ATZM online shop

ATZM online shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ATZM online shop, Thirimahar Street, Pakokku.

အမေများအားလုံးချမ်းမြေ့ပါစေ
12/05/2024

အမေများအားလုံးချမ်းမြေ့ပါစေ

Song - Kyay Zuu Pal May May (ကျေးဇူးပဲမေမေ)Artist - Lar Dint Htar Yi (လားဒင့်ထားရီ)Composer - L Zaw La (L ဇော်လ)Band - Saw Pi Pi + Jindallae Choir + Or Chest...

11/05/2024

" မိဘတွေ မရှိတော့ဘူးဆိုရင် "

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်းနဲ့သွေးချင်းအရင်းနှီးဆုံး လူနှစ်ယောက် မရှိတော့ဘူးလို့ နားလည်ပါ....

ဒါကြောင့် မိဘတွေရှိတုန်းမှာ ကောင်းကောင်းမွန်မွန်ဆက်ဆံပါ...မိဘတွေကို မင်းအတွက် စိတ်မပူပါစေနဲ့...

မိဘတွေ လိုချင်တာက သားသမီးတွေဆီက ပိုက်ဆံတွေထက် သားသမီးတွေရဲ့ အဖော်ပြုပေးမှုပါပဲ...
ဘာလို့လဲဆိုတော့ သားသမီးတွေဆိုတာ မိဘတွေရဲ့ နှလုံးသည်းပွတ်ဖြစ်နေလို့ပါပဲ...

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်းကို စိတ်ရင်းစေတနာ နွေးထွေးတဲ့အကြင်နာနဲ့ယုယစွာချစ်မဲ့သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ....

ဘယ်မိဘကမှ သူတို့ရဲ့ အုတ်ဂူရှေ့မှာ သားသမီးတွေပူဆွေးနေတာကို ကြည့်ရက်မှာ မဟုတ်ပါဘူး....

ဒါကြောင့် အချိန်ရပြီဆိုတာနဲ့အိမ်ကိုပြန်ပြီး မိဘတွေနဲ့ တွေ့ပါ....ကိုယ့်အိမ်မဟုတ်တဲ့စားသောက်ဆိုင် ပျော်ပွဲစားရုံတွေမှာ အချိန်ကုန်နေမဲ့အစား မိဘရဲ့ ရင်ခွင်မှာ ပျော်ရွှင်ပါ....

ဘာလို့လဲဆိုတော့ မိဘတွေဆိုတာ သားသမီးတွေ ပြန်လာမှာကို မျှော်လင့်နေတတ်လို့ပါပဲ....

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်း ထမင်းမစားချင်တဲ့အခါ.. ဂရုတစိုက် ကျွေးမွေးမဲ့သူနှစ်ယောက် မရှိတော့ဘူးလို နားလည်ပါ....

ဒါကြောင့် အပြင်မှာ ဘယ်လောက် အလုပ်များများ...အိမ်ပြန်ပြီး မိဘတွေနဲ့အတူတူ ထမင်းလက်ဆုံစားပါ...

ဘာလို့လဲဆိုတော့ မိဘတွေမရှိတော့မှ သူတို့နဲ့အတူတူ ထမင်းစားချင်လို့ မရနိုင်တော့လို့ပါပဲ....

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ...မင်းကို နေကောင်းရဲ့လား ...အလုပ်အဆင်ပြေရဲ့လား...ပိန်သွားလား..၀ နေလား..ဆိုပြီး ဂရုစိုက်မဲ့သူနှစ်ယောက် မရှိနိုင်တော့ဘူးလို့ နားလည်ပါ....

တကယ်တော့ လူတစ်ယောက်ကို ဂရုစိုက်ရတယ်ဆိုတာ အပင်ပန်းဆုံးပါပဲ...တော်ရုံလူက မင်းကို အမြဲ ဂရုစိုက်နေဖို့ဆိုတာ မလွယ်ပါဘူး...

ဒါကြောင့် မိဘတွေ နေမကောင်းတဲ့အခါ...သူတို့ကို အထူး ဂရုစိုက်ပါ...အဝေးရောက်နေခဲ့ရင်လဲ မိဘတွေနဲ့့အမြဲဖုန်းဆက်သွယ်ပါ...ကိုယ့်ရဲ့အခြေအနေကို ပြောပြသလို မိဘတွေရဲ့ကျန်းမာရေးကိုလဲ အလေးထားပါ...

