𝗧𝗶𝗹𝗹𝘆'𝘀 𝗗𝗿𝗲𝗮𝗺

𝗧𝗶𝗹𝗹𝘆'𝘀 𝗗𝗿𝗲𝗮𝗺 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝗧𝗶𝗹𝗹𝘆'𝘀 𝗗𝗿𝗲𝗮𝗺, Thrift & Consignment Store, Nay Pyi Taw, Pyinmana.

Jeans shorts pants part-5❤️
06/04/2024

Jeans shorts pants part-5❤️

အထူးသတိပေးချက်အခုနောက်ပိုင်း ည 10နာရီကစပြီး တိုက်ခန်းကျဉ်း အလုံပိတ်နေသူတွေ ပူလာပြီး ချွေးမထွက်၊ အသားတွေပူ။ ရေငတ်ပြီး နှလ...
06/04/2024

အထူးသတိပေးချက်

အခုနောက်ပိုင်း ည 10နာရီကစပြီး တိုက်ခန်းကျဉ်း အလုံပိတ်နေသူတွေ ပူလာပြီး ချွေးမထွက်၊ အသားတွေပူ။ ရေငတ်ပြီး နှလုံးခုန်မြန်။ ရေသောက်လည်း တံတွေးတွေ မထွက် အာခေါင်ခြောက်ကာ ကိုယ်လက်တွေ ထုံကျင် ခေါင်းတွေ ကိုက်ခဲမူးဝေတာတွေ အဖြစ်များလာတယ်လို့ ကြားရတယ်။
ညဘက်ပိုင်းမှာ နေမပူပေမဲ့ ပူအိုက်ပြီး အသားတွေ ပူလာ ၊ ချွေးမထွက်ပဲ ရေဆာ ရေငတ် မူးဝေ ခြေလက်ထုံကျင် နှလုံးခုန် မမှန်တာတွေဟာ အပူရှပ်တာဖြစ်လို့ သေချာ ဂရုစိုက် ကုသင့်ပါတယ်။ ဆရာဝန်တွေရဲ့ အကြံဥာဏ်ကို ယူသင့်ပါတယ်။ Heat Stroke ဟာ ချက်ချင်းဖြစ်ပြီး လူကို သေစေပါတယ်။ ကိုယ်လက်ကိုက်ခဲ နေမကောင်းဘူး ထင်ပြီး ချွေးလေးထွက်အောင် ပါရာစီတမောလေး သောက်မိရင် ရောဂါကို ပိုဆိုးစေပြီး သေတတ်ပါတယ်။ အခုလို ရာသီမှာ အိမ်တိုင်းမှာ ဓာတ်ဆားထုတ်တွေ ဆောင်ထားသင့်ပါတယ်။ ဆီးချို သွေးတိုးရှိသူတွေကတော့ သတိထား သောက်သင့်ပါတယ်။ ဆရာဝန်နဲ့ ပြဖို့ အဆင်မပြေခင်မှာ Heat Stroke ဖြစ်လာရင် ဓာတ်ဆားရေ များများ သောက်ပေးပြီး နီးစပ်ရာ ဆေးရုံကို အမြန်ဆုံးသွားပြသင့်ပါတယ်။

အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ
လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊
မျက်နှာသစ်လိုက်တာတို့ကြောင့် လို့
ထင်နေကြတယ်။

ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။

ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ

ချွေးတွေအရမ်းထွက်ပါတယ်
ဆားတွေပါ ပါသွားပါတယ်။
ဆားတွေများများပါသွားလေလေ
ရေက မငတ်တော့လေလေ ပါပဲ။
ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့
ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။

ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။

အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။

ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ

ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင် ထားတဲ့ စာတွေ ကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ

အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေဖတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) အထူးလိုအပ်ပါတယ်


#အပူလျှပ်ခြင်း

Credit ;

Jeans shorts pants part-4🦭
06/04/2024

Jeans shorts pants part-4🦭

Jeans pants part-3🐳
06/04/2024

Jeans pants part-3🐳

Jeans Short pants part-2💞
06/04/2024

Jeans Short pants part-2💞

Short pants part-1 💞
06/04/2024

Short pants part-1 💞

Hello Tilly’s သဲလေးတို့ရေ summer style ဖြစ် water festival တွေမှာလဲလန်းလို့ကောင်းမယ့် jeans short pants လေးတွေရောက်ပြီနေ...
21/03/2024

Hello Tilly’s သဲလေးတို့ရေ summer style ဖြစ် water festival တွေမှာလဲလန်းလို့ကောင်းမယ့် jeans short pants လေးတွေရောက်ပြီနော် ခါးဆိုဒ်အသေးလေးတွေ ခါးမြင့်လေးတွေအများကြီးပါလို့ လုံးဝသစ်သန့်နေတဲ့ ဂျင်းဘီတိုလေးတွေကို ထောင်ဂဏန်းနဲ့ရောင်းဖို့ မင်”ဆိုင်မှာချိတ်ထားပြီနော် သဲတို့ လာရွေးလို့ရပါပြီရှင့်🥳❤️

10/03/2024

shareပေးအသဲပေးဂျင်းတစ်ထည်လက်ဆောင်ယူ💗

10/03/2024

တန်တန်လေးနဲ့ရမယ်ဗျို့💕

Hello သဲလေးတို့ရေ request post ပါ မင်”တို့အထည်တွေရိုက်တဲ့အခါဖုန်းအလင်းနဲ့အပြင်အလင်းနဲ့ပေါင်းပြီးအရောင်ကမမှန်တာမျိုး​တွေဖ...
10/03/2024

Hello သဲလေးတို့ရေ request post ပါ မင်”တို့အထည်တွေရိုက်တဲ့အခါဖုန်းအလင်းနဲ့အပြင်အလင်းနဲ့ပေါင်းပြီးအရောင်ကမမှန်တာမျိုး​တွေဖြစ်လို့ပါ (အပြင်မှာအရောင်ကပိုစိုပိုလှလို့ပါ) အဲ့ကြောင့် သဲလေးတို့ကDesign နဲ့size chat ကြည့်ပြီးကြိုက်တယ်ဆို မင်”တို့ဆို အပြင်အရောင်ကြည့်မယ်ဆိုပြီးcbမှာလာပြခိုင်းလို့ရပါတယ်နော် မင်”တို့reply လုပ်ပေးပါ့မယ့်ရှင့် 💕

Address

Nay Pyi Taw
Pyinmana

Website

Alerts

Be the first to know and let us send you an email when 𝗧𝗶𝗹𝗹𝘆'𝘀 𝗗𝗿𝗲𝗮𝗺 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share