31/08/2026
အခုချိန်က starlink တွေ ဈေးကစားနေတဲ့ အချိန် ဘာလဲဆိုတော့ အရင် တစ်ခေါက်က Starlink တွေ ပိတ်မယ် ဘာညာဆိုတဲ့ ဂျင်း impact နဲ့ အကုန်လုံးကို ဘယ်လို သတင်းဖြန့်ရင် ဘာဖြစ်နိုင်တယ်ဆိုတဲ့ သိသွားတဲ့ လူတစ်စုက ဈေးကစားဖို့ လွယ်တယ်ဆိုတာ သိသွားလို့ပဲ။ Starlink အသစ်ဖွင့် လို့မရတာ ဆိုတော့ သုံးနေတဲ့ အထဲက ပိတ်ဖို့ပဲရှိတယ်။ လောလောဆယ် မှာ လုပ်ငန်းလည်ပတ်နေတဲ့ လူတွေ မှာ အပိတ်ခံရလို့ ပြန်ဖြည့်ချင်တာရှိတယ်၊ကျားဖျံ့ အဝယ်ရှိတယ်၊ပွဲစားအဝယ်ရှိတယ်၊
များသော အားဖြင့်တော့ ရှားပါးမူကို အသုံးချပီး သေချာချာတာကတော့ ဈေးကစားဈေးတက်မယ်။ အခုနေသိသလောက်က ဘာလဲဆိုတော့ ပြန်ဝယ်ပီး ဥထားတဲ့ ကောင်တွေရှိတယ်။ အပိတ်ခံရလို ပြန်ဝယ်တဲ့ လူရှိတယ်။ ကျားဖျံ့ အဝယ်ရှိတယ်။ အဲထဲမှာ ဈေးကို ဘယ်ဈေးဘယ်လောက်ဆို သတ်မှတ် နေတာ ဘယ်သူလဲ။ 2 ခုပဲ ပွဲစားနဲ့ ဈေးကြီးပေးဝယ် တဲ့ ကျားဖျံ့ပဲ။ ဈေးပေးတော့ ပေးတယ် သူ့ဘာသူ ဘယ်နှ လုံး အထိ။ ဘယ်နေ့ အထိ ဆိုတော့ ကန့်သတ်ချက်နဲ့ အဲမှာ ဈေးက ကမောက် ကမ ဖြစ်တာပဲ။ ဈေးကစားတဲ့အကွက် ဥထားတဲ့ကောင်တွေက အရင် က ရသလောက် ဝယ်ထား။ သူပြန်ထုတ်ချင်တော့ အသံကောင်းဟစ် ဘယ်ဈေးနဲ့ ဘယ်ရက် အထိ ဘယ်နှ လုံးအထိ ဝယ်ပါတယ်ပေါ့( ဥထား ဈေးကစားတဲ့ ကောင်တွေ သာပြောလိုခြင်း) များသောအားဖြင့် ကျားဖျံ့ဆိုတဲ့ ကောင်တွေ က ပွဲစားတွေ ဆီ order တင်တာပါပဲ ဘယ်လောက်ရချင်တယ် မရချင်ဘူးဆိုတာ။ starlink ဈေးတက်တော့ ဆိုင်ဖွင့် ပြန်ရောင်းတဲ့ လူတွေ က လည်း အနည်းငယ် စသဖြင့် ဈေးတက်ချင်ကြမှာပဲ။ အခုက Speed က အရင်လို မဟုတ်ဘူး။ Data usage အပါ်မူတည်ပီး 30 MBPS , 10 MBPS , 5 MBPS စသဖြင့် လျော့လာပီ။ Unlimited ကို ကြိုက်သလောက် မပေးချင်တော့ဘူး။ Data တွေနဲ့ ကန့်ပီး ရောင်းကြတာတွေရှိလာပီ။ သုံးတဲ့ user တွေကဝော့ အသံထွက်လာကြတဲ့ အချိန်ပေါ့။ အထိကက ဘာလဲ ဆိုတော့ အခုခေတ်မှာက တော်လှန်ရေးအချိန်မှာ အလုပ်ကိုင် အခွင့်လမ်းတွေ စားဝတ်နေရေးတွေ တော်တော် ကြပ်တည်းလာကြတယ်။ တခြားစီးပွါးရေးစာ ရင် Starlink က နေရာနဲ့ လုပ်တဲ့ အချိန် စော ရင် မဆိုးဘူးဆိုတဲ့ ထဲမှာ ပါတယ်။အဲမှာ ဘာလဲဆိုတော့ လွယ်လွယ်ရ ရင်း ကြိုက်တတ်တဲ့ လူစားမျိုးတွေက ကြော်ချင်ခွချင်တယ်။ လိမ်ချင်ညာချင်တယ်ဆိုတာတွေ တော်တော်များပါတယ် starlink လောက မှာ။
Starlink ပစ္စည်းရှိတဲ့ ကောင်တွေ ကပဲ ဈေးသတ်မှတ် စသဖြင့် ချယ်လှယ်နေကြတာပါ။ အခုလည်း ဈေးကစားနေကြပြန်ပီ။ တကယ်တော့ starlink ရဲ့ မူဝါတာ အပြောင်းလဲက end user တွေ အတွက် အခက်တွေ့စေပေမယ့် လူလိမ်တွေ ပွဲစားတွေ အတွက်တော့ အခွင့်လမ်းတစ်ခုဖြစ်နေတယ်။နောက်ထပ် လာပါလိမ့်အုံးမယ် Oct 15 ဆိုပီး ဒါပါပဲ။