ဘာလို့လဲဆိုတော့ သူတို့ နာမကျန်းတဲ့အခါ...အတမ်းတဆုံးက မင်းဆီက မေတ္တာဖြစ်နေလို့ပါဘဲ

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်းကို အဆုံးအစမရှိ မေတ္တာအနန္တနဲ့ချစ်နိုင်မဲ့ သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ....

ဒါကြောင့် မိဘတွေကို စိတ်မထိခိုက်ပါစေနဲ့...မိဘတွေရှိတုန်းမှာ ပျော်ရွှင်မှုများများပေးပါ....

မင်းမှာ အချိန်မရှိဘူးလို့စောဒက မတက်ပါနဲ့...
အလုပ်အရမ်းများတယ်လို့ မညည်းတွားပါနဲ့....ကိုယ့်ရဲ့အချိန်တွေကို တခြားသူတွေဆီမှာ အချည်းနှီး အချိန်မကုန်ပါစေနဲ့...

မိဘတွေရဲ့ ရင်ထဲမှာ သင့်တစ်ယောက်ပဲ ရှိတယ်ဆိုတာ မှတ်ထားပေးပါ....

သူငယ်ချင်းဆုံးရှုံးသွားရင်…… ပြန်ရှာလို့ရတယ်...အလုပ်မရှိတော့ရင်...အလုပ်အသစ်ရှာလို့ရတယ်...ယုတ်စွအဆုံး နှလုံးသားတစ်ခုဆုံးရှုံးသွားရင် ပြန်အစားထိုးလို့ရပါတယ်...

ဒါပေမဲ့ မိဘတွေမရှိတော့ဘူးဆိုရင်တော့ ဘယ်အရာနဲ့မှ အစားထိုးလို့ရမှာ မဟုတ်တော့ပါဘူး... မိတ်ဆွေ ☺☺

Credit

11/05/2024

(1)စိတ်ညစ်ပြီး
ဘာမှမလုပ်ချင်တော့တဲ့အခါ
ကောင်းကင်ကိုမော့ကြည့်ပြီး
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး
ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။

(2)အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ
အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ
သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။

(3)ကိုယ့်အားကိုယ်ကိုးပြီး
အရောက်လှမ်းသွားမယ့်
ပန်းတိုင်လေးတစ်ခု
အိပ်မက်လမ်းလေးတစ်ခု ဖန်တီးရယူပါ။

(4)တခါတလေ ငိုစရာရှိရင်
လူမရှိတဲ့ တနေရာသွားပြီး
အော်ငိုပစ်လိုက်ပါ
ငိုသင့်ရင်လည်း ငိုလိုက်ပါ
မငိုတာကြာရင်
မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။

(5)တခါတလေ ဝမ်းနည်းနေရင်လည်း
အားရပါးရ ငိုချပစ်လိုက်ပါ
ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။

(6)အဆင်မပြေရင်လည်း
အဆင်ပြေသလိုနေပါ..
တချို့ကျတော့ ကြိုးစားပေမယ့်
အဆင်မပြေပြန်ဘူး...
မကြိုးစားပဲ ထိုင်နေရင်
ပိုအဆင်မပြေဖြစ်သွားကြတယ်။

(7)ထပ်ပြီး ကြိုးစားပါ
လူဆိုတာ ကြိုးစားချင်စိတ်ရှိရင်
ဘယ်လောက်ပဲအသက်တွေရရ
ဖြစ်လာနိုင်ပါတယ်။

(8)ဆုံးရှုံးမှုတွေရှိရင်လည်း စိတ်ကိုဖြေပြီး
နောက်တစ်ကြိမ် မမှားအောင်သတိထားပါ။

(9)ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ
ဘယ်တော့မှမရှိနိုင်သလို
လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့
အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။

(10)လောကမှာ နားမလည်တဲ့
အရာတွေ ရှိနိုင်ပါတယ်
အရေးကြီးတာက နားမလည်တာကို
နားလည်အောင် ကြိုးစားဖို့ပါ။

