Kuu's Online Bookstore

Kuu's Online Bookstore Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kuu's Online Bookstore, Book shop, Okpo.

အမျိုးသမီးများ ကိုယ့်ငွေကိုယ် တာဝန်ယူ၍ ကိုယ့်ဘဝကိုယ် တာဝန်ခံ တည်‌‌ေဆာက်ပါ ။မီလျံနာ မမတန်ဖိုး ၆၀၀၀ ကျပ် ၊ စာမျက်နှာ ၂၈၄
13/05/2022

အမျိုးသမီးများ ကိုယ့်ငွေကိုယ် တာဝန်ယူ၍
ကိုယ့်ဘဝကိုယ် တာဝန်ခံ တည်‌‌ေဆာက်ပါ ။
မီလျံနာ မမ
တန်ဖိုး ၆၀၀၀ ကျပ် ၊ စာမျက်နှာ ၂၈၄

ရေငတ်တယ်ဆိုပြီး အဆိပ်ရေကို သောက်မှာလား။( ကြားဖူးတဲ့ စကားပုံ၊ စာစုလေးတစ်ခုကနေ ကောက်နုတ်ထားတာပါ) ကျွန်တော်တို့ ရေရှားတဲ့အရ...
12/05/2022

ရေငတ်တယ်ဆိုပြီး အဆိပ်ရေကို သောက်မှာလား။
( ကြားဖူးတဲ့ စကားပုံ၊ စာစုလေးတစ်ခုကနေ ကောက်နုတ်ထားတာပါ)

ကျွန်တော်တို့ ရေရှားတဲ့အရပ်ဒေသတစ်ခုကို ရောက်နေတယ်ဆိုပါစို့။ ရေ မရှိဘူး။ ရှားတယ်။ တစ်နေရာမှာ ရေတွေ့ပါပြီရဲ့။ ဒါပေမယ့် သောက်လို့ရတဲ့ရေမဟုတ်ဘူး။ အဆိပ်ရေ ဖြစ်နေတယ်။ အဲဒီကျရင် သင့်အနေနဲ့ အဲဒီရေကို သောက်မှာလား။ မသောက်ပါဘူးနော့။ ရှေ့ဆက်လျှောက်ရင် တွေ့နိုင်သေးတယ်လေ။ ဒါက သောက်တာနဲ့ တန်းသေမယ့် ကိစ္စကိုး။

အဲဒီအတိုင်းပဲ ကျွန်တော်တို့ ပြင်ပလောကမှာလည်း အချစ်ငတ်လို့ဆိုပြီး ကိုယ့်ကို Toxic ဆန်ဆန်ချစ်နေတဲ့ လူကို ရွေးချယ်မှာလား။ အပေါင်းအသင်းမရှိလို့ဆိုပြီး ကိုယ့်အပေါ် မကောင်းတဲ့လူကို ဆက်ပေါင်းမှာလား။

တချို့အိမ်ထောင်ရေးတွေအထိ အိမ်ထောင်ဖက်က ရိုက်နက် ဆဲဆိုနေရင်တောင် သူနဲ့ကွာရင် ငါ ဘာလုပ်စားရမလဲမသိလို့၊ ကလေးတွေကြောင့်မို့ဆိုတဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။ တချို့ကျလည်း ကိုယ့်အပေါ်မကောင်းတဲ့ ရည်းစားဆိုပေမယ့် တွဲလာတာနှစ်တွေကြာပြီမို့၊ ပြတ်ရင် ဘေးပတ်ဝန်းကျင်က အပြစ်တင်တာတွေ မကြားချင်လို့ စတဲ့ မတူညီတဲ့ ပြဿနာတွေ အများကြီးပါပဲ။ ဒါဟာ ဘာနဲ့တူသလဲဆိုရင် ရေငတ်လို့ဆိုပြီး အဆိပ်ရေသောက်နေတာနဲ့ အတူတူပါပဲ။

