Myit Min Ayeyar Store

Myit Min Ayeyar Store ◇ Medicines
◇ Medical instruments
◇ Commodities and drinks
are available at Myit Min Ayeyar

📌 Wosulin 30/70 injection instock ပြန်ရပါပီရှင့်📌
10/05/2024

📌 Wosulin 30/70 injection instock ပြန်ရပါပီရှင့်📌


📌 ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ မြစ်မင်းဧရာစတိုးတွင် စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ပါတယ်ရှင်📌◇မြစ်မင်းဧရာ စတိုး...
02/05/2024

📌 ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ မြစ်မင်းဧရာစတိုးတွင် စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ပါတယ်ရှင်📌

◇မြစ်မင်းဧရာ စတိုး

◇အမှတ်၂၁၊ဗိုလ်ချုပ်နေဝင်းလမ်း၊မြို့မရပ်ကွက်၊ငါးသိုင်းချောင်းမြို့။

📞 09 422 453 747

#ခွေးရူးပြန်ရောဂါ
#ခွေးရူးပြန်ရောဂါကာကွယ်ဆေး
#ခွေးရူးပြန်ကာကွယ်ဆေး

ခွေးရူးပြန်ရောဂါ (Rabies) (မတ်လ၊ ၂၀၂၃ ခုနှစ်)

🐕 အဓိကအချက်အလက်များ

🔴 ခွေးရူးပြန်ရောဂါသည် ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်သော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး နိုင်ငံပေါင်း ၁၅၀ ကျော်တွင် တွေ့ရှိရသည်။ နှစ်စဥ် သောင်းနှင့်ချီ၍ သေဆုံးစေနိုင်သောရောဂါဖြစ်ပြီး အာရှနှင့်အာဖရိကတွင် အဓိကတွေ့ရှိရသည်။ သေဆုံးမှု၏ (၄၀) ရာခိုင်နှုန်းမှာ အသက် (၁၅) နှစ်အောက် ကလေးများဖြစ်သည်။
🔴 ခွေးရူးပြန်ရောဂါကြောင့် သေဆုံးမှုများ၏ (၉၉) ရာခိုင်နှုန်းမှာ ခွေးများမှတစ်ဆင့် လူသို့ ရောဂါကူးစက်မှုကြောင့်ဖြစ်သည်။ ခွေးများကို ကာကွယ်ဆေးထိုးပေးခြင်းနှင့် ခွေးကိုက်မခံရအောင် ကာကွယ်ခြင်းတို့ဖြင့် ခွေးရူးပြန်ရောဂါကို ကာကွယ်နိုင်ပါသည်။
🔴 ခွေးရူးပြန်ရောဂါရှိသော တိရစ္ဆာန်နှင့် အန္တရာယ်ဖြစ်နိုင်ဖွယ်ရာ ထိတွေ့မိပါက ဒဏ်ရာကို ရေနှင့် ဆပ်ပြာတို့ဖြင့် (၁၅) မိနစ်ကြာ ဆေးကြောသန့်စင်ခြင်း၊ ခွေးရူးပြန်ကာကွယ်ဆေး အကြိမ်ရေပြည့်ထိုးနှံခြင်းနှင့် လိုအပ်ပါက အသက်ကယ်တင်နိုင်သော ခွေးရူးပြန်ရောဂါ ပဋိပစ္စည်းများ ထိုးနှံခြင်း စသည့် ရောဂါပိုး ထိတွေ့ပြီးနောက် ကာကွယ်ခြင်း (Post-exposure prophylaxis - PEP) နည်းလမ်းကို အသုံးပြု၍ အသက်အန္တရာယ်မဖြစ်အောင် ကာကွယ်နိုင်ပါသည်။
🔴 ကမ္ဘာအနှံ့ ခွေးရူးပြန်ရောဂါကြောင့် နှစ်စဥ်ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ (၈.၆) ဘီလီယံခန့် ရှိပါသည်။
🔴 ကဏ္ဍပေါင်းစုံနှင့် ရပ်ရွာဒေသခံများ စုပေါင်းပြီး ပြည်သူလူထုသတိပြုမိစေရန် ပညာပေးခြင်းနှင့် ခွေးများကို အစုလိုက် ကာကွယ်ဆေးထိုးခြင်းတို့ကို ဆောင်ရွက်ရာတွင် လူ၊ တိရစ္ဆာန်နှင့် ဂေဟစနစ် အားလုံး သဟဇာတဖြစ်ရန် ဘက်စုံထောင့်စုံမှ ချဥ်းကပ်သော ကျန်းမာရေးပုံစံ (One Health Approach) ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

🐕 ခြုံငုံသုံးသပ်ခြင်း

ခွေးရူးပြန်ရောဂါသည် ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်သော၊ တိရစ္ဆာန်မှတစ်ဆင့် ကူးစက်စေတတ်သော၊ ပင်မအာရုံကြောစနစ်ကို ထိခိုက်စေသော ဗိုင်းရပ်စ်ရာဂါဖြစ်သည်။

ရောဂါလက္ခဏာများစတင်ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ခွေးရူးပြန်ရောဂါသည် ရာနှုန်းပြည့် သေစေနိုင်သောရောဂါ ဖြစ်သည်။

(၉၉) ရာခိုင်နှုန်းသော ခွေးရူးပြန်ရောဂါခံစားရသူများသည် လမ်းဘေး လေလွင့်ခွေးများ၊ ပိုင်ရှင်မဲ့ခွေးများအပါအဝင် အိမ်မွေးခွေးများမှတစ်ဆင့် ရောဂါကူးစက်ခံရခြင်းကြောင့် ဖြစ်သည်။ သို့သော် အိမ်မွေးတိရစ္ဆာန်များသာမက တောရိုင်းတိရစ္ဆာန်များကိုပါ ခွေးရူးပြန်ရောဂါကြောင့် ထိခိုက် ခံစားရနိုင်ပါသည်။

အကိုက်ခံရခြင်း၊ ကုတ်ခြစ်ခံရခြင်းနှင့် မျက်စိ၊ ပါးစပ် နှင့် ပေါက်ပြဲဒဏ်ရာ စသည်တို့၏ အမြှေးပါးကို တိုက်ရိုက်ထိတွေ့ခြင်းစသည့် နည်းလမ်းများဖြင့် တံတွေးမှတစ်ဆင့် လူနှင့် တိရစ္ဆာန်များကို ကူးစက်စေနိုင်ပါသည်။ အသက်(၅) နှစ် နှင့် (၁၄) ကြားအရွယ်ကလေးများမှာ ရောဂါကူးစက်ခံရလေ့ရှိသူများ ဖြစ်သည်။