(11)အကောင်းစားရေမွှေးနံ့တွေ မလိုဘူး ...
ကိုယ်ကျင့်တရားကောင်းအောင်နေပါ
ကိုယ်ကျင့်တရားကောင်းရင်
စိတ်ထားကောင်းရင် …
ကိုယ်သင်းနံ့မွှေးနေမှာပါ။

(12)ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့...
အမှန်တရားဆိုတာ တစ်နေ့နေ့
တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။

(13)အမှား ရှိခဲ့တိုင်းလည်း
အပြစ် မဟုတ်ပါဘူး...
တစ်ချို့အမှားတွေက သန့်ရှင်းပါတယ်
လူသားတိုင်း အမှားနဲ့ မကင်းနိုင်သလို
အမှားရှိမှ အမှန်ဆိုတာ ဖြစ်လာခဲ့ရတာပါ။

အဓိက အမှားတွေကို သင်ခန်းစာအဖြစ်
ရယူပြီး နောက်ထပ်တစ်ခါ ထပ်မမှားဖို့
အမှားထဲမှာ တဝဲဝဲလည်းမနေတတ်ဖို့ပဲလိုတယ်။

(14)လူလူချင်းစာနာတတ်သူ..
စိတ်ရှည်သူ ပညာဥာဏ်ကြီးမားသူ..
နားလည်းခွင့်လွတ်ပေးနိုင်သူ
တစ်ဦးဖြစ်အောင် ကြိုးစားပါ။

(15)ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ
အခြားမဟုတ်ဘူး အသက်ရှင်သန်နေတာပါ
အားလုံးမှာ တန်းဖိုးအရှိဆုံးအရာကို
ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။

(16)ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေဖို့ မလိုပါဘူး ...
ပင်ပန်းအားငယ်လာတိုင်း မှီခိုအနားယူနိုင်မယ့်
ရင်ခွင်လေးတစ်စုံရှိနေဖို့တော့ လိုတယ်။

(17)"ချစ်တယ်" ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော
တကယ့်စိတ်ရင်းနဲ့ပြောပါ။

(18)"ဆောရီး"ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော
တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။

(19)ချမ်းသာတဲ့သူငယ်ချင်း
အပေါင်းအသင်း ရှိဖို့မလို့ဘူး ...
နေပူမိုးရွာ လက်ချင်းတွဲလို့
ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ်
သူငယ်ချင်းကောင်းတစ်ယောက် ရှိဖို့လိုတယ်။

(20)သူငယ်ချင်းကောင်း
မိတ်ဆွေကောင်းလိုချင်ရင်...
သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကောင်း ဖို့ကတော့ အဓိကပဲ
သူတစ်ပါး အပေါ်ကို ကောင်းမှသာ
သူ့တစ်ပါးက ကိုယ်အပေါ်ကို
ပြန်ကောင်းပါလိမ့်မယ်။

(21)ဘယ်နေရာ ဘယ်ဒေသကိုပဲ
ရောက်ရောက် သူများအပေါ်ကိုလည်း
ကောင်းလိုက်ပါ တစ်ခါတရံ မကောင်းတဲ့
သူမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ် စိတ်မပျက်ပါနဲ့ ..။

ကိုယ့်ရဲ့ကောင်းခြင်းတွေနဲ့ မထိုက်တန်ရင်..
မိတ်ဆွေကောင်းတွေပဲ သင့်အနားမှာ ရှိနေမှာဖြစ်ပြီး
မိတ်ဆွေကောင်း မဟုတ်သူတွေကတော့
သင့်အနားကနေ အလိုလို ဖယ်ခွာသွားပါလိမ့်မယ်။

(22)အားနည်းချက်ရှိလို့လည်း
စိတ်ညစ်ပြီး စိတ်အားမငယ်ပါနဲ့...
လူတိုင်းမှာ အားနည်းချက်ကိုယ်စီ ရှိကြသလို
ပြီးပြည့်စုံတဲ့လူရယ်လို့လောကမှာ မရှိပါဘူး...