ကိုယ်တကယ်သောက်ချင်နေတာက ရေဆိုတဲ့ ကိုယ့်အပေါ် ချစ်ခြင်းမေတ္တာ၊ ကာကွယ်ပေးမှု စတဲ့ ကိုယ့်ဘဝအတွက် အသက်ဆက်ဆေး၊ ကိုယ် တကယ်ရနေတာက အဆိပ်ဆိုတဲ့ ညှဉ်းပန်းမှု၊ လိမ်လည်မှု၊ စိတ်ဒုက္ခ။ အဲဒီအရာကမှ တကယ်တမ်း ကိုယ့်ဘဝကို ညှဉ်းသတ်နေတာ။

အပေါင်းအသင်းမိတ်ဆွေဆိုလည်း ဒီအတိုင်းပါပဲ။ လောကကြီးကလည်း တော်တော်တရားသောပါပဲ။ အပေါင်းအသင်း အရမ်းလိုချင်တဲ့ မက်မောတဲ့ လူကိုမှ အပေါင်းအသင်းကောင်းကောင်း မပေးတာမျိုး၊ ဒါမျိုးဆိုရင် အဲဒီလူဟာ သူ့မှာရထားတဲ့ ရှားရှားပါးပါး အပေါင်းအသင်းဟာ ကောင်းကောင်းဆိုးဆိုး၊ သူ့အပေါ် စစ်မှန်မှန် မမှန်မှန် ပေါင်းသင်းတော့တာပဲ။ အများကြီးပေးဆပ်ပြီး အပေါင်းအသင်းက သတ်လို့သေတဲ့ လူတွေလည်း ရှိပါတယ်။ ဒါမျိုးကလည်း ရေငတ်တယ်ဆိုပြီး အဆိပ်ရေ သောက်နေသလိုပါပဲ။

ရေငတ်တယ်ဆိုပြီး အဆိပ်ရေကို မသောက်ပါနဲ့။ သင့်ဘဝဟာ ရှေ့ဆက်လျှောက်လို့ ရသေးတာမို့ သင့်ဘဝကို သင်ကိုယ်တိုင် မကန့်သတ်မိပါစေနဲ့။ မကောင်းတဲ့ လူတွေအနားမှာ နေရတာထက်စာရင် ကိုယ်တစ်ယောက်တည်း ရှင်သန်ရတာဟာ ပိုကောင်းတယ်ဆိုတာ မမေ့လိုက်ပါနဲ့။

#နေဗလ်
#လမ်းခွဲခြင်းမှရရှိခြင်း
#ကိုလတ်စာ‌‌ေပမှကူးယူဖော်ပြပါသည်။

စုံထောက်ဝတ္ထုကောင်းကောင်းလေးတွေ ဖတ်ချင်သူများအတွက်လာပြီနော် ၊ ဆရာ ခိုင်မင်းဆက် ရေးသားသော"'သေမင်းတမန် လူသတ်သမား နှင့် မိန...
12/05/2022

စုံထောက်ဝတ္ထုကောင်းကောင်းလေးတွေ ဖတ်ချင်သူများအတွက်
လာပြီနော် ၊ ဆရာ ခိုင်မင်းဆက် ရေးသားသော
"'သေမင်းတမန် လူသတ်သမား နှင့် မိန်းကလေး ဝိညာဥ်""
တန်ဖိုး ၂၅၀၀ ကျပ် ၊စာမျက်နှာ ၁၂၀

Never Give Upဘယ်တော့မှ အရှူံးမပေးပါနဲ့TIFFA တီဖာတန်ဖိုး ၄၀၀၀ ကျပ် ၊ စာမျက်နှာ ၁၃၉
10/05/2022

Never Give Upဘယ်တော့မှ အရှူံးမပေးပါနဲ့
TIFFA တီဖာ
တန်ဖိုး ၄၀၀၀ ကျပ် ၊ စာမျက်နှာ ၁၃၉