ခွေးရူးပြန်ရောဂါသည် အန္တာတိကတိုက်မှလွဲ၍ တိုက်ကြီးများအားလုံးတွင် တွေ့ရှိရပြီး သေဆုံးမှု၏ (၉၅) ရာခိုင်နှုန်းကျော်သည် အာရှနှင့် အာဖရိကတိုက်မှ ဖြစ်သည်။ သို့သော် ခွေးရူးပြန်ရောဂါကို သတင်းပေးပို့ခြင်း နည်းပါးသဖြင့် စာရင်းရှိ အချက်အလက်များနှင့် ကွာခြားလျက်ရှိသည်။

ခွေးရူးပြန်ရောဂါသည် ဆင်းရဲ၍ ထိခိုက်လွယ်သော၊ လစ်လျူရှုခံထားရသော လူထုကို အများအားဖြင့် ထိခိုက်စေသည့် အမေ့လျော့ခံ အပူပိုင်းဒေသရောဂါတစ်မျိုး ဖြစ်သည်။ ခွေးရူးပြန်ရောဂါအတွက် အစွမ်းထက်သည့် ကာကွယ်ဆေးနှင့် ပဋိပစ္စည်းများရှိသော်လည်း အမှန်တကယ်လိုအပ်သူများအတွက် လက်လှမ်းမီရရှိရန် မလွယ်ကူပါ။

🐕 ကာကွယ်ခြင်း

🔴 ခွေးများတွင် ခွေးရူးပြန်ရောဂါ ကာကွယ်နှိမ်နင်းခြင်း

ခွေးရူးပြန်ရောဂါသည် ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်သည့်ရောဂါ ဖြစ်သည်။ ခွေးငယ်ကလေးများအပါအဝင် ခွေးများအား ကာကွယ်ဆေးထိုးပေးခြင်းသည် ရောဂါကို ပင်မရင်းမြစ်မှ ကာကွယ်ခြင်းဖြစ်ပြီး ထိရောက်သော နည်းဗျူဟာဖြစ်သည်။ ထို့ပြင် ခွေးများကိုကာကွယ်ဆေးထိုးခြင်းသည် ရောဂါပိုး ထိတွေ့ပြီးနောက် ကာကွယ်ခြင်း (PEP) နည်းလမ်းလိုအပ်ချက်ကို လျှော့ချပေးသည်။

ကလေးနှင့် လူကြီးများအား ခွေးများ၏ အမူအကျင့်များကို သင်ကြားပေးခြင်းနှင့် ခွေးကိုက်မခံရအောင် သင်ကြားပေးခြင်းတို့သည်လည်း ခွေးရူးကာကွယ်ဆေးထိုးခြင်း တိုးချဲ့အစီအစဥ်တွင်ပါဝင်ပြီး ရောဂါဖြစ်ပွားမှုနှင့် ရောဂါကုသစရိတ်တို့ကို လျှော့ချနိုင်သည်။

🔴 လူများကို ကာကွယ်ဆေးထိုးခြင်း

ခွေးရူးပြန်ရောဂါပိုးနှင့် မထိတွေ့ခင် သို့မဟုတ် ထိတွေ့ပြီးနောက် ကာကွယ်ဆေးထိုးရန် အကျိုးအာနိသင်ပြည့်ဝသော ကာကွယ်ဆေးများ ရှိပါသည်။

ရောဂါမထိတွေ့မီ ကာကွယ်ဆေးထိုးခြင်း (Pre-exposure prophylaxis - PrEP) ကို တချို့သော အန္တရာယ်ရှိသည့် လုပ်ငန်းခွင် (ခွေးရူးပြန်ရောဂါပိုး ကိုင်တွယ်နေရသည့် ဓာတ်ခွဲခန်း ဝန်ထမ်းများ) နှင့် လင်းနို့ သို့မဟုတ် ခွေးရူးပြန်ရောဂါ ရှိနိုင်ခြေများသည့် နို့တိုက်တိရစ္ဆာန်များနှင့် လုပ်ငန်းသဘာဝအရ ထိတွေ့နေရသူများကို ထိုးနှံရန် အကြံပြုထားသည်။ ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှုများပြီး ခွေးရူးပြန် ကုသကာကွယ်ရေးအတွက် အကန့်အသတ်ရှိသည့် ဒေသတွင် နေထိုင်သူများ သို့မဟုတ် ထိုဒေသများသို့ သွားရောက်မည့် သူများကိုလည်း ရောဂါပိုး မထိတွေ့မီ ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးရန် အကြံပြုထားသည်။

🐕 ရောဂါလက္ခဏာများ

ရောဂါအစပျိုးချိန်သည် ပုံမှန်အားဖြင့် (၂) လမှ (၃) လအထိ ကြာလေ့ရှိသော်လည်း ဗိုင်းရပ်စ်ဝင်ရောက်သည့် နေရာနှင့် ဗိုင်းရပ်စ်ပမာဏပေါ်မူတည်၍ (၁) ပတ်မှ (၁) နှစ်အထိ အပြောင်းအလဲရှိနိုင်ပါသည်။

အစပျိုးလက္ခဏာများမှာ ယေဘုယျလက္ခဏာများဖြစ်သည့် ဖျားခြင်း၊ နာကျင်ခြင်း၊ ဒဏ်ရာ၌ ထူးထူးခြားခြား တဆစ်ဆစ် တရွရွ ခံစားရခြင်း၊ ပူလောင်နေခြင်းတို့ ဖြစ်သည်။ အဓိကပင်မအာရုံကြောစနစ်သို့ ဗိုင်းရပ်စ်ပိုးရောက်ရှိသွားသည့်အချိန်၌ တဖြည်းဖြည်းဆိုးရွားလာပြီး ဦးနှောက်နှင့်ကျောရိုးနာဗ်ကြိုးရောင်ရမ်းခြင်း ဖြစ်ပေါ်ကာ သေဆုံးစေနိုင်သည်။

ခွေးရူးပြန်ရောဂါလက္ခဏာများကို ကုသပေးနိုင်သော်လည်း ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိသလောက်ပင်ဖြစ်သည်။ ပြင်းထန်သည့် အာရုံကြော ချို့ယွင်းမှုများ ပျောက်ကင်းအောင် မကုသနိုင်ပါ။

🐕 ခွေးရူးပြန်ရောဂါ ပုံစံ (၂) မျိုး ရှိသည်။

၁။ ရန်လိုသောပုံစံ ခွေးရူးပြန်ရောဂါသည် အလွန်အမင်း ဂနာမငြိမ်ဖြစ်ခြင်း၊ ဆောက်တည်ရာမရ ဖြစ်ခြင်း၊ ကယောင်ချောက်ချားဖြစ်ခြင်း၊ ညှိနှိုင်းပြောဆို၍ မရခြင်း၊ ရေကြောက်ခြင်း၊ ရေဆာသော်လည်း ရေမသောက်ရဲခြင်းနှင့် လေကို ကြောက်ခြင်း၊ လေတိုက်မခံနိုင်ခြင်းတို့ကို ဖြစ်စေသည်။ နှလုံးနှင့် အသက်ရှုစနစ် အလုပ်မလုပ်ခြင်းကြောင့် ရက်အနည်းငယ်အကြာတွင် သေဆုံးနိုင်သည်။

