Bo Motorcycle Showroom 5-Kamma

Bo Motorcycle Showroom 5-Kamma ဆိုင်ကယ်မျိုးစုံ ရောင်းသည်

ပျော်ရွှင် ဖွယ် သီတင်းကျွတ် ကာလ လေး မှာ အား လုံး ကျန်းမာ ချမ်းသာ လိုရာ ဆန္ဒ ပြည့်နိုင်ကြပါစေ
20/10/2021

ပျော်ရွှင် ဖွယ် သီတင်းကျွတ် ကာလ လေး မှာ အား လုံး ကျန်းမာ ချမ်းသာ လိုရာ ဆန္ဒ ပြည့်နိုင်ကြပါစေ

အတူတကွဖြတ်ကျော်ကြပါစို့ဒီ​နေ့ကျ​ရောက်တဲ့   ရဲ့ ဒီနှစ်အတွက် theme က​တော့ 'mental health in an unequal world' (မမျှတတဲ့ ...
10/10/2021

အတူတကွဖြတ်ကျော်ကြပါစို့

ဒီ​နေ့ကျ​ရောက်တဲ့  ရဲ့ ဒီနှစ်အတွက် theme က​တော့ 'mental health in an unequal world' (မမျှတတဲ့ ကမ္ဘာထဲက စိတ်ကျန်းမာ​ရေး) လို့ဆိုပါတယ်

အခက်အခဲများစွာရင်ဆိုင်​နေရတဲ့ အခုလိုအချိန်မျိုးမှာ ကိုယ်ကျန်းမာ​ရေးအပြင် စိတ်ကျန်းမာ​ရေးကလဲ အရမ်းကိုအ​ရေးကြီးတာ အားလုံးသိပြီးသားပါ .. ဒါ​ကြောင့် မပျော်ရွှင်ရတဲ့​နေ့တွေ အဆင်​မပြေတဲ့​နေ့တွေရှိတဲ့ အခိုက်အတန့်မှာ​တောင် စိတ်ကျန်းမာသန်မာ​နေဖို့ အထူးဂရုစိုက်​ပေးပါ 🤍💪🏼

COVID-19 ကာကွယ်ဆေး COVISHIELD အတုတွေ့ရှိခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုသို့တင်ပြခြင်း (၂-၉-၂၀၂၁)ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)...
03/09/2021

COVID-19 ကာကွယ်ဆေး COVISHIELD အတုတွေ့ရှိခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုသို့တင်ပြခြင်း (၂-၉-၂၀၂၁)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ Medical product alert N°5/2021: Falsified COVISHIELD vaccine (update) သတင်းအရ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနှင့် အာဖရိကတွင် COVISHIELD ကာကွယ်ဆေးအတုများတွေ့ရှိရကြောင်း သိရှိရပါသည်။

COVISHIELD ကာကွယ်ဆေးထုတ်လုပ်သော Serum Institute of India Pvt. Ltd ၏ အတည်ပြုချက်အရ အောက်ပါစာရင်း (Table 1) တွင်ပါဝင်သော Product များသည် အတု ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါကာကွယ်ဆေးအတုများကို ယူဂန်ဒါနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံရှိ ကာကွယ်ဆေးထိုးနှံမည့်သူများအဆင့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါကာကွယ်ဆေးအတုများသည် ကမ္ဘာတစ်ဝှမ်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ဆိုးရွားစွာ ထိခိုက်စေပြီး COVID-19 ကမ္ဘာ့ကပ်ရောဂါကို ကာကွယ်တွန်းလှန်နေရသည့် ပြည်သူလူထုနှင့် ကျန်းမာရေးစနစ်အပေါ်တွင် ပိုမိုအန္တရာယ်ဖြစ်စေပါသည်။ ထို့ကြောင့် ပြည်သူလူထုကို အန္တရာယ် ဖြစ်စေခြင်းမှ ကာကွယ်ရန် ကာကွယ်ဆေးအတုများကို ရှာဖွေရန်နှင့် ဖယ်ရှားရန် အရေးကြီးပါသည်။

အကြံပြုချက်

👉 ကာကွယ်ဆေးများကို တရားဝင်လိုင်စင်ရရှိထားသောဖြန့်ဖြူးသူများမှသာ ရယူရန်၊

👉 ကာကွယ်ဆေးစစ်မှန်မှုနှင့် အအေးလမ်းကြောင်းစနစ်မှန်ကန်မှုတို့ကို သေချာစွာ စစ်ဆေးရန်၊