ငယ်........  ငယ်......ငယ်....... တငယ်တည်း ငယ်နေကြသူများအတွက်ရိုးပြေပြစ်အောင် ရဲ့  ငယ် ( တတိယအကြိမ်) ရောက်ပါပြီ ၊စာရေးဆရာ...
07/05/2022

ငယ်........ ငယ်......ငယ်....... တငယ်တည်း ငယ်နေကြသူများအတွက်ရိုးပြေပြစ်အောင် ရဲ့ ငယ် ( တတိယအကြိမ်) ရောက်ပါပြီ ၊
စာရေးဆရာ ရဲ့ အမှတ်တရ လက်မှတ် လေးနဲ့အတူ ရယူချင်ရင်တော့
အမှာတင်လိုက်ပါတော့နော်
တန်ဖိုး ၃၀၀၀ ကျပ် ၊ စာမျက်နှာ ၁၄၉

ပြုံးပြုံးလေးနော်(ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း ခပ်ပြုံးပြုံးပဲနေပါ)စာရေးသူ  #ကြည်မင်းခေါင်တန်ဖိုး ၃၀၀၀ ကျပ် ၊ စာမျက်နှာ ၈...
05/05/2022

ပြုံးပြုံးလေးနော်
(ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း ခပ်ပြုံးပြုံးပဲနေပါ)
စာရေးသူ #ကြည်မင်းခေါင်
တန်ဖိုး ၃၀၀၀ ကျပ် ၊ စာမျက်နှာ ၈၄
🫶🫶🫶
အပြုံးဆိုတာ ရယူသူတွေအတွက်
စိတ်ချမ်းသာပျော်ရွှင်မှုကို ရစေသလို
ပေးအပ်သူအတွက်လည်း ပျော်ရွှင်ချမ်း‌မြေ့မှုကို
ရစေပါတယ်။ ကျွန်တော်တို့ရဲ့စိတ်ကို
လူတိုင်းကိုချပြဖို့ ပြုံးလိုက်ကြရအောင်......
ဘယ်သူတွေ ဘယ်လောက်မုန်းမုန်းပါ
ခပ်ပြုံးပြုံးပဲ နေတာပေါ့ ဟုတ်ဘူးလား .....

ကျွန်မချစ်သော ကျွန်မသို့( စိတ်ဓာတ်ခွန်အားဖြည့် စာစုများ )🤍🤍💙💙တန်ဖိုး ၃၀၀၀ ကျပ် ၊ စာမျက်နှာ ၁၁၂**************************...
05/05/2022

ကျွန်မချစ်သော ကျွန်မသို့
( စိတ်ဓာတ်ခွန်အားဖြည့် စာစုများ )
🤍🤍💙💙
တန်ဖိုး ၃၀၀၀ ကျပ် ၊ စာမျက်နှာ ၁၁၂
**********************************
ပျော်ရွှင်အောင်မြင်တဲ့
ဘတလေးတစ်ခု ရဖို့ဆိုတာ
ကျွန်မတို့ ရင်ဘတ်ထဲမှာ
ဒဏ်ရာဒဏ်ချက်တွေ
ပြည့်နှက်‌‌ေနမှ ဖြစ်တာ
ဒါကြောင့်ပဲ..