ဒါကြောင့် အားငယ်ပြီး စိတ်မပျက်ပါနဲ့...
မွေးရာပါစိတ်ထားလေးလှဖို့က အဓိကပါ။
စိတ်ထားလှရင် ဘဝက လှပပါတယ်......။။

:
📘

06/05/2024

အရမ်းကောင်းတဲ့စာသားပါ
===================

ပန်းတိုင်ကိုရောက်ဖို့အတွက်
လူတွေရဲ့ မျက်လုံးတွေကို မကြည့်ပါနဲ့
ကိုယ့်လမ်းကိုသာကြည့်ပါ။

အောင်မြင်မှု ရဖို့အတွက်
လူတွေရဲ့စကားတွေကို နားထောင်မနေပါနဲ့ ။
ကိုယ့်ဆုံးဖြတ်ချက်ကိုသာ
ခိုင်ခိုင်မာမာချပါ။

ဘဝတက်လမ်းအတွက်
လူတွေရဲ့ အမူအယာတွေကို ဂရုမစိုက်ပါနဲ့။
ကိုယ်လုပ်သင့်တာကို ရဲရဲဝံ့ဝံ့လုပ်ပါ။

စကားများများ ပြောမိရင်
ရူးနေလားလို့ အထင်ခံရလိမ့်မယ်။

စကားပြန်မပြောရင်လည်း
မာနကြီးတယ်လို့ အထင်ခံရလိမ့်ယ်။

အမြဲတမ်းပြုံးနေရင်
ပေါတောတောလို့ အထင်ခံရလိမ့်မယ်။

တည်တည်ကြည်ကြည် နေမိရင်လဲ
ဘဝင်မြင့်နေတယ်လို့ အထင်ခံရလိမ့်မယ်။

ကိုယ့်ဘဝကို ကိုယ်တိုင်သိနေတာပဲ လို့
သူတစ်ပါးကို မထိခိုက်ပဲ
ကိုယ်အဆင်ပြေသလို နေထိုင်တတ်ဖို့က အရေးကြီးပါတယ်။

သူတစ်ပါးလဲကျနေရင် စေတနာသန့်သန့်နဲ့
ကိုယ်တတ်နိုင်သလောက် ဆွဲထူပေးလိုက်ပါ။

ကိုယ်လဲကျနေရင်တော့ ကိုယ်တိုင်ပဲ
ပြန်ထနိုင်အောင်ကြိုးစားပါ။
ဘာကြောင့်လဲဆိုတော့
ကိုယ့်လို စိတ်ဓာတ်မျိုးက သူတစ်ပါးဆီမှာ ရှိချင်မှရှိမှာ။

မနေ့ကဆိုတာ အတိတ်တခုပါ
မနက်ဖြန်ဆိုတာလဲ အိပ်မက်တစ်ခုပါပဲ။
ဒီနေ့သာလျှင် ဘဝတစ်ခုလေ
ဘဝဆိုတာ ပျော်လည်းတစ်နေ့ မပျော်လည်းတစ်နေ့ပါပဲ။

အကောင်းဆုံးဖြစ်အောင်
ဘယ်လိုဖြတ်သန်း ရမလဲဆိုတာ
ကိုယ့်အပေါ် မှာပဲ မူတည်တယ်။

အရိုးသားဆုံး လူတစ်ယောက် မဖြစ်သေးရင်တောင်
ကိုယ့်ကိုယ်ကို မလိမ်မိစေနဲ့၊ ယုံကြည်မှု မပျက်စေနဲ့
ကိုယ်အတွက် ယုံကြည်ရဆုံးက
ကိုယ်တစ်ယောက်တည်းပဲ ရှိပါတယ်။

စာဖတ်မိတ်ဆွေအားလုံး အောင်မြင်မှုပန်းတိုင်ကို
အမြန်ဆုံးလျှောက်လှမ်းနိုင်ကြပါစေ..............

02/03/2024

အရမ်းကြိုက်လို့ ထပ်ခါဖတ်မိတယ်..

ဓားတိုနေရင် ဓားရှည် မတောင့်တနဲ့ ရှေ့တစ်လှမ်းတိုးခုတ်ပါ။

အားနည်းချက်က အင်အားကို မချိ နဲ့စေဘူး.....
အားငယ်စိတ်ကသာ အားနည်းစေတာပါ။

ဆင်တွေထဲမှာအစွယ်နှစ်ချောင်းပါတဲ့ဆင်ကို
စွယ်စုံဆင်လို့ခေါ်တယ်။
အစွယ်မပါတဲ့ဆင်ကို ဟိုင်းဆင်လို့ခေါ်တယ်။