👉 သံသယရှိပါက ကျန်းမာရေးဝန်ထမ်း/ ပညာရှင်များထံမှ အကြံဉာဏ်ရယူရန်၊

👉 အထက်ပါဇယားတွင်ဖော်ပြထားသောဆေးများ မိမိလက်ထဲတွင်ရောက်ရှိနေပါက သုံးစွဲခြင်း မပြုရန်၊

👉 အဆိုပါဆေးများကို တစ်နည်းနည်းဖြင့် အသုံးပြုမိပြီး ဆေးထိုးပြီးဖြစ်ပွားသောနောက်ဆက် တွဲပြဿနာများဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနတွင် ဆေးကုသမှုခံယူရန်နှင့် သတင်းပို့ရန်၊

👉 အဆိုပါကာကွယ်ဆေးများသည် အတုများဖြစ်သည့်အတွက် ဆေးထိုးပြီးနောက်ဆက်တွဲ ပြဿနာများ မဖြစ်ပွားသည့်တိုင် ကာကွယ်ဆေး၏ အာနိသင်မရရှိနိုင်သောကြောင့် ယုံကြည် စိတ်ချရသော COVID-19 ကာကွယ်ဆေးကို အကြိမ်ပြည့်ထပ်မံထိုးနှံရန်။

Reference: https://www.who.int/news/item/31-08-2021-medical-product-alert-n-5-2021-falsified-covishield-vaccine



ကိုဗစ်-၁၉ ဖြစ်ပြီး ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာဖို့ အချိန်လိုအပ်ပါတယ်။ တချို့သူတွေအနေနဲ့  ရောဂါကူးစက်ခံရပြီးနောက် ...
23/08/2021

ကိုဗစ်-၁၉ ဖြစ်ပြီး ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာဖို့ အချိန်လိုအပ်ပါတယ်။ တချို့သူတွေအနေနဲ့ ရောဂါကူးစက်ခံရပြီးနောက် လနဲ့ချီပြီး ပင်ပန်းနွယ်နယ်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ စိတ်အပြောင်းအလဲဖြစ်ခြင်း စတဲ့ လက္ခဏာတွေကို ခံစားကြရပါတယ်။ ဒါကြောင့် လုပ်ဆောင်နေကျဖြစ်တဲ့ နိစ္စဓူဝအလုပ်တွေကို ပြန်လည်လုပ်ဆောင်နိုင်ဖို့အတွက် ဖြည်းဖြည်းချင်းအချိန်ယူဖို့က အရေးကြီးပါတယ်။ ဒါ့အပြင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာစေရန် မိမိကိုယ်ကို အမြဲဂရုစိုက်နေဖို့လည်း လိုအပ်ပါတယ်။

အောက်ကပုံလေးတွေမှာဖော်ပြထားတဲ့ အကြံပြုချက်တွေကတစ်ဆင့် ကိုဗစ်-၁၉ ရောဂါကနေ ပြန်လည်ကောင်းမွန်ခါစမှာ ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတဲ့ လမ်းညွှန်ချက်တချို့ကို ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။ သင်ချစ်ရတဲ့ မိသားစုနဲ့ သူငယ်ချင်းများကိုလည်း ပြန်လည်မျှဝေပေးဖို့ တိုက်တွန်းလိုက်ပါရစေ။ အားလုံး ပြန်လည် ကျန်းမာလာစေဖို့လည်း ဆုတောင်းပေးပါတယ်။

ပုံထဲမှာ ဖော်ပြထားတဲ့ အကြံပြုချက် ၂ ခုအတွက် အောက်ပါလင့်ခ်တွေကို နှိပ်ပြီး အသေးစိတ်ကို ဗီဒီယိုဖြင့် ကြည့်ရူနိုင်ပါတယ်။
အသက်ရှူလေ့ကျင့်ခန်းအကြောင်း လေ့လာရန် - https://tinyurl.com/c8z83ns8
ချွဲသလိပ်များကို ဖယ်ရှားခြင်း လေ့လာရန်-https://tinyurl.com/wh997bkf