အရာရာကို ပြုံးပြုံးလေးနဲ့
ကျော်ဖြတ်နိုင်ခဲ့တာလေ

အခရာ

ငါက    သူ့  ဆရာ🤍🖤💚တန်ဖိုး=၅၀၀၀ကျပ်စာမျက်နှာ=၂၆၂
03/05/2022

ငါက
သူ့
ဆရာ
🤍🖤💚
တန်ဖိုး=၅၀၀၀ကျပ်
စာမျက်နှာ=၂၆၂

"မင်းထိရှမှာစိုးလို့    ငါ ထိရှပေးလိုက်တာ"နေမိုးအိမ်တန်ဖိုး =၂၀၀၀ကျပ်စာမျက်နှာ=၇၈ကဗျာ=၅၅ပုဒ်
03/05/2022

"မင်းထိရှမှာစိုးလို့
ငါ ထိရှပေးလိုက်တာ"
နေမိုးအိမ်
တန်ဖိုး =၂၀၀၀ကျပ်
စာမျက်နှာ=၇၈
ကဗျာ=၅၅ပုဒ်

ပြတ်နေတာ ကြာနေတဲ့ ဆရာမ ဆုခြည်ကို ရဲ့ Ex-pectတန်ဖိုး ၇၀၀၀ ကျပ် ၊ စာမျက်နှာ ၃၉၂တတိယအကြိမ် ၊ ၂၀၂၂ မတ်လ ၊အုပ်ရေ ၁၀၀၀👇👇👇📖
03/05/2022

ပြတ်နေတာ ကြာနေတဲ့ ဆရာမ ဆုခြည်ကို ရဲ့ Ex-pect
တန်ဖိုး ၇၀၀၀ ကျပ် ၊ စာမျက်နှာ ၃၉၂
တတိယအကြိမ် ၊ ၂၀၂၂ မတ်လ ၊အုပ်ရေ ၁၀၀၀
👇👇👇📖

လူငယ်တွေ စဥ်းစားဖို့ လူငယ်တို့အတွက် အတွေးစာစုများ)အောင်ကိုဦး (UMK)တန်ဖိုး ၃၀၀၀ ကျပ် ၊ စာမျက်နှာ ၁၅၀
03/05/2022

လူငယ်တွေ စဥ်းစားဖို့
လူငယ်တို့အတွက် အတွေးစာစုများ)
အောင်ကိုဦး (UMK)
တန်ဖိုး ၃၀၀၀ ကျပ် ၊ စာမျက်နှာ ၁၅၀

ဒီစာအုပ်ကတော့ ကလေးဦးနှောက် အလုပ်လုပ်ပုံကို အခြေခံပြီး ရှင်းပြထားတဲ့အတွက် parenting စာအုပ်တွေထဲကအတိုင်း ပုံတူ ကူးလုပ်စရာမ...
02/05/2022

ဒီစာအုပ်ကတော့ ကလေးဦးနှောက် အလုပ်လုပ်ပုံကို အခြေခံပြီး ရှင်းပြထားတဲ့အတွက် parenting စာအုပ်တွေထဲကအတိုင်း ပုံတူ ကူးလုပ်စရာမလိုဘဲ ကိုယ့်ကလေးဦးနှောက်ရဲ့ အလုပ်လုပ်နေတဲ့ပုံစံ အတိုင်း လိုအပ်သလို တုံ့ပြန်နိုင်လာမှာပါ။

စိတ်ပညာရှင်တွေ၊ ကလေးအထူးကုတွေဘက်က ဘာတွေပဲပြောပြော ကိုယ့်ကလေး အကြောင်းကို နားအလည်နိုင်ဆုံးသူက မိဘကိုယ်တိုင်ပဲ
ဖြစ်ပါတယ်။ ဒီလို နားလည်နိုင်မှုကို ကလေး ဦးနှောက် အလုပ်လုပ်ပုံအပေါ် နားလည်မှုနဲ့
တွဲဖက်လိုက်ရင် ကိုယ့်ကလေးအတွက်
သီးသန့် ပြုစုပျိုးထောင်မှု ပုံစံ ( tailor made parenting style) ရရှိလာမယ်
လို့ ယုံကြည်ပါတယ်။
-ရဲမင်းဝင်း

မျက်နှာဖုံးသရုပ်ဖော်-ဇာလင်းထက်

Address

Okpo

Website

Alerts

Be the first to know and let us send you an email when Kuu's Online Bookstore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category