ဟိုင်းဆင်ကအစွယ်မပါတော့ဘာလုပ်ရလဲဆိုတော့.....
နှာမောင်းကိုသန်အောင်လုပ်ရတယ်။
သူ့မှာနှာမောင်းပဲ အားကိုစရာရှိတော့တာကိုး။

တောထဲမှာ.....စွယ်စုံဆင်နဲ့ဟိုင်းဆင်နဲ့တွေ့ရင်
စွယ်စုံဆင်က ဟိုင်းဆင်ကိုအစွယ်နဲ့ပြေးထိုးတယ်။

အဲ့ဒီမှာ ဟိုင်းဆင်က စွယ်စုံဆင်ရဲ့အစွယ်ကို
နှာမောင်းနဲ့လိမ်ချိုးပစ်လိုက်တယ်။

သစ်လုပ်သားတွေကပြောဖူးတယ်။
တောထဲမှာ အဲ့ဒီဟိုင်းဆင်တွေနဲ့တွေ့ရင်.....
ကျွန်တော်တို့ဆင်တွေကပြေးတာပေါ့။
ပြေးတာမလွတ်လို့ အရိုက်ခံရရင်
အရိုးတောင်ထင်တယ်တဲ့။

ဆင်ကိုအရိုးထင်အောင်ရိုက်နိုင်တယ်ဆိုမှတော့.....
သူ့ရဲ့နှာမောင်းအားကို ခန့်မှန်းသာကြည့်။

ပြောချင်တာက.....
မင်းတို့မှာ ဘာချိူ့ယွင်းချက်ပဲရှိရှိ အားမငယ်နဲ့။
တစ်ဖက်မှာအားနည်းရင်.....
တစ်ဖက်ဖက်မှာအားသာလာအောင်
ကြိုးစားကြ ။

အထက်ပါစကားသည်
ဆရာကြီးဦးအောင်သင်း၏သြဝါဒဖြစ်သည်။..................&...........................

အားနည်းချက်တွေရှိပေမယ့်
လောကကြီးရဲ့ ဘုရင်တစ်ဆူဖြစ်ခဲ့သူတွေအများကြီးပါ
အနည်းငယ် ထုတ်ပြချင်ပါတယ်...

မီးသီးကိုစတင်တီထွင်ခဲ့တဲ့
သောမတ်အက်ဒီဆင်ဟာ
ကျောင်းစာအရမ်းညံ့တယ်
ဆရာတွေကတောင် ညဏ်တုံးတဲ့သူလို့သတ်မှတ်ခံခဲ့ရတယ်။

နောက်ဆုံးမှာ......
စာလည်းမလိုက်နိုင်တာကတစ်ကြောင်း၊
ကျောင်းကဆရာတွေရဲ့ဖိအားတွေကတစ်ကြောင်းနဲ့
သူကျောင်းမလိုက်ချင်တာနဲ့ထွက်လိုက်တယ်...။

အသက်ဆယ်နှစ်ကျော်မှာ နားပါထိုင်းသွားတယ်။

ဒါပေမယ့်......
သူဝါသနာထုံတဲ့ တီထွင်မှုကို
တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ရင်း
သိပ္ပံလောကရဲ့ဆရာတစ်ဆူဖြစ်ခဲ့တယ်..။

အမေရိကန်နိုင်ငံသူ ဂျက်ဆီကာလော့ပ်ဟာ
လက်နှစ်ဖက်မပါဘူး
သူရဲ့အားထုတ်မှုကြောင့်
ခြေထောက်နှစ်ဖက်ကလက်နှစ်ဖက်လိုပဲ
အသုံးပြုလို့ရခဲ့တယ်...။
သိပ္ပံဘွဲ့ရတယ်။
အံ့အားသင့်စရာအကောင်းဆုံးက
လေယာဉ်မှုးဖြစ်သွားတာပဲ။
လက်မပါတဲ့လေယာဉ်မှူးတဲ့ဗျာ
သူဘယ်လောက်တောင် အားထုတ်ခဲ့သလဲ

ပြောချင်တာက
အားနည်းချက်ကိုယ်စီရှိပေမယ့်
ပြည့်စုံတဲ့ဘဝကိုတည်ဆောက်ခဲ့သူတွေ
လောကကြီးမှအများကြီးပါပဲ...။

