17/02/2022
⚠အရှုံးမပေးနဲ့⚠
❗~~~~~~❗
ရည်ရွယ်ချက်အတွက် ပန်းတိုင်ကို ရောက်အောင်
လျှောက်နေသေးသ၍ သင် မှန်တယ်...။
လေတိုက်တိုင်း လွင့်နေရအောင် သစ်ရွက်
ခြောက်မှ မဟုက်တာ....။
အမုန်းခံရတိုင်းသာ ဝမ်းနည်းရရင် ကိုယ့်မျက်ရည်နဲ့
ကိုယ်တောင် ကမ်းမမြင် လမ်းမမြင် လွင့်မျောနေ
လောက်ပြီ.....။
ချောက်တိုင်း ကြောက်ရရင်လည်း ဒီကမ္ဘာမှာ နေစရာ
နေရာတောင် ရှိမှာမဟုက်တော့သလို ကြောက်တိုင်း
ပြေးရရင်လည်း ကမ္ဘာ့အပြင်ဘက်တောင်
ရောက်နေလောက်ရောပေါ့.....။
ပုံသေနည်း မရှိတဲ့ဘဝ သမိုင်းစာမျက်နှာပေါ်မှာ
အမှားပေါင်း သောင်းခြောက်ထောင် အဖျက်ရာတွေ
ဗလပွနဲ့ ဘယ်လူသားမှ ဒဏ်ရာနဲ့တော့ မကင်းဘူး....။
ဒီလိုပဲ... မှားသွားလိုက် ပြန်ပြင်လိုက်၊ လဲကျလိုက် ပြန်
ထလိုက်နဲ့ပဲ ပန်းတိုင်ကို လှမ်းကိုင်ကြတာပဲလေ....။
အမေက လမ်းလျှောက်တတ်အောင် သင်ပေးခဲ့တယ်။
လောကကြီးက နေတတ်အောင် သင်ပေးလိမ့်မယ်။
ဘယ်လိုနေမလဲဆိုတာတော့ စဉ်းစား....။
ငယ်ငယ်က အကြိမ်ကြိမ် လဲကျခဲ့တာတောင် ပြန်ထပြီး
ဒီနေ့အထိရောက်အောင် လျှောက်နိုင်ခဲ့သေးရင် အမှား
တွေကို ပြင်၊ လိုအပ်ချက်ကို ဖြည့်...။
နောက်နေ့တွေအတွက်....
ဆက်သာလျှောက် လမ်းမပျောက်စေနဲ့ ပန်းတိုင်က
ရောက်တယ်.....။
မူရင်းရေးသူအား
ေးပါသည်