၂။ အကြောသေခွေးရူးပြန်ရောဂါသည် ရောဂါခံစားရသူ စုစုပေါင်း၏ ၂၀% ခန့်တွင် တွေ့ရှိရသည်။ ဤခွေးရူးပြန်ရောဂါပုံစံသည် အများအားဖြင့် ရန်လိုသော ခွေးရူးပြန်ရောဂါပုံစံထက် ရောဂါဖြစ်ပွားချိန် ပိုကြာရှည်သည်။ ကြွက်သားများသည် ဒဏ်ရာနေရာမှ စတင်၍ တဖြည်းဖြည်း အကြောသေ ချည့်နဲ့လာသည်။ ကိုမာ (Coma) သတိလစ်မေ့မျောခြင်း တဖြည်းဖြည်း ဖြစ်လာပြီး နောက်ဆုံးတွင် အသက်ဆုံးရှုံးရသည်။ ဤပုံစံ ခွေးရူးပြန်ရောဂါကို မကြာခဏ ရောဂါနာမည်တပ် မှားယွင်းနိုင်ပြီး သတင်းပေးပို့ခြင်းမရှိဘဲ အချက်အလက် မရရှိတတ်ပေ။

🐕 ရောဂါရှာဖွေခြင်း

ရောဂါလက္ခဏာမပြခင် ခွေးရူးပြန်ရောဂါကို ရှာဖွေတွေ့ရှိရန် သင့်လျော်သည့် ရောဂါရှာဖွေရေး ကိရိယာများ မရှိသေးပါ။

ခွေးရူးပြန်ရောဂါ၏ သီးခြားလက္ခဏာဖြစ်သော ရေကြောက်ခြင်း သို့မဟုတ် လေကြောက်ခြင်းများ သို့မဟုတ် ရောဂါရှိသည်ဟု သံသယရှိသော၊ သို့မဟုတ် ရောဂါရှိကြောင်း သေချာသော တိရစ္ဆာန်နှင့် ထိတွေ့သည့် ရာဇဝင်ရှိခြင်းတို့ မရှိပါက ရောဂါအမည်သတ်မှတ်ခြင်း ပြုလုပ်ရန် ခက်ခဲပါသည်။

ရောဂါကူးစက်ခံရပြီးနောက် အသက်ရှင်စဥ် သို့မဟုတ် သေဆုံးပြီးနောက် ဦးနှောက်၊ အရေပြား၊ တံတွေး စသည်တို့၌ ဗိုင်းရပ်စ်ပိုး၊ ဗိုင်းရပ်စ်အန်တီဂျင် သို့မဟုတ် နူကလိယအက်ဆစ်ကို ရှာဖွေတွေ့ရှိပါက ခွေးရူးပြန်ရောဂါဟု သတ်မှတ်အတည်ပြုနိုင်သည်။

🐕 ရောဂါကူးစက်ခြင်း

ခွေးရူးပြန်ရောဂါရှိသည့် တိရစ္ဆာန်များ အကိုက်ခံရခြင်း သို့မဟုတ် ခြစ်မိခြင်းတို့မှတစ်ဆင့် ရောဂါကူးစက်ခံရသည်။ ရောဂါဖြစ်ပွားသော တိရစ္ဆာန်များ၏ (၉၉) ရာခိုင်နှုန်းသည် ခွေးများဖြစ်သည်။

ရောဂါရှိသည့် တိရစ္ဆာန်၏ တံတွေးနှင့် လူ၏ မျက်လုံး၊ ပါးစပ်အစရှိသည့် အမြှေးပါး သို့မဟုတ် လတ်တလော ရရှိထားသည့် အရေပြားဒဏ်ရာများ တိုက်ရိုက်ထိတွေ့မိခြင်းမှလည်း ရောဂါကူးစက်ခံရနိုင်သည်။

🐕 ရောဂါပိုး ထိတွေ့ပြီးနောက် ကာကွယ်ခြင်း (Post-exposure prophylaxis - PEP)

ရောဂါပိုး ထိတွေ့ပြီးနောက် ကာကွယ်ခြင်း (PEP) သည် ခွေးရူးပြန်ရောဂါအတွက် အရေးပေါ်ချက်ချင်း တုံ့ပြန်လုပ်ဆောင်ရမည့် အရာဖြစ်သည်။ PEP သည် မလွဲမသွေ သေဆုံးစေနိုင်သည့် ရောဂါပိုးက အဓိက ပင်မအာရုံကြောစနစ်သို့ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးသည်။

PEP တွင် အောက်ပါအချက်များပါဝင်သည်။

🔴 ခွေးရူးပြန်ရောဂါပိုးနှင့် သံသယဖြစ်ဖွယ် ထိတွေ့မှုရှိပါက မြန်နိုင်သမျှ အမြန်ဆုံး ဒဏ်ရာကို ရေနှင့် ဆပ်ပြာတို့ဖြင့် အနည်းဆုံး (၁၅) မိနစ်ကြာအောင် သေချာ ဆေးကြောပြီး ဒဏ်ရာအား ကုသမှုပေးပါ။
🔴 WHO စံနှုန်းမီသည့် ထိရောက်ပြီး အာနိသင်ကောင်းသော ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံပါ။
🔴 လိုအပ်ပါက ဒဏ်ရာကို ခွေးရူးပြန်ရောဂါ ပဋိပစ္စည်း (immunoglobulin or monoclonal antibodies) ထိုးနှံပါ။

Source: World Health Organization (WHO)

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
-----------------------------

🐶 ခွေးကိုက်ခံရခြင်းမှ ကာကွယ်ရန် အချက် (၅) ချက် (ဖေဖော်ဝါရီလ၊ ၂၀၂၃ ခုနှစ်)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02w4KBLPaQrxtXYrve9CCDhokPJ8BoZADkXQFXX15eHWREzb1TpkeqdnmRgoDLxNzwl

🐶 Rabies in Myanmar (သင်ကြားရေး ရုပ်သံဗီဒီယို) (ဩဂုတ်လ၊ ၂၀၂၂ ခုနှစ်)
https://fb.watch/j4mHlCcfXK/

🐶 ခွေးရူးပြန်ရောဂါ သိမှတ်ဖွယ်ရာ အမေးအဖြေကဏ္ဍ (ဇူလိုင်လ၊ ၂၀၂၂ ခုနှစ်)
https://www.facebook.com/telehealthmm/posts/pfbid02PJhpY37ybySoYb8if4jqxYewsiRq9AYRVvG15dqAs9GaP3JEPBrD6NEwbV1sZZebl