လွယ်လွယ်နဲ့မရပါဘူး
သူများခြေတစ်လှမ်း လှမ်းရင်
သူတို့နှစ်လှမ်းလှမ်းရတယ်။

အားနည်းချက်၊ ချိူ့ယွင်းချက်ကြောင့်
စိတ်ပျက်အားငယ်နေမယ်ဆိုရင်
အင်အားချိနဲ့နေယုံပဲရှိမှာပါ။

အစွယ်မပါနဲ့ဟိုင်းဆင်ဟာ
အားကိုးစရာအစွယ်မရှိပေမယ့်
နှာမောင်းကိုသန်အောင်လုပ်ရသလို

သင့်ရဲ့ အားနည်းချက်ဆိုတာ
မေ့ထားပြီးကြိုးစားကြည့်ပါ။
သင့်အတွက် နေရာကောင်းတစ်ခုရှိပါတယ်...

အားနည်းချက်က အင်အားကိုမချိနဲ့စေဘူး
အားငယ်စိတ်ကသာ အားနည်းစေတာပါ။

ခင်ဗျားရဲ့ဘဝကို
ဘယ်သူကမှ အဆုံးအဖြတ်မပေးနိုင်ဘူး။
ပွဲတစ်ပွဲရဲ့အဖြေဟာ.....
ခင်ဗျားလက်ထဲမှာပဲရှိတယ်ဆိုတာယုံပါ..။

စကားတစ်ခွန်းလက်ဆောင်ပေးခဲ့ချင်တယ်
ဓားတိုနေလျှင် ဓားရှည်မတောင့်တနဲ့
ရှေ့တစ်လှမ်းတိုးခုတ်ပါ

#လေးစားစွာဖြင် .....
ေးပါတယ်
#ပြန်လည်မျှဝေပါတယ်
#ဘဝစာပေနှင့်ဗဟုသုတများ

 #ဘယာကြော်မှုန့်လေးလာပြီဗျို့          #အားပေးကြပါအုန်း #တထုပ်--1100ကျပ်ပါနော်
26/02/2024

#ဘယာကြော်မှုန့်လေးလာပြီဗျို့
#အားပေးကြပါအုန်း
#တထုပ်--1100ကျပ်ပါနော်

အရင်တုန်းကလို ကုလားပဲဆံကို ရေစိမ်ပြီးထောင်းစရာမလိုပဲ အိမ်မှာ အသင့်ကြော်စားလို့ရတဲ့ ကုလားပဲဘယာကြော်မှုန့်လေးရပါပြီရှင့် အ...
07/02/2024

အရင်တုန်းကလို ကုလားပဲဆံကို ရေစိမ်ပြီးထောင်းစရာမလိုပဲ အိမ်မှာ အသင့်ကြော်စားလို့ရတဲ့ ကုလားပဲဘယာကြော်မှုန့်လေးရပါပြီရှင့် အားပေးလို့ရပါတယ်ရှင့်။
လူမျိုးဘာသာမရွေးစားသုံးနိုင်ပါတယ်။
တထုပ် -၁၁၀၀ကျပ်
မှာယူလိုပါhttp://xn--m-0qg.me/ATZMS2018 09770177460/09401594252

အရင်တုန်းကလို ကုလားပဲဆံကို ရေစိမ်ပြီးထောင်းစရာမလိုပဲ အိမ်မှာ အသင့်ကြော်စားလို့ရတဲ့ ကုလားပဲဘယာကြော်မှုန့်လေးရပါပြီရှင့် အ...
31/01/2024

အရင်တုန်းကလို ကုလားပဲဆံကို ရေစိမ်ပြီးထောင်းစရာမလိုပဲ အိမ်မှာ အသင့်ကြော်စားလို့ရတဲ့ ကုလားပဲဘယာကြော်မှုန့်လေးရပါပြီရှင့် အားပေးလို့ရပါတယ်ရှင့်။
လူမျိုးဘာသာမရွေးစားသုံးနိုင်ပါတယ်။
၂၅ကျပ်သား -၂၂၀၀ကျပ်
မှာယူလိုပါကm.me/ATZMS2018 09770177460/09401594252

Address

Thirimahar Street
Pakokku

Alerts

Be the first to know and let us send you an email when ATZM online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share