ စိတ်အားထက်သန်တဲ့ အမျိုးသမီးဝန်ထမ်းကောင်းများကို ဖိတ်ခေါ်လိုက်ပါပြီရှင်။ 🧵💖
မြန်မာချည်ထည်လေးတွေကို မြတ်နိုးတန်ဖိုးထားပြီး အလုပ်အပေါ် စေတနာထားသူများအတွက် အခွင့်အလမ်းကောင်းပဲဖြစ်ပါတယ် 👗✨
💰 ခေါ်ယူမည့်ရာထူးနှင့် လစာနှုန်းထားများ
1️⃣ ဆိုင်အကူ (၂) ဦး — ၂၀၀,၀၀၀ ကျပ်
2️⃣ စက်ချုပ်ကျွမ်းကျင် (၅) ဦး — ၄၀၀,၀၀၀ ကျပ်
3️⃣ စက်ချုပ်အကူ (၃) ဦး — ၃၀၀,၀၀၀ ကျပ်
4️⃣ ပိတ်ညှပ်ကျွမ်းကျင် (၃) ဦး — ၂၅၀,၀၀၀ ကျပ်
5️⃣ လက်ချုပ်လိုက်ကျွမ်းကျင် (၂) ဦး — ၂၀၀,၀၀၀ ကျပ်
📋 ရာထူးအလိုက် လုပ်ငန်းတာဝန်များ
✅ ဆိုင်အကူ: အထည်များအကြောင်း စေ့စပ်သေချာစွာ ပြောဆိုရောင်းချပေးနိုင်ရမည်။ အရောင်းစာရင်းကိုင်အား ကူညီပေးရမည်။ 💁♀️
✅ စက်ချုပ်ကျွမ်းကျင်: စကတ်၊ ဘောင်းဘီနှင့် မြန်မာအင်္ကျီဒီဇိုင်းများကို Pattern အတိုင်း သေသပ်ကျနစွာ ချုပ်လုပ်နိုင်ရမည်။ 🧵
✅ စက်ချုပ်အကူ: ပိတ်ညှပ်ပြီးသား အထည်အစိတ်အပိုင်းများကို စနစ်တကျ ပြန်တွဲချုပ်နိုင်ရမည်။ 🪡
✅ ပိတ်ညှပ်ကျွမ်းကျင်: ပိတ်စများကို အလေအလွင့်မရှိစေဘဲ ဒီဇိုင်းအလိုက် စနစ်တကျ ဖြတ်တောက်နိုင်ရမည်။ ✂️
✅ လက်ချုပ်လိုက်ကျွမ်းကျင်: ကြယ်သီးတပ် နှင့် လက်ချုပ်လုပ်ငန်းများကို စိတ်ရှည်သေသပ်စွာ လုပ်ဆောင်နိုင်ရမည်။ ✨
✨ အထူးဦးစားပေးမည့်အချက်များ
🌟 ညွှန်ကြားချက်များကို နာခံတတ်ပြီး လုပ်ငန်းတိုးတက်ဖို့ ဦးစားပေးသူ။
🌟 စည်းမျဉ်းစည်းကမ်းများကို မိမိအသိစိတ်ဖြင့် လိုက်နာနိုင်သူ။
🌟 မိမိတာဝန်ယူရသောအပိုင်းကို ကျွမ်းကျင်ပိုင်နိုင်အောင် လုပ်ဆောင်နိုင်သူ။
🌟 စိတ်ထားကောင်းပြီး ဆက်ဆံရေးပြေပြစ်ကောင်းမွန်သူ။
🌟 လိုအပ်ပါက အချိန်ပို နှင့် ပိတ်ရက်များတွင်ပာ အချိန်ပို ဆင်းပေးနိုင်သူများကို ဦးစားပေးပါမည်။ OT ကျေး သီးသန့်ပေးပါမည်။ 🤝
⏰ အလုပ်ချိန်နှင့် ခံစားခွင့်များ
📅 နားရက်: အပတ်စဉ် (တနင်္လာနေ့) တိုင်း နားရက်ပေးသည်။
⏰ အလုပ်ချိန်: မနက် (၈:၃၀) မှ ညနေ (၆:၃၀) ထိ။
🎁 ခံစားခွင့်: လစာ + ရက်မှန်ကြေး + အလုပ်အပေါ်တန်ဖိုးထားမှုဆုကြေး နှင့် (၁) နှစ်ပြည့် Bonus။
📍 ဆက်သွယ်လျှောက်ထားရန်
📅 နောက်ဆုံးရက်: ၃၀-၄-၂၀၂၆
📞 Phone / Viber: 09400046755 သို့ ဖုန်းဆက်၍ဖြစ်စေ၊ Viber ကနေဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
🏠 နေရာ: ပျဉ်းမနားမြို့၊ နေပြည်တော်။
လှပတဲ့ မြန်မာဝတ်စုံလေးတွေကို "ခင့်စိတ်ကူး" နဲ့အတူ အကောင်အထည်ဖော်ဖို့ စောင့်ကြိုနေပါမယ်ရှင်။ 🤗🌸
#ခင့်စိတ်ကူး #မြန်မာချည်ထည် #ဝန်ထမ်းခေါ်ယူခြင်း #နေပြည်တော်အလုပ်အကိုင်