🐶 ခွေးရူးပြန်ရောဂါအကြောင်း သိကောင်းစရာ (ဇွန်လ၊ ၂၀၂၂ ခုနှစ်)
https://www.facebook.com/telehealthmm/posts/pfbid02KQK3yuZB6Nxj4vBrvxcbUveuiYvo1Qp2tHHLZ9dcJdkoE68EhmeZWmvEXy8hCoqQl

 #နေပူထဲကပြန်လာပြီး_သတိလစ်သွားတယ် #အာတွေလျာတွေ_လေးလာတယ် #ကိုယ်တွေအရမ်းပူတယ် #သွေးပေါင်လည်း_အရမ်းတက်နေတယ် #အပူရှပ်တယ်_ဆို...
11/04/2024

#နေပူထဲကပြန်လာပြီး_သတိလစ်သွားတယ်
#အာတွေလျာတွေ_လေးလာတယ်
#ကိုယ်တွေအရမ်းပူတယ်
#သွေးပေါင်လည်း_အရမ်းတက်နေတယ်
#အပူရှပ်တယ်_ဆိုတာ

ပြင်းထန်တဲ့ အပူရှပ်ခြင်း (Heatstroke) ဆိုတာ ဘာလဲ

အပူရှပ်တယ်ဆိုတာ ပူလွန်းတဲ့ ပါတ်ဝန်းကျင်မှာ ကြာရှည် ထိတွေ့လိုက်မိလို့ ကိုယ်ခန္ဓာ အပူချိန်ပါ အလွန်အကျွံ လိုက်တက်လာတဲ့ အခြေအနေကို ဆိုလိုပါတယ်။

ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) အထိ တက်ရင်တော့ Heatstroke ခေါ်တဲ့ အပူရှပ်တာ ဖြစ်ပါပြီ။

အပူရှပ်တာ အသက်အန္တရာယ်ရှိတာမို့ အရေးပေါ် ကုသမှု ပေးဖို့လိုပါတယ်။

အရေးပေါ် ကုသမှု မပေးနိုင်ရင်တော့ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ် နဲ့ ကြွက်သား တွေကို လျှင်လျှင် မြန်မြန် ရောင်ရမ်း ပျက်စီး စေပါလိမ့်မယ်။

ထိရောက်တဲ့ ကုသမှု ယူဖို့ ကြာလေလေ ထိခိုက်ပျက်စီးတာ ဆိုးလေလေပါပဲ။ သေဆုံးခြင်း အပါအဝင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံနိုင်ခြေ များလာပါတယ်။
x x x x x x x

အပူရှပ် တာရဲ့ လက္ခဏာတွေက ဘာတွေလဲ

အဓိက ကေတာ့
ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) အထိ တက်တာပါပဲ။

နောက်ထပ် လက္ခဏာတွေ ကတော့
စိတ်မူမမှန်ရင် (စိတ်နောက်ခြင်း၊ ကနာမငြိမ်ခြင်း၊ စကားသံလေးလာခြင်း၊ ဂျီကျခြင်း၊ စိတ်ကရောင်ကတမ်းဖြစ်ခြင်း၊ တက်ခြင်း၊ သတိလစ်မေ့မြောခြင်း)
ပျို့ တာ၊ အန်တာ ဖြစ်ရင်
အရေပြား ရှိန်းတိန်းဖိန်းတိန်း ဖြစ်ရင်
အသက်ရှူ နှုန်း သိသိသာသာ မြန်လာရင်
နှလုံးခုန်နှုန်း သိသိသာသာ မြန်လာလို့ ရင်တုန်သလို ခံစားလာရရင်
ခေါင်းထိုးပြီး ကိုက်လာရင် အပူရှပ်တာ ဖြစ်နိုင်ပါတယ်။

အပူရှပ်တာရဲ့ အကြောင်းရင်းခံက ဘာလဲ

ပူပြင်းတဲ့ အခြေအနေမှာ
ပြင်းထန်တဲ့ အလုပ်၊ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာ၊
အရက်သောက်တာ
ရာသီနဲ့ မလိုက်ဖက်တဲ့ အဝတ်အစားတွေ ဝတ်တာ
ရေ လုံလောက်အောင် မသောက်တာ တွေက အပူရှပ်တာ ဖြစ်စေတဲ့ အကြောင်းရင်းခံတွေ ဖြစ်ပါတယ်။

အပူရှပ်တဲ့သူကို ဘယ်လို ရှေးဦးပြုစုပေးရမလဲ

အပူရှပ်တာ အရေးပေါ် အခြေအနေ ဖြစ်ပါတယ်။ ဆိုလိုတာ "အချိန်မှီ" "စနစ်တကျ" မကုသရင် သေနိုင်ပါတယ်။

အဲ့ဒီတော့ ကုသမှု မရခင် စပ်ကြား ရှေးဦးပြုစုပေးနိုင်ဖို့ အရေးကြီးပါတယ်။

(၁) လူနာကို အေးပြီး အရိပ်ရတဲ့ တနေရာရာကို ရွေ့ပါ
(၂) ခြေထောက်ကို အနည်းငယ် မြှင့်ပေးပြီး လဲလျောင်းတဲ့ အနေအထားမှာ ထားပေးပါ
(၃) ရေအေးစိမ်၊ ရေဖျန်း၊ ရေခဲဝတ် တိုက်ပေး၊ ကပ်ပေးတာ တွေ လုပ်ပေးပါ၊ အထူးသဖြင့် လည်ပင်း၊ ချိုင်းကြား နဲ့ ပေါင်ခြံ လို နေရာတွေ မှာ ကပ်ပေး တိုက်ပေးပါ။
(၄) အဲကွန်းခန်းထဲ ရွေ့တာ၊ ပန်ကာ နဲ့ မှုတ်ပေးတာလည်း လုပ်ပေးနိုင်ပါတယ်
(၅) ပါးစပ်ကဝင်မယ် သတိလစ်မနေဘူး ဆိုရင် ရေအေးလေး တိုက်ပေးနိုင်ပါတယ်
(၆) ဒါတွေ လုပ်လို့မှ လူနာ အခြေအနေ မကောင်းဘူး (ကိုယ်ပူမကျ၊ သတိလစ်၊ တက်တာ တွေ ဖြစ်လာမယ်) ဆိုရင်တော့ အရေးပေါ်ကုသမှု ဋ္ဌာနရှိတဲ့ ဆေးရုံကို နောက်မကျစေဘဲ အမြန်ဆုံးသွားဖို့သာ တိုက်တွန်း လိုက်ပါတယ်။

Credit
Via -

ဂရုစိုက်ကြပါခု မြန်မာပြည်မှာ စဖြစ်နေပြီဖြစ်တဲ့ကိုဗစ်B5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက်..လူနာဟာ.... ရင်ခေါင်းရောင် ခြင်းအပူနာ...
14/09/2022

ဂရုစိုက်ကြပါ
ခု မြန်မာပြည်မှာ စဖြစ်နေပြီဖြစ်တဲ့
ကိုဗစ်B5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက်..
လူနာဟာ....