*ဖော်ပြပါအချက်အလက်တွေကို ယုံကြည်စိတ်ချရသော ကျန်းမာရေးဆိုင်ရာ အရင်းအမြစ်များမှ ရယူထားသော်လည်း ကျွန်တော်တို့သည် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ မဟုတ်သည့်အတွက်ကြောင့် တစ်ဦးချင်းစီအတွက် ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်များ ပေးနိုင်မှာ မဟုတ်ပါဘူးခင်ဗျာ။ အချက်အလက်များကို ပိုမိုသိရှိလိုပါက ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများထံ ဆက်သွယ်မေးမြန်းကြဖို့ မေတ္တာရပ်ခံပါတယ်။

ကာကွယ်ဆေးများ အကြောင်းသိကောင်းစရာများ
21/08/2021

ကာကွယ်ဆေးများ အကြောင်းသိကောင်းစရာများ

Covid ကို တွန်းလှန်တိုက်ထုတ်ကြပါ စို့ ။          ။
31/07/2021

Covid ကို တွန်းလှန်တိုက်ထုတ်ကြပါ စို့ ။ ။

Covid-19 ကို အတူတကွ တိုက်ထုတ်ကြ ပါစို့
30/07/2021

Covid-19 ကို အတူတကွ တိုက်ထုတ်ကြ ပါစို့

ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်များ၊ လတ်ဆတ်သန့်ရှင်းသော အစားအသောက်များစားသုံးခြင်းဖြင့် ကိုယ်ခံအားကောင်းမွန်ကျန်းမာပ...
08/07/2021

ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်များ၊ လတ်ဆတ်သန့်ရှင်းသော အစားအသောက်များစားသုံးခြင်းဖြင့် ကိုယ်ခံအားကောင်းမွန်ကျန်းမာပြီး COVID ရောဂါကို ကာကွယ်သွားနိုင်မည်ဖြစ်ပါသည်။


2021 နှစ်သစ်မှာ စိတ်၏ ကျန်းမာခြင်း ကိုယ်၏ချမ်းသာ ခြင်းတို့ဖြင့် ပြည့်စုံကြပါစေကြောင်း Bo Motorcycle Showroom 5 (Kamma) မ...
31/12/2020

2021 နှစ်သစ်မှာ စိတ်၏ ကျန်းမာခြင်း ကိုယ်၏ချမ်းသာ ခြင်းတို့ဖြင့် ပြည့်စုံကြပါစေကြောင်း Bo Motorcycle Showroom 5 (Kamma) မှ စုမွန်ကောင်းတောင်းအပ်ပါသည်။

14/11/2020
Covid ရောဂါ ကို ရှေ့တန်းမှ တိုက်ခိုက်ပေး နေကြသော မြန်မာနိုင်ငံတစ်ဝန်း လုံးရှိ ဆရာဝန် ၊ သူနာပြုများ ၊ စေတနာ့ဝန်ထမ်းများ က...
28/10/2020

Covid ရောဂါ ကို ရှေ့တန်းမှ တိုက်ခိုက်ပေး နေကြသော မြန်မာနိုင်ငံတစ်ဝန်း လုံးရှိ ဆရာဝန် ၊ သူနာပြုများ ၊ စေတနာ့ဝန်ထမ်းများ ကို ကျေးဇူးတင်ကြောင်း နှင် အမြဲ ကျန်မာစိတ်ချမ်းသာပါစေကြောင်း စုမွန်ကောင်းတောင်းအပ်ပါသည်။။

Bo Motorcycle Showroom 5
Kamma

Mask တပ်ခြင်းဖြင့် မိမိကိုယ်ကို သာမက  မိသားစု၊ ပတ်ဝန်းကျင်၊  ရပ်ရွာ ၊ မြို့ နှင့်  သင့်နိုင်ငံ ကို Covid အန္တရယ် မှ ကာ က...
23/10/2020

Mask တပ်ခြင်းဖြင့် မိမိကိုယ်ကို သာမက မိသားစု၊ ပတ်ဝန်းကျင်၊ ရပ်ရွာ ၊ မြို့ နှင့် သင့်နိုင်ငံ ကို Covid အန္တရယ် မှ ကာ ကွယ်ပါ။ ။

Address

မြိုင်လမ်း-လက်ပြ( Kamma)
Pakokku

Telephone

+959896020441

Website

Alerts

Be the first to know and let us send you an email when Bo Motorcycle Showroom 5-Kamma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share