ရင်ခေါင်းရောင် ခြင်း
အပူနာဖြစ်၍
ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်

သိုင်းရွိုက်ရောင်မယ်..

လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊
ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်

ငယ်ထိပ်ခဲ လာပြီး ဦးဏှောက်အမြှေးပါးရောင်ခြင်း

- နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုး‌နံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆား‌ရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်
တင်ပါး ခဲမယ်

ဦးခေါင်း နာဗ်ကြောများ ရောင်ခြင်း

ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်

တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊

ဂုတ်ဆက် ခဲခြင်း

- နှာစစီးလာမယ်၊ နှာရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊

လက်ပြင်ရောင်ခြင်း

တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ


အာရုံကြောတော်တော်များများ အကုန်နီးပါးကို ဖျက်ဆီး ပစ်လိုက်တာပါပဲ... Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအ‌နေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ စပြတော့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ

ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊

တို့ဆောင်ထားသင့်ပါသည်..
Crd/Naing Nyi

@@ #@ #@@@@@ #&-+(/)

အခုအချိန်အထိ မြင်ဖူးသမျှထဲမှာ ကိုဗစ် ၁၉ မျိုးကွဲသစ် ဘီအေ ၅ က အဆိုးဆုံးမျိုးကွဲအဖြစ် အမေရိကန်ဆေးပညာရှင် သတ်မှတ်

အမေရိကန်ဆေးပညာရှင် ဒေါက်တာ အဲရစ် တိုပေါလ်က ကိုဗစ် ၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ ၅ ဟာ အရင်မျိုးကွဲတွေထက် လူတွေကို ပိုမိုကြာရှည်စွာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖျားနာစေနိုင်တယ်လို့ ယူဆထားပါတယ်။ အဲဒီမျိုးကွဲသစ်ကို အခုအချိန်အထိတွေ့မြင်ခဲ့သမျှထဲမှာ အဆိုးရွားဆုံးမျိုးကွဲအဖြစ် ဒေါက်တာ အဲရစ်က အမည်တပ်ထားပါတယ်။

သူ့ကို ဒီမျိုးကွဲသစ်ရဲ့ပြင်းထန်တဲ့ ခုခံအားနဲ့ ကူးစက်နိုင်မှုတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။ ဘီအေ ၅ မျိုးကွဲက ဆဲလ်အတွင်းထဲ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်စွမ်းရှိပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေတဲ့၊ ဆေးရုံတက်ရောက်မှုနှုန်းများစေတဲ့ ကိုဗစ် ၁၉ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတယ်လို့ ဒေါက်တာအဲရစ်ရဲ့သုတေသနပြုချက်တွေက ဆိုပါတယ်။

ဒေါက်တာ အဲရစ်က ဘီအေ ၅ မျိုးကွဲဟာ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတဲ့အပေါ် စိုးရိမ်နေပေမဲ့ ဘီအေ ၅ မျိုးကွဲက ပိုမိုပြင်းထန်စေတဲ့ ရောဂါမျိုးကို ဖြစ်စေနိုင်မလားဆိုတာ ပြောပြဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။

သေသေချာချာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ဒယ်တာလို ဆဲလ်ကူးစက်မှုလက္ခဏာရပ်တွေတော့ သေချာပေါက်ဖြစ်လိမ့်မယ်လို့ ဒေါက်တာ အဲရစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း နိုင်ငံတကာမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၀ ရာခိုင်နှုန်း ခုန်တက်သွားခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။

Ref: Ladbible "Doctor Says Latest Covid-19 Strain BA.5 Is The 'Worst Variant We Have Seen So Far' "


ရသေ့ဆေး (သို့) ထိုင်းဗိန်းတောဆေးလို့ မြန်မာပြည်သားတွေ သိကြတဲ့ ထိုင်းနိုင်ငံကသွင်းတဲ့ တိုင်းရင်းဆေး ထုတ်လုပ်တဲ့နေရာကို ထိ...
24/03/2022

ရသေ့ဆေး (သို့) ထိုင်းဗိန်းတောဆေးလို့ မြန်မာပြည်သားတွေ သိကြတဲ့ ထိုင်းနိုင်ငံကသွင်းတဲ့ တိုင်းရင်းဆေး ထုတ်လုပ်တဲ့နေရာကို ထိုင်းရဲတပ်ဖွဲ့ဝင်များနဲ့ FDA မှ တာဝန်ရှိသူများဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဆေးပုလင်းတစ်ပုလင်းမှာ စတီးရွိုက်ဆေးပြား အပြား၇၀ နဲ့ အကိုက်အခဲပျောက်ဆေးပြား အပြား ၃၀ ထိ ထည့်သွင်းထားတာတွေ့ရပါတယ် ။ အဲဒီဆေးဟာ မြန်မာနိုင်ငံမှာလဲ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချ သုံးစွဲနေကြပြီး ရောဂါသက်သာမှုလျှင်မြန်တာကြောင့် ဒူးနာ ခါးနာ အရိုးအကြော သမားတွေအပြင် ရောဂါ အမျိုးမျိုးအတွက် အသုံးပြုနိုင်တယ်လို့ ကြော်ညာရောင်းချနေတာကြောင့် ရေပန်းစားနေပါတယ် ။ ဆေးပုလင်းမှာ ပမာဏများပြားစွာပါဝင်တဲ့ ဆေးပြားတွေကြောင့် သောက်သုံးပြီးအစမှာရောဂါသက်သာသလိုရှိပေမဲ့ နောက်ပိုင်းမှာ ကျာက်ကပ်ကိုဆိုးရွားစွာ ထိခိုက်ပျက်ဆီးစေနိုင်ပြီး အသက်သေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။

Source ထိုင်း FDA
https://m.facebook.com/story.php?story_fbid=295596919378508&id=100067846073593

Credit - Prof Dr. Than Than AyeDate ...7-2-22အိုမီခရွန် အပိုင်း(၂) သိပ်လည်းမပူနဲ့ - သိပ်လည်းမပေါ့နဲ့ ""ကျားဆို သေနတ် - ပ...
07/02/2022

Credit - Prof Dr. Than Than Aye

Date ...7-2-22

အိုမီခရွန် အပိုင်း(၂)

သိပ်လည်းမပူနဲ့ - သိပ်လည်းမပေါ့နဲ့ "
"ကျားဆို သေနတ် - ပုရွက်ဆိတ်ဆို လက်ညှိုး"

********

ကိုဗစ်ဖြစ်နိုင်တဲ့ အလားအလာနဲ့ ရောဂါ ဆိုးနိုင်ခြေကို အောက်ပါအတိုင်း မှတ်သားနိုင်ပါတယ်။

၁။ ကာကွယ်ဆေး လုံးဝ မထိုးသေး + ကိုဗစ်လည်းမဖြစ်ဘူးသေးသူ
၂။ ကာကွယ်ဆေး အပြည့် ၂ လုံးထိုးထားဘူးသူ
၃။ ကာကွယ်ဆေး booster dose အပါအဝင် ၃ ချောင်း ထိုးထားပြီးသူ
၄။ ကိုဗစ်ဖြစ်ပြီးသူ + ကာကွယ်ဆေး ထပ်ထိုးထားပြီးသူ
ဒီလေးမျိုးမှာ ၁ မှ ၄ အထိ ရောဂါ ကူးစက်ခံရမှု နဲ့ ရောဂါ ဆိုးနိုင်ခြေ အများဆုံး မှ အနည်းဆုံး စီတန်းပြထားတာဖြစ်ပါတယ်။ မိမိကိုယ်ကို ဆင်ခြင်နိုင်မှာဖြစ်ပါတယ်။


******
Antibody level and infectivity
ကိုဗစ်အင်တီဘေါ်ဒီ နဲ့ ကိုဗစ်ရောဂါဖြစ်နိုင်ခြင်း

အင်တီဘေါ်ဒီ Antibodyက ကိုဗစ်ပိုးမဝင်အောင် တားဆီးမထားနိုင်လို့ ကိုဗစ်ပိုး ကူဆက်ခံရပေမဲ့
ဒုတိယခုခံအားအဆင့် ဖြစ်တဲ့ ( cellular immunity ) Tcell lymphocyte သွေးဖြူဥတွေက ပိုးကို မြန်မြန်သတ်ပစ်နိုင်ပါတယ်။
တနည်းအားဖြင့် အင်တီဘေါ်ဒီဆိုတာ ပိုးတွေကို cell ထဲမဝင်ခင် တစ်စုထဲ freeze ဖမ်းချုပ်ပေးထားပြီး မက်ခရိုဖေချ်တွေက အမှိုက်သိမ်းသလို engulf လာလုပ်တာ၊ စားပစ်ပြီး ရှင်းထုတ်ပစ်တာပါ။ အဝေးကနေအဆိပ်ဖြန်းပြီးသတ်တဲ့နည်းနဲ့ ခိုင်းနှိုင်းလို့ရပါတယ်။ နောက်တဆင့် Cellular immunity မှာကတော့ killer T cell (CD8 T cell )လို့ခေါ်တဲ့ lymphocytes တွေက ပိုးဝင်ပြီးသား (cell ) ကလပ်စည်းတွေကို အနီးကပ် ( ဓါးနဲ့ ) ထိုးဖေါက်ပြီး ခြေမှုန်းဖျက်ဆီး လိုက်တာနဲ့တူပါတယ်။ကာကွယ်ဆေးထိုးထားပြီးသူတွေမှာ antibodyကပိုးကို မတားဆီးနိုင်ပေမဲ့ ဒုတိယအဆင့် ဖြစ်တဲ့ T cell ခုခံအားတွေရှိတဲ့အတွက် ပိုးတွေထပ်မပွါးအောင် သတ်ပစ်နိုင်လို့ ဆိုးရွားတဲ့ ကိုဗစ်မဖြစ်သွားအောင် တားဆီးနိုင် ပါတယ်။
ဒါကြောင့် ပိုးဝင်ပေမဲ့ မဆိုးသွားပါဘူး။

*****
အိုမီခရွန်ရဲ့ clinical features ရောဂါလက္ခဏာ တွေက ယခင်ဒယ်လ်တာနဲ့ ဘာတွေကွာခြားသလဲ ......

အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံအရ အိုမီခရွန်ဟာ တေါ်တေါ်လေး ပျော့ပါတယ်။
အများအားဖြင့် အရမ်းနုန်းမယ်၊ ကိုက်ခဲမယ်၊ ခေါင်းကိုက်မယ်။
၁ ရက် ၊၂ ရက် လောက်ဖျားမယ်။ လည်ချောင်းနာမယ်။ လည်ချောင်းယားမယ်၊ ချောင်း
နည်းနည်းဆိုးမယ်။ ၅ ရက်လောက်ဆို ပြန်ကောင်းသွားတတ်ပါတယ်။

လူနာအများမှာCRP နဲ့ D-Dimer တွေက normal ဘဲဖြစ်နေတတ်တယ်။
အောက်စီဂျင်ကျပြီး အမောဖောက်တာတာ တော်တော် ရှားပါတယ်။
အများအားဖြင့် ၄ ရက်မှ ၆ ရက် မှာ အပြီးနေကောင်းသွားကြပါတယ်။
ချောင်းဆိုးတာ ချွဲထွက်တာတွေ့ရတယ်။ ( delta တုန်းကတော့ ချောင်းခြောက်ဆိုးပါတယ်)
အနံ့ပျောက်တာမျိုး မတွေ့ရပါဘူး။
ညညချွေးထွက်တာ၊ ဝမ်းလျောတာ တော့ရှိတတ်ပါတယ်။

Diagnosis ...အိုမီခရွန်ကို RDT နဲ့ PCR နည်းနဲ့ ယခင်ကိုဗစ်ကဲ့သို့ စစ်ဆေးတွေ့ရှိနိုင်ပါသေးတယ်။ ကိုဗစ်ဟုတ်မဟုတ် ပြောနိုင်ပေမဲ့ ဒါက အိုမီခရွန် ဟုတ်မဟုတ် ဆိုတာကတော့ လက်ရှိ PCR test လုပ်ရာမှာ S gene ၃ ခုမှာ ၁ခု မတွေ့ရဘူး ( S gene dropout or S gene target failure) ဆိုရင် အိုမီခရွန်လို့ယူဆ ရပါတယ်။
Sequencing confirmation ထပ်လုပ်ရပါမယ်။


******
ဘယ်လို ကိုင်တွယ်ရမလဲ

*** ရောဂါမပြန့်အောင် နေထိုင်ရမယ်ဆိုတာ အကျယ်ချဲ့မပြောလိုပေမဲ့ Isolation သီးသန့်ခွဲနေရမယ်။ အနည်းဆုံး ၁ ပတ်တော့ ခွဲနေပါ။
ယခင်ကိုဗစ်လောက် မကြာပါဘူး။

*** အထူးသဖြင့် ပြင်းထန် နမိုးနီးယား ဖြစ်လာနိုင်ခြေရှိသူများ ကို
ယခင်ကိုဗစ်လိုမျိုး အရေးကြီးလက္ခဏာတွေ ပေါ်ပေါက်လာခြင်း ရှိမရှိ စောင့်ကြည့်ရပါမယ်။
အသက်ရှူ မဝခြင်း၊ကြပ်ခြင်း
အောက်စီဂျင် pulse oximeter နဲ့ လက်ထိပ်မှာ တိုင်းခြင်း ၊ ၆ မိနစ်လမ်းလျှောက်ပြီး အောက်စီဂျင်တိုင်းရင် ပိုပြီး စောစောသိနိုင်ပါတယ်။

*****
ယခင်ကလို ရောဂါအဆင့်အလိုက် ခွဲရပါမယ်။
Mild disease
ရောဂါမဆိုးသူများမှာ၏လက္ခဏာ .....

- No evidence of viral pneumonia ( အဆုပ်ရောင်လက္ခဏာ မရှိခြင်း
- hypoxia/SpO2 > 94 % on Room Air အောက်စီဂျင် ၉၄% ကျော်ပုံမှန်ရှိခြင်း
- Respiratory rate < 24/min. အသက်ရှူနှုန်း ၂၄ / မိနစ် ထက်မပိုခြင်း

ဒါဆို ကောင်းပါတယ်။ စိတ်မပူနဲ့အုန်း။

****
severe covid ဖြစ်လာနိုင်သူများ ( High Risk သမားတွေ) အတွက်
ပိုဂရုစိုက်ရမဲ့ အ​ခြေအနေကတော့
Red flag signs (If developed likely to deteriorate):
အရေးကြီးလက္ခဏာတွေစောင့်ကြည့်ရမယ်။

High-grade fever/ severe cough.

Shortness of breath (while walking, talking, sitting), tightness in chest.

Feeling of disorientation.

Slurred speech/seizures.

Unable to wake up or stay awake.

Respiratory rate ≥ 24/ min.
အသက်ရှူနှုန်း တစ်မိနစ်မှာ > ၂၄ ကြိမ် ထက်များခြင်း
Oxygen saturation < 94% on room air.
အောက်စီဂျင် < ၉၄% ထက်နည်းခြင်း

high risk တွေမှာ သွေးစစ်ပြီး
ဘယ်တော့ အရေးတကြီး action ယူရမလဲ ...
အများကြီး စစ်ဖို့မလို ပါဘူး။

***Focus on 3 Lab tests:
ဓါတ်ခွဲခန်း အဖြေ ၃ မျိုးကို ကြည့်ရမယ်။
1. Neutrophil Lymphocyte Ratio >3.2 or RDW above 14.5.
2. Raised CRP.
3. Raised D-Dimer.

မှတ်ချက်။ ။ D-Dimer ဟာအသက်ကြီးသူတွေမှာ ပုံမှန်များတတ်တယ်။ အသက်ကြီးရင် အခြား
ရောဂါတွေရှိရင်လည်း D-Dimer များတတ်လို့ specific တိကျမှု လည်းမရှိပါဘူး။
အသက်အလိုက်ပြန်ညှိရမယ်။
အသက်အလိုက်ညှိတဲ့ ဖေါ်မြူလာ ကတော့
The formula is: Age (years) x 10 ug/L for patients > 50 years of age.
ဥပမာ အသက် ၈၈ နှစ်ရှိသူမှာ ၈၈ x ၁၀ = ၈၈၀ သည်ပုံမှန်လို့ သတ်မှတ်ရပါမယ်။ ၈၈၀ ကျော်မှ များတယ်လို့ခေါ်ပါမယ်။
***D dimer တက်ခြင်း - 2 times above normal limit ( ပုံမှန်ထက် ၂ ဆ ပိုများခြင်း)

***CRP များခြင်း
-5 times of ULN limit (၅ဆ များခြင်း )
-rising CRP from baseline 3 times (မူလ ထက်၃ ဆပိုများလာခြင်း )

ဒါဆိုရင် ရောဂါ ဆိုးလာနိုင်ခြေရှိတယ်။
၅ ရက်မကျော်ရင် ( Rem ဆိုရင် ၇ ရက်မကျော် ရင် ) antiviral ပေးရပါမယ်။

ဒါပေမဲ့ Anti viral ကို high risk feature prdict လုပ်တာနဲ့ စပေးရပါမယ်။

**********

Treatment
ဘယ်လိုကုမလဲ
Treatment of Mild Cases ရောဂါလက္ခဏာ ပျော့သူများ
အိုမီခရွန်က ယခင်က ကိုဗစ်နဲ့မတူဘဲ အများအားဖြင့် ပျော့ပါတယ်။Mild ဖြစ်ပါတယ်။ ဘာမျှသိပ်လုပ်စရာမလိုဘဲ ပြန်ကောင်းသွားကြပါတယ်။ ကြောက်စရာမလိုပါဘူး။
symptomatically ဝေဒနာသက်သာအောင်ဘဲ ဆေးပေးဖို့လိုပါတယ်။
ပိုးသတ်ဆေး လည်းမလိုပါဘူး။
အောက်စီဂျင်မကျရင် ဒက်ဆာတို့ စတီးရွိုက်တို့ လုံးဝမပေးရပါဘူး။
Rehydration ရေများများတိုက်ပါ
Antipyretic (Paracetamol) အဖျားကျဆေး ပါရာစီတမော ဘဲတိုက်ပါ
အဟာရကောင်းကောင်း ကြွေးပါ

အိုမီခရွန်မှာ Supportive medications

Anti-tussive, Vitamin C , Zinc, Vit D ဒါတွေကို ယခင်ကိုဗစ်တွေမှာ လိုလိုမယ်မယ် သုံးခဲ့ကြပေမဲ့ အခု အိုမီခရွန်မှာတော့ သိပ္ပံနည်းကျလေ့လာထားတာမရှိတော့ ကုသတဲ့ဆရာဝန်တွေ ရဲ့သဘောပါဘဲ။

Anti- Viral
ဗိုင်းရပ်ပိုးသတ်ဆေး အသုံးပြု ခြင်း

Early antiviral agents တွေသုံးဖို့လိုရင် အစောဆုံးစပေးရမယ်။
ဗိုင်းရပ်ပိုးပွားများချိန် ကာလ က
ရောဂါလက္ခဏာ စတင်ခံစားရတဲ့ အချိန်မှ ၅ ရက်မကျော်လွန်ခင် ပေးမှ ထိရောက်မှုရှိမယ်။ စိတ်ချရမယ်။
ဘယ်ဆေးဘဲ သုံးသုံး အချက်၂ ချက် ကိုသတိပြုရမယ်။
၁။ သုံးတဲ့ဆေးက ထိရောက်တယ်ဆိုတဲ့ strong evidence တွေရှိရမယ်။ တစ်မျိုးကိုသာရွေးချယ်ရမယ် ဆိုတော့ တစ်ခုပြီးတစ်ခု သို့မဟုတ ၂ မျိုးပေါင်းသုံးတာ လုပ်လို့မရပါဘူး။ ( except monoclonal antibody cocktail )
၂။ ၅ ရက် အတွင်း အချိန်မှီဖို့လိုပါတယ်။ အောက်စီဂျင်မကျမီ ပေးရပါမယ်။ ( မှတ်ချက် ။ အောက်စီဂျင်ကျမှပေးရတာမဟုတ်ပါဘူး။ ) ဒါကြောင့် အစောဆုံးရှာဖွေပါ။ သိအောင်လုပ်ပါ။

ဘာဆေးတွေရှိသလဲ...
Omicron အတွက် သုံးနိုင်တဲ့ ထိရောက်တဲ့ဆေး
၄ မျိုး ရှိနေပါပြီ ။
၁။ sotrovimab ( ယခင်က သုံးတဲ့ Casirivimab, plus Imdevimabကို အိုမီခရွန်မှာ သုံးရင်မထိရောက်တော့ပါဘူး။
၂။ Paxlovid အထိရောက်အဆုံး၊ ကောင်းဆုံးရွေးချယ်မှု
၃။ Remdesivir ထိရောက်ပါတယ်။
၄။ Molnupiravir ကို အထက်ပါဆေးတွေ မသုံးနိုင်ရင်သုံးနိုင်ပါတယ်။
ဘယ်သူတွေကိုရွေးပြီး anti - viral ပေးရမလဲ ...

( ဆက်ရန်)

Credit - Prof Dr. Than Than Aye

အရည်အသွေးပြည့်မှီ တဲ့ ၃၀၀၀၀ ကျပ်ကျော် တန်ဖိုးရှိ ISO 15197 ရ တသက်တာအာမခံ ဆီးချိုသွေးချို တိုင်းစက်အသစ် ကို စက်အဟောင်းနဲ့...
15/01/2022

အရည်အသွေးပြည့်မှီ တဲ့ ၃၀၀၀၀ ကျပ်ကျော် တန်ဖိုးရှိ ISO 15197 ရ တသက်တာအာမခံ ဆီးချိုသွေးချို တိုင်းစက်အသစ် ကို စက်အဟောင်းနဲ့ လဲပေးမယ့် အစီအစဉ် ပြန်လာပါပြီနော်။

လူကြီးမင်းတို့ အသုံးပြုနေသော Precare အမှတ်တံဆိပ်မဟုတ်တဲ့ ဆီးချိုသွေးချိုတိုင်းစက်များကို Precare အမှတ်တံဆိပ် ဆီးချိုသွေးချိုစက်များနဲ့ လဲလို့ရပါပြီရှင့်။

👉စက်လဲမယ့်သူများအနေဖြင့် Strip 25 ခုပါ 2 ဗူး (သို့မဟုတ်) Strip 50ပါ 1ဗူး ကို ဝယ်ယူပြီးမှ လဲနိုင်မှာ ဖြစ်ပါတယ်။

◇မြစ်မင်းဧရာ စတိုး

◇အမှတ်၂၁၊ဗိုလ်ချုပ်နေဝင်းလမ်း၊မြို့မရပ်ကွက်၊ငါးသိုင်းချောင်းမြို့။

📞 09 422 453 747

''Electric hot water bag''◇ လျှပ်စစ်ရေနွေးအိတ်လေးတွေ instock ပြန်ရပါပီရှင့်။ ရေပါပီးသားမို့လို့ ပလပ်လေးထိုးပီး အပူပေးသုံ...
02/01/2022

''Electric hot water bag''

◇ လျှပ်စစ်ရေနွေးအိတ်လေးတွေ instock ပြန်ရပါပီရှင့်။

ရေပါပီးသားမို့လို့ ပလပ်လေးထိုးပီး အပူပေးသုံးရုံဘဲနော်။

Size က 10'' ရှိတာမို့ size လဲကြီးပါတယ်ရှင့်။

လက်ထိုးတဲ့အပေါက်လေးလဲပါပါတယ်နော်

ဗိုက်ကိုကပ်ရင်းလက်ပါထည့်ထားလို့ရပါတယ်။

◇မြစ်မင်းဧရာ စတိုး

◇အမှတ်၂၁၊ဗိုလ်ချုပ်နေဝင်းလမ်း၊မြို့မရပ်ကွက်၊ငါးသိုင်းချောင်းမြို့။

📞 09 422 453 747

Nature's Bounty ကထုတ်တဲ့ ABC Plus Multivitamins +D3 လေး instock ရှိပါတယ်ရှင့်။◇မြစ်မင်းဧရာ စတိုး◇အမှတ်၂၁၊ဗိုလ်ချုပ်နေဝင်...
15/12/2021

Nature's Bounty ကထုတ်တဲ့ ABC Plus Multivitamins +D3 လေး instock ရှိပါတယ်ရှင့်။

◇မြစ်မင်းဧရာ စတိုး

◇အမှတ်၂၁၊ဗိုလ်ချုပ်နေဝင်းလမ်း၊မြို့မရပ်ကွက်၊ငါးသိုင်းချောင်းမြို့။

📞 09 422 453 747

ဆီးချိုသမားတွေသောက်တဲ့ အဟာရမှုန့်လေး မေးထားတဲ့သူတွေအတွက်Diabetasol လေး instock ပြန်ရပါပီရှင့်။◇မြစ်မင်းဧရာ စတိုး◇အမှတ်၂၁...
15/12/2021

ဆီးချိုသမားတွေသောက်တဲ့ အဟာရမှုန့်လေး မေးထားတဲ့သူတွေအတွက်

Diabetasol လေး instock ပြန်ရပါပီရှင့်။

◇မြစ်မင်းဧရာ စတိုး

◇အမှတ်၂၁၊ဗိုလ်ချုပ်နေဝင်းလမ်း၊မြို့မရပ်ကွက်၊ငါးသိုင်းချောင်းမြို့။

📞 09 422 453 747

Baby လေးတို့အတွက် ဖြည့်စွက်စာ လေးတွေ instock ရှိပါတယ်နော်။◇မြစ်မင်းဧရာ စတိုး◇အမှတ်၂၁၊ဗိုလ်ချုပ်နေဝင်းလမ်း၊မြို့မရပ်ကွက်၊...
14/12/2021

Baby လေးတို့အတွက် ဖြည့်စွက်စာ လေးတွေ instock ရှိပါတယ်နော်။

◇မြစ်မင်းဧရာ စတိုး

◇အမှတ်၂၁၊ဗိုလ်ချုပ်နေဝင်းလမ်း၊မြို့မရပ်ကွက်၊ငါးသိုင်းချောင်းမြို့။

📞 09 422 453 747

Address

Ngathainggyaung

Telephone

09422453747

Website

Alerts

Be the first to know and let us send you an email when Myit Min Ayeyar Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myit Min Ayeyar Store:

Shortcuts

Share